အထူးအနမ်းငါး! အာနိသင်ထက်လွန်း!
Vol. 41 Ch. 606
ရုတ်တရက်ကြီးအဆင့်တက်မည်ဟု ချင်လင်မထင်မိ။ သူကချက်ချင်း အဆင့်တက်သောစာကိုကြည့်လိုက်သည်။
ဒီအဆင့်တွင် နောက်ထပ်အဆင့် ၁ မြေကွက် ၁၂ ကွက်နှင့် အဆင့် ၂ မြေကွက် ၆ ကွက်ဖွံ့ဖြိုးနိုင်သည်။
အဆင့် ၃ နှင့် ၄ က လှုပ်ရှားမှုမရှိ။
ဆေးဥယျာဉ်လည်း အဆင့်မတက်သေး။
သို့သော် အချိန်အတော်ကြာမလှုပ်ခဲ့သောလယ်ကွက်နှစ်ကွက်က အဆင့်မြှင့်တင်နိုင်ပြီဟူ၍အသိပေးလာသည်။ မွေးမြူရေးခြံတွင်လည်း အဆင့် ၃ မွေးမြူရေးခြံအဖြစ်မြှင့်တင်နိုင်ပြီဖြစ်ကြောင်း အသိပေးသည်။
ချင်လင်က မြေကွက်ကိုခဏထားပြီး လယ်ကွက်ကိုတန်းကြည့်လိုက်သည်။
ဘာပဲဖြစ်ဖြစ် အဆင့် ၂ လယ်ကွက်တွင် အရည်အသွေး ၂ ငါးရှဉ့်၊ အရည်အသွေး ၂ ရေချိုငါးမွေးနိုင်သည်။ အဆင့် ၃ မြှင့်လိုက်ရင် ဘယ်လိုဖြစ်လာမလဲမသိ။
လယ်ကွက်ထဲကသဘာဝအကောင်များကို သူလွတ်လွတ်နေသည်။
ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား လယ်ကွက်ကိုအဆင့် ၃ မြှင့်စေသည်။ ထို့နောက် သူ့ဂိမ်းဇာတ်ကောင်ကို သတ္တုမြို့တော်မျိုးစေ့ဆိုင်သွားပြီး အဆင့် ၃ လယ်ကွက်ထဲတွင် ဘာစိုက်နိုင်လဲ၊ ဘာမွေးနိုင်လဲ ကြည့်စေလိုက်သည်။
အဆင့် ၃ လယ်ကွက်တွင်စိုက်နိုင်သောအပင်အများကြီးရှိသည်။ ပန်းခရမ်း၊ အယ်လ်ဖာဖာ၊ ရေဝါး၊ ရေသစ်ချ၊ မှို စသည်။
မွေးမြူနိုင်သောနောက်တစ်မျိုးရှိသေးသည်: အကောင်။
လိပ်ပေါက်: အရည်အသွေး ၁။
(အလွန်အာဟာရတန်ဖိုးမြင့်သော လိပ်တစ်မျိုးဖြစ်သည်။ အကောင်ကြီးလာလျှင် အသားက အလွန်အာဟာရဖြစ်ပြီး အရသာရှိလိမ့်မည်။ တစ်ခုတည်းသောပြဿနာက မွေးမြူချိန်ကြာခြင်းပင်။)
လိပ်ကိုမြင်ပြီး ချင်လင်၏မျက်လုံးများအရောင်တောက်သွားသည်။
ဒါပေမဲ့ လယ်ကွက်ထဲမှာ လိပ်မွေးလို့ရလို့လား?
မွေးမြူချိန်ကြာခြင်းကိုတော့ လက်ခံနိုင်သည်။ မဟုတ်ရင် ဘာလို့လိပ်ဘိုးဘိုးလို့ခေါ်မလဲ?
