← Chapters

ဒီဝိုင်သိုလှောင်ခန်းက မက်လောက်စရာ! ဂန္တဝင်ရွှေပုလင်းနဲ့ဝိုင်! ၂

Vol. 41 Ch. 614

ဒီဝိုင်သိုလှောင်ခန်းက မက်လောက်စရာ! ဂန္တဝင်ရွှေပုလင်းနဲ့ဝိုင်! ၂

Vol. 41 Ch. 614

အရင် နွေဦးသတ္တုတွင်း ၁၂ လွှာအထိတူးထားပြီဖြစ်သည်။ ဒီတစ်ကြိမ်တွင် ချင်လင်က သူ့ဂိမ်းဇာတ်ကောင်အား ၁၃ လွှာတန်းဝင်ပြီး စတူးစေလိုက်၏။

သူ့ကံက အတော်လေးကောင်းနေပုံရသည်။ သုံးလေးကွက်သာတူးလိုက်ရသည်။ အသိပေးစာပေါ်လာ၏။

(နီလာသတ္တုတူးဖော်ရရှိပါတယ်!)

ကျောက်မျက်တစ်တုံးဆိုလည်း တစ်တုံးပင်။

ချင်လင်က ချက်ချင်းအားတက်သရောဖြစ်သွားသည်။ သို့သော် နောက်ရသည့်အရာများကြောင့် သူနည်းနည်းကြောင်သွားသည်။ နှစ်လွှာဆက်တိုက်တူးပြီးနောက် ကျောက်စိမ်း၊ ရွှေ၊ ငွေနှင့် ကြေးနီသတ္တုစများသာရသည်။ အထူးမြေကြီးအိတ် ဒါမှမဟုတ် ကမ္ဘာ့စမ်းရေပုံးတွေမရ။

သူ့ကံ အတော်နိမ့်နေသလားမသိ။

ထို့ကြောင့် ဆက်တူးချင်စိတ်မရှိတော့။ သူ့အာရုံကိုပြန်ရုတ်ပြီး စံအိမ်စီမံခန့်ခွဲရေး APP ထဲဝင်၍ သူလုပ်စရာရှိမရှိကြည့်လိုက်သည်။

တစ်ခါတရံ ဒီသဘောတရားကိုယုံကြည်ရမည်။ ကံဆိုးနေတုန်း အတင်းဖိလုပ်ရင် ကံပိုဆိုးလာရုံသာရှိမည်။

နေ့လယ်ပိုင်း ချင်လင်က စားသောက်ခန်းသွားရန် ကျောက်မိုချင်းကိုသွားခေါ်လိုက်သည်။

နေ့လယ်စာက အမဲသားရှိသေးသည်။

ဒီတစ်ခေါက် ချင်လင်က ဆီးနှင်းအမဲသား ပေါင် ၁၀၀ ကျော်ထုတ်လာသည်။

အပြင်မှာ ဒီလိုအမဲသားမျိုးက ၅၀၀ ဂရမ်ကို ယွမ် ၁၀၀၀၀ ကျော်တန်သည်။ သာမန်ခရီးသည်တွေမစားနိုင်။ ထို့ကြောင့် သူကမရောင်းဘဲ သူ့အတွက်သာထားလိုက်သည်။

အမဲသားကိုအပြင်မှာအကြာကြီးထားရင် အရသာနှင့်အသားက တဖြည်းဖြည်းပျက်စီးလာမည်ဖြစ်၍ ကောင်းယောင်ယောင်၊ လင်းလန်ဇီနှင့် ချန်တပေတို့စီမံရေးစားသောက်ခန်းထဲပို့မည်။ သူတို့အားလုံးကို အရည်အသွေး ၁ ဆီးနှင်းအမဲသားဆုချမည်။

အရည်အသွေး ၁ ဆီးနှင်းအမဲသားဆိုရင်တောင် မန်နေဂျာတွေက မျှော်လင့်နေဦးမှာမလား?





သူတို့ဘဝမှာ ဒီလိုအမဲသားမျိုးမစားဖူး၍ မစားခင်မီဒီယာပေါ်မှာ သေချာပေါက်တင်ကြလိမ့်မည်။

၅၀၀ ဂရမ် ယွမ် ၁၀၀၀၀ တန်အမဲသားစားပြရင် like တွေ၊မှတ်ချက်တွေ လုံးဝပလူပျံနေလိမ့်မည်...

