← Chapters

ဒီဝိုင်သိုလှောင်ခန်းက မက်လောက်စရာ! ဂန္တဝင်ရွှေပုလင်းနဲ့ဝိုင်!

Vol. 41 Ch. 613

ဒီဝိုင်သိုလှောင်ခန်းက မက်လောက်စရာ! ဂန္တဝင်ရွှေပုလင်းနဲ့ဝိုင်!

Vol. 41 Ch. 613

ချင်းလင်စံအိမ်_

ချင်လင်က သူ့ရုံးခန်းထဲတွင်ဖုန်းလက်ခံရပြီး အလောတကြီးထွက်လာသည်။

ဖုန်းဆက်သူမှာ နွားပေါက်အတုရောင်းသူပင်။ တစ်ဖက်ကပစ္စည်းပို့သူရောက်လာသော်လည်း လမ်းမတွေ့သောကြောင့် ဖုန်းဆက်မေးသည်။

သူဖြည့်ထားသောလိပ်စာက ချင်းလင်စံအိမ်မဟုတ်။ တောထဲမှဂိုဒေါင်ဖြစ်သည်။

ချင်လင်က ဂိုဒေါင်တန်းမောင်းသွားပြီး တစ်ဖက်လူကိုတောက်လျှောက်လမ်းပြလိုက်သည်။ နွားပေါက်အကောင် ၂၀ နှင့်အဖွဲ့ ဂိုဒေါင်ရောက်လာသည်။

ပို့ဆောင်ရေးတာဝန်ခံက မျက်နှာဝိုင်းဝိုင်းနှင့်ခပ်ဝဝဖြစ်သည်။

နေရာတွေ့ပြီးနောက် တစ်ဖက်ကကားပေါ်မှဆင်းလာပြီး သူ့ကိုနှုတ်ဆက်သည်_

"သူဌေး... ဒီနေရာတကယ်ကောင်းတာပဲ... စိမ်းစိမ်းစိုစိုမြက်ခင်းနဲ့ နွားမွေးဖို့အတော်ပဲ''

ကျွတ်။ ချင်လင်ဘယ်လိုပြန်ဖြေရမှန်းမသိ။ ဒီလောက်ဝေးတာတောင် သူကအရမ်းကောင်းတယ်တဲ့။

နွားပေါက်များကိုကားပေါ်မှချနေစဉ် ခပ်ဝဝလူက တောင်ပေါ်လမ်းတဝက်မှအဆောက်အဦးကိုကြည့်ရင်း_

"သူဌေး... အဲဒါနွားခြံဖြစ်မယ်? သေးသေးတော့မဟုတ်ဘူး''

"ဝက်ခြံပါ''

ချင်လင်က အဆောက်အဦးကိုကြည့်ရင်းပြောလိုက်သည်။

သေးသေးမဟုတ်သော်လည်း ဝက်ခြံကိုပိတ်ထားပြီဖြစ်သည်။ ပေါင်းပင်များက ခါးအထိရောက်နေ၏...

ထိုခြံကို မူလကဝက်ခြံအဖြစ်သုံးခဲ့ခြင်းဖြစ်သည်။ နောက်နှစ်ဆက်မငှားရင် ထိုခြံကလွတ်တော့မည်။

ဝက်ခြံကို နွားခြံအဖြစ်ပြောင်းတာမဆိုး။ မွေးမြူရေးခြံပိုင်ရှင်အတော်များများက ဒီလိုလုပ်ကြသည်။ ခပ်ဝဝလူမှာ စကားများသည့်အလျောက် စငြင်းခုန်နေပြန်သည်။

မကြာမီ နွားပေါက် ၂၀ ကိုချပြီး၍ ဂိုဒေါင်ထဲချည်ပြီး သော့ခတ်လိုက်သည်။

ခပ်ဝဝလူက ပစ္စည်းများလွှဲပေးရာ ချင်လင်ကလက်ခံ၍လက်မှတ်ထိုးပြီးလျှင် သူကကြာကြာမနေတော့ဘဲ သူ့လူများနှင့်ချက်ချင်းထွက်သွားသည်။

တစ်ဖက်ကသူဌေး၊ သူတို့က စာချုပ်လက်မှတ်မထိုးရ။ လွှဲပြောင်းပြီးမှတော့ တောထဲမှာ ဘယ်သူကခြင်သွေးလှူနေမလဲ?

