အထူးအနမ်းငါး! အာနိသင်ထက်လွန်း! ၂
Vol. 41 Ch. 607
ထိုထိုငါးကုထုံးများက မသေချာ။
သို့ရာတွင် စနစ်မှထုတ်သောငါးမှာ လုံးဝထိုအာနိသင်များရှိပြီး အားလုံးအရည်အသွေး +၂ ဖြစ်သည်။ ငါးအရည်အသွေးနှင့်အာနိသင် +၃ တောင်ရှိသည်။
မော်ဒန်လူအဖွဲ့အစည်းတွင် အာရုံကြောရောဂါနှင့်အိပ်မပျော်ခြင်းမှာ အတွေ့ရများသည်။ ချန်ရှန်းဖေနှင့်မာလဲ့ဝမ်လို လူချမ်းသာများတောင် မရှောင်လွှဲနိုင်။
တစ်ခါတရံ ထိုအရေးပါအရာရောက်သူများ၏လက္ခဏာက ပိုပြင်းထန်တတ်သည်။ သူတို့စိတ်ဖိအားကို သာမန်လူများစိတ်ကူးမရချေ။
နောက်ပြီး အရွယ်ရလေလေ တွေးပူတတ်လေလေပင်။
ဒါကြောင့်လည်း အဆင့်မြင့်အိမ်တွင်းပြုစုကုသရေးနှင့်အားလပ်ရက်အပန်းဖြေနေရာများမှာ လူချမ်းသာများအကြား အလွန်ရေပန်းစားလာခြင်းဖြစ်သည်။
လုံးဝစျေးကွက်ဖြစ်နေသည်။
စိတ်ဝင်စားစရာအကောင်းဆုံးက အပူဒဏ်ခံနိုင်ရည်ရှိခြင်းပင်။
ရေကုထုံးငါးမှာ အပူဒဏ်အလွန်ခံနိုင်ရည်ရှိသည်။ ရေကုထုံးစင်တာအတော်များများက ဆောင်းရာသီတွင် ရေပူစမ်းထဲငါးထည့်ကြသည်။ အပူချိန်က ၄၀ ဒီဂရီအထိရှိနိုင်သည်။
အခုဒီငါးတွင် အပူဒဏ်ခံနိုင်ရည်ရှိခြင်း +၂ နှင့် +၃ အရည်အသွေးရှိသောကြောင့် အပူချိန်မြင့်တွင် လွတ်လွတ်လပ်လပ်ကူးနိုင်ဖို့များသည်။
နည်းနည်းတော့ထူးဆန်းသည်။
လူ့အရေပြားကျက်လောက်တဲ့အပူချိန်မှာ ငါးကလုံးဝအဆင်မပြေနိုင်ဘူးမလား?
ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီအရည်အသွေးနဲ့အာနိသင်ရှိရင် အပန်းဖြေစံအိမ်ဖွင့်တဲ့အခါ အနမ်းငါးက သေချာပေါက်နာမည်ကြီးလုပ်ငန်းဖြစ်လာလိမ့်မည်။
သို့ရာတွင် အကောင်ရေက ရာကျော်သာရှိသေးသည်။ အထူးသဖြင့် အရည်အသွေး ၃ ကသိပ်မရှိသေး။
ထို့ကြောင့် ချင်လင်ကအလျင်မလိုပေ။ သူ့ဂိမ်းဇာတ်ကောင်ကို သတ္တုမြို့တော်ပြန်သွားပြီး အနမ်းငါးပေါက်များဝယ်ကာ လယ်ကွက်အလွတ်ထဲမွေးစေလိုက်သည်။
နောက်တစ်ရက်ကုန်လွန်သွားသည်။
နေ့လယ်ပိုင်းတွင် အနမ်းငါးဒုတိယအသုတ်ကြီးလာ၍ဆယ်လိုက်သည်။
လိပ်က အခုထိမကြီးသေး။

