ရင့်သီးသော
Vol. 011 Ch. 1056
ကောင်းကင်ထက်တွင် တန်ခိုးရှင်များစွာတို့က တိုက်ပွဲအား ကြည့်နေကြသည်။ ပထမတိုက်ပွဲတွင် ရွှမ်ယွန်အော့က အင်ပါယာ ရှားဘုံအတွက် ပထမဦးဆုံး အနိုင်ပွဲကို ရယူခဲ့သည်။ ဒုတိယ တိုက်ပွဲတွင် အင်ပါယာလီဘုံက သူတို့၏ ကိုယ်စားပြုသူကို နောက်ဆုံးမှ စေလွှတ်ရခြင်း ဖြစ်ရာ သူတို့က အနိုင်ရရန် သေချာသလောက် ရှိသည်။ ထိုအချိန်တွင် လီယောင်၏ဘေးမှ အနက်ရောင် ဝတ်စုံဖြင့် လူတစ်ယောက် ထွက်လာသည်။ တစ်ချက် ကြည့်ရုံမျှဖြင့် အလွန် စွမ်းအားကြီးသူ ဖြစ်ကြောင်း သိနိုင်သည်။
“ကောင်းယွင် … သူ့ခေါင်းကို စတေးတဲ့ အနေနဲ့ ဖြတ်ယူလိုက် …” လီယောင်က ယူချင်းထံသို့ အေးစက်စွာ ကြည့်ကာ ပြောသည်။ ရီဖူရှင်းသည် ပြည်နယ်ကိုးခုမှ အထက်ဘုံသို့ ရောက်လာသူဖြစ်ကာ နတ္ထိဘုံတိုက်ပွဲ၌ ပါဝင်ခဲ့သည်။ ထို့ကြောင့် သူ့အား အသက်ရှင်ရက် ပြန်မလွှတ်နိုင်ပေ။ ယခု သူက ယူချင်းအား ပွဲထွက် တိုက်ခိုက်စေရာ သူကလည်း သေချာပေါက် သတ်ဖြတ် ပေးရပေမည်။
“ကောင်းယွင် …” ထိုနာမည်ကိုကြားလျှင် ဗိုလ်ချုပ်ထန် အပါအဝင် လူအများအပြားမှာ တုန်လှုပ် သွားကြသည်။ “ကောင်း” မျိုးရိုးနာမည်ဖြင့် လူအများအပြား ရှိကြသော်လည်း အင်ပါယာလီဘုံတွင် တန်ခိုးရှင်များ အားလုံး၏ အပေါ်တွင် ရပ်တည်နိုင်သော တစ်စုံတစ်ယောက်၏ မျိုးရိုးနာမည်မှာ “ကောင်း” ဖြစ်ပေသည်။ သူသည် အင်ပါယာလီဘုံ၌ လွန်စွာ နားလည် ကျော်ကြားကာ အင်ပါယာလီပြီးလျှင် အတော်ဆုံး တန်ခိုးရှင် ငါးဦးအထဲ၌ ပါဝင်သည်။ သူသည် ရှန့်ထိုစတုတ္ထအဆင့် ဖြစ်သော ပြန်လည် မွေးဖွားခြင်းအဆင့် တန်ခိုးရှင်ဖြစ်၏။ ယခု ဤလူသည် ထိုတန်ခိုးရှင်၏ မျိုးဆက် ဖြစ်နိုင်ချေ များပေသည်။
အင်ပါယာရှားဘုံနှင့် ဥဒေါင်း အင်ပါယာဘုံမှ တန်ခိုးရှင်များမှာ အခြေအနေ မကောင်းဟု လူအများအပြားက တွေးတော မိကြသည်။ အင်ပါယာရှားဘုံနှင့် အင်ပါယာလီဘုံတို့တွင်လည်း ဤတိုက်ပွဲတွင် ပါဝင် တိုက်ခိုက်စေသော လူငယ်မျိုးဆက် အများအပြား ရှိကြပေသည်။
