← Chapters

အလံတိုက်ပွဲ

Vol. 011 Ch. 1055

အလံတိုက်ပွဲ

Vol. 011 Ch. 1055

အင်ပါယာဘုံသုံးခုမှ တန်ခိုးရှင်များ ထွက်ခွာ သွားပြီးနောက် ကျူးရှောင်မျှော်စင်သို့ နောက်ထပ် တန်ခိုးရှင်များ တစ်ယောက်ပြီး တစ်ယောက် ဆင်းသက် လာခဲ့ကြသည်။ သူတို့အားလုံးမှာ ခွန်စွန်းမြို့မှ တန်ခိုးရှင်များ ဖြစ်ကြသည်။

“ကြည့်ရတာ ဒီနှစ် နတ္ထိဘုံတိုက်ပွဲက စိတ်ဝင်စားဖို့ ပိုကောင်း လာသလိုပဲ။ ဘယ်သူ အနိုင်ရမယ်လို့ မင်းတို့ ထင်သလဲ”

“ပြီးခဲ့တဲ့ ဆယ်နှစ်ကို အင်ပါယာလီဘုံက အုပ်စိုးခဲ့တယ်။ ဒီအတောအတွင်း သူတို့ရဲ့ အင်အားက တော်တော်ကို ကြီးထွားခဲ့တယ်လို့ ပြောရမယ်။ သူတို့ကပဲ ဒီနှစ်မှာ ထပ်ပြီးတော့ အနိုင်ရဖို့ များတယ်”

“ပြောကြတာက တာလီပြည်ထောင်ရဲ့ နန်းတွင်း အကြံပေးဟာ ထူးခြားတဲ့ နည်းလမ်းတွေနဲ့ ရှန့်ထိုတစ်ဝက် တန်ခိုးရှင်တွေကို ဖန်တီး ထားခဲ့တယ်လို့ ကြားရတယ်။ ဒီနှစ်လည်း အင်ပါယာလီဘုံက အနိုင်ရလဒ်ကို အိတ်ထဲ ကောက်ထည့် သွားမှာပဲ”

“အမြွှာမောင်နှမဖြစ်တဲ့ ခွန်ကျန်းနဲ့  ခွန်ရွှမ်တို့ကလည်း ပြိုင်ဘက်ကင်း တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်ကြတယ်။ ပြီးတော့ ဥဒေါင်း အင်ပါယာဆီမှာ ခစားတဲ့ စွမ်းအားမြင့် သားရဲကြီးတွေရဲ့ မျိုးဆက်တွေကလည်း တိုက်ပွဲသို့ လိုက်ပါ လာကြတယ်လို့ ကြားရတယ်။ သူတို့ကိုလည်း အထင်သေးလို့ မရဘူး”

“ဟုတ်တယ် … အင်ပါယာရှားက သူ့သမီး ရှားရှင်းယွန်ဟာ သူ့ပါရမီထက် ပိုမြင့်တယ်လို့ ပြောတယ်။ အနာဂတ်မှာ သူမက ဧကရီဘုရင်မ ဖြစ်လာမယ်ဆိုတာ သေချာသလောက် ရှိတယ်။ ဒါပေမဲ့ အင်ပါယာရှားဘုံက ထူးထူးခြားခြား ထက်မြက်တဲ့သူတွေ မမြင်မတွေ့မိသလိုပဲ။ အင်ပါယာရှားဘုံမှာ လျှို့ဝှက် လက်နက်တွေ ရှိမလား ဆိုတာကတော့ စောင့်ကြည့်ရမယ်”

လူအများအပြားက အခြေအနေကို ခွဲခြမ်းစိတ်ဖြာ ကြသည်။ မည်သို့ဆိုစေ အင်ပါယာလီဘုံသည် အနိုင်ရရင် အခွင့်အလမ်း အများဆုံး ဖြစ်သည်ကို အများစုက လက်ခံကြ၏။