အတော်လေးနှေးသည်။ သို့သော် ကိစ္စမရှိ။ ဘယ်လောက်နှေးနှေး တစ်နေ့တော့အစားခံရဦးမည်။
ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား ငါးတစ်သုတ်သိမ်းပြီး သိုလှောင်ခန်းထဲထည့်စေလိုက်သည်။ ထို့နောက် ရုံးခန်းအပြင်ထွက်၍ ရေပုံးကြီးနှစ်ပုံးရှာကာ သိုလှောင်ခန်းထဲသွားရန်ပြင်လိုက်သည်။ ဒီငါးတွေကိုဂိမ်းထဲကထုတ်ပြီး အာနိသင်ခံစားကြည့်မည်။
ဂိုဒေါင်ရောက်သောအခါ ချင်လင်ကရေပုံးနှစ်ပုံးနှင့်ဂိမ်းထဲဝင်လိုက်သည်။ သူကအနမ်းငါးအားလုံးကိုရေပုံးထဲထည့်ပြီး အတွေးနှင့်ဂိမ်းထဲမှထုတ်လိုက်သည်။
ငါးကိုချင်းလင်စံအိမ်ပြန်သယ်လာပြီးနောက် ချက်ချင်းချန်တပေကိုဖုန်းဆက်ကာ တွဲဆွဲတုံးယူလာခိုင်းသည်။
အရည်အသွေး ၂ နှင့် ၃ အနမ်းငါးစုစုပေါင်း ၂၅၀ ကျော်၍ ရေပုံးကြီးနှင့် သူဆွဲဖို့လုံးဝအဆင်မပြေ။
နောက်ပြီး ရေကူးကန်က မသန့်ရသေး။ အရင်ဆုံး သန့်စင်ခိုင်းရဦးမည်။
သူဌေးဖုန်းဆက်ပြီးပြီးချင်း ချန်တပေက တွဲဆွဲတုံးအရင်ရှာသည်။ ထို့နောက် လုံခြုံရေးအစောင့်အများကြီးခေါ်လာလိုက်သည်။
"သူဌေး... ဘာလုပ်ရမလဲ?''
ချန်တပေက သူ့လူများနှင့် ချင်လင်ဆီရောက်လာပြီးမေးသည်။
"ရေကူးကန်ကိုသန့်ပြီး ငါးကိုကလေးရေကူးကန်ဘက်ထည့်လိုက်ပါ''
ချင်လင်က အမိန့်ပေးလိုက်သည်။
ချန်တပေက ထရပ်ကားပေါ်တက်လိုက်ရာ ငါးပုံးနှစ်ပုံးကိုမြင်ပြီး_
"သူဌေး... ဒီငါးတွေက ကြီးလည်းမကြီးဘူး... သူ့ပါးစပ်ကလည်း နည်းနည်းထူးဆန်းတယ်... ဘာငါးတွေလဲ?''
"ရေကုထုံးငါး!''
ချင်လင်လည်းရှင်းပြလိုက်သည်။
ချန်တပေကသိချင်တာသိရပြီးနောက် သူ့လူများကိုချက်ချင်းခေါ်ကာ ရေကူးကန်ဘက်အနမ်းငါးများရွှေ့ခိုင်းလိုက်သည်။ ထို့နောက် ရေကူးကန်သန့်ရန် ပစ္စည်းကိရိယာများရှာသည်။
ချန်တပေက ဒါမျိုးကျွမ်းသည်။ ရေကူးကန်ကြီးသန့်ဖို့ သိပ်မကြာလိုက်။ လူကြီးဘက်ရော ကလေးဘက်ပါ ရေစဖြည့်လိုက်သည်။
အသစ်ဆောက်ထားသောရေကူးကန်ဖြစ်၍ ပထမဆုံးရေကူးကန်ဆေးဖို့ ရေသာသုံးရသည်။ နောက်ပိုင်း ရေကန်ကိုပြန်သုံးနိုင်သည်။
အားလုံးအဆင်သင့်ဖြစ်လျှင် ချင်လင်ကချန်တပေဘက်လှည့်၍_
"ငါးအကုန်ထည့်လိုက်!''
