← Chapters

စျေးကြီးတဲ့အမဲသား! သူများနိုင်ငံ့ရတနာကိုမျက်စိကျတယ်! ၂

Vol. 41 Ch. 609

စျေးကြီးတဲ့အမဲသား! သူများနိုင်ငံ့ရတနာကိုမျက်စိကျတယ်! ၂

Vol. 41 Ch. 609

ရှယ်ယာဆုကြေးမှာ ကုမ္ပဏီတိုင်း နောက်ပိုင်းမလွဲမသွေကြုံရမည့်ကိစ္စဖြစ်သည်။ တကယ်တော့ စီနီယာအစ်ကိုချူက ရှယ်ယာဆုကြေးစာဖိုင်ကိုပြင်ဆင်ထားပြီးဖြစ်သည်။ သို့သော် အသေးစိတ်ကိုမူ ကုမ္ပဏီလက်ရှိအခြေအနေအရ စိစစ်တည်းဖြတ်ရမည်။

ဒါအချိန်တိုအတွင်းပြီးနိုင်သောကိစ္စမဟုတ်။

"ကောင်းပါပြီ... ကောင်းပါပြီ!''

တန့်ကွမ်းကထိုစကားကြားပြီး ဝမ်းမသာဘဲမနေနိုင်။ ရုတ်တရက် ကြက်ဝင်စားသလို ဖျတ်ဖျတ်လတ်လတ်ဖြစ်သွားသည်။

ဥက္ကဌချင်က ဓာတ်ခွဲခန်းဥက္ကဌရှန်ကို ရှယ်ယာဆုကြေးကတိပေးထားကြောင်း၊ အစားအသောက်ကုမ္ပဏီမှာ အနှေးနဲ့အမြန်ရှယ်ယာဆုကြေးပေးတော့မည့်အကြောင်း၊ သူသေချာပေါက်ရှယ်ယာရမည့်အကြောင်း သိထားသော်လည်း ဥက္ကဌချင်ဆီကကြားပြီး စိတ်မလှုပ်ရှားဘဲမနေနိုင်။

တန့်ကွမ်းထွက်သွားသောအခါ ချင်လင်၏အာရုံက သူ့စိတ်ထဲမှစနစ်အသိပေးချက်ဆီရောက်သွားသည်။

(မွေးမြူရေးခြံအဆင့်မြှင့်တင်ပြီးပါပြီ!)

ချင်လင်ကချက်ချင်း သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်လိုက်သည်။

အဆင့်တက်ပြီးနောက် လယ်ကွက်နှစ်ကွက်အပြင် မွေးမြူရေးခြံပါအဆင့်မြင့်သွားသည်။

စောစောက မွေးမြူရေးခြံအဆင့်မြှင့်တင်မည်ကိုနှိပ်လိုက်သဖြင့် အခုမွေးမြူရေးခြံလည်းအဆင့်မြင့်သွားသည်။

ချင်လင်ကသူ့ဂိမ်းဇာတ်ကောင်အား မွေးမြူရေးခြံသွားပြီး အဆင့်တက်ပြီးအခြေအနေကိုစစ်ဆေးစေသည်။

အဆင့်တက်ပြီးနောက် မွေးမြူရေးခြံတွင်အဆောက်အဦးနှစ်ခုဆောက်နိုင်သည်။ တစ်ခုက သိုးခြံ၊ နောက်တစ်ခုက နွားခြံ။

တစ်နည်းဆိုသော် မွေးမြူရေးခြံတွင် သိုးနှင့်နွားမွေးနိုင်ပြီ။ ဂိမ်းထဲမှာစတော်ဘယ်ရီအရသာနွားနို့ထွက်နိုင်တဲ့နွားရှိမရှိတော့ သူမသိ။

ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား သိုးခြံနှင့်နွားခြံကို ချက်ချင်းဆောက်စေသည်။ ဖြစ်ချင်တော့ နွားခြံက သာမန်နွားခြံဖြစ်ပြီး နွားများထားနိုင်သောခြံမျိုးမဟုတ်။