ချင်လင်က ဘာမှအလောတကြီးမလုပ်။ ခပ်ဝဝလူနှင့်သူ့လူများထွက်သွားပြီး ခဏ​ကြာမှ ဂိုဒေါင်တံခါးသော့ခတ်ကာ နွားပေါက်နှစ်ကောင်ဆီလျှောက်သွားပြီး ချိုများဆုပ်ကိုင်လိုက်သည်။

အတွေးနှင့် နွားပေါက်နှစ်ကောင်ကို ဂိမ်းထဲယူသွားသည်။

ဒီအတိုင်းအပြန်ပြန်အလှန်လှန်လုပ်ပြီး တခဏအတွင်း နွားပေါက် ၁၄ ကောင်ကို ဂိမ်းထဲပို့ပြီးသွားသည်။

သူက နွားပေါက် ၂၀ လုံးကို ဂိမ်းထဲကအကောင်များနှင့်အစားထိုးဖို့စီစဉ်မထား။

နွားပေါက်ရောင်းသူဆီက စပ်မျိုးတွေလို့ခန့်မှန်းထားမှတော့ ချင်းလင်မွေးမြူရေးခြံစားကျက်မြေကိုစားပြီး မျိုးစိတ်ပြောင်းကုန်တယ်ဆိုတဲ့ဆင်ခြေကိုသုံးရင် ဖြစ်နိုင်ချေပြဿနာတက်ကုန်လိမ့်မည်။

ဒီတော့ တချို့တလေမျိုးစိတ်ပြောင်းတာက ပုံမှန်ပင်။

ချင်လင်ကလဲပြီးသောအခါ သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်ပြီး ဂိမ်းဇာတ်ကောင်အား အပြင်မှယူလာသောနွားပေါက်များရောင်းစေလိုက်သည်။ ထို့နောက် ဂိမ်းဇာတ်ကောင်ကို သတ္တုမြို့တော်တွင် နွားပေါက်ထပ်ဝယ်စေသည်။

ထို့ကြောင့် ဂိုဒေါင်ထဲတွင် နွားပေါက်အကောင် ၂၀ သာဖြစ်သော်လည်း ၁၄ ကောင်ကိုအစားထိုးပြီးဖြစ်လေသည်။

ဒီတော့မှ ချင်လင်က သယ်သူပို့​ဆောင်ရေးတာဝန်ခံကျောက်လီယွမ်ကိုဖုန်းဆက်ပြီး ယာဉ်တန်းနှင့်နွားပေါက်များလာသယ်ခိုင်းလိုက်သည်။

ကျောက်လီယွမ်က ချင်လင်ဖုန်းရသည်နှင့် ချက်ချင်းသူ့အဖွဲ့ကိုခေါ်လာသည်။ သူအချိန်မဆိုင်းရဲ။

သူ့ယာဉ်တန်းမှာ ချင်းလင်အစားအသောက်ကုမ္ပဏီကြောင့် နှစ်ဆတိုးလာသော်လည်း ချင်းလင်အစားအသောက်ကုမ္ပဏီဖွံ့ဖြိုးလာသည်နှင့်အမျှ ကုမ္ပဏီလုပ်ငန်းကို တခြားပို့ဆောင်ရေးအဖွဲ့နှစ်ဖွဲ့ကိုခွဲပေးရသည်။

သူတို့ပို့ဆောင်ရေးအဖွဲ့က ချင်းလင်အစားအသောက်ကုမ္ပဏီ၏လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်တော့၍ လက်ရှိပို့ဆောင်ရေးအဖွဲ့သုံးဖွဲ့အပြိုင်ဖြစ်နေသည်။ ဥက္ကဌချင်၏ညွှန်ကြားချက်ကို တစ်သဝေမတိမ်းသူလိုက်နာရပေမည်။

နွားပေါက်များကို ချင်းလင်မွေးမြူရေးခြံသီးသန့်ကားပါကင်ဆီပို့ပြီးနောက် ချင်လင်က ရန်သုံ့ဆီဖုန်းဆက်လိုက်သည်။

မွေးမြူရေးခြံအတွက် သင့်တော်သူမတွေ့သေး၍ အချိန်ပြည့်မွေးမြူရေးခြံတာဝန်ခံကိုမထားနိုင်သေး။ ထို့ကြောင့် ကျောက်မိုချင်းက မွေးမြူရေးခြံကိစ္စများအတွက်ယာယီတာဝန်ခံအဖြစ် ရန်သုံ့ကိုထားရန်ဆုံးဖြတ်ထားသည်။

ဒီယာယီအစားထိုးမှုဆက်တည်မတည်က နောက်ပိုင်း ရန်သုံ့၏လုပ်ဆောင်ချက်အပေါ်မူတည်သေးသည်။

ရန်သုံ့တို့ရောက်လာလျှင် ချင်လင်က နွားပေါက် ၂၀ ၏ပြေစာကို ရန်သုံ့ဆီလွှဲပေးလိုက်သည်။

"နွားပေါက်တွေ?''

