ပုံပျက်ပန်းပျက်
Vol. 128 Ch. 4.1439
မိန်းကလေး: “ကောင်လေး လွှတ်လိုက်စမ်း!”
လုရွှမ်ကတော့ သူ့ပါးစပ်ထောင့်မှာ လှောင်ပြောင်သယောင် အရိပ်အမြွက်ပြပြီး ထိုမိန်းကလေးကို ကြည့်လိုက်သည်။ ဒီအမျိုးသမီး အခုအချိန်အထိ မာနကြီးနေသေးတာမို့ သူတို့မှာ လက်ဝါးကြီး အုပ်နိုင်ပြီလို့ ထင်နေကြတာပဲ ဖြစ်မည်။
လုရွှမ်ရဲ့ လက်ညှိုးတစ်ချောင်း ကျားယွမ်ဆီ ညွှန်လိုက်သော် တဝုန်းဝုန်း ပေါက်ကွဲသံနှင့်အတူ မိုးခြိမ်းသံတစ်ခုက ကျားယွမ်ရဲ့ ခန္ဓာကိုယ်ကို ရိုက်ခတ်သွားသည်။ ထိုသူ့ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်လှုပ်သွားပြီး လေထဲသို့ ခုန်တက်ကာ မြေပြင်ပေါ်သို့ တစ်ဖန် လဲကျသွားခဲ့သည်။ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။
"မဟုတ်ဘူး... မလုပ်နဲ့ မလုပ်နဲ့!"
ဤအခိုက်အတန့်တွင် သူ့ခုခံမှုအား ကျယ်ကျယ် ပြန့်ပြန့် ဖွင့်ထားသဖြင့် လုရွှမ်ကလည်း နတ်မိုးခြိမ်းသံကို တစ်ဖန် ထပ်မံ၍ စေလွှတ်လိုက်သည်။ လုရွှမ် ထိန်းချုပ်ထားသော နတ်မိုးခြိမ်းသံသည် ယခုအခါ မျှော်စင် နယ်ပယ်က သာမန်အဆင့်မြင့် ကျင့်ကြံသူများရဲ့ အတိဒုက္ခ မိုးကြိုးနက် ဖြစ်သည်။
ကျားယွမ်ဟာ အတိဒုက္ခ မိုးခြိမ်းသံကို အထွတ်အထိပ်သို့ ရောက်နေသည့် အချိန်အထိ မကြောက်ခဲ့ပေ။ ဒါပေမဲ့ ဒီအချိန်မှာတော့ သူ့ရဲ့ ခံစစ်ကို ကျယ်ကျယ် ပြန့်ပြန့် ဖွင့်ဟထားရတဲ့အထိ မခံနိုင်တော့ချေ။
တစ်ခဏချင်းမှာပဲ ဦးခေါင်းမှာ ပွန်းပဲ့လာပြီး ပါးစပ်မှလည်း သွေးများ ထွက်ကျလာသည်။ ထို့နောက် အနက်ရောင် မိုးကြိုးများ ပျောက်ကွယ်သွားကာ ကျားယွမ်ရဲ့ စိတ်ဝိညာဉ်ပင်လယ်ထဲသို့ နစ်မြုပ်သွားခဲ့သည်။
"ကောင်လေး... မင်း သေချင်နေပြီပဲ!"
