အခန်း (၆၀၅)
Vol. 41 Ch. 605
ထိုဝိုင်နှစ်မျိုးက တန်ဖိုးအရှိဆုံးဖြစ်သည်။
ချင်လင်က ဂိမ်းထဲမှဝိုင်တစ်မျိုးပြီးတစ်မျိုးထုတ်လိုက်ရာ ဝိုင်သိုလှောင်ခန်းမှာ အတော်လေးထည်ထည်ဝါဝါဖြစ်သွားသည်။
နောက်ပြီး သိုလှောင်ထားသောဝိုင်များက အရည်အသွေးမြင့်သည်။ သက်တမ်း ၁၀ နှစ်ထက်နည်းတာမရှိ၊ သက်တမ်း ၁၀၀ ကျော် ချင်းလင်ဆေးဖက်ဝင်ဝိုင်ဆိုမပြောနှင့်တော့။
လီရှင်းလိုလူတောင် ဒီဝိုင်သိုလှောင်ခန်းထဲဝင်ရင် သွားရည်ကျလိမ့်မည်။
ဒီဝိုင်သိုလှောင်ခန်းထဲကဝိုင်တွေအကြောင်း အပြင်လူတွေသိသွားရင် လုံးဝလန့်သွားလိမ့်မည်။
ဝိုင်ကိစ္စပြီးသည်နှင့် ချင်လင်က ဝိုင်သိုလှောင်ခန်းထဲမှထွက်ပြီး တံခါးအပြီးပိတ်ထားခဲ့သည်။ ထို့နောက် စံအိမ်ထဲမှသူ့ရုံးခန်းထဲပြန်လာသည်။
ပြီးလျှင် ချင်လင်က အပန်းဖြေစံအိမ်အတွက်လိုအပ်သော ရွှေနှင်းဆီ၊အလှစိုက်ဝါးနှင့် စိမ်းစိမ်းစိုစိုအပင်များစစိုက်သည်။


ဒီလိုနှင့် တစ်လကုန်လွန်သွားသည်။ သူကမင်မြို့တော်နှစ်ကြိမ်သွား၍ သူ့ပစ္စည်းများထုတ်ပြီး ကျောက်လီယွမ်၏ယာဉ်တန်းနှင့် ပစ္စည်းများပြန်ပြန်သယ်လာသည်။ ဒီလောက်အချိန်ယူပြီးမှ အပန်းဖြေစံအိမ်အတွက်လိုအပ်သော အပင်အားလုံးစိုက်ပြီးသွားသည်။
ချင်လင်နှင့်ကျောက်လီယွမ်က နောက်ဆုံးအသုတ်ကိုစံအိမ်ပို့လိုက်သည်။ သူ့ရုံးခန်းထဲပြန်ရောက်ပြီးထိုင်ရုံရှိသေး၊ တန့်ကွမ်းရောက်လာသည်။ သူကဝင်ဝင်လာချင်း_
"ဥက္ကဌချင်... ဒီစာဖိုင်ကိုထောက်ခံပေးပါဦး... ပြီးရင် ချင်းလင်ဆေးဖျော်ရည်ကို ဝမ်ရန်ဆီပို့လိုက်မယ်''
ချင်းလင်ဆေးဖျော်ရည်မှာ ဝမ်းနှုတ်ဆေးရည်ဖြစ်သည်။
အပန်းဖြေစံအိမ်တွင် တစ်လကုန်လွန်သွားပြီး ချင်းလင်အစားအသောက်ကုမ္ပဏီတွင် တန့်ကွမ်းလည်း ဝမ်းနှုတ်ဆေးရည်ထုတ်လုပ်ပြီးသွားသည်။ ဆေးထုတ်လုပ်ရေးဘရန်းလျှောက်ပြီးနောက် ထုတ်လုပ်ရေးအမြန်ဆုံးစသည်။
ထောက်ခံအတည်ပြုသည့်လုပ်ငန်းစဉ်က သိပ်မကြာ။ သို့သော် အထက်လူများက အားဖြည့်ဆေးရည်ကိုပိုပြီးစိတ်ပူနေကြသည်။ စမ်းသပ်ချက်ပြီးပြီးချင်း ဆေးရည်အမြန်ဆုံးထုတ်နိုင်ဖို့မျှော်လင့်ထားသောကြောင့် ချင်းလင်အစားအသောက်ကုမ္ပဏီ၏လျှောက်လွှာကို အမြန်လုပ်ပေးကြသည်။
နောက်ပြီး အရင်လက အားဖြည့်ဆေးရည်ပထမပါဝင်ပစ္စည်း၏အာနိသင်ကို သတ်မှတ်ပြီးသွားသည်။ အားကစားသမားများက ဆေးပုံမှန်သောက်ပြီး ၅ နာရီလေ့ကျင့်ရာ ဆေးအာနိသင်ကိုကိုယ်တွေ့ခံစားရသည်။
