← Chapters

တစ်လောကလုံးတွင် အင်အားအကြီးမားဆုံး

Vol. 95 Ch. 1246

တစ်လောကလုံးတွင် အင်အားအကြီးမားဆုံး

Vol. 95 Ch. 1246

မဟာလေဟာနယ် ဖန်ဆင်းရှင်တို့၏ အတိုင်းအဆမဲ့အောင် ကျယ်ပြောလှသော မြေပြင်ပေါ်ရှိ ကောင်းကင်နတ်ဘုံသား နတ်ဘုရားမိစ္ဆာများ၊ ရွှင်ပျော်ပျော်ကျေးရွာ၊ ဖန်ဆင်းရှင်များနှင့် မဟာလေဟာနယ်ယိုတု၏ မိစ္ဆာနတ်ဘုရားများပင် ခေါင်း‌မော့ပြီး တစ်နေရာတည်းသို့ ကြည့်လိုက်ကြသည်။

တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းအောင် ကြောက်မက်ဖွယ်ရာ ကောင်းသည့် လှိုင်းတစ်လှိုင်းက ထိုနေရာမှ လာနေသည်။ ကမ္ဘာမြေအား ဖြိုခွဲ၍ ကောင်းကင်ကို ဖျက်စီးပစ်မည့် သတ္တဝါကြီးတစ်ကောင်က ၎င်း၏အားအင်ကို ပရမ်းပတာ ထုတ်လွှတ်လျက် မဟာလေဟာနယ်၊ ဖန်ဆင်းရှင်တို့ ဖန်ဆင်းထားသော ဤကမ္ဘာအား ဖျက်စီးနေသယောင်ပင်။

ထိုအားအင်က ကြီးမားပြင်းထန်လွန်းသောကြောင့် သူတို့ရင်ထဲတွင် ကြောက်စိတ်တို့ ပြည့်လာစေသည်။

ကောင်းကင်နှင့် မြေကြီးအား ပျက်စီးပြိုပျက်စေမည့် အခိုးအငွေ့များက မဟာလေဟာနယ်မြေထုဆီသို့ လျင်မြန်စွာ လိမ့်ဆင်းလာနေကြောင်း ခံစားနေရသည်။ ၎င်း ပျံ့နှံ့လာနေသည့် အမြန်နှုန်းက မျက်စိဖြင့် မြင်ရလောက်အောင် မြန်နေသည်။

ဧကရာဇ်ပလ္လင်အဆင့် ပုဂ္ဂိုလ်များပင် မျက်စိမျက်နှာ အကြီးအကျယ် ပျက်နေကြသည်။ ထိုလှိုင်းလုံးကြီးက အင်မတန်မှ အားကောင်းပြင်းထန်ပြီး မြန်လွန်းသဖြင့် သူတို့ပင် နားမလည်နိုင်တော့ပေ။ အဆိုပါအမြန်နှုန်းအား လိုက်မှီနိုင်မည့် ကောင်းကင်နတ်သိုင်းမရှိပေ။

ထို့ကြောင့် ဖြစ်နိုင်ခြေတစ်ခုတည်းသာ ရှိသည်။ မဟာလေဟာနယ်ကား ပြိုကွဲနေချေပြီ။

ကောင်းကင်နတ်ဘုံ၏ ပင်မစစ်စခန်းထဲတွင်

အ‌ရှေ့နတ်ဘုရားမြို့၏ မြို့တံတိုင်းထက်၌ ဒုတိယကောင်းကင်ဆရာသခင် မုန့်ယွင်ကွေ့က ကောင်းကင်အလွန်ရှိ ဟင်းလင်းပြင်ဆီသို့ မော့ကြည့်နေသည်။ သူ့မျက်နှာမှာ သွေးဆုပ်ဖြူလျော်နေပြီး သူ့လက်အောက်က စစ်သည်တော်များနည်းတူ သူ့ရင်ထဲ၌ ကြောက်စိတ်သာ ရှိတော့သည်။

“ဉာဏ်ကောင်းရုံနဲ့ ကောင်းကင်နတ်သိုင်းတွေကို မယှဉ်နိုင်ဘူး... ဉာဏ်ကောင်းရုံနဲ့ ကောင်းကင်နတ်သိုင်းတွေကို မယှဉ်နိုင်ဘူး...” သူက တဖွဖွ ရွတ်နေသည်။

