← Chapters

ရှေးဟောင်းနတ်ဘုရားတို့အား အုပ်စိုးသူ

Vol. 95 Ch. 1243

ရှေးဟောင်းနတ်ဘုရားတို့အား အုပ်စိုးသူ

Vol. 95 Ch. 1243

ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်အရှင်ဆယ်ပါးသည် မဟာဧကရာဇ်၏ လက်ရှိအခြေအနေမျိုး ဖြစ်ချင်ခဲ့သောကြောင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ဖန်တီးခဲ့ကြခြင်းဖြစ်သည်။ သို့သော် သူတို့၏ကိုယ်ပိုင်စွမ်းအားမဟုတ်ဘဲ ပြင်ပခန္ဓာတစ်ခုကို ငှားရသည့်သဘောသာ ရှိခဲ့သည်။

အခြားတစ်ဖက်တွင် မဟာဧကရာဇ်ကား ဤအဆင့် သို့မဟုတ် သည့်ထက်ပို အင်အားကြီးမားသော အဆင့်ကို တစ်ယောက်တည်း ရယူနိုင်လေသည်။

“ကမ္ဘာဦးခေတ်ရဲ့ ပြိုင်ဘက်ကင်းအရှင်သခင်က အံ့သြဖို့ကောင်းလိုက်တာ”

ချင်မူမှာ အံ့ဩစွာဖြင့် ရေရွတ်မိသည်။ မဟာဧကရာဇ်၏ လက်ရှိအခြေအနေက သူ၏ အင်အားအကြီးမားဆုံး အခြေအနေ မဟုတ်သေးပေ။ သူ၏ အင်အားအကြီးမားဆုံး အခြေအနေသို့ ရောက်ရှိရန် မျက်ခုံးနှစ်ဖက်ကြားတွင် မဟာကမ္ဘာဦးအစမူလကျောက်တုံးတစ်တုံးအား မြှုပ်နှံထားရန် လိုအပ်သည်။

ထိုမျှသာမက နတ်အရှင်မချန်း၏ မှော်စွမ်းအင်နှင့် အသိစိတ်အလျဥ်ကိုလည်း ဆွဲထုတ်ရပေလိမ့်မည်။

ထိုအချိန်တွင်တော့ ပြီးပြည့်စုံသော မဟာဧကရာဇ် ဖြစ်လာပေမည်။

မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်နယ်ပယ်ဖြင့် မဟာဧကရာဇ်၏ ဤအသွင်သဏ္ဍာန်သည် ရှေးခေတ်ဦးမှ စတင်၍ ယနေ့ခေတ်အထိ ကြောက်မက်ဖွယ်အကောင်းဆုံး ဖြစ်တည်မှု ဖြစ်၏။

ယခုတွင် ဖန်ဆင်းရှင်များ ရှေးဟောင်းနတ်ဘုရားများအား ကျွန်ပြုနိုင်ခဲ့သည့် အကြောင်းရင်းကို ချင်မူ နားလည်ခဲ့ချေပြီ။ ၎င်းက အာချောင်ခဲ့ခြင်းသာ မဟုတ်ခဲ့ပေ။

‌မဟာဧကရာဇ်ကဲ့သို့ ချောက်ချားဖွယ်ရာ မကောင်းဆိုးဝါးတစ်ကောင်ကို ဖန်ဆင်းခဲ့သူများက ကမ္ဘာဦးခေတ်၏ ဖန်ဆင်းရှင်များ မဟုတ်ပါလော။

သူတို့သည် မဟာဧကရာဇ်တစ်ယောက်တည်းမဟုတ်၊ ဒုတိယမဟာဧကရာဇ်၊ တတိယမဟာဧကရာဇ်တို့ကိုလည်း ဖန်ဆင်းနိုင်ကြ၏။ ရှေးဟောင်းနတ်ဘုရားများအပေါ် ကျွန်ပြုခဲ့ခြင်းကား မုသားစကား ဟုတ်မနေ။

