သနားစဖွယ် စုရှောင်ရှန်
Vol. 20 Ch. 294
“ဥက္ကကြီးကယ်ပါဦး”
“ကျုပ်က ကျုပ်ရဲ့ ညီမလေးကို ဆေးဖော်စပ်သူ တံဆိပ်ပြားရအောင်လို့ စာမေးပွဲဖြေဖို့ ခေါ်လာရုံသက်သက်ပါ။ ဒီဆေးမျှော်စင်ကိုရောက်တော့ တစ်ယောက်ယောက်က ကျုပ်ရဲ့ ညီမလေးကို နေ့ခင်းကြောင်တောင် လုယူသွားချင်နေတယ်။ အခြေအနေက ဆိုးသထက်ဆိုးလာပြီးတော့ အဟွတ်...”
“အဟွတ် အဟွတ်”
စုရှောင်ရှန် တံတွေးသီးသွားသည်။ ထို့နောက် သာမန်ကာလျှံအလား နှပ်ညှစ်ကာ ရှီတိ၏ ခြေထောက်တွင် သုတ်လိုက်သည်။
ရှီတိ ကြောင်အသွား၏။
‘ငါ့ဂုဏ်အယူရဆုံး မှော်ဆေးပညာရှင်များအစည်းအရုံး ၀တ်ရုံကို ဒီကောင်... ဒီကောင် နှပ်ချေးသုတ်ရဲတယ်လား’
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
‘ပြီးတော့ ဒီမှာဘာဖြစ်သွားတာလဲ ငါတောင် သေချာမသိရသေးဘဲ ဘာလို့ ငါ့ခြေထောက်ကို လာဖက်တာလဲကွ’
ရှီတိ မသိမသာလေး စုရှောင်ရှန်ကို ကန်လိုက်ပေမယ့် အင်အားတစ်ခုက လာပြန်သက်ရောက်တာကို ခံစားလိုက်ရသည်။
သူ့ခြေထောက်က ဓားဖြင့် အလှီးခံလိုက်ရသလို ဦးနှောက်က အာရုံကြောတွေထံကို နာကျင်နေသည်ဟု အချက်အလက်တွေ လွှတ်ပေးတော့၏။
ဟူးးးး...။
ချက်ခြင်း သူ၏ မျက်နှာဖြူဖျော့သွားပြီး စိတ်ဝိညာဉ်စွမ်းအင်ဖြင့် အလျင်အမြန် ကာကွယ်လိုက်ရသည်။
ဒီကောင် ဖြူကောင်လား ဘာလားဟ။
“ငါ့ကိုလွှတ်။ လွှတ်စမ်း”
စုရှောင်ရှန် သူပြောနေတာကို လစ်လျူရှူထားသည်။ သူ့နှပ်ချေးများကို သုတ်ပြီးသောအခါ ရှီတိနောက်ကလိုက်လာသော ဖုရှင်းကိုလက်ညိုးထိုးပြပြီး အော်ဟစ်ငိုယိုကာ ပြောလိုက်သည်။ “အဲ့တာ သူပဲ။ ကျုပ်ညီမလေးကို လုယူချင်နေတာ အကောင်။ သူ့နောက်မှာ သန်မာတဲ့နောက်ခံရှိတယ်ဆိုပြီး ကျုပ်တို့ကို အနိုင်ကျင့်ပြီး ကျုပ်ညီမလေးကို လိုချင်နေတာ။ ကျုပ်ကို ခရမ်းနဂါးဟိန်းဟောက်ခြင်းနဲ့ ဆိုလားတိုက်ခိုက်လိုက်သေးတယ်။ အဲ့တာ ဘယ်လောက်နာလဲသိလား။ သူက နောက်ခံကောင်းတော့ ကျုပ်က ပြန်မတိုက်ခိုက်ရဲဘူး။ ဒါကြောင့် သူထိုးတာ ငြိမ်ခံ နေတာ ကျုပ်- ကျုပ်...”