သို့သော် လက်ရှိ အချိန်တွင် အရာအားလုံးကို တထစ်ချ သတ်မှတ်၍ မရပေ။ ဒီတစ်ခေါက် တိုက်ပွဲတွင် ဘုံအသီးသီးမှ မင်းသား မင်းသမီးများ ဦးဆောင် လာခဲ့ကြသည်။ တော်ဝင်မျိုးဆက်များက ဦးဆောင်လာသည် ဆိုပါလျှင် သူတို့၏ နောက်၌လည်း အလွန်တရာ ထူးခြား ထက်မြက်သူများ လိုက်ပါ လာမည်မှာ သေချာ၏။

ထို့ကြောင့် နောက်ဆုံး အခြေအနေအထိ တိုက်ပွဲရလဒ်မှာ မည်သို့ဖြစ်မည်ကို မည်သူမှ ခန့်မှန်းမရနိုင်ပေ။

ခွန်စွန်းမြို့တွင် လောင်ကစား ဒိုင်များလည်း အများအပြားရှိရာ သူတို့က မည်သူတို့ အနိုင်ရမည်ကို လောင်းကြေး ထပ်ကြသည်။ ရှန့်ထိုများက လောင်းကြေးများ ဖွင့်သည်နှင့် ကြီးမားသော တန်ဖိုးများ အသုံးပြုကာ လောင်းကြေး ထပ်ကြသည်။ အများစုက အင်ပါယာလီဘုံကို အနိုင်ရရန် လောင်းကြေး ထပ်ခဲ့ကြပေသည်။

***

သုံးရက်ခန့် ကြာသောအခါ အင်ပါယာရှားဘုံမှ အင်အားစုများ၊ အင်ပါယာလီဘုံနှင့် ဥဒေါင်း အင်ပါယာဘုံမှ အင်အားစုများသည် မြို့သုံးခု၏ အကြား၌ရှိသော ကွင်းပြင်ကျယ်ကြီးတွင် မျက်နှာချင်း ဆိုင်ကြသည်။

အဝေးတွင် မရေမတွက်နိုင်သော စွမ်းအားမြင့် တန်ခိုးရှင်များက လေထဲမှနေ၍ တိုက်ပွဲကို ငြိမ်သက်စွာ ကြည့်ကြသည်။

စစ်တပ်ကြီး သုံးခုသည် ထိုနေရာ၌ စုစည်းနေကြ၏။ ထိုသူတို့၏ အရှိန်အဝါများမှာ ပတ်ဝန်းကျင်ကိုပင် ထိုင်းမှိုင်း လေးလံစေခဲ့သည်။

ယနေ့သည် ဘုံသုံးခုလုံးက သဘောတူညီထားသော အလံလုပွဲဖြစ်ကာ နတ္ထိဘုံတိုက်ပွဲ၏ အစပထမလည်း ဖြစ်သည်။

ဘုံသုံးခုမှ စစ်တပ်သုံးခုတို့ သည်လည်း သူတို့၏ လူငယ်ကိုယ်စားပြု တန်ခိုးရှင်များနှင့် မလှမ်းမကမ်းတွင် ယာယီစခန်းများချကာ တိုက်ပွဲကို ကြည့်နေကြသည်။ အင်ပါယာရှားဘုံ ဘက်တွင် ဗိုလ်ချုပ်ထန်၊ ဗိုလ်ချုပ်ထိုနှင့် တခြားသော ရှန့်ထိုများက လေထဲမှနေ၍ တိုက်ပွဲကို ကြည့်နေကြသည်။

ရှန့်ထိုများသည် နတ္ထိဘုံ တိုက်ပွဲများ၌ ပါဝင်ခွင့်မရှိရာ သူတို့သည် ပွဲကြည့် ပရိသတ်များသာ ဖြစ်၏။

