← Chapters

ခိုးဝင်တိုက်ခိုက်မှု

Vol. 128 Ch. 4.1437

ခိုးဝင်တိုက်ခိုက်မှု

Vol. 128 Ch. 4.1437

နိယာမစွမ်းအင် လိုင်းတွေကို ကြည့်လိုက်ရင် တခြားကမ္ဘာကို မြင်နေရသလိုပါပဲ။

အခင်းအကျင် ကောင်းကင်စာအုပ်က အလွန်လေးနက်သည်။ သူသည် အခင်းအကျင်း ဖွဲ့စည်းခြင်းဆိုင်ရာ စွမ်းရည်တွင် အားနည်းခြင်း မရှိသော်လည်း အကောင်းဆုံးလည်း မဟုတ်ချေ။ ယခုအချိန်အထိ ကောင်းကင်စာအုပ်ထဲက အရာများစွာနှင့် ဖွဲ့စည်း တည်ဆောက်ပုံများကို နားမလည်နိုင်သေးပါ။

အကယ်၍ သူသည် နိယာမစွမ်းအင် လိုင်းတချို့ကို ရနိုင်လျှင် အခင်းအကျင်း ကောင်းကင်စာအုပ် အကြောင်းကို သဘာဝကျကျ ပိနားလည်နိုင်လိမ့်မည်ဟု ထင်သည်။ နောက်ဆုံးတွင်တော့ အခင်းအကျင်း ကောင်းကင်စာအုပ် ပေါ်ထွန်းလာတာက အရာအားလုံးကို ပေါင်းစပ်ပြီးမှသာ ဖြစ်သည်။

ဒီဟာကို ရလိုက်ရင် မလွဲမသွေ အားကောင်းမှုအချို့ ရှိလာလိမ့်မည်။ အလားတူပင် ကောင်းကင်စာအုပ် တစ်အုပ်အနေဖြင့် ၎င်း၏အမွေ ဆက်ခံသူအတွက် မွေးရာပါ လိုအပ်ချက်များကို ချမှတ်ထားမှာ သေချာ၏။ အရည်အချင်း မပြည့်မီသူများက ၎င်းကို နားမလည်နိုင်ပေ။

ထို့နောက် ကောင်းကင်စာအုပ်သည် သဘာဝအတိုင်း အရာများစွာကို အလွန်လေးနက်သော နည်းလမ်းများဖြင့် ရှင်းပြထားပြီး ဉာဏ်ကြီးရှင်များစွာကို ရွေးချယ်လိမ့်မည်။ လုရွှမ်ဟာ တွန်းလှန်နိုင်စွမ်း မရှိသော ဘဝင်မြင့်သူ မဟုတ်သလို သူ့ကိုယ်သူ နှိမ့်ချတတ်တဲ့ လူလည်း မဟုတ်ချေ။

သူသည် ကောင်းကင်စာအုပ်ကိုလည်း သူ့ကိုယ်ပိုင် အစွမ်းထက်ဖြင့် နားလည်မှု ရှိထားသည်။ သို့သော် နောက်ထပ် အချက်အလက်များ၊ မူလ အချက်အလက်များရှိပါက သူ့နားလည်မှုအတွက် ကြီးမားသော အကူအညီ ဖြစ်​စေလိမ့်မည်။

ယခု ကောင်းကင်စာအုပ်ထက် စောပြီး သိသာထင်ရှားစွာ ပြီးမြောက်ခဲ့သော နိယာမစွမ်းအင် ကွင်းဆက် အပိုင်းကို တွေ့​နေရပြီ။

ထိုငါးယောက်သည် ဒီအတိုင်း ဆက်လုပ်နေကာ ပြတ်ပြတ်သားသား မကျွမ်းကျင်ပါက ပျက်စီးသွားပေလိမ့်မည်။ ဒါကြောင့် ဖျက်ဆီးမသွားမီ ၎င်းကို သဘာဝအတိုင်း မှတ်သားထားရန် လိုအပ်သည်။

"မမှတ်မိတော့ဘူး.... ငါ့ရှေ့မှာ ဘာရှိလဲ မေ့သွားပြီ"

ရုတ်တရက် လူတစ်ယောက် အော်လိုက်သည်။

"ငါရောပဲ... ဒီဟာကို နားလည်ပြီးမှ ချရေးလို့ရမှာ..."

