ကောင်းကင်မီးကြောင့် ထိတ်လန့်သွားတယ်
Vol. 128 Ch. 4.1438
လုရွှမ် တိတ်တဆိတ် လှောင်ရယ်နေမိသည်။ ယခင်က ခင်မင်ရင်းနှီးလိုသော ဆန္ဒအနည်းငယ်က ယခုအချိန်တွင် လုံးဝ အေးစက်သွားခဲ့ပြီ။ ဝိညာဉ်ကျင့်စဉ် လောက တစ်ခုလုံးတွင် ရှင်သန်ပြီး ကောင်းမွန်စွာ နေထိုင်လိုပါက သင့်ကိုယ်သင် ကာကွယ်ရန် ခွန်အား ရှိရမည်။
လုရွှမ်သည် ဤလူငါးဦးအထက်က လူများမပြောနှင့် ဤငါးယောက်နှင့်ပင် ရန်သူဖြစ်ရန် ရည်ရွယ်ချက်မရှိပေ။ ဤလူများဟာ အုပ်စုတစ်ခုတည်းမှာ ရှိနေကြတာ သိသာထင်ရှားကာ စိတ်မနှံ့တဲ့လူ မဟုတ်သရွေ့ အခြားသူများကို စော်ကားရန် အစပြုမည် မဟုတ်ပေ။
သို့သော် သူသည် ဘေးအန္တရာယ် ကျရောက်သောအခါတွင် အခြားသူများအား သူ့အပေါ်ကို အနိုင်ကျင့်ခွင့် ပြုမည့်သူလည်း မဟုတ်ပေ။ သူ့ကိုသတ်ပြီး သူ့ခန္ဓာကိုယ်ထဲက ရတနာတွေကို လုယူချင်ရင်တော့ သတ်ပစ်ဖို့ အသင့်ပြင်ထားရမယ်လေ။
ကျားယွမ်ဟုခေါ်သော ဤလူသည် မျှော်စင်နယ်ပယ် အဆင့်၆ တွင်ရှိပြီး အလွန်အစွမ်းထက်သည်။ ဒါပေမဲ့ လုရွှမ်အတွက်ကတော့ ဒီလူဟာ အားနည်းသူ ငါးယောက်ထဲမှာ အပြင်းထန်ဆုံးပါပဲ။
ဒါ့ကြောင့် လူလေးဦးသည် အာကာသသားရဲကို သတ်ဖို့သာ ပြေးသွားကာ သူကတော့ လုရွှမ်ကို ခိုးဝင်တိုက်ခိုက်ရန် ရောက်လာခဲ့သည်။
လုရွှမ် ဤလူ၏ စွမ်းအားကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ပြီးပြီ။ သူ့ရဲ့ အရှိန်အဟုန်က အားကောင်းသည်ဟု ယူဆနိုင်သော်လည်း ကျန်အရာများက သာမန်မျှသာ ဖြစ်သည်။
"ကောင်းပြီ ကောင်လေး... မင်းကငါ့ကို ရီတယ်ပေါ့?? ကိုယ့်အဆင့်ကို မသိဘူးပဲ... မင်း ငါ့လက်ကနေ လွတ်မြောက်နိုင်သေးတယ်လို့ ထင်နေတာလား"
ကျားယွမ်က ရယ်မောကာ နတ်ဓားကို ဝှေ့ယမ်းလိုက်သည်။ ခွဲထွက်သွားသော ဓားတစ်ချောင်းစီသည် မူလဓားကဲ့သို့ လျင်မြန်၏။ သူ့ခန္ဓာကိုယ် ကျွမ်းကျင်မှုနဲ့အတူ နေရာတိုင်းမှာ ဓားသွားကဲ့သို့ အဆက်မပြတ် ပေါ်လာကာ လုရွှမ်ရဲ့အရှိန်ကို လှောင်ပြောင်တဲ့ အနေနဲ့ အကြိမ်ကြိမ် ပြသလိုက်သည်။
ကြွက်နဲ့ကစားနေတဲ့ ကြောင်တစ်ကောင်လိုပင်။ သူ့ဓားသွားတွေ ဖြတ်သွားတိုင်း လုရွှမ်ရဲ့အရေးကြီးတဲ့ နေရာများကို ချိန်ရွယ်ပြီးသား ဖြစ်သည်။
"မင်းရဲ့အစွမ်းအစကို မတွက်ဆမိလို့ ရီနေတာလေ!"
