← Chapters

နတ်ဆိုးစိတ်ဝင်ပြီ

Vol. 128 Ch. 4.1440

နတ်ဆိုးစိတ်ဝင်ပြီ

Vol. 128 Ch. 4.1440

“အစ်မကြီး!"

လူသုံးယောက်တို့သည် ထျန်းလင်ရဲ့ လုပ်ရပ်ကြောင့် မယုံနိုင်လောက်အောင်ပင် ကြောက်လန့်တကြား အော်မိလိုက်ကြသည်။

သူတို့အမြင်တွင် ထျန်းလင်က အားကောင်းပြီး တိုးတက်လာသော်လည်း ဤသားရဲကို တိုက်ခိုက်ရန် ၎င်းတို့၏ အဓိက တွန်းအားအတွက် နတ်မီးနယ်ပယ်က ကောင်လေးတစ်ယောက်ကို တွန်းပို့ခဲ့သည်။

သူမမျက်လုံးများထဲမှ အမှောင်ထုကို ကြည့်လိုက်လျှင် အာကာသသားရဲလို အမှောင်ကြီးနဲ့ တူလေသည်။ လုရွှမ်ကလည်း သတိမပေါ့ထားချေ။ သူ့ခန္ဓာကိုယ်က လွယ်လွယ်နဲ့ ရှောင်ထွက်သွားပြီး ယွမ်ယန်ဓားကိုးစင်းထဲက ၆စင်းမြောက်ဓားဖြင့် ပြန်ခုတ်လိုက်သည်။

အခု သူ့ရဲ့ ခွန်အားက ဒီဓားကို အပြည့်အဝ ပြသနိုင်နေပြီ။ ဓားစွမ်းအင်သည် ကောင်းကင်သို့ ပျံတက်သွားသည်။ ခွန်အား 30% ကို သူ့ခန္ဓာကိုယ်ပေါ်ရှိ ဓားစွမ်းအင်များဖြင့် ပြည့်နှက်သွားရာ မြေအောက်ခန်း တစ်ခုလုံး တုန်ခါသွား​စေသည်။

ဝုန်းကနဲ ပေါက်ကွဲသံနှင့်အတူ မြေအောက်ခန်းကြီး ပေါက်ကွဲသွားသည်။ ထိုအခါ အာကာသသားရဲကလည်း စိတ်လှုပ်ရှားစွာ အော်ဟစ်လာလေ၏။

လုရွှမ် သူ့အစွမ်းအစသူ လေးလေးနက်နက် နားလည်သွားသည်။ ယွမ်ယန်ဓားကိုးစင်းနဲ့ စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားအား ပေါင်းစပ်ထားသော ဓားသွားကို လုံးလုံး နားလည်သွားသောအခါ ဓားလမ်းစဥ်အ​ပေါ် နားလည်မှုသည် အမှန်တကယ်ပင် မြင့်မားသောအဆင့်သို့ ရောက်ရှိသွား၏။ ၎င်းထုတ်လွှတ်သည့် စွမ်းအားကလည်း သဘာဝအတိုင်း ပိုမိုအားကောင်းလာသည်။

ထျန်းယင်ကလည်း ရုတ်တရက် ပျောက်ကွယ်သွားသည်။ သူမ ဓားကို ရှောင်သွားသည့် နည်းလမ်းမှာ အလွန်ထူးဆန်းသည်။ လုရွှမ် နှလုံးခုန်သွားကာ ထျန်းယွမ်နတ်မီးလုံးက သူ့မျက်လုံးများထဲ ချက်ချင်း ထွန်းတောက်လာသည်။ ထိုစဥ် အာကာသသားရဲက ပါးစပ်ကို ဖွင့်ဟကာ ထျန်းလင်ကို သူ့ဘက်သို့ စုပ်ယူလိုက်တာ မြင်လိုက်ရ၏။

ဤအခိုက်အတန့်တွင် လူနှင့်သားရဲတစ်ကောင်သည် ဘေးချင်းယှဉ် တိုက်ခတ်နေကြသည်။ သူတို့ရဲ့မျက်လုံးများက မှောင်မည်းနေပြီး ဘာကိုမှ မမြင်တော့သည့် ခံစားချက်များဖြင့် ပြည့်နှက်နေသည်။

တစ်ချက်ကြည့်လိုက်ရုံနဲ့ နတ်ဆိုးစိတ် ဝင်သွားကြောင်း ခံစားရစေသည်။

"အစ်မကြီး!"