ချန်တပေတို့က ကလေးရေကူးကန်ထဲ ငါးပုံးနှစ်ပုံးလောင်းထည့်လိုက်သည်။
တခဏချင်း ငါးများမှာ နေရာကျယ်ကျယ်ရောက်သွား၍ မြူးတူးပြီး ရေထဲဟိုဟိုဒီဒီကူးခတ်နေကြသည်။

ငါးများထည့်ပြီးနောက် ချင်လင်က ချန်တပေတို့ကိုကိုယ့်အလုပ်ကိုယ်ပြန်လုပ်စေပြီး အပန်းဖြေစံအိမ်မှထွက်လာသည်။
အနမ်းငါး၏အာနိသင်ကိုချက်ချင်းခံစားကြည့်ချင်သော်လည်း ရေကူးဝတ်စုံရှိရဦးမည်။ မဟုတ်ရင် မတော်တဆတွေသူကြောက်သည်။
လူမြင်သွားမှာသူမကြောက်။ သူ့မှာပိုက်ဆံအများကြီးရှိ၍ ပြဿနာမဟုတ်။ သူဘာကြောက်လဲ အားလုံးသိပါလိမ့်မည်။
ထို့ကြောင့် အကာအကွယ်မဝတ်ဘဲမနေဖို့တားမြစ်ထားသည်။ အထူးသဖြင့် အမျိုးသမီးများပင်။ မဟုတ်ရင် ရှက်စရာတွေဖြစ်ကုန်လိမ့်မည်။
ချင်လင်က စူပါမားကတ်သွားပြီး အမျိုးသား၊အမျိုးသမီးရေကူးဝတ်စုံတစ်ထပ်ဝယ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် လိုရမည်ရ များများဝယ်ထားရမည်။
ချင်လင်က အပန်းဖြေစံအိမ်ထဲဝင်ကာ အခန်းတစ်ခန်းရှာပြီး ရေကူးဝတ်စုံလဲလိုက်သည်။ ထို့နောက် အပြင်ထွက်၍ ရေကူးကန်ထဲဆင်းလိုက်သည်။
ကန်ထဲဆင်းလိုက်သည့်ခဏတွင် ရေများလှုပ်ခတ်သွားသဖြင့် အနမ်းငါးများ သူ့ဆီပြုံတိုးလာ၏။ ရေထဲအစာပစ်ချလိုက်သလို တခဏချင်း သူ့တကိုယ်လုံးကို ထူးထူးဆန်းဆန်းပါးစပ်များနှင့်တို့ကနန်းဆိတ်ကနန်းလုပ်ကြသည်။
ဒီလိုတို့ထိပုံကမပြင်းသော်လည်း နေလို့ထိုင်လို့ကောင်းသည်။
အစပိုင်းက နေထိုင်ကောင်းရုံဆိုသော်လည်း ငါးများတို့ရင်းတို့ရင်း အပ်စိုက်ကွက်များထိလာ၏။ ထို့ကြောင့် သက်သောင့်သက်သာခံစားချက်မျိုးလည်းရပြီး တကိုယ်လုံးတဖြည်းဖြည်းပေါ့ပါးလာသည်။
ချင်လင်ကမနေနိုင်ဘဲ မျက်စိမှိတ်ခံစားလိုက်သည်။ သူ့တကိုယ်လုံးကနာဗ့်ကြောများတောင် ပြေလျော့သွားသည်။
အာရုံကြောထိန်းချုပ်မှုအရည်အသွေးကြောင့်မှန်း သူသိသည်။
အနမ်းငါးအုပ်စုက လူကိုဒီလိုလုပ်ပေးနိုင်တာ ယုံရခက်ခက်ပင်။