ဝေါ့...။
စုရှောင်ရှန် သွေးတစ်လုတ်အန်ထုတ်လိုက်သည်။ သို့ပေမယ့် ကြော့ကွင်းဖြင့် ပြုလုပ်လိုက်သည့်ဒဏ်ရာသည် သွေးများ တစ်၀က်လောက်သာအန်ထုတ်ရသေးချိန်မှာ ထာ၀ရ အသက်စွမ်းအင်ကြောင့် ပျောက်ကင်းသွားခဲ့၏။
စုရှောင်ရှန် သွေးအန်နေရင်းက ရပ်တန့်သွားသည်။
‘တော်တော်ကောင်းတာပဲ။ ငါနဲ့ ခဏလေး ပူးပေါင်းဆောင်ရွက်တော့ဘာဖြစ်သွားမှာလဲလို့’ သူ့ကိုယ်သူ ပိုပြီး သနားစရာကောင်းအောင်လုပ်နေတာ ထာ၀ရအသက်စွမ်းအင် လာဖျက်တာကြောင့် ကျိန်ဆဲလိုက်၏။
ဖုရှင်းလည်း ဒေါသထွက်သွားသည်။ ခရမ်းနဂါးဟိန်းဟောက်ခြင်းမှ အင်အားအကုန်လုံးကို တန်ပြန် ခံလိုက်ရသူက သူဖြစ်သည်။ စုရှောင်ရှန် ဘာဒဏ်ရာဒဏ်ချက်မှရစရာအကြောင်းမရှိချေ။
‘ငါကမှ တကယ် ခံရတဲ့သူကွ’
တစ်ခုခု ပြန်ကန်ငြင်းဖို့ ပါးစပ်မဟနိုင်ခင်လေးမှာ စုရှောင်ရှန်က သူ့ကိုလက်ညိုးထိုးပြီး ပြောလိုက်သည်။ “မင်း... ငါပြောနေတာတွေ အမှန်လားဆိုတာ ပြောလိုက်။ လိမ်မယ်တော့မကြံနဲ့”
ဖုရှင်း ခေါင်းခါရမ်းရန်ပြင်လိုက်မည်ပြုစဉ် စုရှောင်ရှန်က ထပ်လောင်း၍ ပြောလိုက်သည်။ “ငါ့ညီမလေးကို မင်းလိုချင်တာ ဟုတ်လား မဟုတ်ဘူးလား ပြော”
[ကျိန်ဆဲခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် +၄]
“ငါ... ငါမလို...”
သို့ပေမယ့် စုရှောင်ရှန်က သူ့ကို စကားပြောရန်အခွင့်အရေးမပေးဘဲ ကျယ်လောင်စွာ ငိုသံကြီးဖြင့် အော်ပြောလိုက်သည်။ “မင်းကိုယ်လုပ်ထားတာ ကိုယ်မ၀န်ခံရဲဘူးလား။ မင်းအခြောက်လား”
“ရတယ်လေ ဒါကိုမဖြေချင်လဲ ခဏထားလိုက်။ မင်းငါ့ကို ထိုးလိုက်တာတော့ မညာနဲ့”
ရှီတိလည်း ဖုရှင်းကို လှည့်ကြည့်လိုက်သည်။
ဖုရှင်း ကောင်းကင်ကို မော့ကြည့်ပြီး သက်ပြင်းချလိုက်သည်။
‘ဘာလို့ ဒီကောင့်ရှေ့မှာ ငါဘာမှ ပြောလို့မရတာလဲ’
၎င်းက အမှန်တရားဖြစ်ကာ မျက်မြင်တွေ့သည့်လူလည်းများတာကြောင့် ကူကယ်ရာမဲ့စွာ ခေါင်းညိတ်လိုက်ရသည်။ သူလိမ်ချင်ရင်တောင် အခြားသူများက ကန်းနေတာမဟုတ်တာကြောင့် လိမ်လို့မရပါချေ။
လူတိုင်းက မြို့တော်၀န်ဖုအိမ်တော်ကို မျက်နှာသာပေးပြီး အမှန်တရားကို ကူ၍ဖုံးကွယ်ပေးကြမည်မဟုတ်။
ဒီလူတွေအားလုံးက သူ့ဘက်က ကူပြောပေးရင်တောင် ဖြောင့်မတ်မှန်ကန်တဲ့ သူ့လိုဓားသမားတစ်ယောက်က မျက်နှာပြောင်ဖြင့် လိမ်လည်နိုင်လိမ့်မည် မဟုတ်ပေ။
“တွေ့လား”
