← Chapters

ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းကြိုးမျှင်

Vol. 95 Ch. 1241

ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းကြိုးမျှင်

Vol. 95 Ch. 1241

ရထားလုံး၏ ကန့်လန့်ကာများမှာ ရုတ်တရက် ပင့်တင်ခံလိုက်ရသော်လည်း.... အထဲတွင် ထိုင်နေသူကား ကောင်းကင်နတ်အရှင်ဟောင် မဟုတ်ပေ။

ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ ဖြစ်နေ၏။

မဟာဧကရာဇ်မှာ ထိုအခြင်းအရာကို မြင်လျှင် သူငယ်အိမ်များ ကျုံ့ဝင်သွားသည်။ ‘ကောင်းကင်နတ်အရှင်ဟောင်က ရထားလုံးထဲမှာ မဟုတ်ရင်... ဘယ်မှာလဲ’

သူ ထိုသို့တွေးလိုက်စဉ်မှာပဲ ကောင်းကင်နတ်အရှင် ရတနာရထားလုံးကား ဖောင်းခနဲ ထပေါက်ကွဲသည်။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက နှာခေါင်းရှုံ့လိုက်ပြီး ခန္ဓာကိုယ်ကို ကြီးထွားလာစေသည်။ သူ၏လက်ဝါးကြီးက မြောက်တက်သွားပြီး ရိုက်ချလိုက်၏။

ချင်မူမှာ မျက်စိမျက်နှာပျက်နေပြီး မီးအိမ်နှင့်အတူ အလောတကြီး ဆုတ်ခွာလိုက်သည်။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို တွေ့လိုက်ရကတည်းက တစ်ခုခုမှားယွင်းနေပြီ ဖြစ်ကြောင်း သူ သိလိုက်ချေပြီ။

ဤကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီသည် ကောင်းကင်နတ်အရှင်ဟောင်၏ ရတနာ ဖြစ်၏။ ကောင်းကင်နတ်အရှင်ဟောင်၏ အင်အားအကြီးဆုံး အစွမ်းမှာ သူ၏ရုပ်ခန္ဓာပင် ဖြစ်သည်။ သူက ကောင်းကင်နတ်ဧကရာဇ်နှင့် အရှင်မယွမ်မု၏ သားတော်မဟုတ်လော။ အရှင်မယွမ်မုသည် အဆုံးသတ်မြို့ပျက်၏ ရှေးဟောင်းနတ်ဘုရားမတစ်ပါး ဖြစ်သလို ကောင်းကင်နတ်ဧကရာဇ်ကလည်း မဟာကမ္ဘာဦးအစကျောက်တုံးတွင်းတဖြစ်လဲ ထိုက်ချူကျောက်တုံးတွင်းထဲမှ မွေးဖွားလာခဲ့သော ရှေးဟောင်းနတ်ဘုရားတစ်ပါးပင်။

သူတို့၏ သွေးတွင် အစွမ်းအထက်ဆုံးက ကောင်းကင်နတ်ဧကရာဇ်၏ မွေးရာပါချီ ဖြစ်၏။ သူ၏ မွေးရာပါချီအား မူလချီဟုလည်း ဆိုရပေမည်။ ထိုမူလချီသည် လောကထဲရှိ တာအိုအားလုံး၏ အရင်းအမြစ် ဖြစ်ကာ တာအိုမှ မူလ၊ မူလမှ ယင်ယန်နှစ်ဖြာ၊ ယင်ယန်နှစ်ဖြာမှ စွမ်းအင်သုံးသွယ်၊ စွမ်းအင်သုံးသွယ်မှ အရာအားလုံးကို ဖန်တီးသည်ဆိုသော သဘောတရားကို ပေါ်ထွန်းလာစေသည့်အရာလည်း ဖြစ်၏။

