← Chapters

#နာမည်ကိုလောင်းကြေးထပ်ပြီး ကိုယ်တိုင်ဥပဒေတခုဖန်တီးခြင်း#

Vol. 33 Ch. 463

#နာမည်ကိုလောင်းကြေးထပ်ပြီး ကိုယ်တိုင်ဥပဒေတခုဖန်တီးခြင်း#

Vol. 33 Ch. 463

"နင်းချန်ရှင်းဆိုတဲ့နာမည်နဲ့ ဒီကမ္ဘာကြီးအတွက် ငါဥပဒေပြဌာန်းပေးမယ်"

လူတိုင်းကကောင်းကင်သို့ အထိတ်တလန့်ကြည့်လိုက်ကြသည်။

ထိုနေရာ၌ တာအိုအလင်းများကလှည့်ပတ်နေပြီး လူရိုင်းနယ်မြေတခုလုံးကို အလင်းပေးနေသည့်အလား ကောင်းကင်နှင့်မြေကြီးအကြား လင်း၀င်းနေလေသည်။

ထိုအလင်းအောက်တွင် နင်းချန်ရှင်းက နတ်ဘုရားတပါးဆင်းသက်လာသည့်အလား ကောင်းကင်နှင့်ပခုံးချင်းယှဉ်ကာရပ်နေသည်။

"နာမည်ကိုလောင်းကြေးထပ်ပြီးကိုယ်ခန္ဓာနဲ့ပြုမူတာက ဘယ်လောက်မာနကြီးသလဲဆိုတာကို ပြသနေတယ်"

"ဒဏ္ဍာရီဆိုတာက တကယ်ဒဏ္ဍာရီဖြစ်ထိုက်ပါပေတယ်၊ အရမ်းသတ္တိရှိတယ်၊ ဘယ်သူမှသူ့ကိုယှဉ်နိုင်မှာမဟုတ်ဘူး"

ပညာသင်ခန်းမကလူများက ဒီမြင်ကွင်းကိုကြည့်နေကြပြီး ဒါကအရင်ဖြစ်ရပ်များ၏ တံလျှပ်ကိုဖယ်ရှားပစ်ကာ သူတို့၏နှလုံးသားက ပညာသင်ခန်းမ၌ ပါ၀င်နိုင်သည့်အပေါ် ဂုဏ်ယူနေကြသည်။

တချိန်တည်းမှာပင် ယခုလိုမြန်ဆန်လွန်းသည့်နင်းချန်ရှင်းကဲ့သို့ ဆရာတစ်ယောက်ကို ပိုင်ဆိုင်ရသည့်အပေါ်တွင်လည်း ဂုဏ်ယူကြသည်။

တခြားတဘက်တွင် စံအိမ်တော်၌ ဟုန်ရင်ကတခုခုကိုအာရုံခံမိသည့်အလား ကောင်းကင်ပေါ်သို့ကြည့်လိုက်သည်။

"ကြည့်ရာ မောင်လေးသုံးရဲ့ကိစ္စတွေက ပြီးသွားပြီထင်တယ်"

ထို့နောင်သူမကလက်ဝှေ့ယမ်းသည်။

ကောင်းကင်တာအိုတွင်ခံစားချက်များရှိလာပြီး နင်းချန်ရှင်းအား သူ့ကိုယ်ခန္ဓာနှင့် လုပ်ဆောင်သည့်အပေါ်သဘောတူလေသည်။

ယနေ့ ဒီကမ္ဘာထဲက ကောင်းကင်လမ်းစဉ်အပေါ် ဟုန်ရင်၏ထိန်းချုပ်နိုင်စွမ်းအရ နင်းချန်ရှင်းက ဥပဒေကို ကိုယ်တိုင်သတ်မှတ်ချင်လျှင်ပင် ကောင်းကင်၏ခွင့်ပြုချက်ကို ရမည်သာ။

မုဖူရှန်းဤမြင်ကွင်းကိုကြည့်ရင်း မတွေးတောနိုင်အောင်ဖြစ်နေသည်။

အစ်ကိုကြီးလိုမျိုးအမြဲကြင်နာသိမ်မွေ့တတ်သည့် အစ်ကိုသုံးမှာ မျှော်လင့်မထားစွာနဲ့ ဒီလိုမာနကြီးတဲ့အသွင်အပြင်တခုလည်း ရှိသေးတာပဲ!

လုချန်ရှန်းနှုတ်ခမ်းကွေ့လိုက်မိသည်။

မင်းလူသိများအောင်လုပ်ပြန်ပြီလား!

....

