← Chapters

မျိုးဆက်သစ်မှ မျိုးဆက်ဟောင်ကို အနိုင်ယူခြင်း

Vol. 95 Ch. 1242

မျိုးဆက်သစ်မှ မျိုးဆက်ဟောင်ကို အနိုင်ယူခြင်း

Vol. 95 Ch. 1242

မူလကောင်းကင်နန်းဆောင်သည် အသိစိတ်အလျဉ်ကောင်းကင်နန်းဆောင်နှင့် ဘဝပြန်ဝင်စားခြင်း ကောင်းကင်နန်းဆောင်ထက်ပင် ကြီးမားသော ဧရာမကောင်းကင်နန်းဆောင်ကြီးတစ်ခု ဖြစ်၏။ ချင်မူ့အပေါ် ပေးစွမ်းနိုင်သည့် အကျိုးကျေးဇူးများကလည်း အခြားကောင်းကင်နန်းဆောင်များထက် များပြားသည်။

ဤကောင်းကင်နန်းဆောင်ကိုသာ တည်ဆောက်နိုင်လျှင် ချင်မူ၏ သိုင်းအဆင့်နှင့် စွမ်းရည်တို့ကား တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် တိုးတက်လာလိမ့်မည်။

သို့သော် များစွာမကြာလိုက်ဘဲ တာအိုဗျပ်စောင်းကြိုးများက တီးခတ်နေခြင်း ရပ်တန့်သွားသည်။ ချင်မူက ဗျပ်စောင်းကြိုးများဆီ ကြည့်လိုက်ရာ မဟာဧကရာဇ်၏ ခြေထောက်အောက်ရှိ ကြာပွင့်သဏ္ဍာန်မြေထုမှာ အမှုန့်ကြေသွားကြောင်း တွေ့လိုက်ရ၏။

နောက်ဆုံးတော့ မဟာဧကရာဇ် လွတ်မြောက်သွားချေပြီ။

မဟာဧကရာဇ်အနေဖြင့် သူ့ကိုယ်ပိုင်စွမ်းအားသက်သက်နှင့်သာ ကောင်းကင်နတ်အရှင်လင်နှင့် ကောင်းကင်နတ်အရှင်ယွင်တို့ ထားရှိခဲ့သော အချုပ်အနှောင်များအား ဖျက်ဆီးနိုင်ရန် အတော်လေး ခက်သည်။ သို့သော် မဟာဧကရာဇ်၏ ဥပါယ်တံမျဉ်က ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတို့၏ စွမ်းအားကို ငှားယူကာ သူ၏အချုပ်အနှောင်တို့အား ဖျက်စီးရန် ဖြစ်ခဲ့သည်။

သို့သော် အချုပ်အနှောင်များအား ချိုးဖျက်နိုင်ခဲ့သော်လည်း ကောင်းကင်နတ်အရှင်ဟောင်ကြောင့် ဒဏ်ရာရသွားသည့်အတွက် သူ၏နှုတ်ခမ်းထောင့်တွင် သွေးတို့ ပေကျံနေသည်။

“ဟားဟားဟား”

မဟာဧကရာဇ်က အားရပါးရ ရယ်လိုက်၏။ သူ့ခြေထောက်များတွင် ပြတ်တောက်နေသော အမြစ်များဖြင့် စိုက်သေည်။ သူက အော်ဟစ်လိုက်သည်။ “နောက်ဆုံးတော့ ငါ လွတ်မြောက်ပြီ… လွတ်မြောက်လာခဲ့ပြီ… ချီးထုပ် ကောင်းကင်နတ်အရှင်ယွင်နဲ့ ကောင်းကင်နတ်အရှင်လင် မင်းတို့ ငါ့အပေါ် မကောင်းကြံခဲ့ကြပေမယ့် မင်းတို့အားလုံး ငါ့လက်ထဲမှာ သေခဲ့ရတယ်မလား… ငါကတော့ ပြန်လည်ရှင်သန်လာခဲ့ပြီကွ”

သူ့ခြေထောက်ပေါ်ရှိ သစ်မြစ်ကြီးများ အပိုင်းပိုင်း ပြတ်ကျလာကြသည်။ ထိုအမြစ်များမှာ ဖန်ဆင်းရှင်တို့၏ အထွတ်အမြတ်ပစ္စည်းများပင် ဖြစ်သည်။ ဖန်ဆင်းရှင်တို့သည် အထွတ်အမြတ်ပစ္စည်းများအား ဘိုးဘေးနန်းတော်ထဲတွင် ရှာတွေ့ခဲ့ပြီးနောက် နှစ်ပေါင်းမရေမတွက်နိုင်အောင် ပေးဆပ်လျက် ပျိုးထောင်ခဲ့ကြရ၏။