အရှင်မယွမ်မု၏ အဆုံးသတ်မြို့ပျက် မဟာတာအိုကမူ အရာခပ်သိမ်း၏ အဆုံးသတ်ဖြစ်၏။ ၎င်းက ကြယ်တာရာကောင်းကင်နှင့် တာအိုတစ်သောင်းတို့ကို ၀ါးမြိုကာ တစ်သားတည်း ပေါင်းစည်းပစ်ခဲ့သည်။

ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ ပထမဆုံးသိုင်းကွက်က မူလချီ၏ မှော်စွမ်းအင်ပင်။

ချင်မူအနေဖြင့် ယခုလိုမှော်စွမ်းအင်မျိုးကို ခိုင်ဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်ဟောင်တို့၏ တိုက်ပွဲတွင် တစ်ခါမြင်ဖူးခဲ့သည်။ ခိုင်ဧကရာဇ်ပင်လျှင် ဓားနယ်ပယ်ဖြင့် အတင်းအဓမ္မ ချိုးဖျက်ဝင်ရောက်ခဲ့သော်လည်း ကောင်းကင်နတ်အရှင်ဟောင်၏ လက်ဝါးကိုသာ ထိုးစိုက်နိုင်ခဲ့၏။

ဤသို့ ကောင်းကင်နတ်သိုင်းမျိုးကို အနန္တတာအိုကောင်းကင်လှည်းဘီးဟု ခေါ်သည်။

ချင်မူတို့မှာ ဧရာမဖြစ်တည်မှုကြီးများ၏ ကြားမှ ထွက်သွားနိုင်လိုက်သော်လည်း ကောင်းကင်နတ်အရှင်ဟောင်နှင့် မဟာဧကရာဇ်တို့ဆီမှ သိုင်းကွက်များနှင့်တော့ အလွန်နီးကပ်နေသေးသည်။ ချင်မူ မဆိုထားနှင့်။ ပိုင်ယွီကျင့်ပင်လျှင် သူတို့ကောင်းကင်နတ်သိုင်းများ၏ နောက်ဆက်တွဲပြင်းအားကို မခံနိုင်ပေ။

သူ မီးအိမ်ကို ကိုင်၍ နောက်ဆုတ်သွားသည့်အချိန်မှာပင် မဟာဧကရာဇ်သည် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှင့် ဝင်တိုက်သွား၏။ တစ်ချိန်တည်းမှာပင် မဟာဧကရာဇ်၏ ခေါင်းနောက်တွင် လူရိပ်သေးသေးလေးတစ်ခု ပေါ်လာသည်။

ကောင်းကင်နတ်အရှင်ဟောင်…

ကောင်းကင်နတ်အရှင်ဟောင်ကား မဟာဧကရာဇ်အနောက်တွင် အမှန်တကယ် ပေါ်လာကာ ကောင်းကင်နတ်သိုင်း ထုတ်လွှတ်လိုက်သည်။ သူအသက်သွင်းလိုက်သည်ကား မူလချီကောင်းကင်နတ်သိုင်းမဟုတ်ဘဲ အဆုံးသတ်မြို့ပျက် ကောင်းကင်နတ်သိုင်းပင်။

ဤကောင်းကင်နတ်သိုင်း၏အသွင်မှာ တစ်သောင်းသော ကောင်းကင်လှည်းဘီးများ လှည့်ပတ်နေရင်း တစ်သားတည်း ပေါင်းစည်းသွားသည်နှင့် တူသည်။

ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီနှင့် ကောင်းကင်နတ်အရှင်ဟောင်၏ ကောင်းကင်နတ်သိုင်းတို့က မဟာဧကရာဇ်အား ဖမ်းချုပ်လိုက်သော လှောင်အိမ်တစ်ခုအား ဖော်ဆောင်လိုက်သည်။

ချင်မူ့မျက်နှာမှာ သုန်မှုန်နေတော့သည်။ “ကောင်းကင်နတ်အရှင်ဟောင်က လွန်ခဲ့တဲ့ နှစ်တစ်သန်း နဂါးသွဲ့ရေကန်တုန်းက ကောင်းကင်နတ်အရှင်ဟောင် မဟုတ်တော့ဘူး….”

