စျေးကြီးတဲ့အမဲသား! သူများနိုင်ငံ့ရတနာကိုမျက်စိကျတယ်!
Vol. 41 Ch. 608
ချင်လင်နှင့်တန့်ကွမ်းက ငါးကုထုံးအရသာခံနေစဉ် မင်စီရင်စုပြည်နယ်မြို့တော်တွင် နောက်ထပ်ဖျော်ရည်ပေါက်သွားပြန်သည်။
တတိယမြောက်လမ်းစူပါမားကတ်တစ်ခုတွင် ဆိုင်ရှင်ချန်ချွမ်းကျန်းက ခါတိုင်းလိုပစ္စည်းများစီနေသည်။ သူကချင်းလင်အားဖြည့်လက်ဖက်ရည်ကို ရေခဲသေတ္တာအမြင်သာဆုံးနေရာတွင်ထားလိုက်သည်။
ချင်းလင်အားဖြည့်လက်ဖက်ရည်မှာ မင်စီရင်စုတစ်ခုလုံးတွင်အကျော်ကြားဆုံးအားဖြည့်ဖျော်ရည်ဖြစ်သည်။ တစ်ခါတလေ ဖျော်ရည်မရှိရင် ဝယ်သူများကကြည့်တောင်မကြည့်ဘဲထွက်သွားကြ၏။
တချို့စျေးဝယ်များက ချင်းလင်အားဖြည့်လက်ဖက်ရည်ကိုမြင်ပြီးဝင်လာကြသဖြင့် မြင်သာအောင်ထားရမည်။
ချင်းလင်အားဖြည့်လက်ဖက်ရည်ကိုစင်ပေါ်တင်ပြီးနောက် ချန်ချွမ်းကျန်းက ''ချင်းလင်ဆေးဖျော်ရည်''ဟုရေးထားသော ဖျော်ရည်သေတ္တာအသစ်နှစ်လုံးကိုထုတ်လိုက်သည်။
ချင်းလင်ကုမ္ပဏီရဲ့ဖျော်ရည်အသစ်ဖြစ်ပြီး မစ္စကျန်းလင်းလင်းက နှစ်ရက်အတွင်းရောင်းအားစာရင်းလုပ်ခိုင်းထားသည်။
မနေ့က ပစ္စည်းရောက်ပြီးမကြာမီ ချင်းလင်အားဖြည့်လက်ဖက်ရည်၏နာမည်ကြောင့် ဒီဆေးဖျော်ရည်ကိုလည်း မြန်မြန်သွက်သွက်နှိုက်သွားကြသည်။
မစ္စကျန်းလင်းလင်းမှာထားသည်ကို မလုပ်ဘဲမနေရဲ။ ဘာပဲဖြစ်ဖြစ် ချင်းလင်အားဖြည့်လက်ဖက်ရည်က သူမကြောင့်အမြန်ဆုံးရတတ်သည်။
ဒါကလည်း ဖျော်ရည်သုံးမျိုးက ချင်းလင်အားဖြည့်လက်ဖက်ရည်ကိုဝန်းရံနေသည်ဟုသတင်းပေးခြင်းကြောင့် ကျေးဇူးတုံ့ပြန်ခြင်းပင်။
နောက်ပြီး ဒီချင်းလင်ဆေးဖျော်ရည်ကပေါက်မည်မှန်း သူသိသည်။ ပုံးပေါ်တွင်ပါသောအညွှန်းမှာ:
ဤဆေးဖျော်ရည်သည် ဝမ်းချုပ်ခြင်း၊ သွေးဝမ်းသွားခြင်း၊ ဝမ်းသွားအားမရခြင်း၊ ဝမ်းကိုက်ခြင်း၊ စမြင်းခံခြင်းတို့ကို သက်သာစေပါသည်တဲ့။
ဖျော်ရည်မှာ ဒီလိုအာနိသင်မျိုးရှိတာ မယုံနိုင်စရာ။


တခြားဖျော်ရည်ကုမ္ပဏီသာဆိုရင် သံသယဝင်ခံရမည်ဖြစ်သော်လည်း ချင်းလင်ကုမ္ပဏီ၏ဖျော်ရည်ကမတူ။ ဘာပဲဖြစ်ဖြစ် သူတို့မှာ ချင်းလင်အားဖြည့်လက်ဖက်ရည်လိုဖျော်ရည်မျိုးရှိသည်လေ။
အဓိကက မနေ့ကသူကိုယ်တိုင်သောက်ထားသောကြောင့်ပင်။
ဒီလိုပေါ့ပေါ့ပါးပါးဖြစ်သွားတဲ့ခံစားချက်မျိုးက ဘယ်လိုပြောပြရမှန်းမသိ။
ချန်ချွမ်းကျန်းတွေးတောနေစဉ် အမျိုးသမီးတစ်ယောက်ရောက်လာသည်။
"မစ္စမေ... အားဖြည့်လက်ဖက်ရည်ပဲလား?''