အထွတ်အမြတ်ပစ္စည်းအချို့က ယဇ်နတ်ဘုရားများ ဖြစ်လာကြပြီး အချို့ကတော့ မူလပုံစံအတိုင်းသာ ရှိခဲ့ကြသည်။

မဟာဧကရာဇ်နှင့် တိုက်ပွဲတွင် မဟာလေဟာနယ်မှ ဖန်ဆင်းရှင်များသည် ထောင်ချောက်များဆင်ရန် သူတို့၏ အထွတ်အမြတ်ပစ္စည်းမှန်သမျှ အသုံးပြုခဲ့ကြ၏။ ထို့နောက်မှသာ မဟာဧကရာဇ်၏ ရုပ်ခန္ဓာကို ထိုးဖောက်နိုင်ခဲ့ကာ ကောင်းကင်နတ်အရှင်ယွင်၊ ကောင်းကင်နတ်ရှင်လင်နှင့် ကျန်ရှိသူများ ဝင်ရောက်တိုက်ခိုက်နိုင်ရန် အခွင့်အရေးရစေခဲ့သည်။

သို့သော် ယခုတော့ မဟာဧကရာဇ်၏ ရုပ်ခန္ဓာကို ချုပ်နှောင်ထားသော အထွတ်အမြတ်ပစ္စည်းများမှာ ပျက်စီးသွားချေပြီ။

မဟာဧကရာဇ်၏ ဒဏ်ရာများသည် အလျင်အမြန် သက်သာလာနေပြီး နောက်ဆုံး မည်သည့်ဒဏ်ရာမှ မရှိတော့ပေ။

သူ၏အသိစိတ်အလျဉ်မှာလည်း အားကောင်းလွန်းသောကြောင့် ခေါင်းဖြတ်ခံရလျှင်တောင်မှ မြင်ယောင်ဖန်ဆင်းနည်းလမ်းဖြင့် အလွယ်တကူ ပြန်ပေါက်လာအောင် လုပ်နိုင်သည်။

သူ့လို ဖြစ်တည်မှုမျိုးအတွက် သူ၏အသက်ဓာတ်သည် ဝိညာဉ်တစ်ခု၊ မူလဝိညာဉ်တစ်ခု သို့မဟုတ် ရုပ်ခန္ဓာတစ်ခု မဟုတ်တော့ပေ။ သူ၏အသက်ဓာတ်က အသိစိတ်အလျဉ် ဖြစ်လာသည်။ သူ၏အသိစိတ်အလျဉ်သာ မငြိမ်းသွားလျှင် သူကား ဘယ်တော့မှ ယတိပြတ် သေဆုံးလိမ့်မည် မဟုတ်ပေ။

သို့သော် သူကား သူ၏အသိစိတ်အလျဉ်အား အန္တိမဟင်းလင်းပြင်ထဲအထိ ဖြန့်ကျက်ထည့်သွင်းထားပြီဖြစ်ရာ သေခြင်းနိုင်ခြေလည်း မရှိတော့ပေ။

ဖန်ဆင်းရှင်တို့ ပြောကြသည့် အသန်မာဆုံးသော ရုပ်ခန္ဓာကြီးသည် နောက်ဆုံးတော့ ၎င်း၏ အစွမ်းတို့အား အပြည့်အစုံ ထုတ်ဖော်ပြသခွင့် ရခဲ့လေပြီ။

မဟာဧကရာဇ်က ကျယ်လောင်စွာ ရယ်မောလိုက်ရင်း ကြောက်မက်ဖွယ် အသိစိတ်အလျဉ်ကို ထုတ်ဖော်လိုက်သည်။ သူ၏အသိစိတ်အလျဉ်သည် ဤလောကတွင် ပြိုင်ဘက်ကင်း၏။ သူက ကြာပွင့်သဏ္ဍာန်မြေပြင်မှ မလွတ်မြောက်သေးခင်ကပင် နတ်ဘုရားမြို့တစ်မြို့လုံးအပြင် ရှန့်ပင်းယင်ကဲ့သို့ ဧကရာဇ်ပလ္လင်အဆင့် ပုဂ္ဂိုလ်မျိုးကိုပါ ထိန်းချုပ်နိုင်ခဲ့သည် မဟုတ်ပါ‌လော။