ရုတ်တရက် အ‌နောက်ပိုင်းဂိုဏ်း၏ စစ်သည်တော်များမှာ လှုပ်လှုပ်ရွရွ ဖြစ်လာကြသည်။ မုန့်ယွင်ကွေ့မှာ စစ်သည်တော်တို့၏ စိတ်ဓာတ်အားမာန် ပြန်တက်လာအောင် ကြိုးစားမည်ပြင်နေစဉ် ကောင်းကင်သည် ဗြုန်းခနဲ ကွဲထွက်သွားပြီး ဘီလူးကြီးများ ပြေးဝင်လာကြောင်း မြင်လိုက်ရ၏။

“လမ်းလျှောက်နေတဲ့ အလောင်းတစ်လောင်း... ဒါက ကစဉ့်ကလျားဟင်းလင်းပြင်ထဲက လမ်းလျှောက်နေတဲ့ အလောင်းတစ်လောင်းပဲ” တစ်ယောက်က အထိတ်တလန့် ထအော်သည်။

လမ်းလျှောက်နေသော အလောင်းများသည် မဟာဧကရာဇ်၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသော ဖန်ဆင်းရှင်များ ဖြစ်ကြ၏။ သေဆုံးသွားကြသော်လည်း သူတို့၏ အစွဲစိတ်က သူတို့အား မွေးရပ်မြေလိုက်ရှာရင်း ဟင်းလင်းပြင်ထဲ၌ လျှောက်သွားနေသော အလောင်းများ ဖြစ်လာစေသည်။

သို့သော် လမ်းလျှောက်နေသော အလောင်းများအနေဖြင့် မဟာလေဟာနယ်မြေထုထဲ မဝင်နိုင်ပေ။ သူတို့သည် မြေထုဆီသို့ ရောက်လျှင်နှင့် လှည့်ပြန်သွားရပြီး ကစဉ့်ကလျားဟင်းလင်းပြင်ထဲ၌သာ ခေါက်တုံ့ခေါက်ပြန် လျှောက်ကြရ၏။

ယခုတော့ လမ်းလျှောက်နေသော အလောင်းများကား မဟာလေဟာနယ်မြေထုဆီသို့ အမှန်တကယ် ဝင်ရောက်လာချေပြီ။

ဧရာမဘီလူးကြီးများသည် မီးတောက်မီးလျှံများနှင့်အတူ ကောင်းကင်ထက်မှ ကျဆင်းလာကြ၏။ သူတို့က မြေကြီးကို ဝင်တိုက်ကာ တောင်တန်းများအား အရှိန်ပြင်းပြင်း တိုက်ဆောင့်သွားကြပြီးနောက် အတန်ကြာသည်အထိ မလှုပ်ကြပေ။

ဤလမ်းလျှောက်နေသော အလောင်းများမှာ မဟာလေဟာနယ်တစ်လျှောက် ပြန့်ကြဲနေကြသည်။ တချို့က ကောင်းကင်နတ်ဘုံ၏ ပိုင်နက်ထဲ ပြုတ်ကျသွားပြီး တချို့က ရွှင်ပျော်ပျော်ကျေးရွာ၏ ပိုင်နက်ထဲသို့ ဆင်းလာကြသည်။

တခဏကြာသော် မုန့်ယွင်ကွေ့က ကင်းထောက်တစ်ဖွဲ့ကို ခေါ်ကာ အမိန့်ပေးသည်။ “လမ်းလျှောက်နေတဲ့ အလောင်းတွေ ကျလာတဲ့ အနီးဆုံးနေရာဆီ သွားပြီး စုံစမ်းချည်... ပြီးတာနဲ့ ငါ့ကို ချက်ချင်း သတင်းပြန်ပို့”

နတ်ဘုရားမိစ္ဆာအဖွဲ့သည် အမိန့်ကို လက်ခံကာ တမုဟုတ်ချင်း ထွက်သွားကြသည်။ ပြုတ်ကျလာသည့် အလောင်းကြီးဆီသို့ သူတို့ မရောက်ခင် မြေပြင်ပေါ်၌ လဲနေသော အလောင်းကြီးမှာ ထူးဆန်းသော ကိုယ်ဟန်အနေအထားဖြင့် ရှိနေကြောင်း မြင်လိုက်ရသည်။ သူက တောင်တန်းကြားတွင် လေးဖက်ထောက်နေပြီး သွေးဆုပ်ဖြူလျော်နေသည့် မျက်လုံးကြီးများဖြင့် ပါးစပ်ကြီးအား ဟကာ စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