“ဒါပေမဲ့ မဟာကမ္ဘာဦးအစတာအိုရဲ့ အသိစိတ်အလျဉ်လမ်းစဉ်မှာ အားနည်းချက်ကြီးတစ်ခု ရှိတယ်…. အဲ့ဒါက ကောင်းကင်နတ်အရှင်လင်ရဲ့ မပြောင်းလဲတဲ့ ဒြပ်ထု ကောင်းကင်နတ်သိုင်းပဲ”

ချင်မူ့မျက်နှာအမူအရာမှာ ထူးဆန်းနေသည်။ မ‌ပြောင်းလဲသော ဒြပ်ထု ကောင်းကင်နတ်သိုင်း၏ လွှမ်းမိုးမှုအောက် ရောက်သွားလျှင် မဟာဧကရာဇ်အနေဖြင့် မည်သည်ကိုမှ မြင်ယောင်မဖန်ဆင်းနိုင်တော့သလို မည်သည့်မဟာတာအိုကိုမှလည်း မတွေးတောနိုင်ပေ။ သူသည် လုံးလုံးလျားလျား ဖိနှိပ်ခံရပြီး ခုခံနိုင်စွမ်းလည်း ရှိမည်မဟုတ်။

ပြီးပြည့်စုံသည့် မပြောင်းလဲသော ဒြပ်ထု ကောင်းကင်နတ်သိုင်း၏ လွှမ်းမိုး‌မှုအောက်တွင် သူ့အနေဖြင့် ကျောက်ရုပ်မဖြစ်ခင် လှုပ်ရှားချိန်ပင် ‌ရလိုက်မည်မဟုတ်။

မွေးရာပါမူချီနှင့် ယှဉ်လျှင် အသိစိတ်အလျဉ်လမ်းစဉ်တွင် ယခုလို အားနည်းချက် ရှိနေသည်။

မူလချီဆိုသည်မှာ ပကတိမူလအစ တာအိုမှ ဖြစ်သည်။ ၎င်းသည် မပြောင်းလဲသောဒြပ်ထု ကောင်းကင်နတ်သိုင်းကို ခုခံနိုင်ပြီး ကောင်းကင်နတ်သိုင်းပိုင်ရှင်ကိုပင် သတ်ပစ်နိုင်၏။

'ဒါက မဟာဧကရာဇ်ရဲ့ လူ၀င်စား မင်ဖန်းယွီက ကောင်းကင်နတ်ဧကရာဇ်ထိုက်ချူရဲ့ ရုပ်ခန္ဓာကို ထိန်းချုပ်ပြီး ကောင်းကင်နတ်အရှင်လင်ကို သတ်နိုင်ခဲ့တဲ့ အကြောင်းပြချက်ပဲ ဖြစ်လိမ့်မယ်’ သူက တစ်ယောက်တည်း‌ တွေးနေသည်။

ရုတ်တရက် ဆန်းပြားသော တာအိုသံတစ်သံ သူ့ဘေးမှ ထွက်လာသည်ကို ကြားလိုက်ရသည်။ သူ အလျင်အမြန် လှည့်ကြည့်လိုက်ရာ လန်ယွီတျန်းသည် ဗျပ်စောင်းသံမှ တာအိုသံများကို နားထောင်ရင်း တာအိုတွေးခေါ်သုံးသပ်သည့် အခြေအနေသို့ ရောက်ရှိနေကြောင်း မြင်လိုက်ရသည်။

ချင်မူမှာ ကြောင်အသွားမိသည်။ သူ့တွင် ကောင်းကင်နတ်ဧကရာဇ်၏ ဥခွံ၊ မူလချီတို့ ရှိပြီး အသိစိတ်အလျဉ်လမ်းစဉ်တွင်လည်း အံ့မခန်းလိလိ အောင်မြင်ထားသည့်အပြင် မဟာလေဟာနယ်ဖန်ဆင်းရှင်များနှင့် ဘိုးဘေးဝိညာဉ်လောကမှ ဘိုးဘေးဝိညာဉ်များဆီမှ အသိပညာများ လွှဲပြောင်းရယူခဲ့ရသည့်တိုင် ဗျပ်စောင်းသံကို ကြားရပြီး‌နောက် တာအိုတွေးခေါ်ခြင်းအခြေအနေသို့ မရောက်ရှိခဲ့ပေ။