သုံးယောက်သာစ ထိတ်လန့်ကြောက်ရွံ့မှု အပြည့်နဲ့ အော်လိုက်သည်။ သူတို့အထဲမှာ တန်ခိုးအကြီးဆုံးက ဒီအာကာသသားရဲရဲ့ ကျွန်ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ချေ။

"သွားကြစို့!"

လူသုံးယောက်ရဲ့ တုံ့ပြန်မှုက မနှေးကွေးတော့ပေ။ ဒီနေရာက ကြာကြာနေလို့ မရမှန်း သိတာကြောင့် ချက်ချင်း ပြန်လှည့်ထွက်ဖို့ ပြင်၏။

လုရွှမ်၏ ခန္ဓာကိုယ်သည် အလင်း တဖျပ်ဖျပ် တောက်သွားသည်။ သူက ချီထျန်းပု၏ အကူအညီဖြင့် လူသုံးယောက်အနားသို့ ပြေးသွားကာ ထိုလူသုံးယောက်ရဲ့ လမ်းကို ပိတ်ဆို့ထားလိုက်သည်။

"ဘာလုပ်တာလဲ... ဟမ့် မင်းက ငါတို့သုံးယောက်လုံးကိုပါ သတ်ချင်သေးတာလား"

"မင်း ဘယ်လောက်ပဲ သန်မာနေပါစေ မလုပ်နိုင်ဘူးကွ!"

လုရွှမ်ရဲ့ မျက်လုံးများက သူ့ပတ်ဝန်းကျင် လှုပ်ရှားမှုများကို အကဲခတ်နေသည်။ အထက်က ကျင့်ကြံသူတွေဟာ ယခုအချိန်မှာ ပရမ်းပတာ ဖြစ်နေကြပြီ။ ဒီလို ပေါက်ကွဲလိုက်တာနဲ့ သေကြမှာ ထင်ရှားသည်။

အာကာသသားရဲသည် ၎င်း၏ပါးစပ်ကို ဖွင့်၍ အသက်ရှုသွင်းလိုက်ရာ စွမ်းအင်စီးကြောင်းများ ပြေးဝင်သွား၏။ ပြီးတော့ ကောင်းကင်မှာက နေလား လလား မသိနိုင်အောင် မှောင်နေသေးပြီး ဘာအလင်းရောင်မှ မမြင်ရချေ။

"မင်းတို့ တိုက်ခိုက်လိုက်တဲ့ လူတွေကြောင့် ဒီအာကာသသားရဲက အာရုံပျံ့လွင့်သွားပြီး ဒီလူတွေကို ကြံကြံဖန်ဖန် ကြံစည်ခဲ့တာပဲ... သူတို့အားလုံး ရုန်းရင်းဆန်ခတ် ဖြစ်ကုန်ကြပြီ..."

လုရွှမ် သက်ပြင်းချလိုက်သည်။

"ဟမ့် ငါတို့လမ်းကို မတားရင် စကားပြောကြတာပေါ့"

ဓားအလင်းတန်းတစ်ခု လင်းလက်လာစဥ် လုရွှမ်လည်း တိုက်ရိုက် ဖြတ်ပြေးသွားသည်။ လုရွှမ်ရဲ့ လက်ရှိဓားသည် ယွမ်ယန်ဓားကိုးစင်းရဲ့ ငါးခုမြောက် ဓားတစ်လက်သာ ဖြစ်လေသည်။ သို့မဟုတ်ပါက ထိုလူသုံးယောက်ရဲ့ စွမ်းအားနဲ့ မသေရင်တောင် ဒဏ်ရာပြင်းထန်လိမ့်မည်။

လုရွှမ် :"အိုး တကယ် ထပ်ပြောချင်သေးလား"

သူတို့ သုံးယောက်က ချက်ချင်း ပါးစပ်ကိုပိတ်ကာ အလွန်အမင်း ရှက်ကုန်ကြသည်။ ဒေါသက ထွက်နေကြသော်လည်း အခုအချိန်မှာ ခြိမ်းခြောက်စကားတွေက အသုံးမဝင်ကြောင်း သိလိုက်ကြသည်။

