ချင်းလင်စံအိမ်_
Vol. 41 Ch. 603
မနက်အစောပိုင်း ချင်လင်က ဂိမ်းထဲမှပစ္စည်းများ စံအိမ်ရွှေ့ပြီး ရုံးခန်းထဲပြန်လာကာ သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်လိုက်သည်။ သူက ဂိမ်းဇာတ်ကောင်အား အဆင့် ၃ မြေကွက်သွားပြီး သက်တံ့ရောင်ဇီးပန်းပင်ကိုခုတ်စေလိုက်သည်။
ထိုအဆင့် ၃ မြေကွက်တွင် သက်တံ့ရောင်ဇီးပန်းပင် ၂၅ ပင်ကိုတပြိုင်တည်းစိုက်နိုင်သည်။
ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား ဇီးပန်းပင်များကို ထားနေကျနေရာပို့ခိုင်းလိုက်သည်။ သူအရမ်းကံကောင်းနေသည်။ ဒီဇီးပန်းပင်တစ်သုတ်က အရည်အသွေး ၃ တွေချည်းပင်။
သူက အပန်းဖြေစံအိမ်အတွက် အရည်အသွေး ၃ နှင့် ၂ တချို့ချန်ပြီး ကျန်အပင်များအားလုံး ဂိမ်းထဲတွင်ရောင်းပစ်လိုက်သည်။
ထို့နောက် ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား စိုက်ပျိုးရေးခြံပြန်ပြီး စိမ်းစိုနေသော အဆင့် ၂ မြေကွက်ထဲသွားစေသည်။
အဆင့် ၂ မြေကွက်တွင်မှည့်သောသီးနှံများအားလုံးကိုလည်း ဂိမ်းထဲရောင်းပစ်လိုက်သည်။ လက်ရှိအပန်းဖြေစံအိမ်အတွက်လိုအပ်သော စိမ်းစိမ်းစိုစိုအပင်များစိုက်ထားသည်။
ထိုအဆင့် ၂ မြေကွက်တွင် ဝါးပင်များအပြည့်။
သူကစဉ်းစားကြည့်ပြီး ဥယျာဉ်ထဲတွင် အကာအရံအဖြစ် ဝါးပင်စိုက်ရန်ဆုံးဖြတ်ထားသည်။
ပထမအချက်အနေနှင့် ဝါးပင်မှာတောင်ပိုင်း၏ဝိသေသလက္ခဏာဖြစ်သည်။
ဒုတိယအနေနှင့် ရိုးရိုးရှင်းရှင်းရှေးဆန်သောစံအိမ်အတွက် ဝါးပင်ကလိုက်ဖက်သည်။
တတိယအနေနှင့် ဝါးပင်မှာ ရှေးယခင်ကတည်းက တင့်တယ်မှုကိုကိုယ်စားပြုသည်။ 'ဝါးရိပ်မရှိဘဲနေခြင်းထက် အသားမပါဘဲစားခြင်းကတော်သေးသည်'ဟူ၍လည်းကောင်း၊ 'အသားမရှိရင် ပိန်သွယ်သွယ်၊ ဝါးမရှိရင် မတင့်တယ်'ဟူ၍လည်းကောင်း ရှေးဆိုရိုးများရှိသည်။
ဒီဝါးတွေက မိုဆိုဝါးအရှည်တော့မဟုတ်။ ဂိမ်းမှထုတ်သောအလှကြည့်ဝါးမျိုးဖြစ်သည်။ ၃ မီတာလောက်သာရှည်နိုင်သော်လည်း သေးသွယ်သွယ်နှင့်လှသည်။ အရွက်များက ခမ်းနားသည်။
ထိုဝါးပင်များအားလုံး အရည်အသွေး ၁ ပျိုးပင်များဖြစ်၍ အရည်အသွေး ၂ ပျိုးပင်ဖြစ်နိုင်ချေရှိသည်။
ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား ဝါးပင်ခုတ်ပြီး သိုလှောင်သောနေရာတွင်ထားစေသည်။