မိုးခြိမ်းသံ ပျောက်ကွယ်သွားတာကို မြင်လိုက်တာနဲ့ လူလေးယောက်ရဲ့ အမူအရာတွေလည်း ပြောင်းလဲသွားတော့သည်။ နတ်မိုးကြိုး ပျောက်ကွယ်သွားတာနဲ့ ၎င်းက နတ်ဝိညာဉ် ပင်လယ်ထဲသို့ ခိုးဝင်သွားတာ ထင်ရှားပါသည်။
အမျိုးသမီးသည် ဒေါသတကြီး ဟောက်ကာ ဓားဖြင့် အဆက်မပြတ် တိုက်ခိုက်လာလေသည်။ လုရွှမ် လှောင်ပြုံး ပြုံးလိုက်၏။ အခုအချိန်ထိတောင် သူ့ကို နတ်မီးနယ်ပယ်က ဆိုပြီး အထင်သေးနေသေးပုံပဲ။
လုရွှမ်ရဲ့ ကောင်းကင်ဓားက ပျံသန်းသွားသည်။ စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားရဲ့ ဓားစွမ်းအင်တွေ လွင့်ထွက်သွားပြီး တိုက်ခိုက်မှုအားလုံးကို အပြည့်အဝ တားဆီးလိုက်၏။ မိန်းကလေးမှာ နောက်ပြန်ဆုတ်ဖို့ မတတ်နိုင်ဘဲ လုရွှမ်ကို လေးနက်စွာ ကြည့်လိုက်သည်။
"ကောင်လေး.... မင်းဘယ်သူလဲ"
လုရွှမ် အေးစက်စွာ ရယ်မောလိုက်သည်။
"အခု ငါ့ကို လူလို့ရော မြင်သေးလား? ငါ့နာမည်ကို သိချင်နေတယ်ပေါ့ ဟမ့် ဘာမှမပေးဘဲနဲ့တော့ ဘယ်ရမလဲ"
သူက ကျားယွမ်ကို ကြည့်လိုက်ပြီး သူ့လက်ချောင်းတွေကို တတိယအကြိမ် ဆုပ်လိုက်သည်။ ပေါက်ကွဲသံကြီးနဲ့အတူ ကျားယွမ်ခန္ဓာကိုယ်က ကွဲအက်သွားပြီး အပိုင်းပိုင်း ကွဲသွားခဲ့သည်။ လုရွှမ်ဟာ ကြေကွဲနေသော ဝိညာဉ်တစ်ခုကို ချက်ချင်းပင် သူ့လက်ဖဝါးဖြင့် ဆုပ်ကိုင်လိုက်သည်။
"အား.... ကယ်ကြပါဦး.... ခွေးမ ထျန်းလင်....ငါ့ကို မြန်မြန်ကယ်လေ!"
ကျားယွမ်ဝိညာဉ်ဟာ သူ့မျက်လုံးထဲမှာ အရာအားလုံးကို မြင်နေရသော်လည်း သူ့ခန္ဓာကိုယ်က ဘယ်လို ပျက်စီးသွားလဲ မသိလိုက်ချေ။ ယခုမူကား ကောင်းကင်မီးသည် လောင်ကျွမ်းပြီးသည်နှင့် သူ့ဝိညာဉ်က ဒီကမ္ဘာထဲက ကွယ်ပျောက်သွားပေလိမ့်မည်။
အခုအချိန်မှာတော့ လူက သေရတော့မှာပဲမလို့ အစ်မကြီးအပေါ်် လေးစားမှုလည်း မရှိတော့ဘဲ နာမည်တပ်ကာ အော်ဟစ်ပြီး ကျယ်လောင်စွာ ကျိန်ဆဲနေတော့သည်။ ဒီအမျိုးသမီးကို ထျန်းလင် (ကောင်းကင်ဝိညာဥ်) လို့ခေါ်လေသည်။ သူမကိုယ်သူမ အဲဒီလို ခေါ်ရတာကို တကယ့် ဂုဏ်ယူနေပုံပဲ။
အမျိုးသမီး ဘေးကို ကြည့်လိုက်ကာ ရုတ်တရက် ရှောင်ထွက်သွားသည်။ ထိုစဥ် ကျားယွမ်ရဲ့ ဝိညာဉ်က အပိုင်းပိုင်း ကွဲအက်နေပြီ။ ပတ်ဝန်းကျင်ရှိ ကောင်းကင်မီးကြောင့် ညစ်ညမ်းသွားကာ ချက်ချင်းဆိုသလို အပိုင်းပိုင်း လောင်ကျွမ်းသွားခဲ့သည်။
ကျန်တဲ့သုံးယောက်ရဲ့ အမူအရာတွေက ကြည့်မကောင်းတော့ချေ။ သူတို့ခေါင်းဆောင်က ဒီလောက်ရက်စက်မယ်လို့ မမျှော်လင့်ထားဘူးလေ။
အမျိုးသမီး :"ဘယ်သူမှ ငါ့ကို အတင်းအကြပ် ဖိအားပေးလို့ မရဘူး... ကောင်လေး ငါ့နာမည်ကို မှတ်ထား... ထျန်းလင်တဲ့... မင်းနာမည်ကို ပြောလိုက်! ပြီးရင် ငရဲကိုသွားတော့!"