ထိုအချိန်တွင် နင်းချန်ရှင်းက တာအိုကျမ်းစာများကိုနှလုံးသားထဲတွင်ကိုင်ကာ နတ်ဘုရားတစ်ပါးပမာ ကောင်းကင်နှင့် ပခုံးချင်းယှဉ်ရပ်နေသည်။

လမ်းစဉ်၏အလင်းတန်းများလှည့်ပတ်ခြင်းက ဒီကမ္ဘာထဲတွင် ကွန်းဖြူရှပ်နှင့်တာအိုဝါဒကို ရှေးရိုးစွဲဝါဒဖြစ်အောင်လုပ်ပေးသည်။

ကောင်းကင်၏သဘောတူညီမှုကို ခံစားမိသောအခါ နင်းချန်ရှင်း မိုးကြိုးသံကဲ့သို့ နက်ရှိုင်းသည့်အသံဖြင့်အော်ဟစ်သည်။

သူ့အသံကလူရိုင်းနယ်မြေတခုလုံးသို့ ပျံ့သွားသည်။

"ပညာသင်ခန်းမက အရင်က ဟောပြောတဲ့နေရာတခုဖြစ်ပြီး အခုတော့ အဲဒါက ကမ္ဘာကြီးကို ကြီးကြပ်တော့မယ်"

"ပထမအချက်၊ အကျိုးစီးပွားတွေအတွက် ပဋိပက္ခရှိရင်တောင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကိုမဖြစ်စေရ"

"ဒုတိယအချက်၊ အကြီးစားစစ်ပွဲတွေကို ကိုယ်ရေးကိုယ်တာအတွက်ခွင့်မပြုဘူး၊ တကယ်လို့အကြောင်းရင်းရှိတယ်ဆိုရင် ပညာသင်ခန်းမကိုတင်ပြပါ၊ ပညာသင်ခန်းမကဆုံးဖြတ်လိမ့်မယ်"

"တကယ်လို့ဒါကိုချိုးဖောက်ရင် ကမ္ဘာရဲ့အဆုံးပိုင်းဖြစ်စေ မြေအောက်ကမ္ဘာထိဖြစ်စေ ပညာသင်ခန်းမက အင်အားအလုံးစုံနဲ့ လိုက်ဖမ်းရလိမ့်မယ်"

ဒီကန့်သတ်ချက်နှစ်ခုက လူတိုင်းကို ဆွံအသွားစေသည်။

သို့သော်သိပ်မများလှပါ။

ဒီသာသနာထွန်းကားရာကမ္ဘာ၌ တောကောင်က တောကောင်ကိုစားသောက်သည့်နေရာတွင် လူတွေကသူတို့၏ ကိုယ်ပိုင်အကျိုးစီးပွားအတွက် ကျင့်ကြံကာ ဖြစ်ရပ်ဆိုးများ၏ သွေးမြစ်များကို ဖန်တီးတာက မထူးဆန်းပါ။

သို့သော် နင်းချန်ရှင်းက သူ့ကိုယ်ခန္ဓာဖြင့် ဒီလိုဥပဒေကိုချမှတ်ရဲပြီး ကိုယ်တိုင်ပင် ကြီးကြပ်သည်။

ဘယ်လောက်တောင်မောက်မာသလဲ!

ဘယ်လောက်တောင်မာနကြီးသလဲ!

ချက်ချင်းဆိုသလို နင်းချန်ရှင်းဆက်လက်အော်ဟစ်သည်။

"ပညာသင်ခန်းမကကြီးကြပ်သူပဲ၊ ဒီစည်းမျဉ်းနှစ်ခုကို ချိုးဖောက်ရင် အဆုံးသတ်က ဝိဉာဉ်ဖျက်ဆီးခံရတာ ဖြစ်လာရလိမ့်မယ်"

တခြားသူများကိုကြီးကြပ်လိုပါက ကိုယ့်ကိုကိုယ်စည်းကမ်းတင်းကြပ်ရန်လိုအပ်သည်။ မဟုတ်ပါက တခြားသူများ၏ အပြစ်တင်ချင်များကိုသာ ရပေလိမ့်မည်။

ချက်ချင်းပင် နင်းချန်ရှန်းမျက်ခုံးကြားနေရာသို့ လက်ချောင်းဖြင့် သုတ်လိုက်ကာ ဝိဉာဉ်စွမ်းအားအမျှင်စတခုကို ထုတ်ဖော်ရင်း ကောင်းကင်သို့ညွှန်ပြလိုက်သည်။

ဝိဉာဉ်စွမ်းအားက ကောင်းကင်သို့ပျံသွားပြီး ကောင်းကင်လမ်းစဉ်နှင့်ရောထွေးသွားသည်။

ထိုအချိန်မှာပင် ကောင်းကင်ထက်ကနေ အသံတစ်သံထွက်လာခဲ့သည်။

"စည်မျဉ်းကိုချမှတ်ခဲ့ပါသည်"

ကောင်းကင်ဘုံမိုးကြိုး!

နင်းချန်ရှင်း၏ဥပဒေကို ကောင်းကင်တာအိုက လက်ခံခဲ့သည်။

ထိုအချိန်တွင် စိတ်ဓာတ်ကြံ့ခိုင်မှုများဖြင့် ပြည့်နှက်နေသည့်နင်းချန်ရှင်းက ဒီကမ္ဘာကြီး၏ ဥပဒေသဖြစ်လာသည်။

အကုန်လုပ်ပြီးနောက် နင်းချန်ရှင်း ပညာသင်ခန်းမသို့ပြန်သွားပြီး ကြီးကြပ်ရေးကိစ္စကိုလက်လွှဲကာ အကြီးအကဲများနှင့် ကျန်သောသူများအား ဘယ်လိုစတင်ရန် ပြောကြားလိုက်သည်။

.....