နတ္ထိဘုံ၏ အုပ်ချုပ်ခွင့်ကို ရှီတန်ခိုးရှင်များ၏ တိုက်ပွဲဖြင့်သာ ဆုံးဖြတ်ပေသည်။ မည်သူမှ လုံလောက်သော အကြောင်းပြချက် မရှိဘဲ စည်းမျဉ်းကို မချိုးဖောက်ရဲပေ။ တစ်စုံတစ်ရာ လွဲမှားမှုက ဘုံများအကြား စစ်ပွဲကြီး ဖြစ်သွားစေနိုင်သလို ထိုသို့ ဖြစ်လာပါကလည်း အကျိုးသက်ရောက်မှုမှာ လွန်စွာ ကြီးမားပေသည်။ ထို့ကြောင့် အင်ပါယာဘုံများ အနေဖြင့် အနိုင်ရလဒ် မသေချာပဲ အချင်းချင်း စစ်ဖြစ်ရန် မလိုလားကြပေ။

ထို့ကြောင့် ဆယ်နှစ်တစ်ကြိမ် တိုက်ခိုက်ကာ တိုက်ပွဲ၌ ရှီတန်ခိုးရှင်များကိုသာ ပါဝင် တိုက်ခိုက်စေခြင်းက အလွန် ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်ပြီး ဤနည်းဖြင့် သူတို့သည် ငြိမ်းချမ်းမှုကို နှစ်ပေါင်းများစွာ ထိန်းသိမ်း နိုင်ခဲ့ကြတယ်။

ရှန့်ထိုများက တိုက်ပွဲတွင် မပါဝင်ကြသော်လည်း အင်အားစုတိုင်းက ကိုယ်စီကိုယ်င စစ်တပ်များဖြင့် လာရောက်ကြရာ ဤနည်းဖြင့် မည်သည့်ဘက်ကမှ  စည်းမျဉ်းကို အလွယ်တကူ မချိုးဖောက် ရဲကြတော့ပေ။

ထို့အပြင် တိုက်ပွဲကို ဦးဆောင်သူများမှာ အင်ပါယာ မျိုးဆက်များ ဖြစ်ရာ သူတို့၏ ဘေးကင်းမှုကိုလည်း  အထူးသတိပြုရန် လိုအပ်ပေသည်။

မြေပြင်တွင် အင်အားစုသုံးခုသည် တြိဂံပုံစံဖြင့် မျက်နှာချင်းဆိုင် ရပ်နေကြသည်။ အင်ပါယာရှားဘုံတွင် ရှားရှင်းယွန် ဦးဆောင်ကာ သူမ၏နောက်တွင် ထန်ကျိနှင့် ရီဖူရှင်းတို့ ကဲ့သို့သော အရေးပါသောသူများ ရှိနေသည်။ သူတို့၏ အလံတွင် ကြာပန်းပုံ ရေးထွင်းထားပြီး ထိုအလံမှာ အင်ပါယာရှားဘက်မှ အလံဖြစ်ပေသည်။

ယနေ့ကား အလံတိုက်ပွဲ ဖြစ်ပေသည်။

ရှားရှင်းယွန် တစ်ဦးတည်းသာ မဟုတ်၊ လီယောင်နှင့် ခွန်မောင်နှမတို့ သည်လည်း ကိုယ်စီကိုယ်င အလံများကို ထောင်ထားကြသည်။ အင်ပါယာလီဘုံ၏ အလံမှာ ရွှေနဂါးဖြစ်ပြီး ဥဒေါင်းအင်ပါယာဘုံ၏ အလံမှာ ဥဒေါင်းပုံ ဖြစ်သည်။