ဖုရှင်း၀န်ခံနေတာကိုမြင်သောအခါ ရှီတိ၏ ခြေထောက်ကို စုရှောင်ရှန် ပို၍ တင်းတင်းကြပ်ကြပ်ဖက်လိုက်သည်။ ထိုမှ မော့ကြည့်လိုက်သောအခါ အဖိုးကြီး၏ မျက်နှာ မဲ့ရွဲ့နေတာကိုမြင်ရ၏။
“သူက ကျုပ်ကို အရင်လာထိုးတာ... သူ့လိုနောက်ခံတောင့်တဲ့လူကို ကျုပ်က ဘယ်လို ပြန်ခုခံရဲမှာလဲ”
သို့ပြောပြီး လူအုပ်ကြီးဘက် ခေါင်းလှည့်ကာမေးလိုက်သည်။ “ကျုပ်ပြန်တိုက်ခိုက်လိုက်လား”
ရှီတိ လူအုပ်ကြီးကိုကြည့်လိုက်ရာ သူတို့အားလုံး ခေါင်းခါပြကြသည်။
“…”
‘ဒီကောင်လေးက အမှန်တရားကိုပြောနေတာပဲ’
ရှီတိ မယုံကြည်နိုင်ပေ။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် +၁]
ထို့နောက် သူ့ခြေထောက်ကိုဖက်ထားသည့်လူငယ်လေးကိုကြည့်ကာ လက်မှိုင်ချလိုက်ရသည်။ ဖြည်းဖြည်းခြင်း ဆက်လက်၍ “မင်းဖုရှင်းကို ပြန်မတိုက်ခိုက်လိုက်တာတော့ဟုတ်ပါပြီ။ ဖုရှင်းကပဲ မင်းကိုထိုးလိုက်တယ်ထား။ ဒီအပျက်အဆီးတွေကြတော့ရော ဘယ်လိုဖြစ်သွားတာလဲ”
သူ့အထက်က အပေါက်ကြီးကို လက်ညိုးပြန်ထိုးပြလိုက်ရင်းက ဒေါသပြန်ထွက်လာခဲ့၏။
ဘန်း...။
သူပြောပြောပြီးချင်းဘဲ အထက်မှ အက်ကွဲသံဖြင့်အတူ မျက်နှာကျက်ပြိုကျသွားပြီး အနက်ရောင် ဆေးအိုးကြီးတစ်လုံး ကျလာခဲ့သည်။
လူအုပ်ကြီးက “ဝိုး...”
“ကျုပ်နဲ့ ဘာမှ မဆိုင်ဘူး”
မဲ့ရွဲ့နေသော သူ့မျက်နှာကိုပြန်တည်ပြီး ထရပ်ကာ မျက်ရည်တုများကိုသုတ်လိုက်သည်။
ဤအဖိုးကြီးက ဖုရှင်း၏ နောက်ခံကိုသိတာတောင် ဘက်မလ်ိုက်ဘဲ ကျိုးကြောင်းဆီလျော်နေမှတော့ အပိုအလုပ်တွေ လုပ်စရာမလိုတော့ဟု တွေးလိုက်သည်။
ထို့နောက် ဖုရှင်းကိုလှည့်ကြည့်ကာ “မေးချင်းက ကျုပ်ကိုထိုးပြီး သူ့ဟာသူဘာလို့လွင့်ထွက်သွားလဲဆိုတာ သူ့ကိုမေးရမှာ”
ဖုရှင်း၏ မျက်လုံးများပြူးကျယ်သွားသည်။
ဒီတိုင်းငြိမ်ခံနေလို့မဖြစ်တော့ပေ။ နက်မှောင်နေသောမျက်နှာထားဖြင့် “ငါလဲ အဲ့ဒါကိုမေးချင်နေတာ။ ငါဘာလို့ လွင့်ထွက်သွားတာလဲ။ မင်းလုပ်ပြီး ငါ့ကို လာအပြစ်တင်ရသလားဟ”
စုရှောင်ရှန် သူ့ကို ဘုကြည့် ကြည့်ကာမေးလိုက်သည်။ “ဒါဘယ်လိုနိယာမလဲ။ မင်းရဲ့ မီးဖိုချောင်သုံးဓားကတုံးလို့ ဟင်းသီးဟင်းရွက်ခုတ်မရတာ ဟင်းသီးဟင်းရွက်ကို မာတယ်ဆိုပြီး အပြစ်တင်ရလား။ တင်ချင်းက မင်းရဲ့ တုံးနေတဲ့ဓားကို တင်ရမှာ။ ဘယ်မှာလဲ မင်းရဲ့ဓား”