ရှန့်ပင်းယင်မှာ တာအိုနှလုံးသား၏ ပြစ်ချက်ကြောင့် အလွယ်တကူ ထိန်းချုပ်ခံခဲ့ရသော်လည်း ဧကရာဇ်ပလ္လင်အဆင့် ပုဂ္ဂိုလ်မျိုးအား အလွယ်တကူ ထိန်းချုပ်နိုင်ခြင်းက အံ့သြဖွယ်ကောင်းသော စွမ်းရည်တစ်မျိုး ဖြစ်နေသေး၏။

သို့သော် မဟာဧကရာဇ်၏ အသိစိတ်အလျဉ်သည် အခြားသူများအပေါ် ထိန်းချုပ်ရုံသာ မဟုတ်ပေ။ ၎င်းက မြင်ယောင်ဖန်ဆင်းခြင်း ဖြစ်သည်။

“ကောင်းကင်နတ်အရှင်ဟောင်၊ မြင်ယောင်ဖန်ဆင်းခြင်းဆိုတာ ဘာလဲ ပြပေးမယ်”

မဟာဧကရာဇ်၏ ဆံပင်ရှည်များက ထုံးဖွဲ့သွားပြီး ဆံနွယ်များမှာ တစ်ပင်နှင့် တစ်ပင် ရစ်ပတ်သွားကြသည်။ သူ၏ဆံပင်က ထူထဲပြီး သူ၏မျက်နှာက ခက်ထန်နေသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ဟောင်တစ်ယောက်တည်းသား သူ၏ အသိစိတ်အလျဉ်ထဲတွင် တာအိုပုံပျက်မှုများကို ခံစားလိုက်ရခြင်းမဟုတ်၊ အဝေးရှိ ချင်မူတို့ပင်လျှင် မဟာဧကရာဇ်၏ အသိစိတ်အလျဉ် တာအိုအဖြစ် ပြောင်းလဲနေသည်ကို ခံစားရနိုင်ကြသည်။

အသိစိတ်အလျဉ်ကို တာအိုအဖြစ်ပြောင်းလဲခြင်း ..... ချင်မူ တစ်ခါမှ မကြုံတွေ့ခဲ့ဖူးသည့် အဆင့်မျိုး ဖြစ်လေသည်။

မဟာဧကရာဇ်သည် သူ၏ အသိစိတ်အလျဉ်ကို မဟာတာအိုအဖြစ် အမှန်တကယ် မပြောင်းလိုက်ဘဲ အသိစိတ်အလျဉ်၏ သဘာဝကို ငှားယူလျက် ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုကို မြင်ယောင်ဖန်ဆင်းလိုက်၏။

ဤသည်က တာအိုကို ဖန်တီးသော အဆင့်အထိ ရောက်နေချေပြီ။

“မဟာဧကရာဇ်ရဲ့ အစွမ်းအစတွေက ကောင်းကင်နတ်ဧကရာဇ်ရဲ့ ထိုက်ချူကျောက်တုံးထဲက အစွမ်းတွေနဲ့ တူတူပဲ…. နှစ်ခုလုံးက မဟာကမ္ဘာဦးအစ တာအိုကနေ ဆင်းသက်လာကြတာ… မွေးရာပါမူလချီနဲ့ အသိစိတ်အလျဉ်တာအိုနှစ်ခုလုံးက မဟာကမ္ဘာဦးအစမဟာတာအိုနဲ့ သက်ဆိုင်တယ်”

အလင်းကြိုးမျှင်ထဲတွင် ချင်မူမှာ ပို၍ပင် စိတ်လှုပ်ရှားနေပြီး ကောင်းကင်နတ်သိုင်းလှိုင်းဂယက်များကြောင့် ဖြစ်ပေါ်လာနေသော ဗျပ်စောင်းသံအား ဆက်လက်နားဆင်နေသည်။ “တတိယကောင်းကင်ဆရာသခင်၊ နည်းနည်း အနားကပ်သွားလို့ရမလားဗျ… နူးညံ့ညင်သာလွန်းလို့ ဖမ်းမရဖြစ်နေတဲ့ တာအိုစည်းမျဉ်းတွေ အများကြီးပဲ”