အခြားတစ်ဖက်တွင် ဤသည်မှာ လန်ယွီတျန်းအတွက် အသိစိတ်အလျဉ်တာအိုနှင့် မူလချီအား ပထမဆုံး‌ တွေ့ကြုံဖူးခြင်း ဖြစ်ပေသည်။ သို့ထိတိုင် သူကား ဗျပ်စောင်းသံကို နားထောင်ရင်း တာအိုတွေးခေါခြင်းအခြေအနေသို့ ရောက်ရှိသွားချေပြီ။ ဤပါရမီမျိုးကား မခမ်းနား၊ မကြီးကျယ်လှဘူးလော။

ချင်မူက တစ်ယောက်တည်း ပွစိပွစိ ရေရွတ်ရင်း အိပ်မက်ကမ္ဘာထဲ ၀င်ရောက်လိုက်သည်။ အိပ်မက်ကမ္ဘာသည် အလင်းကြိုးမျှင်များမှ ပျံ့ထွက်လာပြီး မရေမတွက်နိုင်သော ချင်မူပိစိလေးများသည် ဗျပ်စောင်းသံကို နားထောင်လျက် ဆန်းကြယ်မှုအား နားလည်နိုင်ရန် အားထုတ်နေကြ၏။

သူ၏ပါရမီက လန်ယွီတျန်းထက် နိမ့်ကျသော်လည်း လန်ယွီတျန်းမှာ သူ့လောက် သင်္ချာမတော်ပေ။ သူ၏ဗုဒ္ဓနှလုံးသားမှာလည်း သူ့အောက် နိမ့်ကျသေးသည်။

ထို့ကြောင့် ချင်မူအနေဖြင့် သူ၏အိပ်မက်ကမ္ဘာသို့ ၀င်ရောက်၍ နားလည်သိမြင်နိုင်သော်လည်း လန်ယွီတျန်းမှာတော့ မလုပ်နိုင်ချေ။ ဤသည်က ချင်မူ၏ ဖြတ်လမ်းဖြစ်ပြီး မည်သူမှ သူ့ကို အားကျနိုင်မည် မဟုတ်ပေ။

သူ၏ရုပ်ခန္ဓာက အိပ်ပျော်သွားသော်လည်း မူလဝိညာဉ်က မျက်လုံးများ ဆက်ဖွင့်ထားသည်။ သူက မူလဝိညာဉ်ကို သုံး၍ မဟာဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်ဟောင်တို့ကြားရှိ တိုက်ပွဲအား ကြည့်ရှုကာ ကောင်းကင်နတ်သိုင်းများအား နားလည်နိုင်အောင် ကြိုးစားနေသည်။

ပိုင်ယွီကျင့်မှာ သူတို့နှစ်ယောက်ကို ကြည့်ရင်း ပါးစပ်အဟောင်းသားဖြစ်နေတော့သည်။

တခဏကြာပြီးနောက် သူမက ခပ်ဖွဖွ ‌သက်ပြင်းချလိုက်သည်။

“ငါ လက်ရှိ ငါ့နေရာအထိ ရောက်နိုင်ခဲ့တာ အတိတ်ဘ၀ ၂၀၀ ရဲ့ အတွေ့အကြုံတွေကြောင့်ပဲ… ဒါပေမဲ့ ကောင်းကင်နတ်အရှင်မူနဲ့ မောင်လေးလန်ကတော့ ဉာဏ်ပညာ၊ ပါရမီနဲ့အတူ မွေးဖွားလာခဲ့ကြတာ… တစ်ယောက်က အဖြေထုတ်ဖို့ ကျင့်စဉ်နဲ့ ကောင်းကင်နတ်သိုင်းကို သုံးတယ်… နောက်တစ်ယောက်တော့ လမ်းစဉ်ကို တိုက်ရိုက်၀င်ရောက်သွားကြတယ်… နှိုင်းယှဉ်လိုက်ရင်…”