လီရှင်းလည်း အစာစားချိန်တန်လျှင် အရောက်လာသည်။

ချန်ရှန်းဖေနှင့်မာလဲ့ဝမ်မှာ အဖွဲ့အစည်းတွင်အလုပ်များနေ၍ မနက်အစောပြန်သွားကြသည်။ တဆက်တည်း အရည်အသွေး ၂ အမဲသား လေးငါးကတ်တီပါပြန်ယူသွားကြသည်။

မာလဲ့ဝမ်ပြန်သွားသောအခါ သူစာရင်းရှင်းစရာရှိသည်ဟုတောင် အော်သွားသေးသည်။

ဆရာလင်းက အမဲသားယူကာ မြန်မြန်ဆန်ဆန်အသားပြားလုပ်ပြီး ထုတ်ယူလာသည်။

လီရှင်းမှာဟန်မဆောင်နိုင်ဘဲ ဓားနှင့်ခက်ရင်းကိုင်၍စစားတော့သည်_

"ချင်လင်... ငါပြောရဦးမယ်... ဒီအမဲသားရဲ့အရည်အသွေးက လုံးဝမမေ့နိုင်စရာပဲ... ဂျပန်အမဲသားက တကယ်ကောင်းတာ''

ထိုအချိန်တွင် ဆရာလင်းကဖုန်းထုတ်ပြီး ချင်လင်ဆီပေးကာ_

"သူဌေး... အရင်တစ်ခါ ကျုပ်တို့စံအိမ်လာပြီးစိန်ခေါ်တဲ့ ကြယ်သုံးပွင့်မီချီလင်စာဖိုမှူး Lazda ကိုမှတ်မိသေးလား? ဒီအဖွဲ့ထဲက ဗီဒီယိုကိုကြည့်လိုက်ပါဦး... အဲဒီလူ အခုတလော နည်းနည်းထောင်ထောင်ထောင်ထောင်နဲ့''

ချင်လင်က ဆရာလင်းဖုန်းကိုဇဝေဇဝါနှင့်ကြည့်လိုက်သည်။

Lazda ကို သူမှတ်မိတာပေါ့။ ဘာပဲဖြစ်ဖြစ် ကြယ်သုံးပွင့်မီချီလင်စာဖိုမှူးက ကမ္ဘာမှာဆယ်ယောက်တည်းရှိတာ။

ဗီဒီယိုထဲမှာ စာဖိုမှူးအဖွဲ့တစ်ဖွဲ့။

ဆရာလင်းမှာစာဖိုမှူးဖြစ်၍ သူ့ကိုယ်ပိုင်အဖွဲ့ရှိမှာပင်။

နယ်ပယ်တိုင်းကလူများမှာ အနည်းနှင့်အများတော့ သူတို့ကိုယ်ပိုင်နယ်ပယ်ကအဖွဲ့အစည်းနှင့်ချိတ်ကြလိမ့်မည်။ အဖွဲ့ဝင်များသည် ကမ္ဘာအနှံ့မှဖြစ်ပြီး သူတို့လုပ်ငန်းနှင့်ပတ်သက်ရာပတ်သက်ကြောင်းကိုတင်ကြမည်။ သတင်းအချက်အလက်မျှဝေသည့်ပုံစံဟုလည်း ယူဆနိုင်သည်။

သို့ရာတွင် အဖွဲ့ထဲမှဗီဒီယိုတချို့ကြည့်ပြီးနောက် ချင်လင်နည်းနည်းအံ့ဩသွားသည်။

ဟင်းချက်ပြိုင်ပွဲဗီဒီယိုဖြစ်သည်။ အဓိကလူမှာ အရင်တစ်ခါ ချင်းလင်စံအိမ်ရောက်လာပြီး စိတ်ပျက်လက်ပျက်နှင့်ပြန်သွားသော ကြယ်သုံးပွင့်မီချီလင်စာဖိုမှူး Lazda ပင်။





ဒီလူကပြန်သွားရင် ဟင်းချက်နည်းကိုကြိတ်ပြီးလေ့ကျင့်မယ်လို့ပြောခဲ့တာမလား? ဘာလို့သူများတွေနဲ့ပြိုင်နေပြန်တာလဲ?

ဗီဒီယိုများကြည့်ပြီးနောက် Ladza ခဏပျောက်သွားသည်ကိုတွေ့ရသည်။ ပြန်ထွက်လာသောအခါ တခြားကြယ်သုံးပွင့်မီချီလင်စားဖိုမှူးများကိုစပြီးစိန်ခေါ်သည်။

နောက်ပြီး အချိန်တိုအတွင်း တခြားကြယ်သုံးပွင့်မီချီလင်စားဖိုမှူးများအားလုံးကိုအနိုင်ယူလိုက်သည်။ သူက ကမ္ဘာမှာအတော်ဆုံးကြယ်သုံးပွင့်မီချီလင်စားဖိုမှူးပင်။

ထို့အပြင် ရုပ်ရည်ကအတော်ကြည့်ကောင်း၍ လက်ရှိအနောက်တိုင်းမှာ အလွန်နာမည်ကြီးနေသည်။ သူ့ကို ကမ္ဘာ့နံပါတ်တစ်စားဖိုမှူးနတ်ဘုရားအဖြစ်မြှင့်တင်ပေးလိုက်သူက ရှင်းကျန့်တယ်ပြည်သူများပင်။

အနောက်တိုင်းစားဖိုမှူးများကိုအနိုင်ယူပြီးနောက် ထိုစားဖိုမှူးနတ်ဘုရားက တရုတ်စားဖိုမှူးများကိုစပြီးစိန်ခေါ်သည်။ လက်ရှိအချိန်အထိ နိုင်ငံအတွင်းကျော်ကြားသောထိပ်တန်းတရုတ်စားဖိုမှူးအတော်များများကိုအနိုင်ယူထားသည်။

"ဒီလူ အတော်စွမ်းနေပါလား!''

