အမဲသားချင်းလည်းကွာ! လှည့်စားခံရပြန်ပြီ! ၂
Vol. 41 Ch. 611
ချင်လင်နံပါတ်ကိုတွေ့သောကြောင့် သူလည်းဖောက်သည်ကြီးများကိုတောင်းပန်ပြီး အပြင်ထွက်၍ဖုန်းကိုင်လိုက်သည်။
တခြားတစ်ယောက်သာဆို ကိုင်မည်မဟုတ်သော်လည်း ချင်လင်ဖြစ်နေ၍ ချက်ချင်းကိုင်လိုက်သည်။
ချန်ရှန်းဖေက တအံ့တဩနှင့်ဖြေသည်_
"ချင်လင်... ထူးထူးဆန်းဆန်း ဖုန်းတွေဆက်လို့''
ဖုန်းထဲမှချင်လင်အသံကြားရသည်_
"လောင်ချန်... မင်မြို့တော်မှာ အမဲသားရနိုင်မယ့်နည်းရှိလား? ဒီမှာ အမဲသားလုပ်ဖို့စီစဉ်နေတာ''
ချန်ရှန်းဖေကသူ့စကားနားထောင်ရင်း ခဏတွေးလိုက်သည်။ ချက်ချင်း ရွှေနှင့်မြဇိမ်ခံပစ္စည်းဘရန်းမှာ အမဲသားမှာထားတာသတိရသွားပြီး_
"ကိစ္စမရှိဘူး... ငါရနိုင်တယ်''
ဖုန်းချပြီးနောက် ချန်ရှန်းဖေက မာလဲ့ဝမ်ကိုချက်ချင်းဖုန်းဆက်လိုက်သည်။
မာလဲ့ဝမ်ကဖုန်းကိုင်ပြီး သူ့အသံထွက်လာသည်_
"လောင်ချန်... ဘာလို့ရုတ်တရက်ကြီး ဖုန်းဆက်တာလဲ?''
ချန်ရှန်းဖေကချက်ချင်းပင်_
"အရင် လီဖေးဇိမ်ခံပစ္စည်းက အမဲသားဝယ်ထားတယ်ပြောတယ်... သူ့ကိုဖုန်းဆက်ပြီး ချန်ထားဖို့ပြောလိုက်ပါဦး... ပြီးရင် ပစ္စည်းသွားယူထားပေး... ငါစာချုပ်လက်မှတ်ထိုးပြီးရင် မင်းကိုဖုန်းဆက်လိုက်မယ်''
"လောင်ချန်... မင်းဘာလို့ရုတ်တရက် အမဲသားစားချင်တာလဲ?''
မာလဲ့ဝမ်က တအံ့တဩမေးသည်_
"အဓိကက အဲဒီလီဖေးက ပစ္စည်းအရည်အသွေးကောင်းတယ်ဆိုပြီးအမြဲကြွားနေပေမဲ့ အရည်အသွေးကအမြဲညံ့တယ်... ချင်လင်ရဲ့ပစ္စည်းတွေနဲ့ဘာမှမဆိုင်ဘူး''
"အမဲသားလုပ်ချင်တာ ချင်လင်လေ''
ချန်ရှန်းဖေကရှင်းပြလိုက်သည်။
မာလဲ့ဝမ်က ထိုစကားကြားပြီး အချိန်ဖြုန်းမနေဘဲ_
"ဟုတ်ပြီလေ... ငါအခုချက်ချင်းလုပ်လိုက်မယ်!''
ချန်ရှန်းဖေကခေါင်းခါပြီး ဖုန်းချလိုက်သည်။
ဘာပဲဖြစ်ဖြစ် ဒီဖောက်သည်ကြီးနဲ့အလုပ်လုပ်လာတာကြာပြီ။ အပြင်ထွက်ပြီးဖုန်းဆက်၍ရသည်ဆိုသော်လည်း အထဲမှာအကြာကြီးစောင့်ခိုင်းလို့မဖြစ်။
သူကဖုန်းထည့်သိမ်းပြီး အစည်းအဝေးခန်းထဲပြန်လာသည်။ သူကအမြန်ဆုံးစာချုပ်လက်မှတ်ထိုးပြီး လောင်မာနှင့်ဆုံကာ ချင်းလင်စံအိမ်အတူတူသွားရန်ပြင်လိုက်သည်။
ချင်လင်ကိုယ်တိုင်ဖုန်းဆက်မှတော့ အမဲသားလုပ်ပေးချင်၍ဖြစ်မည်။ ချင်လင်လက်ရာဘယ်လောက်ကောင်းလဲ သူအသိ။
သူသွားစားရမှာပေါ့။
ထို့ကြောင့် တစ်နာရီကျော်ကျော်ကြာပြီးနောက်တွင် ချန်ရှန်းဖေကစာချုပ်လက်မှတ်ထိုးပြီး ဖောက်သည်ကြီးကိုလေယာဉ်အမီလိုက်ပို့လိုက်သည်။ ထို့နောက် မာလဲ့ဝမ်ကိုဖုန်းဆက်လိုက်၏။
မကြာမီ_
ချန်ရှန်းဖေ၏ကုမ္ပဏီသို့ မာလဲ့ဝမ်ကားမောင်းလာသည်။ မာလဲ့ဝမ်ကားထဲ လီရှင်းလည်းပါသည်။ သူလည်းသတင်းရပြီး ချင်းလင်စံအိမ်မှာလိုက်ဆွဲမည့်ပုံပင်။
"အမဲသားရော?''