ပိုင်ယွီကျင့်က တခဏ ချီတုံချတုံဖြစ်သွားပြီးနောက် ‌ခေါင်းရမ်းလိုက်သည်။ “ဒီထက်ပိုပြီးအနားကပ်သွားရင် ဒီမီးအိမ်ရဲ့ အစွမ်းအစကို ကျော်သွားမိလိမ့်မယ်… ပြီးတော့ ငါလည်း နင်တို့ကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”

လန်ယွီတျန်းက တောင်းဆို၏။ “မမကြီး၊ အနားကပ်သွားလို့ ရမလားဟင်”

ပိုင်ယွီကျင့်မှာ သူတို့နှစ်ယောက်ကို ကြည့်လိုက်ရင်း စိတ်ယိုင်သွားသည်။ သူမက အံကြိတ်လျက် ပြောလေသည်။ “ကောင်းပြီ… ဒါဆိုလည်း အနားကပ်ကြတာပေါ့… ဒါပေမဲ့ အရမ်းနီးနီးတော့ ကပ်လို့မရဘူး မဟုတ်ရင် ငါ အချိန်မီ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး”

ချင်မူမှာ လန်ယွီတျန်းကို ကြည့်ရင်း စိတ်ထဲတွင် ဝမ်းနည်းလာမိသည်။ ‘ငါက အသက်ကြီးလာပြီဆိုတော့ ရိုးအချင်ယောင် ဆောင်လို့ မရတော့ဘူး… ကောင်းကင်နတ်အရှင်ယွီပဲ ဆက်ပြီး ရိုးအချင်ယောင် ဆောင်လို့ရတော့တယ်… ပိုင်ယွီကျင့်ကလည်း အလင်းကြိုးမျှင်တွေကို သူ့ကြောင့်ပဲ ရွှေ့ပေးဖို့ သဘောတူခဲ့တာ…’

ဒုက္ခိတဘိုးဘွားကျေးရွာမှ ထွက်လာခဲ့ပြီး ဆေးဆရာဆီမှ သင်ယူခဲ့ရသော ကောင်လေးတစ်ယောက်အနေဖြင့် သူသည် မိန်းကလေးများအား ချုပ်တတ်ခဲ့၏။ သို့သော် ယခုတော့ အတိတ်တွင်သာ ကျန်ခဲ့လေပြီ။

ယခုအချိန်တွင် ကောင်းကင်နတ်အရှင်မူ ဆိုသည်မှာ မြေခွေးအိုကြီးလို ကောက်ကျစ်စဉ်းလဲ၍ ရက်စက်သည်ဟု ထင်ကြတော့သည်။ သူ ချစ်စဖွယ်ကောင်းအောင် ပြုမူလျှင်တောင်မှ မိန်းကလေးများက သူ့အား မယုံကြည်ကြတော့ပေ။

ပိုင်ယွီကျင့်က မီးအိမ်ကို ရွှေ့လာရာ အလင်းကြိုးမျှင်များလည်း ရှေ့သို့ ရွေ့သွားသည်။ သူမက သူတို့နှစ်ယောက်အား ပြောသည်။ “မောင်လေးလန်၊ ငါက ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ တပည့်ဆိုပေမယ့် ငါသင်ခဲ့ရတဲ့ စွမ်းရည်တွေက နှစ်ပေါင်းများစွာတုန်းက ဟာတွေပဲ… ကောင်းကင်နတ်အရှင်ယွဲ့က နေရာရွှေ့ပြောင်းတာအိုကို တီထွင်ခဲ့ပြီး လောကထဲ နေရာမှန်သမျှ သွားနိုင်ပေမယ့် ငါကတော့ မသွားနိုင်ဘူး… ငါ သူ့ရဲ့ တပည့်ဖြစ်လာချင်သေးပေမယ့် တုံ့ဆိုင်းနေမိတယ်…”

လန်ယွီတျန်းက မျက်လုံးကလေး ကလယ်ကလယ်ဖြင့် စပ်စုသည်။ “ဘာလို့ တုံ့ဆိုင်းနေရတာလဲ… “

ပိုင်ယွီကျင့်က ချင်မူကို လှည့်ကြည့်ကာ မည်သည်မှ မပြောပေ။

ပိုင်ယွီကျင့်သည် ကောင်းကင်နတ်အရှင်ယွဲ့နှင့် တောင်နတ်မင်းကျုချွဲတို့ကြားမှ မိတ်ဆွေသံယောဇဉ်ကြောင့် သူမခန္ဓာကိုယ်ထဲရှိ တောင်နတ်မင်းဝိညာဉ်အား နှိုးထစေမည်ကို စိုးရိမ်နေခြင်းဖြစ်ကြောင်း ချင်မူ နားလည်၏။