ချင်လင်နည်းနည်းအံ့ဩသွားသည်။ သူတကယ်ကြိတ်လေ့ကျင့်ခဲ့ပြီး လက်ရာပေါက်မြောက်လာသည့်သဘောရှိသည်။

နောက်ပြီး ဟင်းချက်လက်ရာပထမဖြစ်လျှင် အနောက်တိုင်းဖြစ်စေ၊ တရုတ်မှာဖြစ်စေ၊ အတော်လေးအထင်ကြီးဖို့ကောင်းသည်။

သို့ရာတွင် သူဘယ်လောက်အံ့ဩဖို့ကောင်းကောင်း သူ့အလုပ်မဟုတ်။ ဘာပဲ​ဖြစ်ဖြစ် သူ့စားဖိုမှူးလည်းမဟုတ်။

ထိုအကြောင်းတွေးမှ အပန်းဖြေစံအိမ်ဖွင့်ပြီးရင် စံအိမ်စားသောက်ဆိုင်အတွက် နောက်ထပ်စားဖိုမှူးရှာဖို့စဉ်းစားရဦးမည်။

ဆရာလင်းကို အပန်းဖြေစံအိမ်ရွှေ့ဖို့စီစဉ်ထားသည်။ ဘာပဲ​ဖြစ်​ဖြစ် ဆရာလင်းမှာအရွယ်ရပြီဖြစ်၍ သူ့ခွန်အားနှင့်မလိုက်နိုင်။ အပန်းဖြေစံအိမ်စားဖိုဆောင်က ပိုပြီးသက်သောင့်သက်သာရှိလိမ့်မည်။ သူ့အလုပ်ပြီးရင် အပန်းဖြေစံအိမ်မှာအနားယူသည်ဟုသဘောထားလိုက်ရုံပင်။

ထို့ကြောင့် စံအိမ်စားဖိုဆောင်မှာ စားဖိုမှူးခေါင်းဆောင်လိုနေသည်။

ချင်လင်နှင့်ကျောက်မိုချင်းလည်း အရည်အသွေး ၂ ဆီးနှင်းအမဲသားကို အကြိုက်စားပစ်လိုက်သည်။

လီရှင်းကစားပြီးနောက် သိချင်စိတ်နှင့်မေးလာသည်_

"ချင်လင်... မင်းရဲ့အပန်းဖြေစံအိမ်ကဝိုင်သိုလှောင်ခန်းပြီးပြီမလား?''

တစ်ချိန်လုံး ချင်လင်လှောင်ထားသောဝိုင်ပမာဏကို သူသိချင်နေသည်။ ချင်လင်က ချင်းလင်ဆေးဖက်ဝင်ဝိုင်ထုတ်လာတိုင်း သူ့ဝိုင်သိုလှောင်ခန်းကိုမမြင်။

ချင်လင်ကို စံအိမ်ရုံးခန်းထဲမှာ ဝိုင်သိုလှောင်ခန်းပြင်ပေးပြီးနောက်ပိုင်း ဝိုင်သိုလှောင်ခန်းထဲတွင် ဝိုင်ကတိုးတိုးလာ၍ ချင်လင်မှာနောက်ထပ်သိုလှောင်ခန်းများရှိသလားဟု သူထင်လာသည်။

အခုအပန်းဖြေစံအိမ်အသင့်ဖြစ်ပြီဆိုတော့ ချင်လင်က ဝိုင်သိုလှောင်ခန်းထဲကဝိုင်တွေအကုန် ဧက ၄၀ အပန်းဖြေစံအိမ်ထဲရွှေ့လောက်ပြီမလား?

သူအခု အတော်သိချင်နေပြီ။

"ပြီးပြီ... ကျွန်တော်တို့စားပြီးရင် လိုက်ပြမယ်... ပြီးတော့ ဝိုင်သိုလှောင်ခန်းကိုပိုကောင်းအောင်ဘယ်လိုလုပ်ရမလဲ ကြည့်ပေးပါဦး... ကျွန်တော် အဲဒီအပိုင်းသိပ်မသိဘူး''

ချင်လင်ကအပြုံးနှင့်ပြောလိုက်သည်။ ဝိုင်သိုလှောင်ခန်းကအသင့်ဖြစ်ပြီ။ ဒါပေမဲ့ သူမသိနိုင်တဲ့အရာတွေရှိမရှိဆိုတာ မသေချာ။ လီရှင်းလိုကျွမ်းကျင်သူကိုကြည့်ခိုင်းဖို့အဆင်သင့်သွားသည်။



All Chapters