ချန်ချွမ်းကျန်းက တစ်ဖက်လူကို အပြုံးနှင့်ကြည့်လိုက်သည်။
သူမကို သူသိသည်။ မီဒီယာလုပ်ငန်းကဖြစ်ပုံရသည်။ သူ့ဖောက်သည်အမျိုးသမီးတချို့ကို သူမျက်မှန်းတန်းမိသည်။ သူမအကြိုက်က အရသာအလွန်လေး၏။ ဒီအကြိုက်က တကယ်တော့မကောင်း။
ထို့ကြောင့် ချင်းလင်အားဖြည့်လက်ဖက်ရည်ကို မကြာခဏလာဝယ်တတ်သည်။
"ချင်းလင်အားဖြည့်လက်ဖက်ရည်အပြင် မနေ့ညကဆေးဖျော်ရည်ပါပေးပါ''
မစ္စမေက ချက်ချင်းပြောလိုက်သည်။ ဒီပစ္စည်းက တကယ်အသုံးတည့်သည်။
"တမြန်နေ့က ဝန်ထမ်းတွေနဲ့ဟော့ပေါ့စားပြီးကတည်းက ဝမ်းသွားရတာအတော်ဆိုးနေတာ... မနေ့ညက ဒီဆေးဖျော်ရည်သောက်ပြီး သက်သာသွားတယ်... ဒီနေ့ ကျွန်မဝန်ထမ်းတွေအတွက်ဝယ်ထားမလို့''
ချန်ချွမ်းကျန်းမှာ ဆေးဖျော်ရည်အာနိသင်ကိုသိပြီးဖြစ်၍ မစ္စမေ၏အတွေးကိုနားလည်သည်။ သူစူပါမားကတ်ဖွင့်ပြီး အချိန်မရွေးကုန်ဖြည့်နိုင်ရင်တောင် သူ့အတွက်တစ်ပုလင်းချန်ထားဦးမည်။
မစ္စမေက ချင်းလင်ဆေးဖျော်ရည်နှင့်ထွက်သွားပြီး ခဏအကြာ နောက်တစ်ယောက်ရောက်လာပြန်သည်_
"ဆိုင်ရှင်... မနေ့က ချင်းလင်ဆေးဖျော်ရည်ဝယ်သွားတာလေ... အဲဒါအိမ်မှာဆောင်ထားမလို့... ကျွန်မသားက အစပ်တွေအရမ်းစားတာ''
ထိုတစ်ယောက်ကိုရောင်းပြီးပြီးချင်း အိမ်နီးချင်းတစ်ယောက်ရောက်လာတာ ချန်ချွမ်းကျန်းတွေ့သည်_
"လောင်ချန်... ချင်းလင်ဆေးဖျော်ရည်ပေးပါဦး... ဒီပစ္စည်းအာနိသင်က အာပလာမဟုတ်ဘူးနော်... အဲဒါနဲ့ အိမ်မှာ ကျောက်ပုစွန်အစပ်ချက်ကိုကြိုက်သလောက်စားလို့ရပြီ''


မကြာမီ မနေ့ကပို့ထားသောချင်းလင်ဆေးဖျော်ရည်အားလုံးရောင်းကုန်သွားပြီမှန်း ချန်ချွမ်းကျန်းတွေ့လိုက်ရသည်။
ပြီးတော့ မနေ့ကသောက်ကြည့်ပြီးတာနဲ့ ဒီနေ့ပြန်လာတဲ့ဖောက်သည်တွေက ဘာလို့နည်းနည်းစီဝယ်သွားကြတာလဲ?
သူတို့ပြောတာတော့ အိမ်မှာဆောင်ထားဖို့တဲ့။
တကယ် ဆေးအဖြစ်သုံးဖို့လား?