လုရွှမ် အေးစက်စွာ အော်ဟစ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကို ရုတ်တရက် ရွှေ့လိုက်ကယ အရှိန်ပြင်းပြင်းနဲ့ အရှိန်လွန်သွားတဲ့ ကျားယွမ်ရဲ့ဓားကို ချက်ချင်း ရှောင်လိုက်ပြီး သူ့ကို ကန်ထုတ်ပစ်လိုက်သည်။
သူသည် ကျားယွမ်၏ ခြေသလုံးကြွက်သားအား ပြင်းပြင်းထန်ထန် ကန်လိုက်သည်။ ကျားယွမ် ချက်ချင်းကို မြေပြင်ပေါ်တွင် ဒူးထောက်ကာ သူ့ခြေသလုံးကို ပွေ့ဖက်ကာ နာကျင်စွာ အော်ဟစ်လိုက်သည်။
"မင်း မြန်မြန် ပြေးနိုင်တယ် မဟုတ်ဘူးလား... ငါ မင်းကို ဆက်ပြေးခွင့် ပေးမယ်"
လုရွှမ် ဓားအလင်းတစ်ချက် လွှဲခုတ်လိုက်သော်လည်း ပစ်မှတ်က ကျားယွမ်ရဲ့ ခေါင်းမဟုတ်ပဲ သူ့နောက်က ခြေထောက်တစ်ဖက်ကို ဖြစ်သည်။ ထိုစဥ် ဓားရှည်တစ်ချောင်းသည် အခြားနေရာများမှ လွင့်ပျံသွားကာ အသံနှင့်အတူ လုရွှမ်ဓားကို ပိတ်ဆို့လိုက်သည်။
လုရွှမ် လျင်မြန်စွာ တုံ့ပြန်သည်အနေဖြင့် အနောက်လှည့်ကာ ကန်လိုက်သည်။ တစ်ဖက်ကလည်း လုရွှမ်ရဲ့တိုက်ခိုက်မှုကို သူ့ခြေသလုံးပေါ်က အလင်းတန်း တစ်ခုဖြင့်ကာထားလိုက်သည်။
သို့သော် သူသည် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားရကာ လုရွှမ်ကို ထိတ်လန့်သော မျက်လုံးများဖြင့် ကြည့်နေသည်။ လုရွှမ်ဘက်ကလည်း အခုလို ကန်ထုတ်နိုင်မယ်လို့ သူ မယုံနိုင်တာကြောင့် အလွန်ထိတ်လန့်သွားသည်။
လုရွှမ်: "ကောင်းပြီ မင်းလည်း ကောင်းကောင်း တုံ့ပြန်ခဲ့သားပဲ.. မဟုတ်ရင် မင်းလည်း အဲ့ကောင်လို ဒူးထောက်နေရလောက်ပြီ"
သူ့အသံနဲ့ လှောင်ပြောင်မှုက ကျားယွမ်ကို ပိုတောင် အရှက်ရသွားစေ၏။
ကျားယွမ် မအော်တော့ဘဲ သူ့သွားတွေကို တင်းတင်းစေ့ထားရာ သူ့မျက်နှာကြီးကပါ ကြမ်းတမ်းလာသည်။ သူတကယ် နားမလည်ပါ။ ခြေထောက်မြှောက်ကာ ကန်လိုက်ခြင်းသာ ဖြစ်သော်ငြား ယခင်က ခြေထောက်ကျိုးခြင်းကိုလည်း မခံစားခဲ့ရတာကြောင့် လန့်သွား၏။
ဒါ့အပြင် တစ်ခုခုက သူ့ဝိညာဉ်ကို မီးရှို့နေသလိုပင်။
"ကောင်လေး... မင်းဘယ်သူလဲ"
ကူညီရန် ရောက်လာသော သို့မဟုတ် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လာသူသည် အေးစက်သော လေသံဖြင့် မေးလာသည်။ လုရွှမ်အပေါ် သူတို့အမြင်က ဤကောင်လေးသည် အလွန်ထက်မြက်ပြီး ညံ့ဖျင်းသူ မဟုတ်ပေ။