အထူးသဖြင့် အရည်အသွေး ၃ အနမ်းငါးအုပ်စုကဝိုင်းထိုးဆိတ်သောအခါ ခံစားချက်ပိုအားကောင်းလာသည်။
သူ့အနမ်းငါးကစနစ်အာနိသင်ကြောင့်ဆိုသော်လည်း ငါးကုထုံးကအမှန်ပင်အာနိသင်ရှိကြောင်းပြနေသည်။
ဒါကြောင့် နာမည်ကြီးတာကိုး။
သူကိုယ်တိုင်ခံစားကြည့်နေစဉ် ဖုန်းမြည်လာသည်။ ချင်လင်ဖုန်းကိုင်ကြည့်သောအခါ တန့်ကွမ်းဆီမှဖြစ်နေသည်။
တစ်ဖက်မှတန့်ကွမ်းအသံကိုကြားရသည်_
"ဥက္ကဌချင်... ဘယ်ရောက်နေတာလဲ? ခင်ဗျားရုံးခန်းထဲမှာမတွေ့ဘူး''
"အပန်းဖြေစံအိမ်လာခဲ့ပါ... ဒီဘက်ရောက်နေတာ''
ချင်လင်ကပြန်ဖြေလိုက်သည်။

ငါးကုထုံးမှာ သက်သောင့်သက်သာရှိလွန်း၍ မထချင်။
အပန်းဖြေစံအိမ်ကိုတန့်ကွမ်းသိသည်။ အခန်း ၂၀ ကျော်ရဲတိုက်ကြီးနှင့်တူပြီး တစ်ခန်းစီက သာမန်လူများအတွက် အိပ်ခန်းသုံးခန်းစာလောက်ကျယ်သည်။
ဖုန်းချပြီးနောက် စံအိမ်မှစာဖိုင်နှင့်ထွက်လာပြီး အပန်းဖြေစံအိမ်တန်းသွားလိုက်သည်။
အပန်းဖြေစံအိမ်ထဲဝင်လာပြီးနောက် ရေကူးကန်ထဲတွင် ရေကူးဝတ်စုံနှင့်စိမ်နေသောသူဌေးကိုမြင်ပြီး သူအံ့ဩသွားသည်။
အနားရောက်လာသောအခါ သူကတအံ့တဩနှင့်_
"ဥက္ကဌချင်... ဒါငါးကုထုံးလား? နေလို့ကောင်းနေတာပေါ့''
ချင်လင်ကပြုံးပြီး_
"ဒီငါးတွေက သာမန်မဟုတ်ဘူး... လာစိမ်ကြည့်... ခန်းမထဲမှာ ရေကူးဝတ်စုံရှိတယ်... အခန်းတစ်ခန်းထဲဝင်လဲလိုက်''
သူဌေးကခေါ်နေမှာတော့ တန့်ကွမ်းမငြင်း။
သူဌေးနဲ့အတူ ရေပူစမ်းစိမ်၊ငါးကုထုံးခံခြင်းကို ဘယ်လက်အောက်ငယ်သားမဆိုလိုချင်လိမ့်မည်။
ဒါသူဌေးနဲ့ဆက်ဆံရေးကောင်းတယ်ဆိုတဲ့သဘောပင်။ သူဌေးကလည်း တန်ဖိုးထားသည်။
"ဥက္ကဌချင်... ဒီစာဖိုင်လက်မှတ်ထိုးဖို့လိုနေလို့ပါ... အရင်ဆုံး တစ်ချက်ကြည့်လိုက်ပါဦး''
တန့်ကွမ်းက စာဖိုင်နှင့်ဘောပင်ကို ရိုရိုသေသေပေးလိုက်သည်။ ထို့နောက် ဧည့်ခန်းထဲရေကူးဝတ်စုံသွားယူကာ အပေါ်ထပ်တက်၍ အဝတ်လဲရန်အခန်းရှာလိုက်သည်။