ချန်ရှန်းဖေက မာလဲ့ဝမ်ကိုတန်းမေးလိုက်သည်။
မာလဲ့ဝမ်က ကားထဲမှထွက်ပြီး နောက်ဖုံးဖွင့်လိုက်သည်။ အထဲတွင် ပန်းရောင်အမဲသား ၁၀ ပေါင်ခန့်ရှိမည်။ သူကရှင်းပြ၏_
"လီဖေးကပြောတယ်... ဒါအကောင်းဆုံးဆီးနှင်းအမဲသားတဲ့... တစ်ဂရမ်ယွမ် ၂၀... ဒီတစ်တုံးကို ယွမ် ၁၀၀၀၀၀ ကျော်ကျတယ်... ဒီတစ်ခေါက် ဆီးနှင်းအမဲသား ပေါင် ၂၀ ပဲရလို့ ငါတို့ကိုတစ်ဝက်ပေးလိုက်တာ''
ချန်ရှန်းဖေကမျက်မှောင်ကြုတ်လိုက်ပြီး_
"လီဖေးက သူ့ပစ္စည်းအကောင်းဆုံးလို့ကြွားနေကျပဲမလား? နောက်ဆုံးကျ အကုန်အရည်အသွေးမညံ့ဘူးလား?''
"လီဖေးက အကောင်းဆုံးမဟုတ်ရင် သူ့ဆိုင်ကိုလာဖျက်ပါတဲ့''
မာလဲ့ဝမ်က တန်းပြောလိုက်သည်_
"ငါမလုပ်နိုင်ဘူးထင်နေလားမသိ?''
"ဟုတ်ပြီလေ... ချင်းလင်စံအိမ်သွားရအောင်''
ထိုစကားကြားပြီး ချန်ရှန်းဖေကဘာမှမပြောတော့ဘဲ မာလဲ့ဝမ်ကားတံခါးကိုတန်းဖွင့်လိုက်သည်။
မာလဲ့ဝမ်က ကားနောက်ဖုံးပိတ်ပြီး ကားထဲပြန်ဝင်ကာ ချန်ရှန်းဖေနှင့်လီရှင်းကိုချင်းလင်စံအိမ်ခေါ်သွားလိုက်သည်။ မကြာမီ မာလဲ့ဝမ်က ချင်းလင်စံအိမ်ရောက်လာသည်။
သူတို့သုံးယောက်သားမှာ ချင်းလင်စံအိမ်နှင့်အကျွမ်းဝင်သူများပင်။ မာလဲ့ဝမ်က ချင်လင်ကိုဖုန်းဆက်ပြီး ဆီးနှင်းအမဲသားယူကာ ဝန်ထမ်းအတွင်းစားသောက်ခန်းထဲတန်းသွားလိုက်သည်။
ချင်လင်က မာလဲ့ဝမ်ဖုန်းရပြီးပြီးချင်း စားသောက်ဆိုင်ထဲရောက်လာသည်။ သူတို့သုံးယောက်နှင့် ယူလာသောအမဲသားကိုလည်းတွေ့သည်။
မာလဲ့ဝမ်က ချင်လင်ကိုမြင်လျှင်_
"ချင်လင်... လာကြည့်ပါဦး... ဒါ ရွှေနဲ့မြဇိမ်ခံပစ္စည်းကရလာတဲ့အမဲသား... မစ္စတာလီက အကောင်းဆုံးဆီးနှင်းအမဲသားလို့ပြောတယ်... ဒီလ မင်မြို့တော်တစ်ခုလုံးမှာ ပေါင် ၂၀ ပဲရလို့... ဒါပေမဲ့ ငါတို့ ၁၀ ပေါင်ရလာတယ်''
ထိုစကားကြားပြီး ချင်လင်ကလက်နှေးမနေ။ ချက်ချင်း ဆရာလင်းကိုလှမ်းခေါ်လိုက်သည်။ အကောင်းဆုံးအရည်အသွေးဆို အဆင်ပြေပြီ။ နှိုင်းယှဉ်ရလွယ်သွားပြီ။
"ဘာလုပ်ပေးရမလဲ သူဌေး?''