အဆင့် ၃ မွေးမြူရေးခြံတောင် စတော်ဘယ်ရီအရသာနွားနို့ထွက်နိုင်တဲ့နွားမရှိနိုင်။

ခဏအကြာ ချင်လင်က စနစ်အသိပေးစာရလိုက်သည်။ သိုးခြံနှင့်နွားခြံပြီးသွားပြီ။

သူကချက်ချင်း သူ့ဂိမ်းဇာတ်ကောင်အား မွေးမြူရေးခြံထဲမှ NPC ဆိုင်သွားပြီး လက်ရှိဝယ်နိုင်သောစာရင်းကိုဖွင့်ကြည့်လိုက်သည်။

သိုးက ထူးထူးခြားခြားမဟုတ်။ မွေးမြူနေကျသိုးအမျိုးအစားဖြစ်သည်။





သို့ရာတွင် နွားစာရင်းကိုကြည့်ပြီး သူအံ့ဩသွားသည်။ သာမန်နွားအပြင် အထူးနွားမျိုးပါသည်။

ချင်လင်အရင်က ဒီနွားအကြောင်းကြားဖူးသည်။ ကမ္ဘာ့စျေးအကြီးဆုံးအမဲသားဖြစ်သောကြောင့်ပင်။ အရင်ကစားတောင်မစားနိုင်ချေ။

နောက်ပြီး ဒီဝဂ်ယူအမဲသားမှာ ဂျပန်နိုင်ငံမှအကောင်းဆုံးစားကောင်းသောက်ဖွယ်တစ်မျိုးလည်းဖြစ်သည်။

ဂျပန်ဝဂ်ယူအမဲသားမှာ ယနေ့ကမ္ဘာတွင် အရည်အသွေးအကောင်းဆုံးအမဲသားဟူ၍ အသိအမှတ်ပြုထားသည်။ အသားက အရောင်ကွဲကောက်ကြောင်းအဆင်မျိုးရှိပြီး ဆီးနှင်းအသားဟုလည်းကျော်ကြားသည်။ ဂျပန်ဝဂ်ယူအမဲသားကိုပါးစပ်ထဲထည့်လိုက်လျှင် ပျော်ဝင်သွားသလို အရည်ရွှမ်း၊ နူးညံ့ပြီး အရသာပြိုင်ဘက်ကင်းသောကြောင့်ပင်။ အသားထဲတွင်ပြည့်ဝဆီပါဝင်မှုအလွန်နည်းပြီး အာဟာရတန်ဖိုးအလွန်ကြွယ်ဝသောကြောင့် ဂျပန်နိုင်ငံ၏နိုင်ငံ့ရတနာဟုလည်းတင်စားထားသည်။

ဂျပန်နိုင်ငံ၏နိုင်ငံ့ရတနာဆိုကတည်းက တန်ဖိုးကလည်းအလွန်မြင့်သည်။ ကျွန်ုပ်တို့နိုင်ငံထဲတင်သွင်းသောထိပ်တန်းအမဲသားမှာ တစ်ဂရမ်ယွမ် ၂၀ သို့မဟုတ် တစ်ခေါင်းယွမ် ၃ သန်းကျော်ရှိသည်။

ဒီလိုအမဲသားမျိုးကို အရင်ကဘယ်လိုလုပ်စားနိုင်မလဲ?

မြင်တောင်မမြင်ဖူးပေ။

ဒီဂျပန်အမဲသားမှာ ကမ္ဘာ့စားကောင်းသောက်ဖွယ်များထဲတွင် ထိပ်တန်းဟုဆိုနိုင်သည်။

တကယ်တော့ အမဲသားအကြောင်းပြောရင် ဂျပန်အမဲသားအကြောင်းကိုအရင်ဆုံးပြောကြသည်။

ဒါကလည်း ဂျပန်နိုင်ငံအတွက်ဂုဏ်တစ်ခုပင်။ ဂျပန်နိုင်ငံတွင်သူ့အဆင့်အတန်းက ကျွန်ုပ်တို့နိုင်ငံမှပန်ဒါထက်မနိမ့်။

