← Chapters

ဒီဝိုင်သိုလှောင်ခန်းက မက်လောက်စရာ! ဂန္တဝင်ရွှေပုလင်းနဲ့ဝိုင်! ၃

Vol. 41 Ch. 615

ဒီဝိုင်သိုလှောင်ခန်းက မက်လောက်စရာ! ဂန္တဝင်ရွှေပုလင်းနဲ့ဝိုင်! ၃

Vol. 41 Ch. 615

ဒါမှ ဝိုင်သိုလှောင်ခန်းထဲကဝိုင်တွေမှာပြဿနာရှိရင် ဂိမ်းထဲကဝိုင်တွေရွှေ့ပြောင်းပြင်ဆင်တဲ့အခါ ကာကွယ်ပြီးသားဖြစ်သွားမည်။

ဒါက ကရိကထများမယ့်ကိစ္စ။

"ကောင်းပြီလေ''

ချင်လင်စကားကြားပြီး လီရှင်းမှာစိတ်လှုပ်ရှား၍ မျက်နှာဝင်းလက်သွားသည်။

ဝိုင်ချစ်သူတစ်ယောက်အနေနဲ့ ချင်လင်ရဲ့ဝိုင်သိုလှောင်ခန်းထက်ပိုပြီး ဘယ်ဟာမှဆွဲဆောင်မှုမရှိ။

နေ့လယ်စာစားပြီးနောက် ချင်လင်ကလီရှင်းကိုအပန်းဖြေစံအိမ်ခေါ်သွားသည်။

အပန်းဖြေစံအိမ်ရောက်ရောက်ချင်း ဝန်ထမ်းနှစ်​ယောက်က ရေကူးကန်ထဲငါးစာကျွေးနေသည််ကိုတွေ့ရသည်။

ရေကူးကန်ထဲတွင် အနမ်းငါးအရေအတွက်သိသိသာသာတိုးလာသည်။

နောက်ပိုင်း ချင်လင်က ဂိမ်းထဲမှငါးနောက်တစ်သုတ်ထုတ်ပြီး ထိုရေကူးကန်ထဲယာယီမွေးထားသည်။ ထိုအထဲတွင် ငါးမွေးမြူရန်အတွက်အထူးဖြည့်စွက်ချက်များရှိနေပြီ။

"ချင်လင်... ဒါငါးကုထုံးလား?''

လီရှင်းက ရေကန်ထဲမှအနမ်းငါးကိုမြင်ပြီး တအံ့တဩမေးလိုက်သည်။

"ဟမ်... ကောင်းလိုက်တဲ့မျက်စိ!''

ချင်လင်ခေါင်းညိမ့်လိုက်သည်။

လီရှင်းကပြုံးပြီးရှင်းပြသည်_

"ငါအရင်က ငါးကုထုံးခံဖူးလို့ မှန်းလိုက်တာ... ဒါပေမဲ့ မင်းရဲ့ငါးတွေက သာမန်ကုထုံးငါးတွေနဲ့ နည်းနည်းကွာနေသလိုပဲ''

"နည်းနည်းပါ... အပန်းဖြေစံအိမ်လုပ်ငန်းဖွင့်ရင် စမ်းကြည့်မလို့''

ချင်လင်ခေါင်းညိမ့်လိုက်သည်။



"ကောင်းတာပေါ့!''

လီရှင်းကပြောသည်။

သူတို့နှစ်ယောက်က စံအိမ်ထဲဝင်ပြီး မြေအောက်ခန်းထဲဆင်းကာ ဝိုင်သိုလှောင်ခန်းအပြင်ဘက်ရောက်လာသည်။

ချင်လင်ကသော့ထုတ်ပြီး လျှို့ဝှက်နံပါတ်ထည့်ကာ ဝိုင်သိုလှောင်ခန်းတံခါးဖွင့်၍ လျှောက်ဝင်လာသည်။

လီရှင်းက သူ့နောက်လိုက်လာရာ သူ့ရှေ့တွင်ဝိုင်သိုလှောင်ခန်းအကျယ်ကြီးကိုတွေ့လိုက်ရသည်။

ဝိုင်သိုလှောင်ခန်းအလယ်တွင် ဝိုင်စင်များနှင့် အခန်းထောင့်တွင် စည်ပိုင်းများ၊ဝိုင်ကရားများရှိသည်။

ဝိုင်သိုလှောင်ခန်းထဲရှိဝိုင်အရေအတွက်တင် သူသိသမျှဝိုင်လုပ်ငန်းမှဝိုင်သိုလှောင်ခန်းတွေမယှဉ်နိုင်တော့။

သို့သော် ဝိုင်သိုလှောင်ခန်းတွင် ဝိုင်အရေအတွက်ကအရေးကြီးသော်လည်း ဝိုင်အရည်အသွေးကပိုအရေးကြီးသည်။

ဝိုင်စင်ပေါ်မှ ဂန္တဝင်ကြေးညိုနှင့်ငွေဝိုင်ပုလင်းများစွာကိုကြည့်ရင်း သူ့မျက်လုံးများအရောင်ပိုတောက်လာသည်။