အမျိုးသမီးက အော်ဟစ်ပြီး ဓားကိုဆွဲထုတ်ကာ လုရွှမ်ကို တိုက်ခိုက်တော့၏။ ပြီးတော့ အာကာသသားရဲကိုလည်း ဂရုမစိုက်တော့ချေ။ အာကာသသတ္တဝါ၏ ရောင်ဝါသည် အနည်းငယ် အားနည်းသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ၎င်း၏စွမ်းအားက အဆက်မပြတ် တိုးလာသည်။
ထိုလူသုံးယောက်သည် အာကာသသားရဲနှင့် စတင် ရင်ဆိုင်ရသောအခါ ၎င်းတို့က အစပိုင်းတွင် လုံး၀ အနိုင်ကျင့်နေခဲ့သလို ဖြစ်ခဲ့ပေမယ့် ယခုအချိန်တွင် အညီအမျှ ဖြစ်နေပြီ။ တဖြည်းဖြည်းနှင့် အာကာသသားရဲက အသာစီးရလာမယ် ဆိုတာ စိတ်ကူးကြည့်နိုင်သည်။
ဒီမိန်းမက အခု အာကာသသားရဲက ပိုအရေးကြီးလား ဒါမှမဟုတ် ဒေါသကို ထုတ်ပစ်ဖို့ ပိုအရေးကြီးလား မသိပုံပင်။ နီရဲသော မျက်လုံးများဖြင့် အမျိုးသမီးကို မျက်နှာမူကာ လုရွှမ်က လှောင်ပြောင် ပြောဆိုလိုက်သေးသည်။
"ဘာလဲ... ငါမင်းရဲ့ ကိုယ်လုပ်တော်ကို သတ်ပစ်လို့ ဒီလောက် ဒေါသကြီးထွက်သွားတာလား... ဒါဆို ငါဒီလူကို ဘာလို့ သတ်လိုက်မိပါလိမ့်...အိုး မင်းပဲသူ့ကို အနိုင်ကျင့်နိုင်တယ် ဒါပေမယ့် တခြားသူတွေက မလုပ်ရဘူးပေါ့... အဲ့လိုလား...ကျစ်... မင်းရဲ့အဖော်အတွက်တော့ ငါတကယ် စိတ်မကောင်းပါဘူး... မင်းအဖွဲ့ကိုကြည့်... မိန်းမတစ်ယောက်နဲ့ ယောက်ျား လေးယောက်ရှိတယ် ဟားဟား... မင်းမှာ စားချင်စိတ်အရမ်းများတာပဲ"
ထျန်းလင် မျက်လုံးများ ပြူးကျယ်လာပြီး ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
"တော်တော်မိုက်နေတယ်ပေါ့ ကောင်လေး... ငရဲကိုသွားစမ်း!"
သူမတစ်ကိုယ်လုံးမှာ မကောင်းဆိုးဝါး စွမ်းအင်တွေနဲ့ ပြည့်လာသည်။ သူ့လက်ထဲက ဓားရှည်ကြီးက လုရွှမ်ရဲ့ တစ်ကိုယ်လုံးကို ချက်ချင်း ဖုံးအုပ်ပစ်နိုင်တဲ့ နှင်တံလို ကခုန်နေသည်ါ အလင်းရောင်က လုရွှမ်အား လုံးလုံးနီးပါး ဖုံးလွှမ်းသွားသည်။
လုရွှမ်လည်း အံ့သြသွားသည်။
ယွမ်စွမ်းအင်သည် နူးညံ့ပျော့ပျောင်းသော်လည်း ရေခဲမီးတောက်များနဲ့ ပြည့်နေကာ ရေခဲနှင့်မီး ပေါင်းစပ်ထားပုံပင်။ တိုက်ခိုက်မှုက သူ့ခန္ဓာကိုယ်ကို ရိုက်ခတ်လာတာနဲ့ တစ်ဖက်က အေးစက်နေပြီး တစ်ဖက်က ပူလောင်လာသည်။
စွမ်းအင်နှစ်ခုက လုရွှမ်၏ ခန္ဓာကိုယ်အတွင်းသို့ တက်ကြွစွာ ထိုးဖောက် ဝင်ရောက်လာခဲ့သည်။ ပြီးတော့ သူတို့အချင်းချင်းကြားမှာ လွတ်လပ်စွာ ပြောင်းလဲနိုင်၏။ အရမ်းထူးဆန်းပြီး ကာကွယ်ရခက်သည်။
လုရွှမ်တစ်ကိုယ်လုံးက ယွမ်ယန်စွမ်းအင်များဖြင့် ပြည့်နှက်သွားသည်။ ယန်၏ သန့်စင်သော စွမ်းအားသည် သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး အအေးအပူ ပြောင်းလဲခြင်းများကို သန့်စင်လာသည်။ အစက ရှက်ကိုးရှက်ကန်း အသက်ရှုသံတွေက ခန္ဓာကိုယ်ထဲကို ဝင်လာ၏။