ပိုင်ယွီကျင့်က တစ်ကိုယ်ကောင်းဆန်ပြီး ရည်ရွယ်ချက်များ ရှိနေသော်လည်း ၎င်းက သူမ၏အပြစ် မဟုတ်ပေ။

မီးအိမ်မှာ ကန့်သတ်ချက်သို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း ပိုင်ယွီကျင့် ခံစားလိုက်ရပြီး ဗျပ်စောင်းသံက ပိုမိုကြည်လင်လာသည်။ သူမက ချက်ချင်း ရပ်၍‌ ပြောသည်။ “ရှေ့ဆက်မသွားနဲ့တော့… ငါက အမြဲတမ်း သတိကြီးတဲ့သူပါ… နင်တို့ညီအစ်ကိုနှစ်ယောက်နဲ့ တွေ့တော့မှ ဒီလိုအန္တရာယ်ကြီးကို ဘာလို့ စွန့်စားနေမိတာလဲ”

သူမမှာ ငိုရခက်၊ ရယ်ရခက် ဖြစ်နေရှာသည်။

ချင်မူက မဟာဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတို့ကြားရှိ တိုက်ပွဲအား အဝေးမှ ကြည့်ရင်း ဗျပ်စောင်းသံအား နားထောင်နေ၏။ နားမှ ကြားရသည့် သဘောတရားတို့အား မျက်စိနှင့်မြင်နေရသော မြင်ကွင်းနှင့် တိုက်ကြည့်သည့်အခါ မူလချီအပေါ် သူ၏နားလည်မှုမှာ ပိုမိုနက်ရှိုင်းလာသည်။

မဟာဧကရာဇ်၏ အသိစိတ်အလျဉ်သည် တာအိုအဖြစ် ဖွဲ့တည်သွားပြီးနောက် တစ်ချက်ရွေ့လျားလိုက်ပါက မဟာတာအိုကလည်း ပြန့်ကားလာသည်။ ထိုမျှသာမက သူ၏မဟာတာအိုက သူ၏ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံပေးထားကာ အင်မတန် ကြောက်မက်ဖွယ်ကောင်းသော အခြေအနေတစ်ခုသို့ ရောက်ရှိနေစေသည်။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ထိန်းချုပ်နေသော ကောင်းကင်နတ်အရှင်ဟောင်ပင်လျှင် သူ၏လက်သီးချက်များ၌ ကိန်းဝပ်နေသော မဟာတာအိုစွမ်းအားကို မခုခံနိုင်ပေ။

ဝုန်း…

ကြောက်မက်ဖွယ် လှိုင်းဂယက်များ လိမ့်ထွက်လာကာ အလင်းကြိုးမျှင်များအား လှုပ်ခါသွားစေသည်။ တိုက်ပွဲ၏ဗဟိုတွင် မဟာဧကရာဇ်၏ တိုက်ကွက်တိုင်းသည် သဘာဝကျနေပြီး ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီမှာ သူ၏ဖိအားအောက်တွင် နောက်ဆုတ်နေရ၏။

မဟာဧကရာဇ်၏ကြွက်သားများက ကမ္ဘာဦးခေတ် ဘိုးဘေးနန်းတော်ထဲရှိ ရှေးအကျဆုံး ကျောက်တုံးတွင်းကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည်။ သူ့လက်သီးများက သံမဏိလက်သီးများကဲ့သို့ မာကြောနေပြီး အရိုးများကလည်း ကြေးအရိုးများအဖြစ် သွန်းလုပ်ခံထားရသယောင်ပင်။

သူ လက်သီးတစ်ချက် ထိုးလိုက်တိုင်း မဟာတာအိုသံ ပဲ့တင်ထပ်သွားသည်။ စွမ်းအားက သူ့လက်သီးဗဟိုတွင် စုစည်းသွားပြီး သူထိုးလိုက်သည့်အချိန်တွင် မဟာတာအိုသည် ပေါက်ကွဲသွား၏။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီမှာ ရက်ရက်စက်စက် ထိုးနှက်ခံနေရကာ အနောက်သို့ ဆုတ်နေရတော့သည်။