အော်ဟစ်သံကြောင့် နတ်ဘုရားမိစ္ဆာအဖွဲ့မှာ မူးနောက်သွားကြ၏။ ထိုစဉ် ထိုအလောင်းကြီး၏ ပါးစပ်ထဲမှ ခန္ဓာမဲ့အသိစိတ်အလျဉ်များ ဒီရေလှိုင်းလို တရဟော ထွက်လာကြောင်း မြင်လိုက်ရလေသည်။

‘ဒါတွေက လမ်းလျှောက်နေတဲ့ အလောင်းတွေထဲမှာ ပုန်းအောင်းနေတဲ့ အသိစိတ်အလျဉ်တွေနဲ့ အာဃာတတွေပဲ’

ကင်းထောက်များမှာ ပျာယာခတ်ကုန်ကြပြီး ကပျာကယာ လှည့်ပြေးကြသည်။ ကင်းထောက်အတော်များများသည် အချိန်မီထွက်မပြေးနိုင်လိုက်သဖြင့် အသိစိတ်အလျဉ်လှိုင်းနှင့်အတူ မျောပါကုန်ကြ၏။ ချက်ချင်းဆိုသလို မရေမတွက်နိုင်သော စိတ်နှလုံးမိစ္ဆာများ မွေးဖွားလာကြကာ သူတို့အား အစိတ်စိတ်အမြွှာမြွှာ စုတ်ဖြဲပစ်ကြသည်။

ယခုလို မြင်ကွင်းမျိုးအား မဟာလေဟာနယ်၏ နေရာတိုင်းတွင် မြင်ရနိုင်လေသည်။

လေးဖက်‌ထောက်နေသည့် အလောင်းကြီးများသည် မရေမတွက်နိုင်သော စိတ်နှလုံးမိစ္ဆာများကို သယ်လျက် ဖန်ဆင်းရှင်တို့ ဖန်ဆင်းထားသော မြေထု၊ ရွှင်ပျော်ပျော်ကျေးရွာနှင့် ကောင်းကင်နတ်ဘုံဆီသို့ ပြေးနေကြ၏။ သူတို့က မီးတောက်မီးလျှံများကို ဆွဲငင်လာကာ တောင်တန်းများ၊ မြစ်ချောင်းများအား ဝင်တိုက်ကြသည်။ ထို့နောက် ပါးစပ်များ ဖွင့်၍ စူးစူးဝါးဝါး အော်ဟစ်ကြသည်။

မဟာလေဟာနယ်မြေထုကား မိစ္ဆာနတ်ဆိုးဘုံပမာ ဖြစ်လာချေပြီ။

မဟာဧကရာဇ်နှင့် ကောင်းကင်နတ်အရှင်ဟောင်တို့အကြားရှိ တိုက်ပွဲက မဟာလေဟာနယ်မြေထုဆီ မရောက်သေးသော်လည်း လှိုင်းဂယက်တို့က မဟာလေဟာနယ်အပေါ် သက်ရောက်နေချေပြီ။

“ချင်ဖုန်းကျင့်” ခိုင်ဧကရာဇ်၏အသံက မဟာလေဟာနယ်ယိုတုထဲသို့ ပျံ့လွင့်သွားသည်။

ခေါင်းကြီးကြီး ကလေးကြီးချင်ဖုန်းကျင့်က ခေါင်းမော့လာပြီး မဟာလေဟာနယ်ထဲ၌ ပရမ်းပတာ ဖြစ်ပျက်နေသော မြင်ကွင်းများအား စိတ်လှုပ်ရှားစွာ ကြည့်နေသည်။

သူ၏ကလေးအသံက မဟာလေဟာနယ်မြေထုတစ်လျှောက် ပဲ့တင်ထပ်သွား၏။

“ငါ ရှိတဲ့နေရာဟာ ယိုတုပဲ”