ချင်လင်ကစာဖိုင်ကိုယူကြည့်လိုက်သည်။ ချင်းလင်ဆေးဖျော်ရည်ထုတ်လုပ်ရေးအတွက် လုပ်အားခညှိနှိုင်းချက်ဖြစ်သည်။ အရင်က ချင်းလင်ဆေးဖျော်ရည်အတွက်လုပ်အားခမှာ ချင်းလင်အားဖြည့်လက်ဖက်ရည်လုပ်အားခနှင့်အတူတူပင်။
သို့သော် အမှန်တကယ်ထုတ်လုပ်ကြည့်ပြီးနောက် ချင်းလင်ဆေးဖျော်ရည်က ပိုရှုပ်ပြီးပိုခက်ခဲ၍ လုပ်အားခမြှင့်ပေးရသည်။
ချင်လင်က ဝန်ထမ်းလစာကိုအပြောင်းအလဲမလုပ်။ ဘောပင်နှင့်လက်မှတ်ထိုးပြီး စာဖိုင်ကိုဘေးချထားလိုက်သည်။
တန့်ကွမ်းလည်း မြန်မြန်ထွက်လာပြီး ကလေးရေကူးကန်ထဲစိမ်လိုက်သည်။ သူဝင်လိုက်သည်နှင့် အနမ်းငါးများက ချင်လင်ကိုချက်ချင်းလက်လွှတ်ကာ ငါးမန်းသွေးနံ့ခံလာသလို တန့်ကွမ်းဆီကူးလာကြသည်။
တန့်ကွမ်းရဲ့ဆဲလ်အသေတွေကပိုအနံ့ရပြီး ပိုများတယ်ဆိုတဲ့သဘော၊ တန့်ကွမ်းမှာပြဿနာပိုများနေသောသဘောလည်းဖြစ်သည်။
တခဏချင်း တန့်ကွမ်းတွင် အနမ်းငါးအုံလိုက်ကြီးဖြစ်သွားသည်။ စစချင်း တန့်ကွမ်းမှာအသားမကျသော်လည်း မကြာမီ သူ့တကိုယ်လုံးအတော်လေးသက်သောင့်သက်သာဖြစ်သွားသည်။
သူ့တကိုယ်လုံးကအပ်စိုက်ကွက်များကို ထိုးဆိတ်ခံရသလို ပေါ့ပေါ့ပါးပါးခံစားလိုက်ရသည်။
အခုတလော ချင်းလင်ဆေးရည်နှင့်အလုပ်များနေ၍ သူအတော်စိတ်ဖိစီးနေသည်။ အခုငါးကုထုံးခံပြီး စိတ်ဖိအားတဖြည်းဖြည်းပျောက်သွားသလိုပင်။ သူ့အာရုံကြောများပြေလျော့ပြီး အလွန်သက်သာသွားသည်။
"ဟင်း.. ဟင်း.. ဟင်း''
တန့်ကွမ်းက စိတ်လျှော့ပြီးသက်ပြင်းမှုတ်ထုတ်လိုက်သည်။ ငါးကုထုံးရဲ့အာနိသင်က အတော်လေးသက်သောင့်သက်သာရှိကြောင်းသက်သေပြလိုက်၏။
မကြာမီ တန့်ကွမ်းအသက်ရှူသံမှန်သွားပြီး ဟောက်တောင်ဟောက်လာသည်။
စိတ်သက်သာ၍ အိပ်ပျော်သွားသည်။
သူပုံစံကြောင့် ချင်လင်နည်းနည်းစိတ်ထိခိုက်သွားသည်။
ဒီအတောအတွင်း တန့်ကွမ်းအတော်ပင်ပန်းသွားတာပဲ။ ပြီးတော့ ငါးကုထုံးကလည်း တကယ်ထိရောက်တယ်။
တန့်ကွမ်းမှာပင်ပန်းလွန်းသောကြောင့် နာဗ့်ကြောစနစ်ပုံမှန်ဖြစ်သည်နှင့် စိတ်သက်သာပြီး အိပ်ပျော်သွားလေသည်။