“ဟမ့် အဲဒါဆိုရင် ဖျက်ဆီးပစ်တာပေါ့!”

ဦးဆောင်သူက ကြွေးကြော်ပြီး ကျောက်စိမ်းပုလင်းကို ဖွင့်လိုက်သည်နှင့် အနက်ရောင်အရည်များ ထွက်လာကာ နိယာမစွမ်းအင်လိုင်းဆီ ပျံ့သွားတော့သည်။ နိယာမစွမ်းအင်တွေပါ အနက်ရောင်ဖြစ်သွားကာ လောင်ကျွမ်း ပျောက်ကွယ်သွားခဲ့သည်။

"အား!"

အလွန်အရေးကြီးသော အရာတစ်ခု ပျက်စီးသွားသကဲ့သို့ အာကာသသားရဲက ပြင်းပြင်းထန်ထန် ဟောက်​တော့သည်။

လုရွှမ်လည်း နားမလည်နိုင်စွာ တုန်လှုပ်သွားခဲ့သည်။ ကံကောင်းစွာပင် သူသည် တစ်ချိန်က ကောင်းကင်စာအုပ်ကို ဖွဲ့စည်းခြင်း သင်္ကေတများဖြင့် ထိန်းချုပ်ခဲ့ပြီး ထိုအရာများကို အလွတ်ကျက်နိုင်လောက်အောင် ကံကောင်းခဲ့သည်။ အပြည့်အဝ နားမလည်သေးပေမယ့် ဒီအရာတွေက အာကာသ သားရဲတွေနဲ့ ဆက်စပ်နေမှန်း သိလိုက်ပါပြီ။

သားရဲ၏ မျက်လုံးထဲတွင် အံ့အားသင့်မှုအချို့ကို သူမြင်လိုက်ရသည်။ သားရဲရဲ့ အရှိန်အဝါက အနည်းငယ် အားနည်းသွားပေမယ့် ဒေါသနဲ့ မုန်းတီးမှုတွေကြားမှာ အံ့သြနေပုံလည်း ရှိနေ၏။

“ဖျက်စီး!”

သူမ အသံပေးတာနဲ့ ကျန်လေးယောက်က တညီတညွတ်တည်း တုံ့ပြန်ကြသည်။ သုံးယောက်က သူမရှေ့မှာ စုရုံးပြီး အာကာသသတ္တဝါကို အတူတူ တိုက်ခိုက်ကြ၏။ ဒါပေမဲ့ နောက်ဆုံးလူကတော့ လုရွှမ်ကို တိုက်ရိုက် ခိုးဝင်တိုက်ခိုက်ခဲ့သည်။

လုရွှမ်က ပေါ့ပေါ့ပါးပါး ရှောင်သွား၏။ အစောကတည်းက ဤလူငါးဦးရဲ့ လှုပ်ရှားမှု​တွေကို အာရုံစိုက်ထားတာပဲ ဖြစ်သည်။ ဒီလူငါးယောက်က သူ့ကို လွှတ်ထား​​ပေးဖို့အထိ ကြင်နာလိမ့်မယ်လို့ မထင်ထားပါ။ ထိုလူ လှုပ်ရှားလိုက်တာနဲ့ လုရွှမ်ခန္ဓာကိုယ်သည် အလွယ်တကူ လွင့်ပျံသွားကာ ထိုတိုက်ခိုက်မှုကို လွတ်သွားခဲ့သည်။

"ကောင်းပြီ... ကောင်လေး...မင်း တော်တော်သန်မာသားပဲ... ငါ့ရဲ့တိုက်ကွက်ကိုတောင် ရှောင်နိုင်တယ်ပေါ့??"