“ရှေးကမ္ဘာဦးခေတ်တုန်းက ဖန်ဆင်းရှင်တွေရဲ့ ပူဆွေးသောက အဃာတတွေက စားလို့ သိပ်ကောင်းတယ်”

တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ရှုက ဘယ်လက်ကို မြှောက်ကာ သူမကိုယ်ပေါ်ရှိ အနက်ရောင်ခြုံထည်အား ဖြန့်ချလိုက်သည်။ သူမဦးခေါင်းပေါ်ရှိ ချိုကြီးများက ကြီးသထက် ကြီးမားလာရင်း ချော်ရည်ပူမြစ်ကြီးနှစ်စင်းအသွင် ပြောင်းလိုက်ကာ မဟာလေဟာနယ်၏ မိစ္ဆာသဘာဝအား ဖိနှိပ်လိုက်၏။

ချင်ဖုန်းကျင့်မှာ ထိုမြင်ကွင်းကို လှမ်းမြင်လျှင် လက်မကို ပါးစပ်ထဲ ထိုးထည့်ပြီး စုပ်နေသည်။ “အမေက ဘာလို့ ငါ့ကို ချိုနှစ်ချောင်းနဲ့ မွေးမပေးခဲ့တာလဲ... အားကျစရာကြီး... ဒီမိန်းမက တော်တော်လှတာပဲ... ငါ သူ့ကို သေအောင် ရိုက်သတ်လိုက်ရင် သူ့ချိုကို ဖြုတ်ပြီး ငါ့ခေါင်းပေါ် တပ်လိုက်မယ်.. ဒါဆို ငါလည်း တော်တော်ချောသွားမှာ”

ခိုင်ဧကရာဇ်က နတ်ဘုရင်လန်ဝူ၊ ဖန်ဆင်းရှင်တို့၏ ခေါင်းဆောင်များ၊ ကောင်းကင်ဆရာသခင်လေးပါးနှင့် ကောင်းကင်နတ်မင်းလေးပါးကို ဆင့်ခေါ်သည်။ “လက်ရှိအစီအစဉ်က ငါတို့အင်အားတွေကို စုစည်ပြီး ပရမတ္တကမ္ဘာဆီ အချိန်မရွေး ဆုတ်ခွာနိုင်အောင် အသင့်ပြင်ဖို့ပဲ”

နတ်ဘုရင်လန်ဝူက မေးသည်။ “ခိုင်ဧကရာဇ်က မဟာလေဟာနယ် ပြိုကွဲတော့မယ်လို့ ဆိုလိုချင်တာလား”

ခိုင်ဧကရာဇ်သည် တည်ငြိမ်စွာ ဖြေ၏။ “အပြင်မှာ ဘယ်သူတွေ တိုက်ခိုက်နေလဲ ငါ သိတယ်... ကောင်းကင်နတ်အရှင်ဟောင်၊ မဟာဧကရာဇ်နဲ့ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတို့ပဲ.... မဟာဧကရာဇ် ရှုံးတော့မယ်”

နတ်ဘုရင်လန်ဝူ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ အပြင်တွင် အဆင့်မြင့်သိုင်းပညာရှင်သုံးဦး တိုက်ခိုက်နေကြောင်း သူမလည်း ခံစားခဲ့ရ၏။ တစ်ယောက်က မဟာဧကရာဇ် ဖြစ်နေမည်မှာ သံသယဝင်စရာပင် မလိုပေ။ မဟာဧကရာဇ် ရှုံးတော့မည်ကိုလည်း သူမ ခံစားမိသည်။

မဟာဧကရာဇ်သည် သူမ အမြဲမော်ကြည့်နေခဲ့ရသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်၏။ ရှေးဟောင်းကမ္ဘာဦးခေတ်တုန်းက ထိုလူကား တစ်ကြိမ်တစ်ခါမျှ မရှုံးနိမ့်ခဲ့ဖူးပေ။ ကောင်းကင်နတ်ဧကရာဇ်မှာ မဟာဧကရာဇ်နှင့် တိုက်ခိုက်ခဲ့တုန်းက ယုတ်မာကောက်ကျစ်သော လှည့်ကွက်များ သုံးခဲ့ရသည်။

ကောင်းကင်နတ်အရှင်ဟောင်တွင် မဟာဧကရာဇ်အပေါ် အနိုင်ယူနိုင်မည့် အစွမ်းအစမျိုး ရှိနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