စုရှောင်ရှန် ရုတ်တရက် မဆီမဆိုင်တာတွေ လာပြောနေသောအခါ နားမလည်နိုင်သော ပုရိသတ်ကြီး ကြောင်အသွားသည်။
မကြာလိုက်ပါ၊ စုရှောင်ရှန်က သက်ပြင်းချ၍ မှတ်ချက်ထပ်ပေးလိုက်သည်။ “ဟုတ်သားပဲ။ မင်းက ဟင်းသီးဟင်းရွက်အကျန်ပဲ မီးဖိုချောင်သုံးဓားမှမဟုတ်တာ။ အဲ့တော့ ဟင်းသီးဟင်းရွက်ဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လိုက်ဖို့မကောင်းဘူးလား။ ဟင်းသီးဟင်းရွက်ဖြစ်လာရတဲ့ မင်းကိုက အပြစ်ဖြစ်နေတာ။ မင်းရဲ့ ပြိုင်ဘက်ကိုမနိုင်ရင် ကြိုးစားကျင့်ကြံလေ။ ဘာလို့ လွင့်ထွက်သွားရလဲ ငါ့ကိုလာမေးတော့ ငါက ဘယ်သူ့ကြည်းတော်ကိုသွားမေးရမှာလဲ”
နေရာတစ်ဝိုက်လုံးတိတ်ဆိတ်သွားခဲ့သည်။
ဖူးးး...။
နောက်ဆုံးတော့ တစ်စုံတစ်ယောက် မထိန်းထားနိုင်တော့ဘဲ ဝါးလုံးကွဲထရယ်လိုက်၏။ ထိုရယ်သံမှ ဓာတ်ကူးသွားပြီးတော့ လူတိုင်း ဖြည်းဖြည်းချင်း လိုက်ရယ်လိုက်ကြသည်။
တစ်ချို့လူများလည်း နှစ်ကိုယ်ကြား တီးတိုး ဆွေးနွေးလိုက်ကြ၏။ သူတို့တစ်စုံတစ်ခုကို သင်ယူလိုက်ရလေပြီ။
“ဒီကောင်လေးက ဘယ်သူလဲဟ။ တခြားသူကို ဘာမှ ပြန်မပြောနိုင်အောင် ဆောင့်ကြီးအောင့်ကြီးပြောနိုင်တယ်။ လေးစားသွားပြီ”
“သူသေချင်နေတာလားမသိဘူး။ စုရှင်းက မြို့တော်၀န်ရဲ့ သားကြီးကွ။ သူ့မှာ ၀က်ဝံတစ်ကောင်ရဲ့အသဲနဲ့ ကြားသစ်ရဲ့ သတ္တိရှိလို့ ဒီလောက်အတင့်ရဲ ရဲတာဖြစ်လိမ့်မယ်”
“တိုးတိုးနေကြစမ်းပါ။ ငါဖြစ်ရပ်တစ်ခုလုံးကိုကြည့်ခဲ့ရတာ သူက အဲ့လောက်မတုံးဘူးဆိုတာ ပြောနိုင်တယ်။ သူလည်းနားလည်မှာပဲ ဒါပေမယ့် သူ့ပါးစပ်ကိုက ထိန်းမရဘဲ ထွက်နေတာဖြစ်မယ်”
“ဟယ်။ သူ့ကြည့်ရတာ စိတ်ဆိုးမာန်ဆိုးပြောနေသလိုနဲ့ ဘာလို့ နားထောင်လို့ကောင်းနေရတာလဲ”
“အေးဆို။ ငါလည်း ဒီမျိုးနွယ်စုကြီးတွေက သခင်လေးတွေဘာတွေကို ကြည့်မရတာကြာပြီ။ တခြားသူတွေကို အကြောင်းမရှိဘဲလည်း ထိုးသေးတယ်။ သူ့ဟာသူ လွင့်ထွက်သွားတော့ သူများကို သွားအပြစ်တင်တယ်တဲ့”
“မင်းဘာပြောလိုက်တာလဲ”
“ဟက် မင်းက ဖုသခင်လေးဘက်က ဖြစ်ရမယ်။ ဒီနေ့တော့ ငါက အဲ့ကောင်လေး ဘက်ကကွ”
“…”
မသိလျှင် ကြက်သွန်နီ အခွံတွေ လာကပ်ထားသကဲ့သို့ ဖုရှင်း၏ မျက်နှာ ခရမ်းရောင်သန်းလာခဲ့သည်။
အစပိုင်းမှာ စုရှောင်ရှန်ဘာတွေပြောနေတာလဲ သူနားမလည်ချေ။ ယခု လူအုပ်ကြီးထံမှ တုန့်ပြန်ချက်တွေကိုကြားရသောအခါ သဘောပေါက်သွားပြီး ရှက်လွန်းလို့ တွင်းတူးပြီး ၀င်အောင်းချင်လိုက်၏။