ဆရာလင်းက အပြင်ထွက်လာလာချင်း မေးသည်_
"သူဌေးယူလာတဲ့ဆီးနှင်းအမဲသားကိုလုပ်နေတာ... ပေါင် ၁၀၀ ကျော်တယ်... စားဖိုဆောင်မီနူးထဲထည့်ချင်လို့လား? ခရီးသည်အများစုက မတတ်နိုင်မှာစိုးရတယ်''
ဆရာလင်းစကားကြားပြီး မာလဲ့ဝမ်အံ့ဩသွားသည်။
သူကမယုံနိုင်၍ ပါးစပ်အဟောင်းသားနှင့်_
"ဆရာလင်း... ခင်ဗျားဘာပြောလိုက်တာလဲ? အားလုံးဆီးနှင်းအမဲသားလား? ပေါင် ၁၀၀ ကျော်?''
သူအခုပဲ မင်တစ်မြို့တော်လုံးမှ ပေါင် ၂၀ လို့ပြောလိုက်တာလေ။ မျက်စိတစ်မှိတ်အတွင်းမှာ ပေါင် ၁၀၀ ပေါ်လာတယ်ပေါ့။ သူဘာလုပ်မလို့လဲ?
ချန်ရှန်းဖေနှင့်လီရှင်းလည်း ဆရာလင်းကိုကြည့်လိုက်သည်။
တစ်လမ်းလုံး ဆီးနှင်းအမဲသားအကြောင်းကို မာလဲ့ဝမ်နှင့်ပြောလာကြသည်။ အမဲသားကအရသာကောင်းရုံတင်မက ၁၀ ပေါင်ကို ယွမ် ၁၀၀၀၀၀ ကျော်လည်းပေးရသည်တဲ့။
ဒါဆိုရင် ပေါင် ၁၀၀ က တစ်သန်းကျော်မလား?
အဓိကက ဒီပေါင် ၁၀၀ ကို ချင်လင်ဘယ်ကရတာလဲ?
လန့်လောက်စရာ။
ဆရာလင်းကခေါင်းညိမ့်ပြီး_
"ဟုတ်ကဲ့... အကုန်ဆီးနှင်းအမဲသားတွေပါ... သူဌေးကပြောတယ်... အမဲသားနှစ်မျိုးတဲ့... တစ်မျိုးကို ပေါင် ၅၀ ကျော်စီ''
"ချင်လင်... အမှန်ပဲလား?''
မာလဲ့ဝမ်မှာရင်ဘတ်အောင့်သွားပြီး ရုတ်တရက်ပေါက်ကွဲတော့မတတ်ပင်။
လီဖေးက သူ့ကိုအချဉ်မှတ်ပြီး အစုတ်အပျက်တွေနဲ့လှည့်စားလိုက်ပြန်တာလား?
ဒီလ မင်မြို့တော်မှာ ပေါင် ၂၀ ပဲရတယ်ဆို?
"အင်း... ကျွန်တော် ပေါင် ၁၀၀ ကျော်ရခဲ့တယ်''
ချင်လင်ခေါင်းညိမ့်လိုက်သည်။
"ဒါဆိုရင် ငါကဘာလို့ ၁၀ ပေါင်ယူလာရတာလဲ?''
မာလဲ့ဝမ်က မေးလိုက်သည်။
"ယှဉ်ကြည့်ပြီးတော့ ကျွန်တော်ရလာတဲ့ဟာက စစ်မစစ်သိချင်တာ''
ချင်လင်ကရွှီးလိုက်ပြီး ဆရာလင်းအား_
"ဆရာလင်း... ဒါလောင်မာယူလာတဲ့ဝဂ်ယူအမဲသား... အထဲယူပြီး အသားပြားလုပ်လိုက်ပါ... ပြီးတော့ ကျွန်တော်ယူလာတဲ့ဝဂ်ယူအမဲသားနှစ်မျိုးနဲ့အသားပြားလုပ်ပါ... အမဲသားသုံးမျိုးကိုယှဉ်ပြီး ဘာကွာလဲကြည့်ရတာပေါ့''