“နတ္ထိဘုံရဲ့ စည်းမျဉ်းတွေအရ အလံတိုက်ပွဲ အပြီးမှာ သွေးစွန်းနေတဲ့ အလံတွေကို နန်းမြို့တော်သုံးခုရဲ့ အမြင့်ဆုံးနေရာမှာ ထောင်ထားရမယ်။ အလံလဲသွားတဲ့မြို့က တိုက်ပွဲက ဖယ်ရှားခံရမယ်” လီယောင်က ဆက်ပြောသည် … “တိုက်ပွဲအတွင်းမှာ သေခြင်းရှင်ခြင်းက မလွဲမသွေ ကြုံရမဲ့ကိစ္စပဲ။ ရှန့်ထိုတွေက ဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိဘူး။ စည်းမျဉ်းကို ချိုးဖောက်သူ ဘယ်သူမဆို သေဒဏ် ပေးခံရမယ်။ စည်းမျဉ်း ချိုးဖောက်တဲ့ အဖွဲ့ကလည်း တိုက်ပွဲက ပယ်ဖျက်ခြင်း ခံရမယ်။ ပြီးတော့ ရှီတန်ခိုးရှင်တွေ အကုန်လုံးက တိုက်ပွဲမှာ ပါဝင်ခွင့်ရှိတယ်”

“တိုက်ပွဲကို သုံးလတိတိ ပြုလုပ်မယ်။ သုံးလပြည့်တဲ့အချိန်မှာ အလံတွေ မထိမခိုက် မပျက်မစီး ရှိနေသေးရင် အဲဒီအဖွဲ့က အနိုင်ရသူပဲ။ အနိုင်ရသူက နတ္ထိဘုံရဲ့ ဆယ်နှစ်တာ ကာလ အုပ်ချုပ်ခွင့်ကို ရရှိမယ်”

အားလုံး၏ အမူအရာများက တည်ကြည် လေးနက်နေကြသည်။ နတ္ထိဘုံ တိုက်ပွဲသည် ကြိမ်ဖန်များစွာ ပြုလုပ်ပြီးဖြစ်ရာ အားလုံးက စည်းမျဉ်း စည်းကမ်းများကို နားလည် ကြပေသည်။

“ကျုပ်တို့ စကြရအောင် … ” ခွန်ကျန်းက လီယောင်ကို အေးစက်စွာ ကြည့်ကာ ပြောသည်။

“ကောင်းပြီ …” လီယောင်က ခေါင်းညိတ်သည် … “အလံတိုက်ပွဲက သေခြင်းရှင်ခြင်း တိုက်ပွဲပဲ။ သိဒ္ဓိဝင် လက်နက်တွေကို အသုံးပြုခွင့် မရှိဘူး။ အလံက သွေးစွန်းဖို့ လိုတယ်။ ကျုပ်ရဲ့လူကို အရင်ဆုံး ပွဲထုတ်ရတာပေါ့”

သူက ထိုသို့ ပြောပြီးသည်နှင့် ကြီးမား ကြံ့ခိုင်သော လူတစ်ဦး အင်ပါယာလီဘုံဘက်မှ ရှေ့သို့ ထွက်လာခဲ့သည်။ သူ့ထံမှ ကြောက်မက်ဖွယ် ကိုယ်ရောင်ကိုယ်ဝါများ ထွက်ပေါ်နေ၏။ ရီဖူရှင်းက သူ့အားမြင်လျှင် ထိုသူသည် အင်ပါယာရှား နန်းတော်အပြင်ဘက်၌ တိုက်ခိုက်ခဲ့သော ရှန့်ထိုတစ်ဝက် တန်ခိုးရှင်များကဲ့သို့ ဖြစ်ကြောင်း သိလိုက်သည်။ သို့သော် သူတို့၏ တန်ခိုးအဆင့်မှာ အခြေခိုင်ခြင်း မရှိဘဲ ပိုမိုမြင့်မားသော အဆင့်အတွင်းသို့ တက်ရောက်နိုင်ရန် မျှော်လင့်ချက် မရှိပေ။

ဥဒေါင်းအင်ပါယာဘုံ ဘက်မှလည်း အလွန်သိပ်သည်းသော မိစ္ဆာ အရောင်အဝါများဖြင့် သားရဲတစ်ကောင် ထွက်လာသည်။ ထိုသူသည် ကြောက်မက်ဖွယ် ရုပ်သွင်ဖြင့် လူဝံမိစ္ဆာဖြစ်ကာ သူ့ထံမှ ကြီးမားသော စွမ်းအားများ စိမ့်ထွက်နေသည်။