ခိုင်ဧကရာဇ်က သူမ၏ ကြောက်ရွံ့မှုကို မြင်လိုက်သဖြင့် ပြောသည်။ “ကောင်းကင်နတ်အရှင်ဟောင်က ငါ့ ပြိုင်ဘက်ပဲ... ငါ ဒါကို လွန်ခဲ့တဲ့ နဂါးဟန်ခေတ် ပထမနှစ်ကတည်းက မြင်ခဲ့ပြီးပြီ... ကောင်းကင်နတ်အရှင်ယွီသာ လောကကို အုပ်စိုးနေတဲ့ မင်းတစ်ပါး ဖြစ်နေရင် ငါ ဦးညွှတ်နာခံဖို့ အသင့်ပဲ.... ကောင်းကင်နတ်အရှင်ဟောင်သာ ဆိုရင်တော့ မိုးမြေပျက်စီးရရင်တောင် ငါ သူနဲ့ ယှဉ်ပြိုင်မယ်.... နတ်ဘုရင် သူ့ကို ကြောက်စရာမလိုပါဘူး.. သူ့မှာ အားသာချက်ဆိုလို့ ငါ့ထက် နှစ်ကိုးသိန်းကျော် စောမွေးလာခဲ့တာပဲ ရှိတာ”

နတ်ဘုရင်လန်ဝူမှာ စိတ်သက်သာရာရသွားသည်။

ခိုင်ဧကရာဇ်က အကြံပြု၏။ “ကောင်းကင်နတ်အရှင်ဟောင် မဟာဧကရာဇ်နဲ့ တိုက်ခိုက်ရင် ကောင်းကင်နတ်အရှင်ဆယ်ယောက်ကြားက မဟာဧကရာဇ်လူဝင်စားလည်း ငြိမ်ငြိမ်နေနိုင်မှာ မဟုတ်ဘူး... အခု ကောင်းကင်နတ်အရှင်ဟောင်က မဟာဧကရာဇ်ကို ချုပ်ထားတာဆိုတော့ အဲဒီကောင်းကင်နတ်အရှင် ဝင်တိုက်ခိုက်လိုက်ရင် ရလဒ်က သရေ သရေ ဖြစ်သွားနိုင်တယ်... ဒါက အင်အားကြီးမားတဲ့ ရန်သူနှစ်ယောက်လုံးကို ရှင်းထုတ်ပစ်နိုင်မယ့် အခွင့်အရေးလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်”

လန်ဝူက ခေါင်းညိတ်လိုက်ပြီး နှစ်ယောက်သား ဘေးချင်းယှဉ်လျက် ထွက်သွားကြသည်။

အခြားတစ်ဖက်တွင်

ကောင်းကင်နတ်အရှင်ရှုက ကောင်းကင်နတ်အရှင်ဟွေ့ထံ သွားရောက်တွေ့ဆုံကာ ပြော၏။ “ကောင်းကင်နတ်အရှင်ဟောင်က မဟာလေဟာနယ်ကို ပြိုကွဲစေတဲ့ တရားခံ ဖြစ်လောက်တယ်... တစ်ဖက်လူကတော့ ကောင်းကင်နတ်ဧကရာဇ် မဟုတ်ရင် မဟာဧကရာဇ်ပဲ.. ကောင်းကင်နတ်အရှင်‌ဟောင်အနေနဲ့ အနိုင်ရနိုင်ပေမယ့် တစ်ဖက်လူရဲ့ လူဝင်စားလည်း ရှိနေလောက်တယ်... ကျွန်မတို့ အဲဒီကို အမြန်ဆုံး သွားဖို့ လိုပြီ”

ကောင်းကင်နတ်အရှင်ဟွေ့က တုံ့ပြန်သည်။ “အခုအချိန်က မဟာလေဟာနယ်ကို ဖျက်စီးဖို့ အကောင်းဆုံးအချိန်ပဲ... ဒီအခွင့်အရေးကို အသုံးချပြီး ရွှင်ပျော်ပျော်ကျေးရွာကို ဖျက်စီးပစ်တာ မကောင်းဘူးလား”