ထိုလူက အံ့ဩသွားတဲ့ အရိပ်အမြွက်နဲ့ အော်လိုက်သည်။

လုရွှမ် ဘာမှပြန် မပြောရသေးခင်မှာပဲ အဲဒီလူက သူ့နှုတ်ခမ်းပေါ်မှာ ရွဲ့စောင်းတဲ့ အရိပ်အမြွက်ပြလာ၏။ လုရွှမ် ရှောင်နိုင်တာက ကံကောင်းလို့ပဲ ​ဖြစ်မည်။

လုရွှမ်သည် တိမ်ပေါ် လမ်းလျှောက်နေသလို အလွန်သက်တောင့်သက်သာ ရှိစွာ ပုန်းအောင်းကာ ချီထျန်းပု ခြေထောက်ဖြင့် ထိုလမ်းမှ ထွက်လာခဲ့သည်။ အာကာသသတ္တဝါသည် အခြားလူလေးဦးဖြင့် ရောထွေးနေပြီး ၎င်းထုတ်လွှတ်သည့် စုပ်ယူမှုစွမ်းအားမှာ အလွန်သေးငယ်လာပါပြီ။

လုရွှမ် ရရှိခဲ့သော နားလည်မှုနဲ့အတူ ခြေလှမ်းတွေက ပို၍ သဘာဝကျလာသည်။

“ကောင်းလိုက်တာ... မာနကြီးပြီး ဒီမှာ တစ်ယောက်တည်း လျှောက်ပြေးရဲနေတာ အံ့ဩစရာ မရှိပါဘူး....ဒါပေမဲ့ ငါ့ကို တွေ့ရတာ မင်းအတွက် သနားစရာ ကောင်းလိုက်တာ..."

ထိုသူက ခြေဖဝါး ရွေ့သွားသည်နှင့် တပြိုင်နက် သူ့ခြေဖဝါးအောက်ရှိ လေအရှိန်သည် နှစ်ဆတိုးလာကာ လုရွှမ်ကို လှောင်ပြောင်ရင်း ပြေးလိုက်လာလေ၏။ လုရွှမ် ထိုလူရဲ့ ခြေလှမ်းတွေကို လေ့လာလိုက်တော့ ၎င်းသည် သူ့ကိုယ်ပိုင် မှော်စွမ်းအားနှင့် လေပြင်းနိယာမနဲ့ ပေါင်းစပ်ထားတာပဲ ဖြစ်သည်။

လုရွှမ်လည်း ချီထျန်းပု အဆင့်များကို လေပြင်းနိယာမနဲ့ ပေါင်းစပ်လိုခဲ့သည်။ သို့သော်လည်း ကံမကောင်းစွာဖြင့် သူဘယ်သောအခါမှ မအောင်မြင်ခဲ့ပေ။ ချီထျန်းပုရဲ့ အစွမ်းက ဒီလူရဲ့ ခြေရာထက် အဆပေါင်းများစွာ သာလွန်နေပေမယ့် ဒီလူရဲ့ ပေါင်းစပ်နည်းက တကယ်ကို သင်ယူရကျိုးနပ်တဲ့ အရာပင်။

လုရွှမ် အဆက်မပြတ် နောက်ပြန်ဆုတ်သွားပြီး ထိုလူရဲ့ ခြေလှမ်းတွေကို စိုက်ကြည့်နေသည်။ လုရွှမ်ရဲ့ မျက်လုံးများကို မြင်လိုက်ရတော့ ထိုလူက လှောင်ပြောင်လေ၏။

“မင်း သိပ်မနာလို​တော့ဘူးမလား? မင်းက သေးသေးလေးကနေ လာတာလေ...လောကကြီးအကြောင်း အများကြီး မတွေ့ဖူးဘူးဆိုတာ မင်းမျက်လုံးတွေကနေ ငါပြောနိုင်တယ်.... မင်းရဲ့နိုင်ငံငယ်လေးမှာ မင်းက တကယ့်ကို ပါရမီရှင်တစ်ယောက် ဖြစ်နိုင်ပေမယ့် ဒါက ဉာဏ်ကြီးရှင်တွေကို စုစည်း မြှုပ်နှံထားတဲ့ ကျုံးကျိုး...မင်းက အုတ်ဂူပေါ်က မြက်ပင်တစ်ပင်ပဲ"