အလံတိုက်ပွဲမှာ နတ္ထိဘုံ တိုက်ပွဲအတွက် အင်အားစုများ၏ စိတ်ခွန်အားကို မြင့်မားစေနိုင်ရာ တိုက်ပွဲ တစ်ခုစီတိုင်းအား အနိုင်ရရန်မှာ အလွန်တရာ အရေးပါပေသည်။

ထို့အပြင် အလံတိုက်ပွဲသည် ပြိုင်ဘက်အား အသေသတ်ရသည့် တိုက်ပွဲဖြစ်သည်။ ကိုယ်စားပြု သုံးယောက်တွင် တစ်ယောက်တည်းသာ အသက်ရှင် ကျန်ရစ်ရမည်ဖြစ်ရာ တိုက်ပွဲသည် အမှန်တကယ်အားဖြင့် အလွန် ရက်စက်ကြမ်းကြုတ် ပေသည်။

အင်ပါယာရှားဘုံသည် သူတို့၏ ကိုယ်စားပြုကို နောက်ဆုံးမှသာ စေလွှတ်ခွင့်ရှိရာ ဤတိုက်ပွဲအတွက် များစွာ အလေးသာပေသည်။

“ဘယ်သူ တိုက်ခိုက်မလဲ …” ရှားရှင်းယွန်က မေးသည်။

“ကျုပ်တိုက်မယ် … ” လူတစ်ယောက် ပေါ်ထွက်လာသည်။ ထိုသူသည် ရွှမ်ယွန်နန်းတော်မှ ရွှမ်ယွန်အော့ ဖြစ်သည်။ သူသည် အင်ပါယာရှားဘုံမှ ရှန့်ထို အဆင့်အောက်တွင် စွမ်းအား အမြင့်ဆုံးသူ တစ်ဦးဖြစ်ပြီး သူကိုယ်တိုင်က အင်ပါယာရွှမ်ယွန်၏ မျိုးဆက်ဖြစ်သည်။

ရန်ဟောင် တန်ခိုးရှင်တစ်ပါး၏ မျိုးဆက်ဖြစ်တဲ့အလျောက် ရွှမ်ယွန်အော့သည် အလွန်တရာ မာနကြီးပေသည်။ အလံတိုက်ပွဲသည် သေခြင်းရှင်ခြင်း တိုက်ပွဲဖြစ်သည့်တိုင် သူက ပထမဦးဆုံး တိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ရာ ရှေ့သို့ ထွက်လာခဲ့သည်။

ယှဉ်ပြိုင်မဲ့သူသုံးယောက် စစ်တပ်ကြီးသုံးခု၏ အလယ်ဗဟိုတွင် ရပ်လျှင် ထိုနေရာအား ကြီးမားသော အရောင်အဝါများ ဖုံးလွှမ်းသွား၏။

ရွှမ်ယွန်အော့က ရွှေရောင် လင်းလက်နေသော ဓားကြီး တစ်လက်အား ဆင့်ခေါ်၏။ ဓားသည် ရှည်လျားခြင်း မရှိသော်လည်း ထူထပ် သိပ်သည်း၏။ ဓားတွင် ရှေးဟောင်း သင်္ကေတများ ရေးထွင်းထားကာ လျှပ်စီးများ တဖျတ်ဖျတ် လက်နေသည်။

“ရွှမ်ယွန်ဓားဝိညာဉ် …” အင်ပါယာရှားဘုံမှ ထိပ်သီး တန်ခိုးရှင်များသည် ရွှမ်ယွန်အော့အား ကြည့်နေကြ၏။ ရှန့်ထို အဆင့်အောက်မှ အတော်ဆုံး တန်ခိုးရှင်တစ်ဦး ဖြစ်သည့်အလျောက် သူသည် အလွန်တရာ နာမည်ကျော်ကြား ပေသည်။ ကြည့်ရသည်မှာ သူက ပထမဦးဆုံး တိုက်ပွဲအား ဆောင်ယူပေး နိုင်ပေလိမ့်မည်။