သူမက ခေါင်းရမ်းလိုက်လိုက်သည်။ သူမလည်း ဗျပ်စောင်းသံမှ မဟာတာအိုဆန်းကြယ်မှုများကို နားလည်သိမြင်နိုင်သည့်တိုင် လုံးလုံးလျားလျား နားလည်နိုင်ရန် နှစ်ပေါင်းမည်မျှကြာမည်လဲ မသိပေ။

နှိုင်းယှဉ်ကြည့်ပါက သူမ၏ ဉာဏ်ပညာနှင့် ကျင့်စဉ်များမှာ ချင်မူ့အောက် နိမ့်ကျနေပြီး သူမ၏ပါရမီကလည်း လန်ယွီတျန်းနှင့် မိုးနှင့်မြေပမာပင်။

“လုံလက ပါရမီနေရာကို ဖြည့်ပေးနိုင်တယ်”

သူမက ချင်မူ့အိပ်မက်ကမ္ဘာထဲတွင် ပျားများအလား ကြိုးစားအဖြေထုတ်နေကြသော ချင်မူပိစိလေးများအား ကြည့်ရင်း ညည်းတွားလိုက်သည်။ “ဒါပေမဲ့ သူတောင် တခြားသူတွေလောက် ကြိုးစားတာမဟုတ်ဘူးလေ… ငါ တောင်နတ်မင်းရဲ့ ဝိညာဉ်ကို နှိုးလိုက်ရင်ရော… ငါ တောင်နတ်မင်း ဖြစ်လာရင်ရော…”

သူမမှာ ရုတ်တရက် ကြက်သီးတဖြန်းဖြန်း ထသွားပြီး ထိုကြောက်မက်ဖွယ်အတွေးကို မေ့ဖျောက်လိုက်သည်။

အဝေးတွင် ကောင်းကင်နတ်အရှင်ဟောင်သည် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ စွမ်းအားကို အဆုံးအစွန်အထိ ထုတ်သုံးနေသည်။ ဤဧရာမကောင်းကင်လက်နက်ကြီးမှာလည်း သွေးကြောများတွင် ရှေးဟောင်းနတ်ဘုရားများ နေထိုင်နေကြပြီး လောကတခွင်ရှိ လမ်းစဉ်များအား ထိန်းချုပ်နေသကဲ့သို့ တိုက်ပွဲစွမ်းအား လျှံထွက်နေသည်။

သို့သော် မဟာဧကရာဇ်နှင့် ယှဉ်ပါက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီမှာ နိမ့်ကျနေသေးချေသည်။

ရုပ်ခန္ဓာတွင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီအနေဖြင့် မဟာဧကရာဇ်နှင့် မယှဉ်နိုင်ပေ။ မဟာဧကရာဇ်၏ ရုပ်ခန္ဓာမှာ ဖန်ဆင်းခြင်းမဟာတာအိုမှ မွေးဖွားလာခြင်း မဟုတ်လော။ မဟာတာအို၏ ထောက်ပံ့မှုအား ရခဲ့သည်သာမက မဟာဧကရာဇ်သည် မဟာတာအို၏ ချီးမြှောက်ခြင်းလည်း ခံထားရသည်။ ကမ္ဘာဦးခေတ် ဖန်ဆင်းရှင်တို့ နေ့နေ့ညည ပြုပြင်မွမ်းမံပေးသည်ကိုလည်း ခံခဲ့ရသည်။

ချီစွမ်းအင်တွင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီသည် မဟာဧကရာဇ်ထက် ပို၍အားကောင်း၏။ သို့သော် မဟာဧကရာဇ်၏ အားသာချက်က အသိစိတ်အလျဉ်ဖြစ်သည့်အပြင် သူ၏အသိစိတ်အလျဉ်ကား အန္တိမဟင်းလင်းပြင်အထိ တက်ရောက်နိုင်သည်တိုင်အောင် အားကောင်းလှသည်။

ကောင်းကင်လက်နက်‌ ကောင်းကင်နတ်အရှင်ယွီပင်လျှင် ချီစွမ်းအင်တစ်ခုတည်းဖြင့် ထိုအဆင့်သို့ မရောက်ရှိနိုင်ပေ။