အင်ပါယာရှားဘုံမှ ရှန့်ထိုဗိုလ်ချုပ်များပင် ယူချင်းကို စိုးရိမ်ကြီးစွာဖြင့် ကြည့်ကြသည်။
သူတို့က စိုးရိမ်မှုများ ရှိနေလျှင်ပင် သူတို့၏ အမူအရာများက ပြောင်းလဲခြင်း မရှိပေ။ တိုက်ပွဲအတွင်း၌ သေဆုံး အနာတရမှာ ရှောင်လွှဲ၍မရပေ။ သူတို့သည် အသက်ပေါင်းများစွာ သေဆုံးခြင်း၌ ရိုးအိနေပြီဖြစ်ရာ ထူးထူးခြားခြား ခံစားရခြင်း မရှိပေ။
ကောင်းယွင်က တိုက်ပွဲအတွင်းသို့ ဝင်လာကာ ယူချင်းအား ကြည့်သည်။ သူက ယူချင်းထံမှ ရင်းနှီးသော အငွေ့အသက်များအား ရရှိသည်။ သူ့ပြိုင်ဘက်သည်လည်း သူကဲ့သို့ မိစ္ဆာပညာရပ်များအား လေ့ကျင့်ဟန်ရှိသည်။ သို့သော် အင်ပါယာရှားဘုံ၌ မိစ္ဆာပညာရပ်တွင် ထူးချွန်သူများ ရှိသည်ကို သူမကြားဖူးပေ။
လီယောင်က ထိုသူ၏ဦးခေါင်းကို အလိုရှိရာ သူကလည်း သူ့အား သတ်ဖြတ်ပြီး အင်ပါယာလီဘုံ အတွက် နိုင်ပွဲကို ဆောင်ယူရပေမည်။ သို့သော် သူက ယူချင်း၏ခေါင်းကို မဖြတ်ဘဲ တခြားသော အရူးများနှင့် ရင်ဆိုင် ရပေဦးမည်။
ကောင်းယွင်က ဥဒေါင်း အင်ပါယာဘုံမှ ရှေ့ထွက်လာသော တန်ခိုးရှင်ထံသို့ လျှောက်သွားသည်။ ထိုသူက သူ၏မူလ သွင်ပြင်သို့ ပြောင်းလဲလိုက်ရာ အလွန်ကြီးမားသော နွားသိုးကြီး တစ်ကောင် အသွင်သို့ ပြောင်းလဲသွားသည်။ သူကား မာန်သွင်း အော်ဟစ်လျှင် အလွန်ပြင်းထန်သော လျှပ်စီးအားလှိုင်းသည် ကောင်းယွင်ထံသို့ ရိုက်ခတ် သွား၏။
ကောင်းယွင်က ထိုမြင်ကွင်းအား တွေ့မြင်ဟန်ပင် မတူဘဲ လျှပ်စီးအားလှိုင်းများ သူ့ခန္ဓာကိုယ်သို့ ရိုက်ခတ်စေသည်။ သူ့ထံမှ သွေးနီရောင် မိစ္ဆာစွမ်းအားများ ဖြာထွက်လာခဲ့ကာ သွေးနီတိုင်းများက လျှပ်စီးအားလှိုင်းများအား စုပ်ယူသည်။ သူက ရှေ့ကိုလျှောက်သွားလျှင် သူ့တစ်ကိုယ်လုံး လျှပ်စီးတန်းများ စီးဆင်း၏။ သူ၏ ခြေလှမ်းတိုင်းတွင် မြေကြီးက တုန်ခါသည်။ သူသည် သားရဲဘုရင် တစ်ကောင်အလား ဧရာမနွားသိုးကြီးကို ဖိနှိပ်ရန် ဆင်းသက် လာခဲ့သည်။
နွားသိုးကြီး မျက်လုံးများမှာ သားရဲ အငွေ့အသက်များ ပြင်းထန်စွာ ဖြစ်ပေါ်နေ၏။ ကောင်းယွင်၏ ခြေလှမ်းတိုင်းသည် မိုးခြိမ်းသံအလား သူ့စိတ်နှလုံးကို တုန်ခါစေသည်။