လီယောင်ကလည်း ရွှမ်ယွန်အော့အား ကြည့်သည်။ သူ၏ဘိုးဘေးမှာ အလွန်တရာ နာမည် ကျော်ကြားခဲ့ဖူးသော အင်ပါယာ ရွှမ်ယွန်ဖြစ်ရာ လီယောင်သည်လည်း သူ့အား မသိစရာ မရှိပေ။

အင်ပါယာရွှမ်ယွန်သည် သူ၏စွမ်းအားများအား သက်စောင့်ဝိညာဉ်နှင့် ပေါင်းစပ်ခဲ့ရာ သူ့မျိုးဆက်များ သည်လည်း ထူးခြားသော စွမ်းအားများအား မွေးရာပါ ပိုင်ဆိုင်နိုင်ကြ၏။

ရွှမ်ယွန်အော့ ဆင့်ခေါ်ခဲ့သော ရွှမ်ယွန်ဓား ဝိညာဉ်သည် အမှန်တကယ် ကြောက်မက်ဖွယ် ကောင်းပေသည်။

ရီဖူရှင်းကလည်း ရွှမ်ယွန်အော့ကို လှမ်းကြည့်သည်။ သူက ရွှမ်ယွန်အော့နှင့် တစ်ကြိမ် တစ်ခါမှ စကား ပြောဆိုဖူးခြင်း မရှိသော်လည်း ရွှမ်ယွန်အော့သည် အလွန်တရာ မာနကြီးသူ ဖြစ်ကြောင်း ခံစားမိပေသည်။

သူ၏ဓားသည် လျှပ်စီတန်းအလား အင်ပါယာလီဘုံမှ တန်ခိုးရှင်ထံသို့ တိုးဝင်သွားသည်။ တစ်ဖက်လူက သူ့ကိုယ်ရောင် ကိုယ်ဝါများကို ထုတ်လွှတ်လျှင် ရှန့်ထို အလင်းများကိုပင် ခံစားကြရသည်။ သူက လက်ကိုမြှောက်ကာ ရွှမ်ယွန်ဓားအား ခုခံသည်။

ဓားသည် ကြီးမားသော အရှိန်အဝါဖြင့် ကျဆင်းလာခဲ့လျှင် လေထုထဲတွင် လျှပ်စီး အက်ကွဲသံများ အဆက်မပြတ် ကြားကြရသည်။ အင်ပါယာလီဘုံမှ တန်ခိုးရှင်က ဂရုစိုက်ဟန် မတူဘဲ လက်နှစ်ဖက်လုံးကို ဆန့်တန်းကာ အလင်းတန်းအား ထိပ်တိုက် ရင်ဆိုင် ခုခံသည်။

ရွှန်ယွန်အော့က ရှေ့သို့ တစ်လှမ်း တက်လာခဲ့လျှင် ဓား၏ရှေ့သို့ ရောက်လာကာ လက်နှစ်ဖက်ဖြင့် ဓားကို ဆုပ်ကိုင်လျက် ပိုမို ပြင်းထန်စွာ ခုတ်သည်။

လေဟာနယ်အား ခွင်းလျက် အလင်းတန်းသည် ပစ်မှတ်အား ရောက်ရှိခဲ့လျှင် အလွန်အားကောင်းသော ရွှေရောင်ခန္ဓာကိုယ်ကို ထိုနေရာတွင်ပင် နှစ်ပိုင်း ပြတ်တောက်ကာ သေဆုံးသွားခဲ့၏။

ထိုသူ သေဆုံး သွားခဲ့လျှင်ပင် သူ၏ နှစ်ပိုင်း ပြတ်တောက်နေသော ခန္ဓာကိုယ်မှ ရှန့်ထို အငွေ့အသက်များ ထွက်ပေါ်နေဆဲ ဖြစ်သည်။