အင်အားအကြီးဆုံး ဖြစ်တည်မှုနှစ်ခု ဝင်တိုက်သွားသော်လည်း လေဟာနယ်ထဲတွင် မည်သည့်အသံမှ မကြားရချေ။ အသံသာ မကြားရခြင်းမဟုတ် တုန်ခါမှုလေးပင် မရှိပေ။

ထိုစဉ် လေဟာနယ်ထဲမှ ခပ်စိတ်စိတ် တုန်ခါမှုများ ပျံ့နှံ့လာပြီး ချင်မူ့အရှေ့တွင် မျောလွင့်နေသော အင်္ကျီလက်စမှာ တခဏအတွင်း တုန်ခါသွားပြီး အမှုန့်ကြေသွားသည်။

တုန်ခါလှိုင်းတို့၏ အမြန်နှုန်းမှာ အလွန်တရာ မြန်ဆန်လွန်းပြီး ကောင်းကင်နတ်အရှင်ယွဲ့၏ မီးအိမ်ကို ကိုင်ဆောင်ထားသည့်ကြားမှ သူ့အနောက်သို့ လိုက်မှီလာကြသည်။

ချင်မူမှာ အလျင်အမြန် ပြန်ဆုတ်နေစဉ် လေဟာနယ်ထဲတွင် လျှောက်သွားနေသော စိတ်နှလုံးမိစ္ဆာတစ်ကောင်ကို တွေ့လိုက်ရသည်။

စိတ်နှလုံးမိစ္ဆာသည် လူ့နှလုံးသားထဲရှိ ဒုစရိုက်စိတ်သန္တန်မှ ပေါက်ဖွားလာသည့်အရာပင်။ ၎င်းသည် ရက်စက်ကြမ်းကြုတ်သော်လည်း အံ့မခန်းလိလိ စွမ်းရည်များ ပိုင်ဆိုင်ထား၏။ စိတ်နှလုံးမိစ္ဆာက သူ့ကို မြင်သည်နှင့် ဝမ်းသာသွားပြီး ဝါးမြိုရန် ပြေးလာသည်။

သို့သော် စိတ်နှလုံးမိစ္ဆာမှာ ရုတ်တရက် တဆတ်ဆတ် တုန်ခါသွားပြီး မှုန့်မှုန့်ညက်ညက် ကြေကာ ပေါက်ကွဲသွားတော့သည်။

“ဒီတိုက်ပွဲကို ကြည့်ချင်ပါတယ်ဆိုကာမှ ဒုက္ခပဲ”

ချင်မူက မီးအိမ်ကို မြှောက်၍ နေရာဟင်းလင်းပြင်အား ချုံ့လိုက်သည်။ ရုတ်တရက် ပိုင်ယွီကျင့်၏ အသံက ထွက်လာလေသည်။ “ကောင်းကင်နတ်အရှင်ယွီရဲ့ ရတနာကို ဒီလိုသုံးရတာ မဟုတ်ဘူး”

ချင်မူလည်း အံ့အားသင့်သွားပြီး အလေးအနက် တောင်းဆိုလိုက်သည်။ “မီးအိမ်ကို ထိန်းချုပ်ပေးပါဦး ကောင်းကင်ဆရာသခင်”

ပိုင်ယွီကျင့်က မီးအိမ်ထဲမှ ပျံထွက်လာကာ သူမ၏ ဖြူဥနေသော လက်ကလေးဖြင့် မီးအိမ်ကို ယူလိုက်သည်။ ထို့နောက် သူမ၏မှော်စွမ်းအင်ကို လှည့်ပတ်လိုက်ရာ မီးအိမ်ထဲမှ ပါးလွှာသော အလင်းတန်းတစ်တန်း ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် သူတို့ပတ်ပတ်လည်ရှိ နေရာဟင်းလင်းပြင်မှာ အထူမရှိသည့် ကြိုးမျှင်တစ်ချောင်းသဖွယ် ပါးလွှာသွားသည်။

မဟာဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်ဟောင်တို့ ဝင်တိုက်မှု၏ နောက်ဆက်တွဲပြင်းအား လိမ့်ထွက်လာသည်နှင့်အလျောက် အနှိုင်းမဲ့အောင် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းကြီးသည် အလင်းကြိုးမျှင်အား မမြင်နိုင်သော လက်တစ်ဖက်ဖြင့် တီးခတ်လိုက်သကဲ့သို့ လှုပ်ခါသွားစေသည်။

ကြိုးမျှင်အထဲတွင် ချင်မူ၊ လန်ယွီတျန်းနှင့် ပိုင်ယွီကျင့်သည် သာယာနာပျော်ဖွယ် ဗျပ်စောင်းသံစဉ်အား ကြားလိုက်ရ၏။ မဟာဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်ဟောင်၏ ကောင်းကင်နတ်သိုင်းများက အင်အားကြီးမားသည့်အလျောက် တုန်ခါလှိုင်းများမှာလည်း အင်မတန် ရှုပ်ထွေးလေသည်။ သို့သော် ၎င်းတို့ ကြိုးဆီ ရောက်ရှိသည့်အခါ မဟာတာအိုသံစဉ် ထွက်ပေါ်လာသည်။

ချင်မူသည် ကောင်းကင်နတ်အရှင်ယွဲ့နှင့် အလွန်ရင်းနှီးသော်လည်း သူမ၏ ကောင်းကင်နတ်သိုင်းအား အသက်သွင်းသည်ကို သိပ်မမြင်ခဲ့ဖူးပေ။

အမှန်တွင် သူ အတိတ်ကို ပြန်သွားခဲ့တုန်းက ကောင်းကင်နတ်အရှင်ယွဲ့ နှင့် ကြိမ်ဖန်များစွာ တွေ့ဆုံခဲ့ဖူးသော်လည်း ကောင်းကင်နတ်အရှင်ယွဲ့မှာ ထင်ပေါ်ကျော်ကြားသင့်သလောက် မထင်ပေါ်၊ မကျော်ကြားခဲ့ကြောင်း မြင်တွေ့ခဲ့ရသည်။ သူမသည် သူမအနားရှိ လူများအကြားတွင် ဇာတ်ပို့တစ်ယောက်သဖွယ် ဖြစ်နေခဲ့၏။ နဂါးခေတ်၏ အစပိုင်း၊ အလယ်ပိုင်းနှင့် နှောင်းပိုင်း သို့တည်းမဟုတ် ချုံဧကရာဇ်ခေတ်တွင်လည်း သူမမှာ အရန်ဇာတ်ပို့တစ်ယောက်သဖွယ်သာ။

ကောင်းကင်နတ်အရှင်ယွင်၏ ဇာတ်ပို့၊ ကောင်းကင်နတ်အရှင်လင်၏ ဇာတ်ပို့။

သူမကိုယ်တိုင် ခေတ်တစ်ခေတ်၏ တော်လှန်မှုကို ဦး‌ဆောင်ခဲ့သည်မှာ ရှားပါး၏။ သူမမှာ ကောင်းကင်နတ်အရှင်ယွင်၏ ညီမလေး၊ ကောင်းကင်နတ်အရှင်လင်၏ ညီမလေး အဖြစ်သာ သတ်မှတ်ခံခဲ့ရသည်။ လူတိုင်းလူတိုင်းသည် သူမ၏ထက်မြက်မှုကို မမြင်ဘဲ ကျော်သွားကြကာ ကောင်းကင်နတ်အရှင်ယွင်နှင့် ကောင်းကင်နတ်အရှင်လင်တို့ကိုသာ အာရုံစိုက်ခဲ့ကြ၏။

