← Chapters

အခန်း (၆၀၄)

Vol. 41 Ch. 604

အခန်း (၆၀၄)

Vol. 41 Ch. 604

နောက်လဝက်ကြာပြီးနောက် ရုံချန်းဆောက်လုပ်ရေးမှလူများအပြီးထွက်သွားသည်။ စံအိမ်မှခေါ်ထားသောတတိယကုမ္ပဏီလည်း စစ်ဆေးပြီးစီးသွားသည်။ အရင်ပြင်ဆင်ရေးဝင်သောအလုပ်သမားများကြောင့် တစ်စုံတရာပျက်စီးမည်ကို သူကထည့်တွက်ထားသည်။

ဥပမာ - ဂိမ်းထဲမှအဝါရောင်သစ်မွှေး၊နံသာနီဝိုင်စင်များနှင့် မြို့စားနှင်းဆီ။

အခုရုံချန်းမှလူများထွက်သွားပြီးနောက် ပူပန်စရာမရှိတော့။

ချင်လင်ကဂိုဒေါင်ရောက်ရောက်ချင်း ဂိမ်းထဲအမြန်ဆုံးဝင်လိုက်သည်။ မြို့စားနှင်းဆီမျိုးစေ့ ၄ စေ့နှင့် အဝါရောင်သစ်မွှေး၊နံ့သာနီနှင့်လုပ်ထားသောဝိုင်စင်များပါထုတ်လာသည်။

ဝိုင်စင်အများကြီးကျန်သေးသော်လည်း သူ့ထရပ်ကားနှင့် တစ်ခါတည်းမသယ်နိုင်။ သုံးလေးခေါက်ခွဲသယ်ရလိမ့်မည်။

နောက်ပြီး ထိုဝိုင်စင်များက အခြေခံအားဖြင့် ရှေးဟောင်း ဒါမှမဟုတ် ရှေးဟောင်းမကျတကျတန်ဖိုးရှိသည်။ ဂိမ်းအချိန်အချိုးအစားအရ သက်တမ်းအရင့်ဆုံးက နှစ် ၁၀၀ ဖြစ်ပြီး အပြင်လောကတွင် လုံးဝတန်ဖိုးကြီးသည်။

ထိုဝိုင်စင်များကို ဝိုင်သိုလှောင်ခန်းထဲထည့်လိုက်လျှင် အံ့ဩစရာတန်းများပြည့်သွားမည်။

ရှေ့လျှောက် ဝိုင်ချစ်သူတွေရောက်လာရင် ဒီဝိုင်စင်တွေကြောင့် အံ့ဩကုန်လိမ့်မည်။

ခမ်းနားလွန်းသည်။

ဝိုင်စင်များကို အပန်းဖြေစံအိမ်ဝိုင်သိုလှောင်ခန်းအပြည့်မဖြည့်နိုင်သော်လည်း နောင်တဖြည်းဖြည်းချင်းဖြည့်သွားရမည်။

ပထမဆုံးတစ်ခေါက်တွင် မြို့စားနှင်းဆီမျိုးစေ့ ၄ စေ့နှင့် ဝိုင်စင်တချို့သာသယ်လာသည်။ စံအိမ်ရောက်သောအခါ ယွီရွှေ့နှင့်ချန်တပေတို့ကိုခေါ်လိုက်သည်။

ချန်တပေကို အပန်းဖြေစံအိမ်ဝိုင်သိုလှောင်ခန်းထဲဝိုင်စင်များရွှေ့ခိုင်းပြီး ယွီရွှေ့အား ပန်းခင်း ၄ ခင်းထဲတွင် မြို့စားနှင်းဆီစိုက်ခိုင်းလိုက်သည်။

ယွီရွှေ့မှာ မြို့စားနှင်းဆီမှန်းသိ၍ ဘယ်လောက်တန်ဖိုးကြီးကြောင်းနားလည်သည်။ သူကလူခေါ်ပြီး အပန်းဖြေစံအိမ်ထဲတွင် မြို့စားနှင်းဆီကိုသေချာစိုက်လိုက်သည်။



ချန်တပေက သစ်မွှေးနှင့်နံသာနီဝိုင်စင်များချပြီးနောက် ချင်လင်ကဂိုဒေါင်ပြန်မောင်းလာသည်။ သုံးလေးခေါက်ပြန်ပြီး ဂိမ်းထဲမှသစ်မွှေးနှင့်နံသာနီဝိုင်စင်များအကုန်ထုတ်၍ အပန်းဖြေစံအိမ်ပို့လိုက်သည်။