ဝါးပင်အများစုက အရည်အသွေး ၁ ဖြစ်သော်လည်း မြေကွက်အလုံအလောက်စိုက်ထားသောကြောင့် အရည်အသွေး ၂ ဝါးပင်အတော်များများပါသည်။
သူကအရည်အသွေး ၁ အားလုံးကိုဂိမ်းထဲတွင်ရောင်းပစ်ပြီး အရည်အသွေး ၂ များချန်ထားသည်။
ထို့နောက် ကျယ်ပြန့်သောအဆင့် ၁ မြေကွက်များကိုကြည့်လိုက်သည်။
မူလက ထိုအဆင့် ၁ မြေကွက်အားလုံးတွင် သီးနှံများစိုက်ပြီး ဂိမ်းထဲရောင်းပစ်သော်လည်း ယခုမူ ပန်းများစိုက်ထားသည်။ ရွှေနှင်းဆီမှာ ပန်းတံတိုင်းလုပ်ရန်အလွန်သင့်တော်သော ခြုံပင်တစ်မျိုးဖြစ်သည်။
ပန်းတံတိုင်းလုပ်ပြီဆိုတာနှင့် နှစ်ထပ်ပွင့်သောနှင်းဆီများက ကြည်နူးစရာအနံ့ကိုပေးစွမ်းလိမ့်မည်။ ပန်းများများပွင့်သည့်အပြင် တစ်နှစ်ပတ်လုံးနီးပါးပွင့်နိုင်သည်။
ချင်လင်လည်း ရွှေနှင်းဆီများသိမ်းပြီး သီးသန့်ထားသောခြံဝင်းထဲပို့စေလိုက်သည်။ အရည်အသွေး ၁ နှင့် ၂ ရွှေနှင်းဆီများပင်။
သို့ရာတွင် အပြင်ပန်းတံတိုင်းသာဖြစ်ပြီး စည်းရိုးနေရာကျယ်သောကြောင့် အရည်အသွေး ၂ ချည်းမလုပ်တော့။
အရည်အသွေး ၁ ကိုသုံးနိုင်သည်။
ထိုနှစ်မျိုးသိမ်းပြီးနောက် ချင်လင်ကရုံးခန်းတံခါးလော့ချပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။ သူက အပင်များထားသောခြံဝင်းထဲသွား၍ အပင်နှစ်မျိုး၏မှတ်ချက်ကိုကြည့်လိုက်သည်:
ပထမက ဝါးပင်၏မှတ်ချက်:
အလှကြည့်ဝါးစိမ်း: ၂
(ဂိမ်းမှအလှကြည့်အထူးဝါးမျိုးဖြစ်သည်:
အဆင်းလှခြင်း +၂၊ အကြည့်ခံခြင်း +၂၊ ဓာတ်ပုံစားခြင်း +၂၊ တင့်တယ်ထူးခြားခြင်း +၂!)
အရည်အသွေး ၄ ခုက မများသော်လည်း အားလုံးက ဥယျာဉ်အလှဆင်ဖို့သင့်တော်သည်။
အရည်အသွေး ၂ ဝါးစုဖို့က အချိန်ယူရလိမ့်မည်။
(အလှစိုက်ရွှေနှင်းဆီ: အရည်အသွေး ၁)


(ပန်းတံတိုင်းလုပ်ရန်သင့်တော်သော ခြုံပင်မျိုးဖြစ်သည်:
အဆင်းလှခြင်း +၁၊ အကြည့်ခံခြင်း +၁၊ ဓာတ်ပုံစားခြင်း +၁၊ ပန်းရနံ့ကြွယ်ခြင်း +၁)
အလှကြည့်ဖို့သင့်တော်ပြီး ရွှေနှင်းဆီခြုံအရွယ်အစားကလည်း ပန်းတံတိုင်းလုပ်ဖို့အဆင်ပြေသည်။
ချင်လင်ကစိတ်သက်ရာရပြီး ဂိမ်းထဲမှထွက်ကာ အဆင့် ၁ နှင့် ၂ မြေကွက်တွင် ဝါးနှင့်ရွှေနှင်းဆီပင်များထပ်စိုက်ထားလိုက်သည်။