သို့သော် ဒါကအရေးမကြီး။ အဓိကက သူလိပ်ကိုမြင်ပြီး စိတ်ဝင်စားသွားသည်။ သူကချက်ချင်း သူ့ဂိမ်းဇာတ်ကောင်အား လိပ်ဝယ်စေလိုက်သည်။
ငယ်စဉ်ကျေးလက်ကလေးဘဝက သူ့အဖေမြစ်ထဲသွားရင်လိုက်ပြီး သဘာဝအကောင်တွေဖမ်းရတာ အပျော်ဆုံးဖြစ်သည်။ အဲဒီတုန်းက သဘာဝလိပ်များ၊ကြက်များက အရသာအရှိဆုံးပင်။
အထူးသဖြင့်က လိပ်။
ဆန်အရက်၊ဆေးပင်များနှင့်နှပ်ထားသော လိပ်သားအရသာက အလွန်အာဟာရဖြစ်သည်။ အစားများလျှင် နှာခေါင်းသွေးလျှံစေတတ်သည်။
ဖြစ်ချင်တော့ စျေးထဲတွင် သဘာဝအသားငါးများက မတန်တဆစျေးကြီးသည်။
အားလုံးက အရှင်တွေ။
သဘာဝအသားငါးတစ်ကတ်တီကို ယွမ်လေးငါးရာပေးရသည်။
သို့ရာတွင် ချင်လင်က နောက်တစ်မျက်နှာလှန်ကြည့်လိုက်ရာ သူ့မျက်လုံးများရုတ်တရက်ဝင်းလက်သွားသည်။
ထိုစာရင်းထဲမှ ထင်မထားသောပစ္စည်းတစ်ခုက သူ့မျက်လုံးကိုဖမ်းစားထားသည်။
(သဘာဝအနမ်းငါး: အထူး)
အနမ်းငါး?
တခြားမပြောနှင့်၊ နာမည်နှင့်တင် ထူးထူးခြားခြားခံစားရသည်။
ဤငါးက ကျပန်းပေါ်လာသော နောက်ထပ်အထူးပစ္စည်းတစ်ခုဖြစ်သည်။
သို့ရာတွင် အနမ်းငါးကိုကြားဖူးတာ ဒါပထမဆုံးပင်။
မှတ်ချက်ကိုကြည့်ပြီးမှ ဘာကြောင့်လဲ သူသဘောပေါက်သွားသည်။
(မျိုးစပ်ထားပုံရသော သဘာဝရေနေအထူးငါးတစ်မျိုးဖြစ်သည်။ သတ္တုမြို့တော်တွင် ဖမ်းမိပြီးနောက် ရေကုထုံးအာနိသင်အလွန်ကောင်းမှန်းသိရသောကြောင့် မွေးမြူခဲ့သည်။ သီးသန့်မွေးမြူရန်လိုသည်။)
ရေကုထုံးငါးဖြစ်နေသည်။ ဒါကြောင့် အနမ်းငါးဟုခေါ်ခြင်းပင်။ ဒီလိုခေါ်ရင်လည်းခေါ်ထိုက်သည်။
ရေကုထုံးငါးကို ငါးကုထုံး Spa တွင်သုံးသည်။
အခြေအနေအတော်များများတွင်တွေ့နိုင်သော လုပ်ဆောင်ချက်တစ်ခုပင်။
တကယ်တော့ ငါးကုထုံးမှာ ဆေးခန်းအတော်များများတွင် တဖြည်းဖြည်းအတွေ့ရများလာသည်။
ဒါပေမဲ့ ဒီငါးတွေကို လယ်ကွက်ထဲမှာမွေးနိုင်လို့လား?
ဂိမ်းက တကယ်အံ့ဩစရာကောင်းသည်။
နောက်ပြီး ချင်လင်စိတ်ဝင်စားမှုမြင့်တက်လာသည်။
အပန်းဖြေစံအိမ်တွင် ရေကူးကန်ရှိပြီး ကလေးနှင့်လူကြီးနေရာခွဲထားသည်။
ပွင့်ပွင့်လင်းလင်းဆိုရလျှင် ကလေးနေရာမှာ အထက်တန်းဧည့်သည်များ အသုံးမပြုသလောက်ပင်။ အရင်ဆုံး ငါးကုထုံးနေရာအဖြစ် လုံးဝအသုံးချနိုင်ပြီး ရေပူစမ်းနေရာပြီးမှ အပြောင်းအလဲလုပ်နိုင်သည်။
ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား အနမ်းငါးပေါက်လေးများဝယ်စေပြီး စိုက်ပျိုးရေးခြံထဲပြန်လာသည်။
လယ်ကွက်နှစ်ကွက်ကို အဆင့် ၃ မြှင့်ထားသည်။ တစ်ကွက်ကိုလိပ်မွေးပြီး နောက်တစ်ကွက်ကို အနမ်းငါးမွေးမည်။