ထိုလူသည် ခြေတစ်လှမ်းဖြင့် အလွန်မာနကြီးကာ လုရွှမ်ရှေ့သို့ ပြေးသွားပြီး ဓားဖြင့် လွှဲရိုက်လိုက်သည်။

လုရွှမ် အံ့အားသင့်သွား၏။ ထိုလူသည် ထိုခဏ၌ ခြေသံနှင့် လေသံကို ပြီးပြည့်စုံစွာ ပေါင်းစပ်ထားခဲ့ပြီ။ တကယ်ကို လှပတဲ့ နည်းလမ်းတစ်ခုပါပဲ။ လုရွှမ် သူ့​ဓားကို ပိတ်ဆို့ရန် ဝှေ့ယမ်းလိုက်ရာ ခပ်ကျယ်ကျယ် အသံနှင့်အတူ သူတို့နှစ်ဦး အညီအမျှ ဆုတ်ခွာသွားရကြသည်။

“ကောင်းကင်လက်နက်??”

ထိုကျင့်ကြံသူလည်း မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။ ဤအသံသည် အာကာသသားရဲကို ဆန့်ကျင်​နေသော အခြားလူလေးဦး၏ မျက်လုံးများကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။

ကောင်းကင်လက်နက် ဆိုတာက သူတို့လို မျှော်စင်နယ်ပယ်က ပါရမီရှင်များအတွက် ကြုံတွေ့ရနိုင်သော်လည်း ရှာဖွေမရနိုင်သော ရတနာဖြစ်သည်။ ကျုံးကျိုး တစ်ခုလုံးကို ကြည့်လိုက်ရင် ကောင်းကင်လက်နက်တွေ ကိုင်ဆောင်နိုင်သူ အရေအတွက် များများစားစား မရှိသလို အများစုဟာလည်း နတ်ခြေလှမ်းနယ်ပယ်ကို တက်သွားကြတဲ့ သက်ကြီးရွယ်အိုတွေပဲ ဖြစ်ကြပါ၏။

ယခုမူကား နတ်မီးနယ်ပယ်က ကောင်လေးတစ်ယောက်သည် အမှန်တကယ်ပင် သူတို့ မမျှော်လင့်ဝံ့သော ရတနာတစ်ခု ရှိနေပြီဖြစ်သည်။

"ကျားယွမ်.... မင်းအရမ်းကံကောင်းတာပဲ"

လူတစ်ယောက်က မနာလိုစိတ် အပြည့်နဲ့ လှမ်းအော်လေ၏။

"ဟာဟား... ကံတရားတွေ ကြုံလာတဲ့အခါ တားလို့ မရပါဘူး...အစ်မကြီး ဒီတစ်ကြိမ်တော့ ဒီကောင်းကင်လက်နက်က ငါပိုင်တယ် ဟုတ်တယ်မလား?"

အမျိုးသမီး၏ မျက်ခုံးတွေက မကျေမနပ်ဖြင့် တွန်းကွေးသွားပေမယ့် “နင့်ဟာပဲ” ဟု တိုးတိုးလေး ဟစ်အော်လိုက်​သေးသည်။

"ကျေးဇူးတင်ပါတယ် အစ်မကြီး... အရင်က မင်းရဲ့ စည်းကမ်းကို ငါအရမ်းကန့်ကွက်ခဲ့တယ်... အခုတော့ ဟားဟား ငါ အဲဒါကို မထောက်ခံဘဲ မနေနိုင်တော့ဘူး..."

လုရွှမ် လူသေလို ဖြစ်သွားသည်။ ဤလူများ၏ စကားလုံးတွေဟာ လုရွှမ်ကို မျက်စိထဲ လုံးဝ မထည့်ထားသလို ကောင်းကင်လက်နက်ကလည်း သူ့ခန္ဓာကိုယ်တွင် ခေတ္တသာ ရှိနေလိမ့်မယ်လို့ တွေးထားပုံပင်။

All Chapters