သူက ကောင်းယွင်ထံသို့ ရူးသွပ်သူအလား အော်ဟစ်လျက် တစ်ဟုန်ထိုး တိုးဝင်သွားသည်။ ကောင်းကင်နှင့် မြေပြင်သည် အက်ကွဲသွားဟန်ရကာ ကြောက်မက်ဖွယ် လျှပ်စီးတန်းများ ဖြစ်ပေါ်လာသည်။ သူ၏အနီးတွင် အရေမတွက်နိုင်သော နွားသိုးပုံရိပ်ကြီးများ ဖြစ်ပေါ်လာကာ ကောင်းယွင်ထံသို့ ပြေးဝင်လာကြ၏။
ဘုန်း …
ကောင်းယွင်သည် မိစ္ဆာတစ်ကောင်အလား ပြောင်းလဲသွားပြီး မြန်ဆန်စွာပင် နွားသိုးကြီးခန့် အရွယ်အစားသို့ ကြီးထွားလာခဲ့သည်။ သူက လေထဲကို ခုန်တက်သွားလျှင် နွားသိုးပုံရိပ်များမှာ အစိတ်စိတ် အပိုင်းပိုင်း ကြေပျက် ရသည်။
ဝုန်း … ဝုန်း …
ကမ္ဘာမြေသည်လည်း ပြင်းထန်စွာ တုန်ခါပြီး ကောင်းယွင်၏ ခန္ဓာကိုယ်က ရှေ့သို့ ဆက်လက် ကျဆင်းလာခဲ့၏။ လူတစ်ယောက်နှင့် သားရဲတစ်ကောင်တို့ ရင်ဆိုင်တွေ့လျှင် မြေပြင်တွင် ဖုန်တလုံးလုံးထကာ အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။
မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများသည် သဘာဝအားဖြင့် ရုန့်ရင်းကြမ်းတမ်း ကြပေသည်။ ကောင်းယွင်ကား လူသားအရေခွံဖြင့် မိစ္ဆာဖြစ်သည်။ သူကား နွားသိုးကြီးထက်ပင် ပိုမို၍ ရုန့်ရင်းကြမ်းတမ်း ပေသည်။ သို့သော် သူတို့က ကောင်းယွင်၏ နောက်ခံကို ပြန်တွေးမိလျှင် သိပ်ထူးဆန်းသည်ဟု မခံစားကြရတော့ပေ။
ကောင်းယွင်က ဧရာမ နွားသိုးကြီးနှင့် ရင်ဆိုင်မိကာ သူ၏ လက်သီးတစ်ချက် ပစ်သွင်းလိုက်၏။ နွားသိုးကြီးက သူ၏ဦးချိုဖြင့် ဝှေ့လျှင် ခရမ်းရောင် လျှပ်စီးများ လက်သွားသည်။ သူတို့သည် အနီးကပ် ပြင်းထန်စွာ တိုက်ခိုက်ကြ၏။
ခွပ် …
ကျယ်လောင်သော အသံနှင့်အတူ နွားသိုးကြီး၏ဦးချိုများ ကျိုးသွားကာ ကောင်းယွင်၏ လက်သီးက သူ့ဦးခေါင်းပေါ်သို့ ကျဆင်းလာခဲ့၏။ သူ၏ဧရာမ ခန္ဓာကိုယ်ကြီးသည် ချက်ချင်းပင် အပိုင်းအပိုင်း အစစအဖြစ်သို့ ပြိုပျက်သွားခဲ့ သွေးများ နေရာတိုင်းသို့ ပြန့်ကျဲသွားခဲ့သည်။ ကောင်းယွင်၏လက်တွင် သွေးခြင်းခြင်းနီနေပြီး သွေးများမှာ နွားသိုးကြီး၏ သွေးများသာမက သူ့သွေးများလည်း ပါဝင်နေပေသည်။ သို့သော်လည်း ကောင်းယွင်က မည်သို့မှ မခံစားရသည့်အလား ယူချင်းကို လှမ်းကြည့်သည်။