အနီးကပ်ကြည့်လိုက်သောအခါ ဝိုင်တံဆိပ်ကိုမြင်ရသည်။ ဂန္တဝင်ငွေဝိုင်ပုလင်းနှင့်သာမန်ဝိုင်အပြင် သက်တမ်းနှစ် ၄၀ ရှိသောအထူးဝိုင်များလည်းရှိသည်။ သက်တမ်းကိုတံဆိပ်ကပ်ထားသည်။

နှစ် ၄၀ သက်တမ်းဝိုင်အပြင် နှစ် ၅၀၊ နှစ် ၆၀၊ နှစ် ၇၀ ဝိုင်များလည်းရှိသည်။

သူ့စိတ်ထဲတွင် အော်မိတော့မည်။ စျေးကွက်ထဲမှာ နှစ် ၃၀ ကျော်တဲ့ဝိုင်တောင် ရှားရှားပါးပါး။

ချင်လင်မှာ နှစ် ၅၀၊ ၆၀၊ ၇၀ ဝိုင်တွေရှိနေတာ မယုံနိုင်စရာ။



နှစ် ၇၀ သက်တမ်းရှိတဲ့ချင်းလင်ဆေးဖက်ဝင်ဝိုင်က သူ့မျက်စိရှေ့ရောက်နေသည်။

ဒါဝိုင်ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ဘယ်လိုခံစားရမလဲ?

ချင်လင်သာသူ့ဘေးမှာမရှိရင်၊ ကမ္ဘာကြီးကိုမမြင်ဖူးတဲ့ပုံမျိုးသာမဖြစ်ချင်ရင် သူထအော်မိလိမ့်မည်။

အထူးသဖြင့် ဝိုင်များထဲတွင် ဂန္တဝင်ရွှေပုလင်းနှင့်ဝိုင်တောင်မြင်နေရသည်။

ချင်းလင်ဆေးဖက်ဝင်ဝိုင်ကို ဂန္တဝင်ကြေးညိုနှင့်ငွေဝိုင်ပုလင်းများရှိသည်ဟုပထမဆုံးကြားတုန်းက သူ၊ချန်ရှန်းဖေနှင့်မာလဲ့ဝမ်က ချင်းလင်ဆေးဖက်ဝင်ဝိုင်ကိုရွှေပုလင်းလည်းရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။

ဒါမှအကြီးအကဲဝိုင်အစစ်ဖြစ်မည်။

သို့သော် အရင်ကလုံးဝမမြင်ဖူး။

နောက်ဆုံးတော့ တွေ့ရပြီ။ တကယ့်ရွှေပုလင်းနှင့်ချင်းလင်ဆေးဖက်ဝင်ဝိုင်ပင်။ ဝိုင်စင်တိုင်းလိုလို နည်းနည်းစီရှိသည်။

ဒါပေမဲ့ အစက ချင်းလင်ရွှေဝိုင်ပုလင်းကို အလွန်ဆုံးနှစ် ၅၀ သာရှိမည်ဟုခန့်မှန်းထားသည်။

အခု နှစ် ၇၀ ချင်းလင်ဆေးဖက်ဝင်ဝိုင်ကို ငွေပုလင်းနဲ့ထည့်ထားတော့ ရွှေပုလင်းဆိုဘယ်လောက်များဖြစ်မလဲ?

တွေးကြည့်ရုံနှင့်တင် လီရှင်းက အမှတ်တမဲ့တံတွေးမြိုချမိသည်။

"လောင်လီ... ဒီဝိုင်သိုလှောင်ခန်းကို တစ်ချက်ကြည့်ပေးပါဦး... ပြောင်းစရာလိုတာရှိမရှိ''

ချင်လင်လည်း ဖိတ်လိုက်သည်။

"အင်း!''

လီရှင်းကခေါင်းညိမ့်ပြီး ဝိုင်သိုလှောင်ခန်းပတ်ပတ်လည်ကိုစကြည့်လိုက်သည်။ သို့သော် သူ့မျက်လုံးများက တစ်ချက်တစ်ချက်ရွှေဝိုင်ပုလင်းဆီရောက်ရောက်သွား၏။

သွားရည်တောင်ကျတော့မည်။

ရုတ်တရက် ချင်လင်ရဲ့ဝိုင်သိုလှောင်ခန်းထဲရောက်လာတာ ညှဉ်းဆဲခံနေရသလိုပင်။

သူပြန်သွားရင် ဘယ်လိုလုပ်အိပ်ပျော်ပါ့မလဲ?

ချင်လင်ရဲ့ဝိုင်သိုလှောင်ခန်းက သာမန်မဟုတ်ဟုတွက်ထားသော်လည်း ဒီလောက်စွဲမက်စရာကောင်းမည်ဟုမထင်မိပေ။

ဂန္တဝင်ငွေဝိုင်ပုလင်းနှင့်သက်တမ်းရင့်ဝိုင်တင် နိုင်ငံအဝန်းက ဝိုင်သိုလှောင်ခန်းအားလုံးနှင့်ယှဉ်နိုင်သည်။ သက်တမ်းမသိရသေးတဲ့ဂန္တဝင်ရွှေဝိုင်ပုလင်းထဲကဝိုင်ဆို မပြောနှင့်တော့။



All Chapters