အခုလည်း တစ်ယောက်ယောက် လာကူညီမယ်လို့ တွေးထားပြီးသား ဖြစ်တာကြောင့် သူ့ကို စောင့်ဆိုင်းပြီး ကန်ထုတ်ဖို့ အခွင့်အရေး ယူခဲ့လေသည်။ အကယ်၍ သူသာ လျင်မြန်စွာ မတုံ့ပြန်နိုင်ခဲ့ပါက ဒီကန်ချက်က ဒီလောက်ပဲမဟုတ်တော့မှာ သေချာသည်။
ကျားယွမ်သည် တစ်သက်လုံး လောဘကြီးခဲ့ပြီး သေခြင်းတရားကို ကြောက်သောလူ မဟုတ်သော်လည်း၊ သူသည် အုပ်စုထဲ၌ အပျော့ဆုံး ဖြစ်သော်လည်း ပါရမီရှင် ဖြစ်တာကြောင့် သူ့ခွန်အားမှာ သေချာပေါက် အစွမ်းထက်သည်။
ခြေထောက်မှာ နည်းနည်း နာတာက အရင်ခံစားဖူးတဲ့ ဝေဒနာတွေလို မဟုတ်ပေ။
ဒီလိုလူဟာ ရိုးရှင်းတဲ့လူ ဘယ်လိုလုပ် ဖြစ်နိုင်မလဲ။
လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး။
"အခု မင်းကငါ့ကို ဘယ်သူလဲလို့ မေးချင်နေတာလား.... ငါ့ရဲ့ဓားကို ခိုးဖို့ မစဉ်းစားတော့ဘူးလား"
“ဟမ့်! သူ့ကို သတ်လိုက်တော့!"
လုရွှမ်သည် ယခုအချိန်တွင် ထိုအမျိုးသမီးအား လေးလေးနက်နက် ကြည့်နေသည်။ ဒီမိန်းမက အခုအခြေအနေ ရောက်နေတာတောင် သူ့ကို မျက်စိထဲ မထည့်ထားသေးပေ။ တချို့လူတွေက အသားမနာရင် မကြောက်ကြဘူး ထင်ပါရဲ့။
လုရွှမ်: "အင်း မင်းပြောတာ မှန်တယ်... လူတစ်ချို့က သေဖို့ ထိုက်တန်တယ်!"
"အား!"
ကျားယွမ် ဟောက်ပြီး သူ့ခြေသလုံး ကြွက်သားကို ကိုင်ထားတဲ့ လက်ဖဝါးကို ရုတ်တရက် လွှဲချလိုက်၏။ ထိုစဥ် ဝုန်းကနဲ ပေါက်ကွဲသံနှင့်အတူ ကောင်းကင်တွင် မီးလုံးကြီး တောက်လောင်လာသည်။
"အဲဒါ ကောင်းကင်မီးပဲ!"
ကျားယွမ်ကတော့ ဤအခိုက်အတန့်တွင် ပြင်းထန်သော နာကျင်မှုကို ခံစားနေရဆဲပင်။ နောက်ဆုံးတွင် သူ့ဝိညာဉ် လောင်ကျွမ်းသွားသလို ခံစားလိုက်ရတာက ဘာကြောင့်လဲ နားလည်သွားပါပြီ။ ကောင်းကင်မီးတောက်တွေ သူ့ခန္ဓာကိုယ်ထဲကို လွင့်ထွက်သွားတာပဲ။
ကောင်းကင်မီးသည် အရာအားလုံးကိုလောင်ကျွမ်းစေသည်။ ဘယ်အရာကမှ ကောင်းကင်မီးကို ငြိမ်းသတ်ရန် မဖြစ်နိုင်ပေ။ တစ်ခုတည်းသော ရွေးချယ်ခွင့်မှာ ကောင်းကင်မီးကို တွန်းထုတ်ရန် သို့မဟုတ် ၎င်းရဲ့ပိုင်ရှင်ကို တွန်းထုတ်ရန်သာ ဖြစ်သည်။
ဒါပေမဲ့ ဒီအချိန်မှာ လုရွှမ်ကသူ့ ကို ကောင်းကင်မီးကို တွန်းလှန်ခွင့်ပေးဖို့ ဘယ်လိုလုပ် အချိန်ပေးနိုင်မှာလဲ။