ဂျပန်အမဲသား၏ဂုဏ်က ဂျပန်လူမျိုးများထက်မြင့်သည်ဟုတောင်ဆိုနိုင်သည်။

ဟာသတောင်ရှိသည်: ''လူကနွားကိုမသတ်နိုင်၊ နွားကလူကိုသတ်နိုင်သော်လည်း ဘာမှမဖြစ်''တဲ့။

ဟာသဆိုသော်လည်း ဒီအမဲသား၏ဂုဏ်ကိုထင်ရှားစေသည်။

နောက်ပြီး ဂျပန်က နွားနှင့်ပတ်သက်လျှင် အလွန်တင်းကြပ်ထားသည်။ ပြည်ပမှနွားအရှင်ဝယ်ရင်တောင် သင်းကွပ်ပစ်ရသည်။

ပြည့်စုံသောနွားကို အနောက်နိုင်ငံများသို့မဖြစ်မနေတင်သွင်းရသည့်အခါရှိသော်လည်း အားလုံးကအရည်အသွေးညံ့သည်။

ထို့ကြောင့် အနောက်နိုင်ငံများ၏အမဲသားက ဂျပန်ထက်အများကြီးညံ့ဖျင်းသည်။

နွားပေါက်ကိုဝယ်ယူမလားဆိုသော ဂိမ်းထဲမှရွေးချယ်ချက်ကိုကြည့်ရင်း ချင်လင်ပြုံးမိသည်။

ဒါဂျပန်နိုင်ငံရဲ့ရတနာ!

အမဲသားကစျေးကြီးသည်မှလွဲ၍ အရသာလည်းရှိသည်။ ဂျပန်နိုင်ငံ၏ထိန်းချုပ်မှုနှင့်လည်း ဆက်စပ်နေသည်။

သူသာ ဝဂ်ယူအမဲသားကိုအများကြီးထုတ်နိုင်လာပြီး ဒီအမဲသားက ဂျပန်နိုင်ငံရဲ့ပြိုင်စံရှားမဟုတ်တော့ရင် ဘယ်လိုဖြစ်မလဲ?

ဂျပန်အမဲသားတန်ဖိုးကျလာမယ်မလား?





စိတ်ဝင်စားစရာမကောင်းဘူးလား?

အဓိကက သူတို့မှာဒီအမဲသားရှိမှန်းသိသွားရင် ဂျပန်နိုင်ငံကလူတွေမွှန်ထူသွားမှာမလား?

အထူးသဖြင့် ဂိမ်းထဲကဝဂ်ယူအမဲသားမှာ ထပ်တိုးအရည်အသွေးတွေသေချာပေါက်ပါဦးမည်။

ဂျပန်ရဲ့အကောင်းဆုံးဝဂ်ယူအမဲသားထက်တောင် ပိုအရသာရှိမယ်၊ပိုစားကောင်းမယ်မဟုတ်လား?

တွေးကြည့်ရုံနှင့်တင် အတော်စိတ်ဝင်စားစရာကောင်းနေပြီ။

ချင်လင်ကတုံ့ဆိုင်းမနေဘဲ ချက်ချင်းနွားပေါက်ကိုဝယ်လိုက်သည်။

(ဝဂ်ယူနွားပေါက်ကိုဝယ်လိုက်သည့်အတွက် ဂုဏ်ယူပါတယ်... မွေးမြူရေးခြံပြန်ကြည့်လိုက်ပါ... ရောက်နေပါလိမ့်မည်!)