"မင်းတို့ ဘာလို့ဒီမှာ ရှိနေတာလဲ ဒီမှာဒီလိုမျိုးဖြစ်သွားမယ် ဆိုတာ မင်းတို့ ကြိုသိထားတာလား"

လုရွှမ်ကတော့ ၎င်းတို့ အရှက်ရ​​နေတာကို လျစ်လျူရှုပြီး မေးလိုက်သည်။ ဒီလူတွေက ပထမမြို့ထဲက မဟုတ်ကြတာ သိသာထင်ရှားပါ၏။

အရင်က သူတွေ့ခဲ့ရတဲ့ လက်နက်က ဆယ့်ရှစ်ခု ရှိိသည်။ ဖိနှိပ်ခံထားရတာက အာကာသသားရဲရဲ့ ကိုယ်အင်္ဂါ သေးသေးလေးတွေပဲ။ ဒါဟာ ကြီးမားတဲ့ အန္တရာယ်နဲ့ ကြီးမားတဲ့ ပူးပေါင်းကြံစည်မှုဆိုတာ သိသာသည်။

သူအခု နတ်လေးကို ရယူပြီးပြီ။ ဒါ​က ဒီအကြံအစည်ထဲ ပါဝင်ရန် တွန်းအားပေးခဲ့ရသလိုပင်။ ဤရှည်လျားသော ပူးပေါင်းကြံစည်မှုထံ ရှင်သန်လိုပါက အရာများစွာကို ပိုသိထားဖို့ လိုသည်။

"ပြောမနေနဲ့...ငါတို့မင်းကို နောက်မှပြောမယ် အရင်ပြေးရအောင်"

လူတစ်ယောက်က အရင် အော်သည်။ ကျန်တဲ့ နှစ်ယောက်က အထပ်ထပ်အခါခါ ခေါင်းညိတ်ပြကြ၏။ သူတို့ သုံးယောက်လုံး လုံးဝကို ထိတ်လန့်သွားပြီ။ လူတစ်ဦး သေဆုံးသွားပြီး အစ်မအကြီးဆုံးကိုပင် အာကာသသားရဲက သူ့ကျွန်ဖြစ်လာအောင် လုပ်ပစ်လိုက်ပြီ။

သူတို့သုံးယောက်လည်း ထိုသားရဲထံမှ ဖြားယောင်းသွေးဆောင်မှု လှိုင်းလုံးများ ရောက်ရှိလာတော့မှာကို ခံစားနေရသည်။ ၎င်းတို့ အနေဖြင့် တွန်းလှန်ရန် အလွန်ခက်ခဲလိမ့်မည်။

ဒီကောင်လေးက ဘယ်လိုများ လုပ်ထားလို့ လုံးဝ မထိခိုက်တာလဲ။

တကယ်​တော့ လုရွှမ်ဟာ အခု ဒုက္ခရောက်နေပေမယ့် အရင်ကနဲ့ နှိုင်းယှဥ်ကြည့်တော့ တဖြည်းဖြည်းနဲ့ လိုက်လျောညီထွေ ဖြစ်သွားပြီ။ ယွမ်ယန်စွမ်းအင်က ၎င်းကို တားထားကာ နတ်လေးကလည်း ရှိတာကြောင့် ထိုစွမ်းအင်လှိုင်းက လုံးဝ မချဉ်းကပ်ရဲပေ။

"ဝူး....."

နောက်ဆုံးတွင် အာကာသသားရဲသည် ဤနေရာ၌ ကျန်ရှိနေသော ရောင်ဝါတွေကို စုပ်ယူနေတာက ပြီးဆုံးသွားသည်။ ၎င်း၏ အင်အားသည် အလွန် ပြင်းထန်လာပြီး ခန္ဓာကိုယ်အရွယ်အစားက တိုးလာပြန်သည်။

ပြီးတော့ သူ့ဘေးက ထျန်းလင်ကတော့ ဒီအချိန်မှာ ခန္ဓာကိုယ်က နည်းနည်း ထူးဆန်းနေပြီ။ သူမက သားရဲကြီးအတွက် နည်းနည်းတောင် ချစ်စရာကောင်းနေပုံရသည်။

"ဟမ့်!"