ကျားယွမ်ကတော့ ယခုအချိန်တွင် တင်ပျဉ်ခွေထိုင်ကာ သူ့အား လေနှင့်မိုးဒဏ်မှ ကာကွယ်ရန် သူ့လုပ်ဖော်ကိုင်ဖက်များကိုသာ အားကိုးနိုင်ခဲ့သည်။
ထိုလူတွေကလည်း ဖျက်ကနဲ ပြေးလာကာ ကျားယွမ်ရှေ့တွင် ရပ်ကာ လုရွှမ်ကို စိုက်ကြည့်နေသည်။ သူ့ရဲ့ နတ်ဓားပေါ်မှ အလင်းတန်းများကလည်း တောက်ပလာပြီး လုရွှမ်ကို သတိပေးချင်နေသည်။
လုရွှမ်ရဲ့ ကောင်းကင်မီးက တစ်ဖက်လူရဲ့ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်ပြီးပြီ။ ကောင်းကင်မီးကို ထိန်းချုပ်လိုက်တာနဲ့ ကိစ္စပြတ်ပြီ။ ကောင်းကင်မီးကို တွန်းထုတ်ချင်တဲ့ အတွေးက အရူးအတွေးပါပဲ။
ကျားယွမ်သည် ဘာကိုမှ ဂရုမစိုက်ဘဲ မာနကြီးလွန်းသူလည်း မဟုတ်ပါက ကောင်းကင်မီးလို အရာမျိုး ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက် ခြိမ်းခြောက်သည့်အခါ ဘယ်လိုမှ ကယ်မရတော့တာ သိလိမ့်မည်။ သို့သော်လည်း ကျားယွမ် ၎င်းကို လျစ်လျူရှုခဲ့တာ ထင်ရှားသည်။
အသက်ရှူကြိမ် အနည်းငယ် ကြာပြီးနောက် ကျားယွမ်သည် ပါးစပ်အပြည့် သွေးများ ထွက်လာကာ သူ့တစ်ကိုယ်လုံး နာကျင်လာသည်။
"ကယ်ပါ... အစ်မကြီး.... ကယ်ပါဦး...."
ကျားယွမ် နာကျင်စွာ အော်လိုက်သည်။ သူ့အရေပြားရဲ့ အစိတ်အပိုင်း အားလုံးဆီကနေ မီးတောက်တွေ တောက်လျှောက် ထွက်လာကာ ခဏအတွင်း မီးလောင်နေတဲ့လူ ဖြစ်သွားတော့၏။
လုရွှမ်၏ လက်ရှိ ကောင်းကင်မီး အဆင့်က အနည်းငယ် နိမ့်နေသေးသည်။ အထူးသဖြင့် ဤလူများကဲ့သို့ ပါရမီရှင်များနှင့် ဆက်ဆံရာတွင် ကောင်းကင်မီးရဲ့ တိုက်ခိုက်မှုက သူတို့ကို ကြောက်လန့်စေမှာ သေချာသော်လည်း ဒီလူတွေကို သတ်ချင်ရင်တော့ မဟုတ်သေးချေ။
ဒါပေမဲ့ ကျားယွမ်က အရမ်းစိတ်ကြီးဝင်နေရာ လုရွှမ် အခွင့်ကောင်းယူပြီး ကောင်းကင်မီးကို သူ့ခန္ဓာကိုယ်ထဲကို တွန်းပို့လိုက်တာကို မသိလိုက်ပေ။ အထူးသဖြင့် ကောင်းကင်မီးနဲ့ မိုးခြိမ်းသံက စိတ်ဝိညာဉ်ကို အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်စေရာ ယခု လောင်မြိုက်နေသော ကောင်းကင်မီးရဲ့ အပူဒဏ်ကို အတွင်းအင်္ဂါများက ဘယ်လိုလုပ် ခံနိုင်ရည်ရှိပါ့မလဲ။
သူ့ဝိညာဉ်သည် ကောင်းကင်မီးတွေကြား မြုပ်သွားသည်နှင့် တစ်ပြိုင်နက် ဘာကိုမှ မစဉ်းစားဘဲ သေခြင်းတရားကိုသာ စောင့်ဆိုင်းနေရလိမ့်မည်။