‘ဟင်းသီးဟင်းရွက်။ သူပြောတာလဲဟုတ်သလိုလိုပဲ။ သူ့ကို နောက်လွင့်ထွက်သွားအောင်မလုပ်နိုင်လို့ ငါလွင့်ထွက်သွားတာကို ငါဘာလို့ သူ့ကို မေးခွန်းသွားထုတ်နေတာလဲ’
ဖုရှင်း သူ့လောကတစ်ခုလုံး အမှောင်ကျသွားသလို ခံစားလိုက်ရသည်။
ထိုကောင်လေး၏ လျှာစောင်းထက်မှုအောက်မှာ ဖုရှင်း ၀ပ်တွားလိုက်ရသည်ကို ကြည့်ပြီး ရှီတိ အံ့အားသင့်သွား၏။
စုရှောင်ရှန်၏ စကားများကြောင့် သူတောင် ထိုအကောင်က နစ်နာသူဟု ခံစားနေရသည်။
သို့ပေမယ့် ဖုရှင်း၏ လက်တစ်ဖက်က စုတ်ပြတ်သတ်သွားသည့်အချိန် စုရှောင်ရှန်က ဘာခြစ်ရာမှ မရှိတာတော့ ငြင်းလို့မရချေ။
ဆေးမျှော်စင်တွင်လည်း ဧရာမ အပေါက်ကြီးဖြစ်အောင် ပျက်ဆီးသွားတာကြောင့် ဒီကောင်လေးကို တာ၀န်ယူမှု တာ၀န်ခံမှုတော့ ယူခိုင်းရမည်။
“မှော်ဆေးပညာရှင်များအစည်းအရုံးရဲ့ ဆေးမျှော်စင်ထဲမှာ မတိုက်ခိုက်ရဘူးဆိုတဲ့ စည်းကမ်းချက်ကိုမသိဘူးလား။ အတင့်ရဲတယ်”
ထိုစကားကို ဖျစ်ညှစ်ပြောလိုက်ရသည်။ ဆေးမျှော်စင်အတွင်းမှာ တိုက်ခိုက်ခွင့်ပိတ်ပင်ထားတာကတော့ အမှန်ပင်ဖြစ်၏။
“အတင့်ရဲတယ်ဟုတ်လား”
စုရှောင်ရှန် ခေါင်းလေးကိုစောင်းပြီးတော့ အစောင့်ကို လက်ညိုးထိုးလိုက်သည်။ အစောင့်လည်း ကြောက်ရွံ့တုန်လှုပ်သွားပြီး သူထင်ထားသည့်အတိုင်း ထိုအကောင်က ဖော်ကောင်လုပ်တော့သည်။ “ကျုပ်ကို အဲ့လို အတင့်ရဲအောင် သတ္တိပေးတာ သူ”
ဘုတ်...။
ကြမ်းပြင်ပေါ်တွင် အစောင့်ဖင်ထိုင်ကျသွားသည်။
စုရှောင်ရှန်က ဆက်လက်၍ ပြောလိုက်သည်။ “သူက ဖုအိမ်တော်က သခင်လေးဆိုတာ သိရင် ဘယ်သူက တိုက်ခိုက်ရဲတော့မှာလဲ။ ကျုပ်လဲ သာမန် နောက်ခံမရှိတဲ့ လူတစ်ယောက်ပါ။ ဒါကြောင့် သူများ စိတ်ဆိုးပြေသွားမလား ဖြေဖျောက်လို့ရအောင် အခြား ကစားနည်းတစ်ခုခုနဲ့ ယှဉ်ပြိုင်မယ်ပြောတယ်လေ။ ဒါပေမယ့် သူတို့...”
စုရှောင်ရှန် သူ့မျက်နှာကိုတဖန်ပြန်ကာကာ ငိုမဲ့မဲ့အသံဖြင့် သနားစရာကောင်းအောင် ပြောလိုက်သည်။
“သူတို့ပေါင်းပြီး ဆေးမျှော်စင်ထဲမှာ တိုက်ခိုက်ရအောင်လုပ်တယ်။ တစ်ယောက်ဆို ကျုပ်ကိုတောင် ထိုးလိုက်သေးတယ်။ ဒီလို အထိုးခံရတာတောင် ပြန်မထိုးရဲတဲ့ဘ၀။ ဘာလို့- ဘာလို့ ကျုပ်ကိုပဲ မေးခွန်းလာထုတ်နေကြတာလဲ။ ကျုပ်က ဒီမှာ တကယ်ခံရတဲ့သူပါ။ ဝူးးး ဝူးးး...”