ဒါအရမ်းတန်နေပြီ။
အခု ဒုတိယပါဝင်ပစ္စည်းက သူတို့ခန္ဓာကိုယ်အတိုင်းအတာတစ်ဆင့်မြင့်အောင် အထောက်အကူဖြစ်မဖြစ်စောင့်ကြည့်ရုံသာ။

ဒီတစ်ကြိမ်တွင် ရုံချန်းကလည်း အခွင့်အရေးအမိအရယူကာ ဝမ်းနှုတ်ဆေးဖျော်ရည်စက်ရုံကိုသူများလုယူခွင့်မပေး။ စက်ရုံလုပ်ငန်းစဉ်အားလုံး၊ စက်ရုံရွေးချယ်မှု၊ ဝယ်ယူမှု၊ ပုံစံပြောင်းခြင်းတို့ကို တစ်ချိန်လုံးစောင့်ကြည့်နေသည်။
ချင်လင်က စာဖိုင်ယူဖတ်ကြည့်ပြီး လက်မှတ်ထိုးလိုက်သည်။
ချင်းလင်ဆေးဖျော်ရည်ကိုစကြော်ငြာပြီး ပထမဆုံးထွက်လာသောအသုတ်မှာ ဝမ်ရန်ဆီဖြတ်ရမည်။ ဘာပဲဖြစ်ဖြစ် ချင်းလင်ဖျော်ရည်ရောင်းအားတွင် ဝမ်ရန်၏အဆက်အသွယ်များက အားအကောင်းဆုံးပင်။
တန့်ကွမ်းထွက်သွားပြီးနောက် ချင်လင်ကသူ့စိတ်ထဲမှဖန်သားပြင်ကိုပြန်ကြည့်ကာ တခြားအသုံးတည့်သောအိုးစိုက်ပင်များရှိမရှိကြည့်လိုက်သည်!
ဘာပဲဖြစ်ဖြစ် အပန်းဖြေစံအိမ်အတွင်းပိုင်းမှာ ထားနိုင်သေးသည်။ ဥပမာ - လေသာဆောင်တွင် ပန်းပင်တချို့ထားလျှင်ကောင်းသည်။
ဟိုရွေးဒီရွေး ရွေးပြီးနောက် အသုံးတည့်သောအပင်ကိုတွေ့သည်။ သူကချက်ချင်းမျိုးစေ့ဝယ်ပြီး အကွက်ထဲတန်းစိုက်လိုက်သည်။ လယ်ကွက်နှစ်ကွက်ထဲတွင် ရှန်းရွှေလက်ဆောင်ဆန်များမှည့်ဝင်းနေသည်ကိုလည်းတွေ့သည်။
ချင်လင်က စံအိမ်ထဲစိုက်ထားသော ရှန်းရွှေလက်ဆောင်ဆန်များကိုသတိရသွားသည်။
ရှန်းရွှေလက်ဆောင်ဆန်မှာ သက်တမ်းတဝက်နောက်ကျသောစပါးဖြစ်ပြီး ၅ လအတွင်းမှည့်သည်။ သို့သော် မြေအနေအထားကြောင့် ရှန်းရွှေလက်ဆောင်ဆန်မှာနောက်ကျပြီး ရက် ၂၀၀ ကျော်အတွင်းမှည့်လိမ့်မည်။ တစ်နှစ်မှတစ်ခါမှည့်နိုင်သော သဘောပင်။ ဒါကြောင့်လည်း ရှန်းရွှေလက်ဆောင်ဆန်ကရှားပါးခြင်းဖြစ်သည်။
ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား မှည့်နေသောရှန်းရွှေလက်ဆောင်ဆန်များကို ရိတ်သိမ်းစေသည်။ ထို့နောက် အရည်အသွေး ၂ ကိုလှောင်ထားပြီး အရည်အသွေး ၁ အားလုံးရောင်းပစ်လိုက်သည်။
သို့ရာတွင် အရည်အသွေး ၁ ရှန်းရွှေလက်ဆောင်ဆန်အားလုံးကိုဆက်တိုက်ရောင်းနေစဉ် သူ့စိတ်ထဲမှဖန်သားပြင်ကို တအံ့တဩကြည့်လိုက်သည်။
ဇာတ်ကောင်အဆင့်တက်ပြီဟူသော အသိပေးစာတက်လာသောကြောင့်ပင်!