ရန်သုံ့က ပြေစာမြင်ပြီး ခဏကြောင်သွားသည်။ ပြီးမှ အလောတကြီးနှင့်_

"သူဌေး... အလိမ်ခံရတာလား? ဒီဝဂ်ယူနွားက ဂျပန်ရဲ့နိုင်ငံ့ရတနာလေ... သူ့ဂုဏ်က ကျွန်တော်တို့ပန်ဒါထက်မြင့်တယ်... ကျွန်တော်တို့နိုင်ငံမှာ ဝဂ်ယူနွားပေါက်ဝယ်လို့မရဘူး''

ချင်လင်လည်း ရှင်းပြလိုက်သည်_

"ဒါပေါ့... ဒီကောင်လေးတွေက ဝဂ်ယူအစစ်မဟုတ်မှန်း ကျွန်တော်သိတယ်... ဒါပေမဲ့ စပ်မျိုးဖြစ်မယ်... ဒီကောင်တွေမှာ ဝဂ်ယူမျိုးပါတယ်... ကျွန်တော်တို့မွေးမြူရေးခြံစားကျက်မြေက ပါမောက္ခလီခိုင်လုပ်ထားတယ်ဆိုတာ ခင်ဗျားလည်းအသိပဲလေ... ထူးထူးခြားခြားအာဟာရတွေပါတယ်''

"ဒီစပ်မျိုးနွားပေါက်တွေက စားကျက်မြေကိုစားပြီး မျိုးစိတ်ပြောင်းမပြောင်းသိချင်တာ... ဒီလိုဆိုရင် ဒီစပ်မျိုးအမဲသားအရည်အသွေးက ဂျပန်ရဲ့ဝဂ်ယူထက်ညံ့မှာမဟုတ်ဘူး''

"အဲဒီကျရင် ကျွန်တော်တို့နွားနဲ့ဂျပန်ရဲ့နိုင်ငံ့ရတနာက ဘယ်လိုကွာမလဲ? ဒီတော့ ဒီကိစ္စခင်ဗျားကိုလွှဲလိုက်ပြီ... ခင်ဗျားသေချာစောင့်ကြည့်ထားရမယ်''

အရည်အသွေး ၂ ခွေးသွားစိတ်မြက်၏ တိရစ္ဆာန်များအပေါ်အာဟာရတန်ဖိုး +၂ အရည်အသွေးမှာ အကောင်းဆုံးဖုံးကွယ်နိုင်သောအချက်ဖြစ်သည်။

မွေးမြူရေးခြံစားကျက်မြေမှာ အထူးအာဟာရတန်ဖိုးရှိမှန်း ရန်သုံ့သိသည်။ အရင်က စားကျက်မြေခိုးချင်သူရှိခဲ့သော်လည်း အခု ထိုလူကအထဲရောက်ပြီး အပ်ချုပ်စက်နင်းနေပြီ။

ထို့အပြင် သူဌေးစကားနားထောင်ပြီး သူစမ်းသပ်ကြည့်ချင်စိတ်ပြင်းပြနေသည်။ သူသာဂျပန်ရဲ့နိုင်ငံ့ရတနာကိုရနိုင်ရင် အရမ်းစိတ်ဝင်စားစရာကောင်းလိမ့်မည်။ မြို့စားနှင်းဆီလို လူတွေပြောမပြတတ်အောင်ဝမ်းသာကြလိမ့်မည်။

"မပူပါနဲ့ သူဌေး... ကျွန်တော်သေချာကြည့်ထားလိုက်မယ်''

ရန်သုံ့က အမြန်ကတိပေးလိုက်သည်။

နွားပေါက် ၂၀ ကိုရန်သုံ့ဆီလွှဲပေးပြီးနောက် ချင်လင်ကရုံးခန်းထဲပြန်လာသည်။ သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်၍ သူ့ဂိမ်းဇာတ်ကောင်ကို နွေဦးသတ္တုတွင်းဆီသွားစေလိုက်သည်။

ဒီတစ်ခါအဆင့်တက်ပြီး နွေဦးသတ္တုတွင်းနှင့်ရေကန်သတ္တုတွင်းမှာ ကစားသူများအတွက် အဆင့်ထပ်ပွင့်နေလောက်ပြီ။



All Chapters