← Chapters

အမဲသားချင်းလည်းကွာ! လှည့်စားခံရပြန်ပြီ!

Vol. 41 Ch. 610

အမဲသားချင်းလည်းကွာ! လှည့်စားခံရပြန်ပြီ!

Vol. 41 Ch. 610

ချင်လင်က တစ်ရက်နှင့်နေ့တစ်ပိုင်းကျိုးအောင် ဂိမ်းထဲတွင်နွားဝယ်ပြီးနောက် သတ္တုမြို့တော်တွင် ရောင်းနိုင်သည်၊ ဒါမှမဟုတ် သားသတ်သမားထံတွင်သတ်နိုင်သည်ဟူသော အသိပေးစာရသည်။ လိပ်ကတော့ အရွယ်ရောက်ပြီဟူ၍အသိပေးစာတက်မလာသေး။

သူကသူ့ဂိမ်းဇာတ်ကောင်အား မွေးမြူရေးခြံသွားစေလိုက်သည်။ ဂိမ်းထဲတွင် နွားအကောင်လိုက်ရောင်းခြင်းနှင့် သားသတ်သမားထံတွင်သားသတ်ခြင်းက တန်ဖိုးချင်းသိပ်မကွာ။

ကစားသူအတော်များများက သားသတ်သမားဆီသွားမသတ်ကြ။

တစ်ခါတလေ တချို့မစ်ရှင်များနှင့်ယစ်ပူဇော်ပွဲတွင်အသားလိုမှသာ သားသတ်သမားဆီသွားသတ်ကြသည်။

ဒါကလည်း ချင်လင်အတွက်အဆင်ပြေသည်။

ဂိမ်းထဲမှာသားသတ်သမားကိုသတ်ခိုင်းပြီး အသားကိုဂိမ်းအပြင်ထုတ်နိုင်သည်။

ဆေးဖက်ဝင်စွပ်ပြုတ်အတွက် အလှအပဘဲသတ်ခိုင်းသလိုပင်။

မဟုတ်ရင် နွားကိုအပြင်ထုတ်ပြီး သားသတ်သမားရှာဖို့ သူအလွန်ဒုက္ခများလိမ့်မည်။

ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား နွားခြံထဲမှဝဂ်ယူနွားထုတ်ပြီး သတ္တုမြို့တော်သားသတ်သမားဆီတွင်သတ်စေလိုက်သည်။

မကြာခင် ကျောပိုးအိတ်ထဲ အမဲသားရောက်ကြောင်း သင်္ကေတများပေါ်လာသည်။

သို့ရာတွင် အမဲသားကိုကြည့်ပြီးတစ်ခုခုမှားနေသလိုခံစားရသည်။

အသားချည်းသက်သက်ဖြစ်နေသောကြောင့်ပင်။





နွားခေါင်း၊ နွားအင်္ဂါ၊ နွားခွာတွေအကုန်သွားပြီ။

ဒါညစ်ပတ်တာမလား?

နွားခေါင်းနဲ့နွားခွာကိုအလွဲသုံးစားလုပ်တာရသေးတယ်။ ဒါပေမဲ့ အကုန်အလွဲသုံးစားမလုပ်နဲ့လေ!

ချင်လင်က သူ့ဂိမ်းဇာတ်ကောင်ကို သားသတ်သမားအပေါ်နှိပ်စေရာ စကားပြောပေါ်လာသည်:

(အသားပေးထားပြီးပါပြီ။ နောက်တစ်ကြိမ်ပြန်လာခဲ့ပါ!)

နောက်ထပ်!

(အသားပေးထားပြီးပါပြီ။ နောက်တစ်ကြိမ်ပြန်လာခဲ့ပါ!)

"ရှစ်ထ်!" ချင်လင်။

ဂိမ်းစနစ်ကိုပဲ အပြစ်တင်ရတော့မယ်။ မဟုတ်ရင် ဒီသားသတ်သမားလုံးဝအသက်ရှည်မှာမဟုတ်။

ချင်လင်မှာ မတတ်နိုင်၍ ကျောပိုးအိတ်ထဲမှအမဲသားနှင့် မွေးမြူရေးခြံပြန်လာခဲ့သည်။ သူကအသားကိုသိုလှောင်ခန်းထဲထည့်လိုက်သည်။ ထို့နောက် ရုံးခန်းတံခါးလော့ချပြီး အတွေးနှင့်ဂိမ်းထဲဝင်လိုက်သည်။