‌မဟာ‌ဧကရာဇ်၏ တိုက်ခိုက်မှုအောက်တွင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီမှာ အဆက်မပြတ် နောက်ဆုတ်နေရ၏။ သူ၏ အရေပြားနှင့် အသားမှာ စုတ်ဖွာပေါက်က်ပြဲနေကြပြီး ခန္ဓာကိုယ်ပေါ်ရှိ မဟာတာအိုသင်္ကေတအမှတ်အသားများလည်း ကြေမွနေကြသည်။ သူ့ခန္ဓာကိုယ်ထဲရှိ ရှေးဟောင်းနတ်ဘုရား အလင်းရောင်တို့မှာလည်း တစ်ခုပြီးတစ်ခု ငြိမ်းသတ်ခံနေရသည်။

ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီမှာ ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်‌သော်လည်း မဟာဧကရာဇ်အရှေ့တွင်တော့ ပယ်ပယ်နှယ်နှယ် ဆော်ပလော်တီးခံနေရသော ညီလေးတစ်ယောက်အလားပင်။

ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ဟောင်အနောက်၌ ကောင်းကင်နန်းဆောင်များ ရုတ်တရက် ဖွဲ့တည်လာသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ အနောက်တွင်လည်း ကောင်းကင်နန်းဆောင်များ ပေါ်လာပြီး မှော်စွမ်းအင်အား သိသိသာသာ တိုးတက်သွားစေသည်။

ကောင်းကင်နန်း‌ဆောင်များသည် ကောင်းကင်နတ်ဘုံနှစ်ဘုံအဖြစ် စုစည်းသွားပြီး ၎င်းတို့၏ တည်ဆောက်ပုံများမှာ ကွဲပြားန၏။ အမျိုးမျိုးသော ကောင်းကင်နန်းဆောင်များက အမျိုးမျိုးသော စွမ်းအားတို့အား ချုပ်ကိုင်လျက် ကောင်းကင်နတ်ဘုံအဆင့် သိုင်းကွက်များကို ဖော်ဆောင်ထားကြသည်။

ကောင်းကင်နတ်ဘုံနှစ်ဘုံ ပေါ်လာသည်နှင့် သူတို့၏ လမ်းစဉ်များ၊ ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းတို့၏ စွမ်းအားများမှာ ချက်ချင်း တဟုန်ထိုး မြင့်တက်ကုန်တော့သည်။

ကောင်းကင်နတ်အရှင်ဟောင်သည် အစာကို ချောင်းနေသည့် မြွေတစ်ကောင်ကဲ့သို့ တစ်ချိန်လုံး လျှိုထားခဲ့ရင်း တစ်ချက်တည်းဖြင့် အသေသတ်ရန် ရည်ရွယ်ထားခဲ့လေသည်။

ယခုတွင် သူ့မှာ အခံချည်းသာ ဖြစ်နေရာ လျှိုထားစရာ မလိုတော့ဘဲ အစွမ်းအစအစစ်များအား ထုတ်ပြရတော့သည်။

မဟာဧကရာဇ်က ရယ်၏။ “‌ကောင်းကင်နတ်အရှင်ဟောင်၊ ငါ ဒါမျိုးကို စောင့်နေတာကွ”

သူ၏အသိစိတ်အလျဉ်က အရှိန်ပြင်းပြင်း ပေါ်ထွက်လာပြီး သူ့အနောက်တွင် ကောင်းကင်နတ်ဘုံတစ်ဘုံအဖြစ် စုဝေးသွားသော ကောင်းကင်နန်းဆောင်များ ထွက်ပေါ်လာသည်။

ပိုင်ယွီကျင့်မှာ မျက်လုံးအပြူးသားဖြင့် ကြည့်နေမိသည်။ သူမနှလုံးသားမှာ တဒိန်းဒိန်း ခုန်နေချေသည်။

ဖြစ်နိုင်ချေတစ်ခုအား သူမ တွေးမိသွားသည်။ ကောင်းကင်နတ်အရှင်ဆယ်ပါးထဲမှ တစ်ပါးက မဟာဧကရာဇ်ပင်။