ယူချင်းကား ထိုနေရာတွင်ပင် တည်ငြိမ်စွာ ရပ်နေဆဲဖြစ်သည်။ ကောင်းယွင်က ယူချင်းထံသို့ လျှောက်လာခဲ့လျှင် ရုတ်တရက် ယူချင်းနောက်တွင် ရပ်နေကြသော ရှားရှင်းယွင်တို့ စစ်တပ်မှာ ကြီးမားသော ဖိအားများ ပျံ့လွင့်လာသည်ကို ခံစားကြရ၏။
ကောင်းယွင်၏ မျက်လုံးများထဲ၌ ရက်စက်သော အငွေ့အသက်များ ထွက်ပေါ်လာသည် … ”မင်းခေါင်းက အဆင်သင့်ဖြစ်ပြီလား …” ကောင်းယွင်က ရှေ့သို့ တက်လာခဲ့လျှင် ပြင်းထန်သော မိစ္ဆာအားလှိုင်းများ ရိုက်ခတ်လာခဲ့သည်။ ယူချင်းထံမှလည်း နက်ရွှေရောင် မိစ္ဆာစွမ်းအားများ ထွက်ပေါ် လာခဲ့သည်။ မိစ္ဆာ စွမ်းအားများသည် ထိုနေရာ တစ်ခုလုံးအား ပြည့်နှက် လာခဲ့၏။
အားလုံးက မျက်မှောင်ကြုတ်ကာ ကြည့်ကြသည်။ သူတို့နှစ်ဦးသည် မိစ္ဆာစွမ်းအင်များအား လေ့ကျင့်ကြဟန်ရှိ၏။ သို့သော် ကောင်းယွင်တွင် ထိုသို့ ကောင်းမွန်သော နောက်ခံရှိ၏။ ယူချင်း၏ မိစ္ဆာပညာက ကောင်းယွင်ထက် အားကောင်းပါ့မလား။
ဘုန်း …
ကောင်းယွင်က သူ၏ကြီးမားသော ခန္ဓာကိုယ်ကြီးအား သယ်ဆောင်ကာ ယူချင်း ရှိရာသို့ လှမ်းလာခဲ့၏။ သူ၏မျက်လုံးများက ယူချင်း၏ ဦးခေါင်းကို စူးစိုက်ကြည့်ကာ ထိုနေရာသည်ပင် သူ၏တိုက်ခိုက်မှု ရှုံးနိမ့်သွားသော နေရာဖြစ်၏။
တဖြောက်ဖြောက် မြည်သံများနှင့်အတူ ယူချင်း၏ခန္ဓာကိုယ် အသွင်ပြောင်းလာခဲ့၏။ သူ့နောက်တွင် နတ်ဆိုးအသွင် သဏ္ဌာန်တစ်ခု ပေါ်လာ၏။ သူက ရှေ့သို့ တစ်လှမ်းချင်း တက်လာခဲ့လျှင် ခြေတစ်လှမ်းတိုင်းသည် ပထဝီမြေကြီးအား တုန်ခါစေသည်။ ပိုမို၍ ကြောက်မက်ဖွယ် ကောင်းသည်ကား သူ၏မျက်လုံးများ ဖြစ်ကြသည်။ သူ၏ မျက်လုံးနက်များဖြင့် အကြည့်ခံရသူတိုင်းမှာ သူ့ခြေထောက် အောက်၌ ဝတွားရပေမည်။