ကောင်းကင်နတ်အရှင်ရှုသည် ပြုံးလျက် ဖြေလိုက်၏။ “ကောင်းကင်နတ်အရှင်ဟောင် အနိုင်ရဖို့ သေချာပါတယ်... သူက ရွှင်ပျော်ပျော်ကျေးရွာကို အလွယ်တကူ ဖျက်စီးပစ်နိုင်မှာပါ... အလျင်လိုစရာ မလိုပါဘူး”

ကောင်းကင်နတ်အရှင်နှစ်ယောက် မဟာလေဟာနယ်မှ ထွက်ခွာ၍ အပြင်ရှိ ကစဉ့်ကလျား ဟင်းလင်းပြင်ဆီ သွားကြသည်။

မဟာလေဟာနယ်၏ ဖန်ဆင်းရှင်အလောင်းကြီးများက ကစဉ့်ကလျားဟင်းလင်းပြင်မှ လွတ်မြောက်နေကြချေပြီ။ သူတို့သည် မဟာလေဟာနယ်မြေထုအပေါ် တဘုန်းဘုန်း ဆင်းသက်နေကြ၏။

“ဒီဖန်ဆင်းရှင်တွေကို မျိုးသုဉ်းသတ်ပစ်သင့်တာ မထူးဆန်းဘူး”

ကောင်းကင်နတ်အရှင်ဟွေ့က ခေါင်းယမ်းလျက် ပြောနေသည်။ “ဒီလောက် ကြီးမားတဲ့ စွမ်းအားနဲ့ ဘယ်သူ့ခွင့်ပြုချက်မှ မလိုဘဲ ကောင်းကင်နဲ့မြေပြင်ကို ဖျက်စီးပစ်နိုင်နေတာ... သေသွားတာတောင် မရပ်ကြသေးဘူး... တကယ် လူမဆန်တဲ့ သတ္တဝါတွေပဲ”

ရုတ်တရက် ကောင်းကင်နတ်အရှင်နှစ်ယောက်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ ကောင်းကင်နတ်အရှင်ဟောင်နှင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီတွင် ကောင်းကင်နန်းဆောင် နောက်တစ်ဆောင် ပေါ်လာကြောင်း သူတို့ ခံစားလိုက်ရလေသည်။

၃၅ ဆောင်မြောက် ကောင်းကင်နန်း‌ဆောင်။

“ကောင်းကင်နတ်အရှင်ဟောင်က အမှန်တကယ်ကို ပြိုင်ဘက်ကင်း အမြော်အမြင်ကြီးမားတဲ့ မင်းတစ်ပါးပဲ”

ကောင်းကင်နတ်အရှင်ဟွေ့က ခပ်တိုးတိုး ရေရွတ်သည်။ “ငါ သူ့ကို အားတက်သရော ထောက်ခံခဲ့တဲ့ အကြောင်းအရင်းက ဒါပဲ... ကောင်းကင်နတ်အရှင်ယွင်၊ ကောင်းကင်နတ်အရှင်ယွဲ့နဲ့ ကျန်တဲ့သူတွေ ငါ့စေတနာကို နားမလည်ကြတာ နှမြောစရာကောင်းတယ်... အခုလို အမြော်အမြင်ကြီးမားတဲ့ မင်းတစ်ပါးကို အားကိုးအားထားပြုမှ ဒီလောကကြီးမှာ အသက်ရှင်နိုင်မှာလေ”

သူက ခေါင်းယမ်းနေ၏။

ကောင်းကင်နတ်အရှင်ရှု၏ အကြည့်သည် သူ့အပေါ် ကျရောက်လာ၏။ “ကောင်းကင်နတ်အရှင်ဟွေ့၊ ရှင် ရှင့်ရဲ့ကျင့်စဉ်ကို ကောင်းကင်နတ်အရှင်ဟောင်ဆီ ပေးခဲ့တာလား... မဟုတ်ရင် သူ့အနေနဲ့ ၃၅ ဆောင်မြောက် ကောင်းကင်နန်းဆောင်ကို ဘယ်လိုလုပ် ဒီလောက်မြန်မြန် တည်ဆောက်နိုင်ပါ့မလဲ”

ကောင်းကင်နတ်အရှင်ဟွေ့က အလေးအနက် ပြန်ဖြေသည်။ “သူ တောင်းမှတော့ မပေးလို့ မရဘူးလေ”

All Chapters