ကောင်းကင်နတ်အရှင်ယွင်နှင့် ကောင်းကင်နတ်အရှင်လင်တို့၏ သတ်ဖြတ်ခြင်း ခံခဲ့ရသော မဟာဧကရာဇ်သည် ကိုယ်ပိုင်ကောင်းကင်နတ်ဘုံကျင့်စဥ်အား နားလည်သိမြင်နိုင်မည် မဟုတ်ပေ။ ပြန်လည်ရှင်သန်လာပြီး အချိန်တိုလေးအတွင်း၌လည်း ကောင်းကင်နတ်ဘုံကျင့်စဉ်ကို နားမလည်နိုင်ပေ။ သူ့ကိုယ်ပိုင်ကောင်းကင်နတ်ဘုံကျင့်စဉ်ကို တည်ဆောက်နိုင်သည်မှာ .... ဖြစ်နိုင်ချေတစ်ခုသာ ရှိ၏။

“ဒါပဲ… မဟာဧကရာဇ်က ကောင်းကင်နတ်အရှင်ဆယ်ပါးကြားမှာ ပုန်းနေတာ…. ပြီးတော့ အဲဒီကောင်းကင်နတ်အရှင်ကလည်း အနီးမှာပဲ..”

သူမမှာ ကြက်သီးမွေးညင်းများ ထလာတော့သည်။

ကောင်းကင်နတ်အရှင်ဆယ်ပါးကြားတွင် ကိစ္စများ ရှုပ်ထွေးမှန်း သိထားသော်လည်း ဤမျှ ရှုပ်ထွေးလိမ့်မည်ဟု ထင်မထားခဲ့ပေ။

ကောင်းကင်နတ်အရှင်ဆယ်ပါးသည် ခမ်းနားထည်ဝါပြီး တန်ခိုးကြီးမား၏။ သူမကဲ့သို့ ကောင်းကင်ဆရာသခင်တစ်ပါးမှာလည်း လူအများ၏အမြင်တွင် တန်ခိုးကြီးမားသော်လည်း ကောင်းကင်နတ်အရှင်ဆယ်ပါးအတွက်တော့ မပြောပလောက်ပေ။ သူမအား ပုရွက်ဆိတ်လေးတစ်ကောင်ကဲ့သို့ နင်းချေပစ်နိုင်သည်။

ယခုတွင် ဤလျှို့ဝှက်ချက်အား သိရှိခဲ့ပြီဖြစ်ရာ သူမ မည်မျှကြာကြာ အသက်ရှင်နိုင်ပါတော့မည်နည်း။

ထိုအခိုက်အတန့်တွင် ချင်မူ၏ မူလဝိညာဉ်က သူ့ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ထွက်လာပြီး သူမအား စိတ်၀င်တစား ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ပိုင်ယွီကျင့်က စိတ်ထိန်းလိုက်ရင်း သူမ သိလိုက်သည့်အကြောင်းအား ပြောပြရန် ဆုံးဖြတ်လိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်နတ်ဘုံက ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ပါးက မဟာဧကရာဇ်ပဲ… သူ ဒီအနီးအနားမှာ ရှိနေတယ်”

ချင်မူ့မူလဝိညာဉ်က သူမကို ပြုံးပြပြီး အေးအေးလူလူ ပြောလေသည်။ “ကျွန်တော် သိပြီးသားပါ… ပြီးတော့ အဲ့ဒီကောင်းကင်နတ်အရှင်က နတ်အရှင်မချန်းဆိုတာလည်း ကျွန်တော် သိထားသေးတယ်… ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်က သူတို့ထဲက ကောင်းကင်နတ်အရှင်ရှောင်ဆိုတာရောပေါ့… ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက အရှင်မယွမ်မု၊ ကောင်းကင်နယ်စားမင်းနဲ့ ရှေးဟောင်းနတ်ဘုရားဘုရင်တို့ရဲ့ သရုပ်မှန်ကိုရော သိချင်သေးလားဗျ”

All Chapters