သို့သော် ကောင်းကင်နတ်အရှင်ယွဲ့မှာ အရေးမပါသူတစ်ဦး မဟုတ်ပေ။ သူမ၏ ထောက်ပံ့ပေးမှုနှင့် ကြိုးစားမှုကြောင့်သာ ကောင်းကင်ဟန်ကောင်းကင်နတ်ဘုံနှင့် ချုံဧကရာဇ်ကောင်းကင်ဘုံတို့ ခမ်းနားခဲ့ရခြင်းဖြစ်သည်။

ချင်မူသည် သူမ ဗျပ်စောင်းတီးသည်ကို ယခင်က မြင်ဖူးသလို၊ သူမ၏တပည့် ဇာမဏီနတ်မင်းချီရှားယွီ၏ ဗျပ်စောင်းတီးခတ်ပုံကိုလည်း မြင်ဖူး၏။ သူတို့နှစ်ယောက်လုံး၏ ဗျပ်စောင်းသံများအား ကြားဖူးပြီး သံစဉ်တို့မှာ အင်မတန် သာယာနာပျော်ဖွယ်ကောင်းသည်။

ကောင်းကင်နတ်အရှင်ယွီ ဗျပ်‌စောင်းတီးခတ်ခြင်းက ရိုးရိုးသာမန် တီးခတ်ခြင်းဟုသာ သူ ထင်ခဲ့မိသည်။ ပိုင်ယွီကျင့် အလင်းတန်းအား ကြိုးများအဖြစ် ပြောင်းလဲလိုက်သည့်အခါမှသာ ကောင်းကင်နတ်အရှင်ယွဲ့၏ အံ့ဩဖွယ်စွမ်းရည်အား သိခဲ့ရခြင်းပင်။ သူမ၏ ကောင်းကင်နတ်သိုင်းများကား မှန်းဆ၍မရနိုင်ပေ။

သူမ၏သံစဉ်မှာ သာမန်တေးသွားတစ်ခု မဟုတ်ဘဲ တာအိုကြိုးမျှင်များ ဖြစ်သည်။ ဤကြိုးကို ထိလိုက်တိုင်း လှပသော သီချင်းသံ ထွက်ပေါ်လာလိမ့်မည်။

မဟာဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်ဟောင်၏ ကောင်းကင်နတ်သိုင်းများသည် ခမ်းနားတင့်တယ်လှသည့်အပြင် သူတို့၏ဘ၀များနှင့် သူတို့၏လမ်းစဉ်များတစ်လျှောက် သင်ယူခဲ့ရသမျှ အရာအားလုံး ကိန်းဝပ်နေသည်။ သို့သော် ယခုတွင် ချင်မူမှာ ကြိုးမျှင်မှ တီးခတ်နေသော သံစဉ်ထဲတွင် နစ်မျောသွားလေသည်။

သူ့မှာ နားထောင်ရင်း ယစ်မူးလာမိသည်။ ကြိုးမှ တီးခတ်နေသည့် သံစဉ်သည် ကောင်းကင်နတ်အရှင်ယွဲ့၏ နေရာဟင်းလင်းပြင်တာအိုတင် မဟုတ်ဘဲ မဟာဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်ဟောင်၏ တာအိုတို့ကိုလည်း ဖော်ကျူးနေ၏။

“ထိုက်ချူရဲ့ တာအိုမှာ မူလချီတာအို ကိန်းအောင်းနေတယ်... မူလချီကနေ တစ်ဆင့် မူလချီသင်္ကေတတွေကို နားလည်သ‌ဘောပေါက်နိုင်ရင် အင်မတန် အံ့ဖွယ်ကောင်းမှာပဲ”

ချင်မူ သံစဉ်ထဲတွင် မျောသွားသည်။ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ ဥခွံအား ရရှိခဲ့တုန်းက သင်္ကေတအမှတ်အသားများအား နားလည်အောင် အလွန်ကြိုးစားခဲ့ရသည်။ သူ့အတွက် မူလချီ၏ ဆန်းကြယ်နက်နဲသော သဘောတရားအား နားလည်ရန် ခက်ခဲ‌ခဲ့သည်။ သို့သော် ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းသံစဉ် ထွက်ပေါ်လာချိန်တွင် သူ နားမလည်ခဲ့သည့် မူလသင်္ကေတအမှတ်အသားများမှာ ရုတ်တရက် ရှင်းလင်းပြတ်သားလာလေသည်။