တစ်ဖက်တွင် အနမ်းငါးကို ရှန်းရွှေလက်ဆောင်ဆန်နှင့်အတူထားမရသောကြောင့် အဆင့် ၃ လယ်ကွက်တွင် သက်သက်မွေးရသည်။
အနမ်းငါး၏ပုံစံကြောင့် ချင်လင်ကချက်ချင်းလိုင်းပေါ်တက်ပြီး ငါးကုထုံးအကြောင်းရှာကြည့်လိုက်သည်။
နောက်ပြီး ငါးကုထုံးမှာ အကျိုးကျေးဇူးများစွာရှိကြောင်း သိလိုက်ရသည်။
……
နောက်တစ်နေ့နေ့လယ်_
လိပ်များမှာ အခုထိမကြီးသေးသော်လည်း အနမ်းငါးက အရွယ်ရောက်ပြီဟုညွှန်ပြနေသည်။
ချင်လင်ကချက်ချင်း ဂိမ်းဇာတ်ကောင်အား ထိုငါးတစ်သုတ်ကိုဆယ်ပြီး ဂိမ်းသိုလှောင်ခန်းထဲထည့်စေလိုက်သည်။ ထို့နောက် အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။
ဂိမ်းသိုလှောင်ခန်းထဲရောက်သောအခါ အနမ်းငါးကိုကြည့်လိုက်သည်။
အနမ်းငါးကမကြီး၊ လက်နှစ်လုံးလောက်သာရှိသည်။
ဒီတစ်သုတ်တွင် အကောင်ရာချီပါလိမ့်မည်။
ထိုအနမ်းငါး၏အထင်ရှားဆုံးလက္ခဏာမှာ နှုတ်ခမ်းကလုံးပြီးစူထွက်နေသည်။ အလွန်ထူးဆန်းပြီး အုံလိုက်ကျင်းလိုက်သုံးရမည်။
သို့ရာတွင် တချို့က သိသိသာသာပိုကြီးပြီး ပိုဖျတ်လတ်သောကြောင့် တခြားအကောင်များနှင့်ခွဲထားသည်။
ထိုမြင်ကွင်းကြောင့် ချင်လင်ကတစ်ခုခုတွေးမိပြီး ချက်ချင်းငါးမှတ်ချက်ကိုကြည့်လိုက်သည်။
(အနမ်းငါး: အရည်အသွေး ၂)
(ရေကုထုံးအထူးငါးဖြစ်သည်။ အရေပြားဆဲလ်အသေများကိုစားပြီး လူများတွင် အထူးရေကုထုံးလုပ်ဆောင်ချက်ရှိသည်:
အသားအရေကြည်လင်စေခြင်း +၂၊ မောပန်းသက်သာစေခြင်း +၂၊ ဆဲလ်ဖြစ်ပျက်မှုကိုမြှင့်တင်ပေးခြင်း +၂၊ အာရုံကြောစနစ်ကိုထိန်းချုပ်ပေးခြင်း +၂၊ အိပ်မပျော်ခြင်းကိုသက်သာစေခြင်း +၂၊ အပူဒဏ်ခံနိုင်ရည်ရှိခြင်း +၂၊ သက်လုံအားကောင်းစေခြင်း +၂!)
…
(အနမ်းငါး: အရည်အသွေး ၃)
(ရေကုထုံးအထူးငါးဖြစ်သည်။ အရေပြားဆဲလ်အသေများကိုစားပြီး လူများတွင် အထူးရေကုထုံးလုပ်ဆောင်ချက်ရှိသည်:
အသားအရေကြည်လင်စေခြင်း +၃၊ မောပန်းသက်သာစေခြင်း +၃၊ ဆဲလ်ဖြစ်ပျက်မှုကိုမြှင့်တင်ပေးခြင်း +၃၊ အာရုံကြောစနစ်ကိုထိန်းချုပ်ပေးခြင်း +၃၊ အိပ်မပျော်ခြင်းကိုသက်သာစေခြင်း +၃၊ အပူဒဏ်ခံနိုင်ရည်ရှိခြင်း +၃၊ သက်လုံအားကောင်းစေခြင်း +၃!)
မှတ်ချက်များကိုကြည့်ပြီး ချင်လင်နည်းနည်းအံ့ဩသွားသည်။
အွန်လိုင်းငါးကုထုံးတွင်ဖော်ပြထားသောမှတ်ချက်များ အမှန်တကယ်ပါနေသောကြောင့်ပင်။ သို့သော် အင်တာနက်အချက်အလက်အရ အသားအရေကြည်လင်စေခြင်းနှင့်မောပန်းသက်သာစေခြင်းမှလွဲ၍ တခြားဆဲလ်ဖြစ်ပျက်မှုကိုမြှင့်တင်ပေးခြင်း၊ အာရုံကြောစနစ်ကိုထိန်းချုပ်ပေးခြင်း၊ အိပ်မပျော်ခြင်းကိုသက်သာစေခြင်းတို့မှာ အာနိသင်အနည်းငယ်သာရှိသည်ဟုဆိုထားသည်။