လုရွှမ် နှာမှုတ်လိုက်သည်။ သုံးယောက်သားက တစ်ချိန်တည်းမှာ သွေးတွေ ရွှဲရွှဲစိုနေပေမယ့် လုရွှမ်ကို ကျေးဇူးတင်မိပြန်သည်။ မဟုတ်ရင် သူတို့ သုံးယောက်လုံး ထျန်းလင်လိုပဲ ဖြစ်သွားလောက်ပြီ။

“မြန်မြန် ပြေးကြ... ငါတို့ ဒီဘိုး​​ဘေးသားရဲနဲ့ မယှဉ်နိုင်ဘူး”

တစ်ယောက်က အော်ရာ ကျန်လူနှစ်ယောက်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြကာ လုရွှမ်ကို မျှော်လင့်တကြီး ကြည့်နေသည်။ ယခု လုရွှမ် ခွင့်ပြုချက်မရှိဘဲ၊ သူတို့သုံးယောက် ထွက်သွားရန် မဝံ့ရဲကြပေ။

လုရွှမ် တခဏမျှ တုံ့ဆိုင်းသွားသော်လည်း နေနတ်ပစ်လေးကို မထုတ်သေးပေး။ သူ ဘိုးဘေးသားရဲကို မြှားတစ်စင်း ပစ်လိုက်ချင်သည်။ ပစ်ချက် လွတ်သွားပါက အားလုံးကို အပြင်ထွက်နိုင်အောင် လုပ်နိုင်မယ်ဆိုတာ သူသိသည်။

ဒါပေမဲ့ မအောင်မြင်ရင် သေဖို့က သေချာသည်။

အခုက တကယ် သွားရမယ့် အချိန်ပဲ။

"သွားစို့!"

သုံးယောက်သား ဝမ်းသာအားရဖြင့် လုရွှမ်နောက်က လိုက်သွားခဲ့သည်။

ပထမမြို့ကြီး တစ်ခုလုံးမှာ ပြဿနာတစ်ခုပေါ်ပေါက်လာတဲ့အခါ ကမ္ဘာကြီးက ပိတ်သွားပုံရပေမယ့် ဒီလူတွေက တကယ်ပဲ ဝင်ထွက်သွားလာနိုင်တာမို့ ထွက်ပေါက်တစ်ခုတော့ ရှိသေးလောက်၏။

လူသုံးဦးရဲ့ အပြေးစွမ်းရည်မှာ လွန်စွာကောင်းမွန်ခဲ့သည်။ လုရွှမ် လူသုံးဦးနောက်သို့ အနီးကပ်လိုက်ခဲ့ရာ ပထမမြို့ကြီး တစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်နေတာကို တွေ့လိုက်ရလေသည်။

"သွားပြီ! အစ်မကြီးတို့ လိုက်လာနေပြီ... အစ်မကြီးကလည် လမ်းကြောင်းရဲ့ ထွက်ပေါက်ကို သိတယ်!"

လုရွှမ်: "အရင်ထွက်ပြီးမှ စကားဆက်ပြော!"

လုရွှမ် ဆိုရင်း နတ်လေးကို ကိုင်ထားလိုက်သည်။

"နတ်လေး?"

သူတို့ သုံးယောက်က တညီတညွတ်တည်း အော်လိုက်ရင်း ကြောက်ရွံ့မှုတွေ ပြည့်နှက်နေတဲ့ မျက်လုံးတွေနဲ့ လှည့်ကြည့်လာ၏။

"မင်းမှာ ရှားရှားပါးပါး လက်နက် ရှိတယ်လား!"

လူတိုင်းက ဒီလိုရှားပါး လက်နက်ကို မရရှိနိုင်ပေမယ့် နတ်မီးနယ်ပယ်က ဒီကလေးက ရသွားပြန်ပြီ။ ဒီကောင်လေးက သာမန်လူမဟုတ်တာ သေချာသွားပြီ။ ကျုံးကျိုးမှာ နတ်မီးနယ်ပယ်က မျှော်စင်နယ်ပယ် ထိပ်တန်းသခင်များကို အနိုင်ယူနိုင်တယ် ဆိုတာ ဘယ်သူကများ ကြားဖူးလို့လဲ။

All Chapters