ဝိုင်စင်အားလုံး အပန်းဖြေစံအိမ်ပို့ပြီးနောက် ချင်လင်က နောက်ပြဿနာတစ်ခုကိုစဉ်းစားရသည်။ တံတိုင်းအတွက် ဝါးပင်နှင့်ရွှေနှင်းဆီအပြင် စိမ်းစိမ်းစိုစိုရှုခင်းအတွက် လဝက်လောက်ကချန်ထားသော ရွက်လှ၊ ကန္တာရ၊ အုန်းပင်များရှိသည်။

အပန်းဖြေစံအိမ်တစ်ခုလုံး အလှဆင်ဖို့မလုံလောက်သော်လည်း အများကြီးရှိသည်။ အရင်ဆုံး ဒါတွေသူထုတ်ပြီး ယွီရွှေ့ကိုစိုက်ခိုင်းရမည်။

သို့ရာတွင် သူ့ထရပ်ကားလေးနှင့် ဒါတွေမသယ်နိုင်။ သူသယ်မည်ဆိုပါက ဘယ်လောက်အားစိုက်ထုတ်ရပြီး ဘယ်နှနှစ်ကြာသွားမည်မသိချေ။

ထို့ကြောင့် နောက်ဆုံး အရင်နည်းလမ်းဟောင်းအတိုင်း မင်မြို့တော်သွားပြီး ဆင်ခြေဖုံးဒေသတွင် ဂိုဒေါင်ကြီးကြီးရှာကာ ကျောက်လီယွမ်၏သယ်ယူပို့ဆောင်ရေးမှ ကျွမ်းကျင်သူများနှင့်ယာဉ်တန်းကိုသုံး၍သယ်ရမည်။

ချင်လင်က စကားတည်သူဖြစ်သည်။ ကျောက်မိုချင်းကိုရှင်းပြပြီးနောက် လူသူပြတ်သောနေရာမှ ကင်မရာမပါသောဂိုဒေါင်တစ်ခုကိုငှားလိုက်သည်။

အရင်သူငှားဖူးသောနေရာမဟုတ်။ သံသယဝင်မည်စိုး၍ တစ်နေရာကိုနှစ်ခါပြန်မရွေးပေ။

ဂိုဒေါင်ကိုစစ်ဆေး၍ ကင်မရာမရှိကြောင်းအတည်ပြုပြီးမှ ဂိမ်းထဲဝင်ပြီး ခက်ခက်ခဲခဲစရွှေ့တော့သည်။

လွန်ခဲ့သောလဝက်အတွင်းစုထားသော ရွှေနှင်းဆီခြုံနှင့်အလှစိုက်ဝါးပင်များ အတော်လေးများနေသည်။

ချင်လင်မှာ ဝါးပင်အားလုံးဂိုဒေါင်ထဲရွှေ့ရန် အချိန်အတော်ယူလိုက်ရသည်။ ထို့နောက် ကျောက်လီယွမ်၏အဖွဲ့ကို မင်မြို့တော်ဂိုဒေါင်ဆီလာဖို့အသိပေးပြီး စံအိမ်သို့အပင်များပြန်သယ်ကာ ယွီရွှေ့ကိုစိုက်ခိုင်းလိုက်သည်။

ရုံချန်းပြန်ရောက်ပြီး ဒုတိယမြောက်နေ့တွင် ချန်တပေကိုခေါ်ပြီး ရုံးခန်းယာယီဝိုင်သိုလှောင်ခန်းထဲမှဝိုင်အားလုံးကို အပန်းဖြေစံအိမ်ဝိုင်သိုလှောင်ခန်းထဲရွှေ့ခိုင်းလိုက်သည်။

ချန်တပေတို့က အချိန်ယူပြီး ဝိုင်အားလုံးကို အပန်းဖြေစံအိမ်ဝိုင်သိုလှောင်ခန်းထောင့်တွင်ပုံထားလိုက်သည်။

သူထုတ်လာသောဝိုင်အများစုက စည်လိုက်ဖြစ်၍ အရွယ်အစားက ဝိုင်စင်နှင့်မသင့်တော်။ အားလုံးကို ဝိုင်သိုလှောင်ခန်းထောင့်တွင်ပုံထားသည်။ ဝိုင်ပုလင်းများကိုမူ ဝိုင်စင်ပေါ်တင်သည်။





"သူဌေး... ညွှန်ကြားစရာများရှိသေးလား?''