ဂိမ်းထဲဝင်ဝင်ချင်း သိုလှောင်ခန်းထဲတန်းသွားပြီး ဝဂ်ယူအမဲသားကိုကြည့်လိုက်သည်။

အမဲသားအရောင်က ပန်းနုရောင်၊ အဖြူက အဆီလိုဖြူပြီး အလွန်သိပ်သည်းသည်။

အမဲသားအကြောင်း သူနားလည်ထားသလောက် အပြင်လူတောင် အမဲသားကောင်းမှန်းသိနိုင်သည်။

ချင်လင်က အာရုံစိုက်ကြည့်လိုက်ရာ မှတ်ချက်ကိုတွေ့ရသည်:

(ဆီးနှင်းအမဲသား: အရည်အသွေး ၁)

(စျေးအကြီးဆုံးအမဲသားတစ်မျိုးဖြစ်သည်။ နှစ်စဉ်အရေအတွက်အကန့်အသတ်နှင့်သာထုတ်သော ဆီးနှင်းအမဲသားဟုဆိုနိုင်သည်။ အသားက မာဘယ်ကျောက်လိုကျစ်လစ်ပြီး ထောပတ်ကဲ့သို့နူးညံ့သည်။ အဆီများသော်လည်း မချွဲ၊ နူးညံ့ပြီး အရသာရှိသည်။ ဂိမ်း၏တိုးမြှင့်ထားခြင်းကြောင့် အရည်အသွေးပိုကောင်းသည်:

အရသာ +၁၊ စားကောင်းခြင်း +၁၊ အာဟာရတန်ဖိုး +၁၊ ကိုယ်ခံအား +၁၊ သွေးအားနည်းကာကွယ်ခြင်း +၁၊ ဇီဝဖြစ်ပျက်မှုအားပေးခြင်း +၁!)

…

(ဆီးနှင်းအမဲသား: အရည်အသွေး ၂)

(စျေးအကြီးဆုံးအမဲသားတစ်မျိုးဖြစ်သည်။ နှစ်စဉ်အရေအတွက်အကန့်အသတ်နှင့်သာထုတ်သော ဆီးနှင်းအမဲသားဟုဆိုနိုင်သည်။ အသားက မာဘယ်ကျောက်လိုကျစ်လစ်ပြီး ထောပတ်ကဲ့သို့နူးညံ့သည်။ အဆီများသော်လည်း မချွဲ၊ နူးညံ့ပြီး အရသာရှိသည်။ ဂိမ်း၏တိုးမြှင့်ထားခြင်းကြောင့် အရည်အသွေးပိုကောင်းသည်:

အရသာ +၂၊ စားကောင်းခြင်း +၂၊ အာဟာရတန်ဖိုး +၂၊ ကိုယ်ခံအား +၂၊ သွေးအားနည်းကာကွယ်ခြင်း +၂၊ ဇီဝဖြစ်ပျက်မှုအားပေးခြင်း +၂!)

ထိုမှတ်ချက်များကြောင့် ချင်လင်နည်းနည်းအံ့ဩနေသည်။

ဝဂ်ယူအမဲသားကိုလည်း အရည်အသွေး ၁ နှင့် ၂ ခွဲထားသည်။

သေချာတွေးကြည့်တော့ အဓိပ္ပါယ်ရှိသလိုလို။ ဘာပဲဖြစ်​ဖြစ် နွားရဲ့တချို့အပိုင်းတွေက ပိုစားကောင်းသည်။

အရည်အသွေး ၂ ပေါ်လာပုံကအရင်နှင့်တမူထူးခြားနေခြင်းသာ။

သို့သော် အရည်အသွေး ၁ ဖြစ်စေ၊ ၂ ဖြစ်စေ၊ ဒီအရည်အသွေးတွေကို ကျယ်ကျယ်ပြန့်ပြန့်ကြော်ငြာနိုင်ရင် ဂျပန်အမဲသားအေးသွားလိမ့်မည်။

အရည်အသွေး ၁ ဆိုရင်တောင် အသား +၁ နှင့်အရသာ +၁ ရှိသည်။ စားကောင်းပုံက ဂျပန်အမဲသားမယှဉ်နိုင်။

နောက်ပြီး တခြားအရည်အသွေး ၄ ခု၏ထပ်တိုးအာနိသင်များရှိသေးသည်။

အဓိကမှာ အမဲသားတန်ဖိုးပင်။

အရည်အသွေး ၁ ဆိုရင်တောင် စျေးကခေါင်ခိုက်နေမှာမလား?