ချင်လင်က နွားပေါက်နှစ်ကောင်ဝယ်ပြီး သိုးခြံအတွက်လည်း သိုးနှစ်ကောင်ဝယ်လိုက်သည်။

ထို့နောက် ကွန်ပျူတာရှေ့ထိုင်ပြီး လိုင်းပေါ်တက်လိုက်သည်။ မွေးမြူရေးတိရစ္ဆာန်ရောင်းသောဝဘ်ဆိုဒ်ထဲဝင်ကာ နွားပေါက်များရှာလိုက်၏။

ဝဂ်ယူနွားပေါက်ကိုလိုင်းပေါ်မှဝယ်မရမှန်းသိသည်။ သို့သော် အင်တာနက်ပေါ်မှာ လူလိမ်တွေက မရှား။

သူလည်းနွားပေါက်ဝယ်ဖို့လက်မှတ်တချို့လိုနေသည်။

အဓိကအချက်မှာ နွားပေါက်ဝယ်ဖို့ရွေးချယ်စရာများတကယ်ရှိနေသည်။ စိတ်ဝင်စားဖို့ကောင်းစွာပင် ကျေးလက်နောက်ခံလူတစ်ယောက်ပုံနှင့်ဖွင့်ထားသောမွေးမြူရေးခြံတစ်ခုရှိသည်။

စကားမိတ်ဆက်တွင် 'စစ်မှန်သောနွားပေါက်များရောင်းသည်'တဲ့။

ထိုစကားမိတ်ဆက်တွင် ဝဂ်ယူနွားအစစ်ပုံလည်းပါသည်။

တန်ဖိုးကမနည်း။ တစ်ကောင် ယွမ် ၁၅၀၀၀ တဲ့။

အတုကို ဒီစျေးနဲ့ရောင်းတာ နည်းနည်းအမြတ်ကြီးစားရာကျသည်။

သူ့ဝဂ်ယူနွားကအတုမှန်း ချင်လင်သေချာသိသည်။ သို့သော် ဒီလူက ဒီလိုရောင်းရဲမှတော့ ဝဂ်ယူနွားကို သာမန်နွားနှင့်မျိုးစပ်ထားတာဖြစ်နိုင်သည်။ နွားတွင် အမှန်ပင်ဝဂ်ယူနွားမျိုးပါလိမ့်မည်။

သို့ရာတွင် ဝဂ်ယူစပ်မျိုးက ဝဂ်ယူအစစ်မဟုတ်။

ထို့ကြောင့် မွေးမြူရေးခြံကလူလိမ်ဆိုသော်လည်း ဘယ်သူမှဘာမှမပြောနိုင်အောင် ကလိမ်ကျလွန်းသည်။





ချင်လင်ကအတုမှန်းသိသော်လည်း ထိုဝဂ်ယူနွားပေါက်ဆိုသောအကောင် ၂၀ ကို တဆက်တည်းအော်ဒါတင်လိုက်သည်။

သူကလိမ်ချင်မှတော့ အလိမ်ခံပေးလိုက်တာပေါ့!

ဒီနွားပေါက်မှာ ဝဂ်ယူနွားမျိုးရှိနေသရွေ့ ဒီနွားက ချင်းလင်မွေးမြူရေးခြံမှအရည်အသွေး ၂ ခွေးသွားစိတ်မြက်စားပြီး မျိုးစိတ်ထူးခြားကာ ဝဂ်ယူအစစ်ဖြစ်လာကြောင်း၊ သူ့အသားက ပိုပြီးအရသာရှိကြောင်းပြောနိုင်သည်။

သူဌေးကဂျပန်ကဆိုသောအချက်မှာ မှန်လားမှားလား သူမသိ။

အမှန်သာဆိုရင် တစ်ဖက်က ချင်းလင်မွေးမြူရေးခြံကိုနွားပေါက်တွေတင်သွင်းတာ ဂျပန်ကလူတွေသိသွားရင် စိတ်ဝင်စားစရာမကောင်းဘူးလား?