ချန်တပေတို့က ဝိုင်များရွှေ့ပြီး ထပ်မေးလိုက်သည်။

"ရပါပြီ... ခင်ဗျားလူတွေခေါ်ပြီး ကိုယ့်အလုပ်ကိုယ်ပြန်လုပ်ပါ''

ချင်လင်ကပြောလိုက်သည်။

သူဌေးကထွက်သွားစေချင်မှန်း ချန်တပေချက်ချင်းသဘောပေါက်သည်။ သူကလက်ယမ်းပြပြီး လုံခြုံရေးအစောင့်များနှင့်ထွက်သွား၏။

ထို့နောက် ချင်လင်က ဝိုင်သိုလှောင်ခန်းကိုအတွင်းမှလော့ချလိုက်သည်။

ဝိုင်သိုလှောင်ခန်းတံခါးလော့က နှစ်ထပ်ဖြစ်ပြီး တံခါးဖွင့်ရန် လျှို့ဝှက်နံပါတ်နှင့်သော့လိုသည်။ လက်ရှိလျှို့ဝှက်နံပါတ်နှင့်သော့ရှိသူက သူတစ်ယောက်တည်း။

တံခါးလော့ချပြီးနောက် ချင်လင်ကအတွေးနှင့် ဂိမ်းထဲဝင်လိုက်သည်။

ဝိုင်သိုလှောင်ခန်းထဲတွင် စောင့်ကြည့်ကင်မရာမရှိ။ အပန်းဖြေစံအိမ်ထဲတောင်မရှိ။ ဝိုင်သိုလှောင်ခန်းထဲဝင်ထွက်နိုင်သူက သူတစ်ယောက်တည်းဖြစ်၍ ဂိမ်းထဲဝင်ပြီးဝိုင်ထုတ်ဖို့ အလွန်အဆင်ပြေသည်။

လက်ရှိ တခြားဝန်ထမ်းများမှာ ဝိုင်သိုလှောင်ခန်းထဲဝင်ခွင့်မရှိသလို အပန်းဖြေစံအိမ်ကိုစောင့်ကြည့်သူလည်းမရှိ။ ဒီအတွက် အာရုံစိုက်မည့်သူ၊သံသယဝင်မည့်သူမရှိချေ။

ခဏအကြာ ချင်လင်က ဆေးဖက်ဝင်ဝိုင်ကြေးညိုပုလင်းနှစ်လုံးနှင့် ဝိုင်သိုလှောင်ခန်းထဲပေါ်လာပြန်သည်။

သူက ဆေးဖက်ဝင်ဝိုင်ပုလင်းနှစ်လုံးနှင့် ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။

ဒီအတိုင်းခေါက်တုံ့ခေါက်ပြန်လုပ်ပြီး သက်တမ်းရင့်ဆေးဖက်ဝင်ဝိုင်နှစ်ပုလင်းယူလာလိုက်၊ ဝိုင်စင်ပေါ်ထားလိုက်နှင့် မြန်မြန်ဖြည့်လိုက်သည်။

ထိုပုလင်းများအားလုံးကို ဂိမ်းထဲတွင်လုပ်ထားခြင်းဖြစ်သည်။ ချင်လင်အရင်ကသတ္တုတူးပြီး ဂိမ်းထဲမှာလုပ်ထား၍ အများကြီးရှိနေသည်။

သက်တမ်းရင့်ကြေးညိုဝိုင်ပုလင်းတင်မဟုတ်၊ ငွေရောင်၊ရွှေရောင်များလည်းပါသည်။

အထူးသက္ကရာဇ်အမှတ်အသားနှင့်ဝိုင်တောင်ပါသည်။

ဂိမ်းထဲယူထည့်ထားသောဝိုင်အမျိုးမျိုးကိုလည်းထုတ်ပြီး ပတ်ပတ်လည်ထားလိုက်သည်။ ထိုဝိုင်များကို အချိန်သတ်မှတ်ပြီးဂိမ်းထဲထည့်ထားသောကြောင့် သက်တမ်းများလည်းမတူကြ။ တချို့က သက်တမ်း ၁၀ နှစ်ကျော်သည်။

ချင်းလင်သက်လုံအားဖြည့်ဝိုင်နှင့်ချင်းလင်သန္ဓေတည်ဝိုင်ကိုလည်းထုတ်ပြီး အလယ်တွင်အထူးလုပ်ထားသောဘောင်ထဲထည့်လိုက်လေသည်။



All Chapters