အပြင်လောကမှာ စျေးအကြီးဆုံးဆီးနှင်းအမဲသားက တစ်ဂရမ် ယွမ် ၂၀။ ၅၀၀ ဂရမ်ကို ယွမ် ၁၀၀၀၀။ ၆၅၀၀ ဂရမ်ဆို သူ့အကြီးအကဲစားပွဲနဲ့တူသွားပြီ။

နောက်ပြီး ဒါကအပြင်ကသာမန်ဆီးနှင်းအမဲသားစျေး။

သူ့အရည်အသွေး ၁ ဆိုရင် ပိုကောင်းတဲ့စျေးနဲ့ရောင်းလို့ရတယ်မလား?

ဒါပေမဲ့ သူဒီလိုမလုပ်။ မူရင်းကိုအစားထိုးပြီး မွေးမြူရေးခြံမှာ သူ့ကိုယ်ပိုင်ဝဂ်ယူရှိလာရင် ဆီးနှင်းအမဲသားတန်ဖိုးကိုလျှော့ချပစ်မည်။

နိုင်ငံတကာအမဲသားပြိုင်ပွဲများရှိပြီး ဂျပန်အမဲသားကအမြဲဗိုလ်စွဲကြောင်း သူမှတ်မိသည်။

အဲဒီအချိန်ကျရင် သူသွားပြီးစျေးကွက်ကိုဖြိုခွဲမည်။ အရင်ဆုံး ဂျပန်၏အကောင်းဆုံးအမဲသားဘွဲ့ကိုယူမည်။ ပြီးရင် တန်ဖိုးလျှော့ချပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြန့်မည်။ ဂျပန်ရဲ့နိုင်ငံ့ရတနာကို တန်ဖိုးမရှိအောင်လုပ်မည်။

ဒါသူ့စိတ်ထဲက အမှန်ဆုံးအတွေး။ သူ့အတွေးတွေက ပုံမှန်ဟုတ်သလား၊ မဟုတ်သလား၊ ဒါမှမဟုတ် အဆူပဲခံရမလား သူမသိ။

ချင်လင်က လက်နှေးမနေ။ သူက အရည်အသွေး ၁ နှင့် ၂ ဆီးနှင်းအမဲသားကိုလက်နှင့်ထိပြီး ဂိမ်းအပြင်ထုတ်လိုက်သည်။

ထိုအမဲသားနှစ်မျိုးမှာ အနည်းဆုံးပေါင် ၅၀ ခန့်ရှိမည်။

သူက အရည်အသွေး ၁ နှင့် ၂ ဆီးနှင်းအမဲသားကိုယူလာသည်။ သာမန်ဆီးနှင်းအမဲသားနှင့်ယှဉ်ပြီး ဘယ်လောက်ကွာခြားလဲ သူသိချင်သည်။

သို့ရာတွင် ဆီးနှင်းအမဲသားနှစ်မျိုးကိုအပြင်လောကထဲယူလာပြီးမှ အပြင်မှာအမဲသားမရှိကြောင်း၊ ဝယ်ဖို့ဘာအဆက်အသွယ်မှလည်းမရှိကြောင်း ချင်လင်သတိရတော့သည်။

ဒါဆို ယှဉ်ကြည့်လို့မရဘူးပေါ့။

ဂျပန်အမဲသားဘယ်လောက်စျေးကြီးကြောင်း သူအတွန့်တက်နေသော်လည်း ဝယ်ဖို့တကယ်ခက်သည်ဟုဝန်ခံရပေမည်။

ချင်လင်ကဖုန်းထုတ်ပြီး ချန်ရှန်းဖေကိုဆက်လိုက်သည်။

လောင်ချန်က မင်မြို့တော်သူဌေးကြီး။ သူ့မှာအစားကောင်းကြိုက်တတ်သောဇနီးလည်းရှိသည်။ အမဲသားဝယ်ဖို့ သူ့မှာနည်းလမ်းရှိရမည်။

တစ်ဖက်တွင်_

ချန်ရှန်းဖေမှာ ရေရှည်ဖောက်သည်များနှင့် လုပ်ငန်းအစည်းအဝေးလုပ်နေစဉ် ဖုန်းမြည်သံကြားလိုက်ရသည်။



All Chapters