သူမသည် သူ့ခန္ဓာကိုယ်ဟန်ချက်ကို ချိုးဖျက်လုနီးပါး ဖြစ်ခဲ့သော်လည်း မကြာမီတွင် လုရွှမ်က ဟန်ချက် ပြန်ထိန်းနိုင်သွားခဲ့သည်။ ယွမ်ယန်စွမ်းအင်ဟာ အရာအားလုံးရဲ့ မူလအာဏာရှင် ဖြစ်ကြောင့် ဤအခိုက်အတန့်တွင် ပြည့်စုံစွာ ပြသခဲ့သည်။
ဒီမိန်းမရဲ့ ကျင့်ကြံမှုက ထူးဆန်းသော်လည်း ယွမ်ယန်ကျင့်စဥ် ရှေ့တွင်တော့ ၎င်းက ပိုးစုန်းကြူး၏ အလင်းရောင်ထက် ဘာမှမပိုချေ။
ထျန်းလင်လည်း တစ်ဖက်လူ၏ ဖိနှိပ်ချုပ်ချယ်မှုကို လျင်မြန်စွာ ခံစားလိုက်ရသည်။ သူမသည် သမုဒ္ဒရာ သို့မဟုတ် တောင်ကြီးတစ်ခုကို ရင်ဆိုင်ရနေသလို ဖြစ်လာသည်။ သူမသည် သမုဒ္ဒရာကို ကြည့်သည်၊ တောင်များကို နားမလည်နိုင်စွာ မော့ကြည့်ရင်း စိတ်ထဲတွင် မယုံကြည်နိုင်သော အတွေးတစ်ခု ပေါ်လာသည်။
လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ဘာမှလည်း မဟုတ်ပါလား"
အမျိုးသမီး: "ငရဲကို သွားစမ်း!"
ထျန်းလင်ရဲ့ ဓားသိုင်းက ပြောင်းလဲသွားသည်။ ဓားစွမ်းအင်သည် အေးစက်သော လေလှိုင်းများကဲ့သို့ လွင့်ပျံကာ လေထဲတွင် ဝေ့ဝဲနေပြီး အမှန်တကယ် ရေခဲအလွှာများနှင့် ရောနှောသွားသည်။ ဒီဓားသွား လှုပ်ရှားမှုက ထူးဆန်းပြီး ကာကွယ်ရခက်ပုံပင်။
လုရွှမ်ခန္ဓာကိုယ်ပေါ်ရှိ ကောင်းကင်မီးတောက်များ တောက်ပလာသည်။ ယွမ်ယန်ကျင့်စဥ်၏ စွမ်းအားသည် သူ့အား ယခုလို ရောင်ဝါကို ခံနိုင်ရည်အရှိစေဆုံး ဖြစ်သည်။
စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားဖြင့် တိုက်ခိုက်မှု အားလုံးကို တားဆီးလိုက်ရာ ဓားသွားများ တစ်ခုပြီးတစ်ခု လွှင့်ထွက်သွားသည်။ ထျန်းလင်ရဲ့ စွမ်းအားက သိသိသာသာ အားကောင်းကာ သူမရဲ့ စွမ်းရည်ကလည်း ပိုနက်ရှိုင်း၏။
လုရွှမ်၏နယ်ပယ်သည် အနည်းငယ် နိမ့်သော်လည်း ဓားကျွမ်းကျင်မှုကတော့ သူမထက်ပင် ပိုကောင်းသည်။ သူတို့နှစ်ယောက်ဟာ တစ်ချိန်တည်းမှာ အညီအမျှ ဆုတ်ခွာသွားနေရတာကြောင့် အခုချိန်မှာတော့ ဘယ်သူကမှ အနိုင်မယူနိုင်သေးချေ။
"အစ်မကြီး... ငါတို့ မခံနိုင်တော့ဘူး!!"
ကျန်သုံးယောက်သည် အာကာသသားရဲများ၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရာ ယခုအခါ ၎င်းတို့ တဖြည်းဖြည်းနှင့် အားနည်းလာသည်။
ထျန်းလင်: "ကောင်လေး... အာကာသနတ်ဆိုးကို အရင် ဖျက်စီးလိုက်တာပေါ့"
"ငါလည်း အဲ့လိုပြောမလို့ပဲ..."
လုရွှမ်က အော်၍ သူ့ခန္ဓာကိုယ်က အာကာသသားရဲဆီသို့ လွင့်မျောသွားသည်။ ထိုအချိန်တွင် ထျန်းလင်က ဓားစွမ်းအင်ကို အနောက်ကနေ ပစ်လွှတ်လိုက်ကာ ခိုးဝင်တိုက်ခိုက်လိုက်လေ၏။
"ငရဲကို သွားစမ်း!"
သူမ၏ ပါးပြင်သည် အလွန်အမင်း လိမ်သွားကာ မျက်လုံးများက မုန်းတီးမှုများ ပြည့်နှက်နေသည်။ သူမအကြည့်တွေက လုံးဝကို မည်းမှောင်နေ၏။