“ဒါဆို တာလီပြည်ထောင်ရဲ့ နန်းတွင်း အကြံပေးက လူသားတွေကို တော်ဝင် ရတနာလိုမျိုး သွန်းလုပ် ထားခဲ့တာပေါ့” ဗိုလ်ချုပ်ထန်က လေထဲမှနေ၍ အေးစက်စွာ ပြောသည်။

အင်ပါယာလီဘုံမှ လူများက ဘာမှ မပြောကြပေ။ သူတို့မှာ ပြိုင်ပွဲဝင်များကို ဦးဆုံး စေလွှတ်ရသူများ ဖြစ်ရာ ရှုံးနိမ့်ခဲ့သည်မှာ ထူးဆန်းတဲ့ ကိစ္စ မဟုတ်ပေ။

အလံလုပွဲ၏ တိုက်ပွဲသုံးခုလုံးကို အနိုင်ရရန်မှာ မဖြစ်နိုင်ပေ။ အင်အားစု တစ်ခုစီက သူတို့၏ ကိုယ်စားပြုအား နောက်ဆုံးအချိန်မှ စေလွှတ်ရန် အခွင့်အရေး တစ်ကြိမ်စီရှိရာ သူတို့အနေဖြင့် အနည်းဆုံး တစ်ပွဲ အနိုင်ရရန် သေချာပေသည်။

ရွှမ်ယွန်အော့က ဥဒေါင်း အင်ပါယာဘုံဘက်မှ လူထံသို့ လျှောက်သွားလျှင် ထင်မှတ်ထားသည့် အတိုင်း ထိုသားရဲမှာလည်း မြန်ဆန်စွာ အသတ်ခံခဲ့ရသည်။ ရွှမ်ယွန်ဓား ဝိညာဉ်က အင်ပါယာရှား အလံထံသို့ ပျံသန်းသွားပြီး ပြိုင်ဘက်၏ သွေးများဖြင့် စွန်းထင်း စေသည်။

နောက်တစ်ကျော့တွင် ဥဒေါင်း အင်ပါယာဘုံမှ သူတို့၏ ကိုယ်စားပြုကို ဦးဆုံး စေလွှတ်ရသည်။ နောက်ထပ် ရုန့်ရင်း ကြမ်းတမ်းသော သားရဲတစ်ဦး ထွက်ပေါ်လာကာ ရှားရှင်းယွန်ဘက်သို့ ကြည့်သည်။

“ဒီတစ်ခေါက် ဘယ်သူ တိုက်ခိုက်မလဲ … ” ရှားရှင်းယွန်က မေးသည်။

“ယူချင်း …” ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်။ ယူချင်းက ရှေ့သို့ထွက်လာလျှင် ရှားရှင်းယွန်က အခြေအနေကို ရိပ်မိလိုက်၏။

အင်ပါယာလီဘုံက သူတို့၏ ကိုယ်စားပြုအား နောက်ဆုံးမှ စေလွှတ်ရခြင်းဖြစ်ရာ လီယောင်က သူ့အတွက် သေချာပေါက် အနိုင်ရလဒ် ပေးနိုင်သူအား စေလွှတ်ပေမည်။

ရီဖူရှင်းက ယူချင်းအား တိုက်ခိုက်စေခြင်းမှာ အင်ပါယာလီဘုံ အနိုင်ရခြင်းမှ ကာကွယ်ရန် ဖြစ်သည်။

ထိုအချိန်တွင် ရီဖူရှင်းသည် လူအုပ်ထဲတွင် ရပ်ကာ လီယောင်အား အေးစက်စွာ ကြည့်နေသည်။ သူက အလံလုပွဲသုံးခုလုံး၏ ရန်သူကိုယ်စားပြု သုံးခုစလုံးအား အင်ပါယာရှား အလံတွင် သွေးစွန်းစေမည်။

***

All Chapters