အတော်လေးစိတ်ဝင်စားစရာကောင်းသည်ဟု ချင်လင်ထင်သည်။

ဂျပန်နိုင်ငံကိုပန်ဒါခိုးသွင်းသလို ပြစ်တင်ရှုတ်ချခံရပြီး သစ္စာဖောက်အဖြစ်သတ်မှတ်ခံရနိုင်သည်။

ချင်လင်အော်ဒါမှာပြီးနောက် မွေးမြူရေးခြံမှသတင်းရပြီး ခပ်ပုပုတစ်ယောက်အား_

"မစ္စတာရှန်မု... တစ်ယောက်ယောက်တော့အလိမ်ခံထိပြန်ပြီ... နွားပေါက် ၂၀ လာမှာတယ်... စရံ ၅၀၀၀၀ ပေးထားပြီ''

"သခင်ချူ... ငါတို့ကံကောင်းပြန်ပြီ''

သခင်ချူက ထိုသတင်းကြားလျှင် မတ်တပ်ထရပ်ကာပြုံးရွှင်နေသည်။

သူကဂျပန်နိုင်ငံသားဖြစ်ပြီး နိုင်ငံရပ်ခြားတွင်လေ့လာရင်း ချူကျွင်းနှင့်ဆုံခဲ့သည်။

ဂျပန်ကသူ့အိမ်တွင် အရည်အသွေးသိပ်မကောင်းသောဝဂ်ယူနှစ်ကောင်ရှိခဲ့သည်။

သခင်ချူကဝဂ်ယူနွား၏အဆင့်အတန်းနှင့်တန်ဖိုးကိုလေ့လာပြီး ဒီမှာမွေးမြူရေးခြံဖွင့်ဖို့အဆိုပြုပြီး သူ့အဆက်အသွယ်များသုံးကာ ဝဂ်ယူနွားနှစ်ကောင်ကိုတင်သွင်းခဲ့သည်။

သူတို့က သိပ်မဟန်သောဝဂ်ယူနွားနှစ်ကောင်ကို သာမန်နွားနှင့်မျိုးစပ်ပြီး ဝဂ်ယူနွားပေါက်လိုလိုရောင်းခဲ့သည်။

ဒီလုပ်ငန်းကတကယ်ကောင်းမည်ဟု သူလုံးဝမထင်မိ။

ဂျပန်နိုင်ငံကဆိုသောသူ့နောက်ခံနှင့် ဝဂ်ယူနွားအစစ်နှစ်ကောင်ဟူသောအချက်အလက်ကြောင့် အတော်များများက နွားပေါက်ဝယ်ကြသည်။

နွားပေါက် ၂၀ အော်ဒါလာတင်တယ်။

ဒါယွမ် ၃၀၀၀၀၀ ပဲ။

"မစ္စတာရှန်မု''

သခင်ချူက အပြုံးနှင့်ပြောလိုက်သည်_

"သူတို့ကိုနွားပေါက် ၂၀ ပို့ပေးဖို့ ငါတို့လုပ်မယ်''

သူတို့နှစ်ယောက်မှာ ဒီလုပ်ငန်းကိုအတော်လေးစိတ်အားထက်သန်နေကြသည်။ သူတို့ကချက်ချင်း နွားပေါက် ၂၀ သွားရွေးလိုက်သည်။ ထိုနွားပေါက်များကို ကြာရှည်သီးသန့်ခွဲထားခြင်းဖြစ်ပြီး စာဖိုင်အားလုံးအပြည့်အစုံရှိ၍ ချက်ချင်းတင်ပေးနိုင်သည်။

ရှန်မုက ဝမ်းသာအားရလုပ်ကိုင်နေ၏။

သို့ရာတွင် ဒီနွားပေါက်အကောင် ၂၀ က ကျန်သူ့ဘဝတစ်လျှောက်လုံး ဂျပန်မပြန်နိုင်အောင်လုပ်မည့်နွားတွေမှန်း သူမသိချေ။

တစ်ဖက်တွင် ချင်လင်လည်း နွားပေါက်အကောင် ၂၀ တင်ပေးလိုက်ပြီဟူသောသတင်းရပြီး စိတ်သက်သာရာရသွားသည်။

အခု နွားပေါက် ၂၀ ရောက်ဖို့စောင့်နေရုံသာ။ ပြီးရင် ဒီကောင်တွေကိုအစားထိုးပစ်မည်။



All Chapters