မဟာဧကရာဇ်သည် သမိုင်းကြောင်းတွင် အသန်မာဆုံး ရုပ်ခန္ဓာဖြစ်သည်ဟု ဖန်ဆင်းရှင်များ ပြောခဲ့ရည့် အကြောင်းအရင်းကို ချင်မူ နားလည်ခဲ့လေပြီ။ ဤသို့စွမ်းအားမျိုးကား ပြိုင်ဖက်ကင်းပေသည်။

သို့သော် ကမ္ဘာဦးခေတ်မှ မဟာဧကရာဇ်သည် ဤမျှအားကောင်းပြင်းထန်ခြင်း မရှိကြောင်းလည်း သူ တွေ့မြင်နိုင်၏။

မဟာဧကရာဇ် အတိုင်းထက်အလွန် အားကောင်းသန်မာလာရခြင်းမှာ နတ်အရှင်မချန်းအဖြစ် နေထိုင်ပြီး လွန်ခဲ့သည့် နှစ်တစ်သန်းမှ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများကို သင်ယူလေ့လာခဲ့သောကြောင်ပ့င်။

အရေးကြီးဆုံးအချက်က တာအိုဘိုးဘေးကြီးသည် ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုသင်္ကေတအားလုံးကို ပုံတူကူးရေးထားခဲ့ပြီး ဖြစ်သည် မဟုတ်လော။

မဟာဧကရာဇ်၏ အသိစိတ်အလျဉ်နှင့် ရှေးဟောင်းနတ်ဘုရားတို့၏ မဟာတာအိုသင်္ကေတအားလုံးက သူ၏ရုပ်ခန္ဓာနှင့် အသိစိတ်အလျဉ်ကို အံ့မခန်းလိလိ တိုးမြင့်သွားစေသည်။

‘တစ်နည်းပြောရရင် နတ်အရှင်မချန်းက မဟာဧကရာဇ်ရဲ့ ရုပ်ခန္ဓာနဲ့ ဆက်သွယ်ပြီးတော့ သူ့ရဲ့ အသိပညာတွေကို လွဲပြောင်းပေးခဲ့ပြီးပြီပဲ' ချင်မူက တွေးနေသည်။

ကောင်းကင်နတ်အရှင်ဟောင်သည် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ သုံး၍ မဟာဧကရာဇ်အား ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်နေသော်လည်း သူ၏ခန္ဓာကိုယ်အစစ်ဖြင့် မဟာဧကရာဇ်ကို ထိပ်တိုက်မရင်ဆိုင်ရဲပေ။ ထိုအစား ဟိုဟိုသည်သည် ပျံသန်းရင်း မဟာဧကရာဇ်၏ ရုပ်ခန္ဓာအား ကောင်းကင်နတ်သိုင်းများနှင့် တိုက်ခိုက်နေချေသည်။

သို့သော် မဟာဧကရာဇ်အတွက်တော့ အယားပြေ ကုတ်ပေးနေသလိုသာ ရှိသည်။

မဟာဧကရာဇ်၏ ခန္ဓာကိုယ်ပတ်ပတ်လည်ရှိ မဟာတာအိုများသည် လျင်မြန်စွာ စုစည်းသွားပြီး တာအိုအား ရုပ်လုံးပေါ်လာစေသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ကောင်းကင်နှင့်မြေကြီး၏ မဟာတာအိုက ရုပ်ခန္ဓာတည်ရှိသော မဟာတာအိုရှေးဟောင်းနတ်ဘုရားများအဖြစ် ပြောင်းလဲသွားကြ၏။

ရွှမ်တုမှ ယိုတု၊ အရှေ့ဝင်ရိုးစွန်းမှ အနောက်ဝင်ရိုးစွန်း၊ ကမ္ဘာဦးဘုံမှ အဆုံးသတ်မြို့ပျက်အထိ ရှေးဟောင်းနတ်ဘုရားအားလုံး သူ့ခန္ဓာကိုယ်ထဲတွင် မားမားမတ်မတ် ရပ်တည်နေကြသည်။

သူ့မျက်ခုံးနှစ်ဖက်၏ အလယ်တွင် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် အသွင်‌ဆောင်နေသော မဟာတာအိုတစ်ခုပင် ဖွဲ့တည်နေ၏။

All Chapters