တဆက်တည်း သူ့ဂိမ်းဇာတ်ကောင်ကို သတ္တုမြို့တော်မျိုးစေ့ဆိုင်သွားပြီး တခြားအပင်များကြည့်စေလိုက်သည်။ အပန်းဖြေစံအိမ်မှာကျယ်လွန်း၍ ပန်းခင်းအမျိုးစုံစိုက်ဖို့လိုသည်။ ဥယျာဉ်အတွက်လည်း စိမ်းစိမ်းစိုစိုအပင်မျိုးစုံလိုသည်။
ဂိမ်းထဲတွင် အလှစိုက်အုန်း၊ အလှစိုက်ကန္တာရပင်နှင့် အလှစိုက်ရွက်လှပင်များရှိသည်။
ထိုအပင်များမှာ သယ်ပို့ရခက်သောကြောင့် အရင်ကဂိမ်းထဲမှထုတ်ဖို့ ချင်လင်လုံးဝစိတ်မကူးခဲ့။
ယခုမူ အပန်းဖြေစံအိမ်ကိုပြင်ဆင်ချိန်ကျပြီဖြစ်၍ ဂိမ်းထဲမှပစ္စည်းများသုံးပြီး အစစအရာရာအကောင်းဆုံးဖြစ်အောင်လုပ်ချင်သည်။
နောက်လဝက်အထိ ချင်လင်ကဒီအတိုင်း နေ့စဉ်လိုလိုဆက်လုပ်သည်။ ဂိမ်းထဲတွင်အပင်များထားသောခြံဝင်းမှာ ပြည့်လုနီးနီးဖြစ်နေပြီ။
…
ချင်းလင်စံအိမ်_
မနက်စောစော ချင်လင်ကဂိမ်းထဲမှပစ္စည်းများစံအိမ်ပို့ပြီးနောက် ဝိုင်သိုလှောင်ခန်းထဲတွင် ချင်းလင်ဆေးဖက်ဝင်ဝိုင်တစ်ပုလင်းသွားယူကာ ရုံးခန်းထဲပြန်လာသည်။
မကြာမီ ဟွမ်ရှင်းရောက်လာသည်။ သူကလောလောလောလောနှင့်_
"ချင်လင်... ဝိုင်ရော?''
ချင်လင်က သူ့အတန်းဖော်ဟောင်းကိုဝိုင်ပေးရင်း စလိုက်သည်_
"မင်းတို့ဒုတိယမျိုးဆက်သူဌေးသားတွေက အားနည်းလှချည်လား... ငယ်ငယ်ရွယ်ရွယ်နဲ့ အပြင်အကူအညီယူရတယ်လို့''
သူ့စကားကြောင့် ဟွမ်ရှင်းကမကျေမနပ်ဖြစ်သွားကာ_
"ချင်လင်... မင်းက ထေ့ငေါ့နေပြန်ပြီ... ဆရာမချုက ငါ့ထက်ကြီးတာသိသားနဲ့... မြေခွေးအရွယ်ရောက်တော့မယ်... မင်းရဲ့ကျောက်မိုချင်း အဲဒီအရွယ်ရောက်မှ ဒီလိုပြောနိုင်ဦးမလားကြည့်ရသေးတာပေါ့''
"ဟဲ ဟဲ... စိတ်မပူပေါင်''
ချင်လင်က ခေါင်းခါလိုက်သည်။
လာနောက်နေတာလား? စွမ်းအားပင်အသီးနှစ်လုံးစားထားတဲ့သူက ကိုယ့်မိန်းမ မြေခွေးအရွယ်ရောက်ရောက်၊ ကျားအရွယ်ရောက်ရောက် ကြောက်မယ်ထင်လို့လား?
"အင်း... မင်းက ချင်းလင်ဆေးဖက်ဝင်ဝိုင်လုပ်နိုင်တဲ့သူပဲ... ဟုတ်မှာပေါ့''
ဟွမ်ရှင်းက မကျေမနပ်ဆိုလိုက်သည်။ သူ့အထင်လုံးဝလွဲသွားပြီ။ ချင်လင်နှင့်စကားခဏပြောပြီးနောက် သူကပြန်ထွက်သွား၏။
သူ့အိမ်ကပေးထားသော ယွမ်သန်း ၁၀၀ ကို ရုံချန်းတွင်ရင်းနှီးမြှုပ်နှံပြီးနောက်ပိုင်း သူလုံ့လမလျှော့ရဲ။ လတ်တလော တစ်နေကုန်အလုပ်များနေသည်။
ဟွမ်ရှင်းသွားပြီးမကြာမီ ချင်လင်လည်းရုံးခန်းမှထွက်ပြီး ဂိုဒေါင်ဆီသွားလိုက်သည်။