ကောင်းယွန်က မျက်မှောင်ကြုတ် လိုက်၏။ သူ့ရှေ့၌ ရပ်နေသောသူမှာ နတ်ဆိုးများ အားလုံးကို အုပ်စိုးသော နတ်ဆိုးဘုရင် တစ်ပါးအလား ထင်မှတ်ရကာ မသက်မသာ ခံစားရ၏။ ကောင်းကင်နှင့် မြေပြင်တို့မှာ သူ့တစ်ဦးတည်းအတွက် တည်ရှိဟန်ရသည်။
သူ့စိတ်ထဲတွင် ဧရာမမိစ္ဆာပုံရိပ်တစ်ခု ပေါ်လာပြီး သူ့အပေါ်သို့ ဖိနှိပ်လာခဲ့ကာ တစ်ကိုယ်လုံးအား မိစ္ဆာ စွမ်းအားများအား စီးဆင်းမှုကို နှေးကွေး လေးလံစေ၏။ ထိုခံစားချက်က ကောင်းယွင်ကို နှလုံးခုန်မြန်စေ၏။ သူက မသက်မသာ ခံစားနေရသော်လည်း တိုက်ပွဲမှာ နောက်ဆုတ်၍ မရနိုင်တော့သော အခြေအနေ ဖြစ်သည်။ နှစ်ဦးလုံးသည် တစ်ဟုန်ထိုး ပြေးလာနေကြကာ နောက်ဆုတ်ရန် နည်းလမ်း မရှိတော့ပေ။
သူက အတွေးများအား ရှင်းလိုက်ကာ စွမ်းအားများ အားလုံးကို သူ့လက်များသို့ စုစည်းစေ၏။ သူ့အား သွေးနီရောင် အလင်းများ လာရောက်ရစ်ပတ်ပြီး အဝတ်အစားများအား စုတ်ပြတ်စေ၏။ ရုတ်တရက် သွေးနီရောင်အလင်းသည် သူ့လက်တစ်လျှောက် စီးဆင်းလာစေခဲ့ကာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းစေ၏။
ဘုန်း …
နှစ်ဦးသား နီးကပ်သွားလျှင် မြေပြင်သည် ပြင်းထန်စွာ တုန်ခါ၏။ ကောင်းယွန်က သူ၏လက်အား ဆန့်တန်းလိုက်သည်။ သူက ယူချင်း၏ခေါင်းကို ဖြတ်တောက်နိုင်ခြင်း မရှိခဲ့ပေ။ သူ့အနေဖြင့် ယူချင်းအား ဦးစွာ အနိုင်တိုက်ရန် လိုသေးသည်။ ယူချင်းကလည်း လက်သီးဖြင့် ရှေ့သို့ တိုက်ရိုက် ထိုးနှက်သည်။ မိစ္ဆာလမ်းစဉ် တန်ခိုးရှင်နှစ်ဦးသည် အခြေခံ အကျဆုံးသော ပုံစံဖြင့် တိုက်ခိုက်ကြ၏။
ပြင်းထန်သော လေစီးကြောင်းများ ရိုက်ချတ်လာခဲ့ကာ မြေပြင်သည် ကြီးမားသော အက်ကွဲကြောင်းများ လျှပ်စီးသဏ္ဌာန်အလား ဘေးပတ်ပတ်လည်သို့ ပြန့်ကားသွား၏။ သို့သော် အားလုံး၏ မျက်လုံးများသည် တိုက်ပွဲနေရာသို့ စူးစိုက် ကြည့်နေကြ၏။
ယူချင်းက သူ့အတွင်းကလီစာများ ပြင်းထန်စွာ တုန်ခါမှုကို ခံစားရ၏။ တစ်ဖက်လူ၏ တိုက်ခိုက်မှုသည် သူ့ခန္ဓာကိုယ် အတွင်းသို့အထိ ထိုးဖောက် လာနိုင်ခဲ့သည်။ သူ့အတွင်းမှ မိစ္ဆာစွမ်းအားများသည် ထိုစွမ်းအင်များအား ဖိနှိပ်ကြရ၏။ တချိန်တည်းတွင် သူ၏ကြီးမြတ်သော မိစ္ဆာစွမ်းအားများ တစ်ဖက်လူ၏ ကိုယ်ခန္ဓာကိုယ် အတွင်းသို့ စီးဆင်းသွားလျှင် ကောင်းယွင်၏မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