သို့ရာတွင် သူကချက်ချင်းဖုန်းထုတ်ပြီး ဖုန်းဆက်လိုက်သည်။ မစ္စကျန်းလင်းလင်းကို ပစ္စည်းအမြန်ဆုံးပို့ပေးစေချင်သည်။
ဒီပစ္စည်းက ချင်းလင်အားဖြည့်လက်ဖက်ရည်လို ရောင်းရလိမ့်မည်။ သူများများမဆောင်ထားရင် ဖောက်သည်တွေကလာမေးပြီး တခြားနေရာရောက်ကုန်လိမ့်မည်။
တစ်ဖက်တွင် ကျန်းလင်းလင်းလည်း ချန်ချွမ်းကျန်းဆီမှဖုန်းရပြီး တတိယမြောက်ဆိုင်နှင့် ၇ လမ်းတွင်ပို့ထားသောပစ္စည်းအားလုံး ရောင်းကုန်သွားပြီမှန်း သိလိုက်ရသည်။
သူမကဖုန်းချပြီး ဝမ်ရန်ပေါင်ပေါ်ထိုင်လိုက်သည်။ သူ့လည်ပင်းကို သူမလက်များနှင့်သိုင်းဖက်၍ အစီရင်ခံလိုက်၏_
"သူဌေး... ၁၅ ခါမြောက်ဖုန်းပဲ... အကုန်ရောင်းကုန်သွားပြီ... ချင်းလင်ကုမ္ပဏီက တကယ်အံ့ဩစရာပဲ... ထပ်ပေါက်ပြန်ပြီ''
ဝမ်ရန်ကမတတ်သာပုံနှင့်_
"အစ်မလင်းလင်း... အစီရင်ပဲခံပါ... မရှုပ်ပါနဲ့... ဒေါသထွက်မိလိမ့်မယ်''
"ငါက မင်းကိုမီးညှိပေးနေတာလေ!''
ကျန်းလင်းလင်းက ညုတုတုနှင့်ပြောလိုက်သည်။ ထို့နောက် ပြန်ထပြီး ငြိမ်ငြိမ်လေးငုတ်တုတ်ထိုင်နေ၏။
ဝမ်ရန်မျက်နှာမှာ စိတ်ပျက်လက်ပျက်နှင့်။


ဒီလိုဘဝမျိုးက တကယ်ငြင်းဆဲနေသလိုပဲ။
ဒီအမျိုးသမီးက ငြင်းဆဲမှာ။
ထို့နောက် သူ့ဖုန်းကိုင်ပြီး ဖုန်းဆက်လိုက်သည်။
ဒီအခြေအနေကို ဥက္ကဌတန့်ဆီတင်ပြရမည်။ သို့သော် ဖုန်းပြောအပြီးတွင် သူပင့်သက်ရှိုက်မိလေသည်။
…
ချင်းလင်စံအိမ်_
တန့်ကွမ်းက ငါးကုထုံးခံနေစဉ် ဖုန်းသံကြားလိုက်ရသည်။ သူကဖုန်းကိုင်လိုက်ရာ ဝမ်ရန်ဆီမှဖြစ်နေသည်။
ဝမ်ရန်က ချင်းလင်ဆေးဖျော်ရည်ရောင်းအားအကြောင်း၊ အာနိသင်ကထူးထူးခြားခြားကောင်းတဲ့အကြောင်းတင်ပြသည်။
ဒီလူအသံက နည်းနည်းထူးဆန်းနေသည်။ ခက်ခက်ခဲခဲဖုန်းပြောနေရသလိုပင်။
ဒီနေ့ခေတ်လူငယ်တွေက အားနည်းလိုက်တာ?
သူကဖုန်းချပြီး ချင်လင်အား_
"ဥက္ကဌချင်... ဝမ်ရန်ကပြောတယ်... ချင်းလင်ဆေးဖျော်ရည်ရောင်းအားတက်နေပြီတဲ့''
"အင်း!"
ချင်လင်ခေါင်းညိမ့်လိုက်သည်။
ဒါလည်းထင်တဲ့အတိုင်း။ ဒီလိုအာနိသင်တွေနဲ့ ဆေးဖျော်ရည်မပေါက်ဘူးဆိုတာ မဖြစ်နိုင်။
"ဥက္ကဌချင်... ကျွန်တော်အရင်ဆုံး ကုမ္ပဏီပြန်လိုက်ဦးမယ်... အစည်းအဝေးတက်စရာရှိသေးတယ်''
တန့်ကွမ်းလည်း ငါးကုထုံးခံပြီးထလိုက်သည်။
ငါးကုထုံးက အလွန်ကောင်းသော်လည်း ဒီနေ့အစည်းအဝေးက အရမ်းအရေးကြီးသည်။ ချင်းလင်ဆေးဖျော်ရည်စက်ရုံဒါရိုက်တာကိစ္စဆွေးနွေးရဦးမည်။
သူပြန်မှဖြစ်မည်။
"အင်း!''
ချင်လင်ခေါင်းညိမ့်လိုက်သည်။ သူကတန့်ကွမ်းကိုကြည့်ပြီး_
"ဒါနဲ့... ဒါရိုက်တာတန့်... ကျွန်တော် စီနီယာအစ်ကိုချူကို ချင်းလင်အစားအသောက်ကုမ္ပဏီတစ်ချက်သွားကြည့်ခိုင်းလိုက်မယ်... ရှယ်ယာဆုကြေးအကြောင်းအသေးစိတ်ပေါ့... ကျွန်တော်တို့နဲ့ပူးပေါင်းပေးပါဦး''