“ဒီသဘောတရားက မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်ထဲက တာအိုနိယာမပဲ… အမ်… မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်က မူလချီနဲ သဘောတရားချင်း တူတာပဲဟ”

အလင်းတန်းကြိုးမျှင်ထဲတွင် ချင်မူသည် ပျော်ရွှင်စွာ ကခုန်နေ၏။ မဟာခြုံလွှမ်းအဆင့်မြင့်အသိစိတ်အလျဉ်ထ၏ သဘောတရားမှတစ်ဆင့် မွေးရာပါချီ၏ တာအိုအသံအား ကြားနေရချေသည်။

တခြားတစ်ယောက်သာဆိုပါက အဘယ်သို့ပြု၍ ဆက်နွှယ်နေမှန်း သဘောပေါက်မည်မဟုတ်သော်လည်း သူကတော့ နားလည်၏။

ကမ္ဘာဦး‌ခေတ်၏ အသိစိတ်အလျဉ်ကျင့်ကြံခြင်း တိုးတက်ဖွံ့ဖြိုးခဲ့သည်။ ကောင်းကင်နတ်သိုင်းများ မရှိခဲ့ချေ။ ကောင်းကင်ရတနာနှင့် ကောင်းကင်နန်း‌ဆောင်ကျင့်စဉ်စနစ်လည်း မထွန်းကားခဲ့။

ကမ္ဘာဦးခေတ်၏ အသိစိတ်အလျဉ်ကျင့်ကြံခြင်းသည် မဟာကမ္ဘာဦးအစမူလကျောက်တုံးအား အခြေခံကာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ မဟာကမ္ဘာဦးအစမူလကျောက်တုံးက ထိုက်ချူကျောက်တုံးတွင်းမှ ဆင်းသက်လာခဲ့သည်။ ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူ၏ မွေးရာပါမူလချီမှာ နတ်ကျောက်တုံး၏ စွမ်းအားနှင့် ကျောက်တုံးတွင်းထဲရှိ မဟာကမ္ဘာဦးအစမူလကျောက်တုံးအား စုပ်ယူခြင်းမှ ဖွဲ့တည်လာခြင်း ဖြစ်သည်။

တစ်နည်းပြောရလျှင် ထိုနှစ်ခုမှာ ဆက်စပ်နေသည်။

အတိတ်တုန်းက ချင်မူမှာ ၎င်းကို မတွေးမိခဲ့ချေ။ သို့သော် မဟာဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်ဟောင်တို့ ၀င်တိုက်သွားသည့် အခိုက်အတန့်တွင် လမ်းစဉ်၊ ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများ၏ လှိုင်းတို့က ကောင်းကင်နတ်အရှင်ယွဲ့၏ ဗျပ်စောင်းကြိုးမျှင်ဆီသို့ ရောက်ရှိလာခဲ့ကာ သူ့အား သဘောပေါက်သွားစေခဲ့သည်။

“ငါ့ရဲ့ မွေးရာပါမူလချီကိုလည်း ဖွဲ့တည်လို့ရတယ်..”

ချင်မူမှာ ပြောပြမတတ်အောင် စိတ်လှုပ်ရှားလာတော့သည်။ “ငါ့ရဲ့ ၁၇ ဆောင်မြောက် ကောင်းကင်နန်း‌ဆောင်အဖြစ် မွေးရာပါမူလကောင်းကင်နန်းဆောင်ကို တည်ဆောက်နိုင်ပြီ”

(အရှေ့မှာ Etran နဲ့ MTL အကြည့်မှားပြီး ကောင်းကင်နတ်အရှင်ယွဲ့ကို အစ်မလို ရေးခဲ့မိပါတယ်... အဲဒီအတွက် စိတ်မရှိပါနဲ့)

All Chapters