သူ့ပါးစပ်မှ သွေးများ စီးကျလာသော်လည်း ကောင်းယွင်က ပိုမိုပြင်းထန်သော အရှိန်အဝါတစ်ခု ထပ်မံ ထုတ်လွှတ်လိုက်၏။ စွမ်းအားသည် အဆက်မပြတ် ပေါက်ကွဲကာ ပတ်ပတ်လည်မှ အရာခပ်သိမ်းအား ဝါးမျိုရန် ကြိုးစား၏။ တစ်ချိန်တည်းတွင် ယူချင်းထံမှ နက်ရွှေရောင် အငွေ့အသက်များ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့ကာ သူက ကောင်းယွင်၏ ဝါးမျိုခြင်း စွမ်းအားကို ခုခံသည်။
ထိုအေးစက်သော မိစ္ဆာမျက်လုံးများနှင့် အကြည့်ချင်း ဆုံမိလျှင် ကောင်းယွင်သည် သူ့ခေါင်းထဲသို့ မိစ္ဆာပုံရိပ်များ စိမ့်ဝင်လာခဲ့ကာ ဦးခေါင်းသည် ပေါက်ကွဲမတတ် ဖြစ်လာသည်ဟု ခံစားရ၏။ တစ်ဖက်လူကား တကယ့် နတ်ဆိုးမိစ္ဆာ ဖြစ်၏။ ထိုအချိန်တွင် သူ့ပြိုင်ဘက်၏ မိစ္ဆာပညာမှာ သူ့ထက် အားကောင်းသည်ကို ကောင်းယွင် သိလိုက်၏။ ယူချင်းက သူ၏လက်သီးကို ပြန်ရုပ်သိမ်း လိုက်သည်နှင့် ထိုအခိုက်အတန့်တွင် ကျယ်လောင်သော အက်ကွဲသံ တစ်ခုနှင့်အတူ လက်သီးသည် သူ၏ခေါင်းကို ဖြတ်သန်း ဖောက်ထွင်း သွားတော့သည်။
လူတိုင်းက ထိုမြင်ကွင်းကို ထိတ်လန့် ကြောက်ရွံ့စွာ ကြည့်ကြ၏။
“ဒါ မဖြစ်နိုင်ဘူး …” လီယောင်၏ စိတ်နှလုံးများ ပြင်းထန်စွာ တုန်ခါသည်။ ယူချင်းက သူ၏သန်မာသော လက်ကြီးဖြင့် ကောင်းယွင်၏ ခေါင်းပေါ်မှ ဆုပ်ကိုင်သည်ကို သူမြင်သည်။ နောက်ထပ် ကြက်သီးထဖွယ် အသံတစ်ခုနှင့်အတူ အားလုံး၏ အကြည့်အောက်တွင် ကောင်းယွင်၏ ခေါင်းနှင့်ကိုယ် အိုးစားကွဲ သွားတော့၏။ ထို့နောက် ယူချင်းက ကောင်းယွင်၏ ခန္ဓာကိုယ်အား ကန်ထုတ်လိုက်သည်။
“ဒါ …” လူတိုင်း၏နှလုံးသည် ရင်ဘတ်မှ ပေါက်ကွဲထွက်လုမတတ် ခုန်နေတော့၏။ သူတို့အားလုံးမှာ ထိုနေရာတွင်ပင် အေးခဲနေကြတော့၏။ ယူချင်းက ကောင်းယွင်၏ခေါင်းကို ဆွဲဖြုတ်ကာ ယခု တိုက်ပွဲ ကွင်းပြင် အလယ်၌ ရပ်နေသည်။
***