တခြားတဘက်တွင် လုချန်ရှန်းက ညင်သာစွာနှာခေါင်းရှုံ့ရင်း သူ့နှုတ်ခမ်းထောင့်တွင် အပြုံးရေးရေးတပွင့်ရှိနေခဲ့သည်။

သူ့တပည့်သုံးယောက်၏လမ်းစဉ်က ကမ္ဘာကြီး၏ငြိမ်းချမ်းမှုအတွက် မျှော်လင့်၍ရပေသည်။

ယခုဒါကိုပထမခြေလှမ်းဟုမှတ်ယူ၍ရသည်။

တိမ်ပြာဓားဂိုဏ်းတွင် တတိယအဆင့်ကို ဆက်လက်ဆောင်ရွက်နေဆဲပင်။

ပုံရိပ်ယောင်ထဲတွင် မူလကလူလေးဆယ်ကျော်ဖြစ်သော်လည်း ယခုတွင်မူ ၂၁ယောက်သာကျန်တော့သည်။

ကျန်သောသူများက သွေးဆောင်မှုကိုမခံနိုင်တော့ဘဲ ဒေါသထွက်နေသည့်အမူအရာများဖြင့် ပုံရိပ်ယောက်မှ ထွက်သွားရသည်။

ယဲ့ချိုးပိုင် သူ့အကြည့်ကို နင်းချန်ရှင်းဆီကနေရုတ်သိမ်းပြီးနောက် ပုံရိပ်ယောင်ဆီ ပို့လိုက်ပြန်သည်။

လူတစ်ယောက်က သူကယဲ့ချိုးပိုင်၏ လက်အောက်တွင် အရိုအသေပေးချင်သည်။

ကျန်သောသူများက ထိုမောက်မာသည့်ကောင်လေး ဟောင်တျန်းကို သင်ရန် အရည်အချင်းမရှိဟုဆိုခဲ့သည်။

စိတ်လှည့်စားသည့်ပုံရိပ်ယောင်ထဲတွင် သူ့မျက်နှာကမှေးမှိန်နေသည်။

ကျန်သောသူများနှင့်ယှဉ်ပါက သူ့မျက်နှာကအနည်းငယ်ဖြူဖျော့နေသည်။

ဒီကောင်လေး၏နှလုံးသားက တိမ်ပြာဓားဂိုဏ်းတွင် အရိုအသေပေးချင်ကြသည့် ထိုဓားသိုင်းပညာရှင်အုပ်စုထက် အများကြီးပိုအားကောင်းသည်။

ကျန်းချောင်မြန့်ပြုံးသည်။

"ဘာလို့လဲ၊ သူကမဆိုးဘူးလေ"

"မင်းသူ့ကိုတပည့်လက်ခံဖို့အတွက် စဉ်းစားချင်လား"

ယဲ့ချိုးပိုင်ခပ်ပေါ့ပေါ့ပြုံးသည်။

"ငါက အန္တိမဓားသိုင်းနယ်ပယ်ကို လိုက်စားနေတဲ့လမ်းကြောင်းမှာပဲရှိသေးတယ်၊ ဒီတော့ ငါ့မှာတပည့်စုဆောင်းဖို့ အချိန်မရှိဘူး"

မည်သို့ပင်ဆိုစေကာမူ သူကလေ့ကျင့်ရန်အတွက် တခြားနယ်မြေများသို့ ဆက်လက်သွားရမည်။

ထို့ကြောင့် ဟောင်တျန်းကို လက်ခံရန်ဟူသည် မဖြစ်နိုင်ပေ။

လျန်ဖုန်းနှုတ်ခမ်းကွေ့လိုက်သည်။

"ဒါကမင်းတပည့်လက်ခံတာမလက်ခံတာနဲ့ ဘာဝိရောဓိများရှိလို့လဲ"

"အဲဒီအချိန်ကျရင် မင်းအချိန်ရရင် သူ့ကို လမ်းညွှန်ပေးရင်တောင်အဆင်ပြေပါတယ်၊ ငါကသူ့ကို ကလေးတယောက်ကို စောင့်ကြည့်နေရသလိုမျိုး တနေကုန် လမ်းညွှန်ပေးဖို့ပြောနေတာမဟုတ်ဘူး"

"သူကျော်လွှားနိုင်မလားကြည့်ပြီးမှ ပြောကြရအောင်"

အချိန်များက တစ်မိနစ်တစ်စက္ကန့်စီ ကုန်ဆုံးနေသည်။

ထိုကျရှုံးသွားသည့်ဓားသမားများက ဒီနေရာကနေ တိုက်ရိုက်မထွက်သွားဘဲ လှည့်စားမှုပုံရိပ်ယောင်ထဲက လူနှစ်ဆယ်ကျော်ကို စောင့်ကြည့်နေကြသည်။

ဘယ်သူကဒီလိုခက်ခဲသည့် အစီအရင်ကို ဖြတ်ကျော်နိုင်မလဲဆိုတာ သူတို့သိချင်ကြသည်။

နေ့တ၀က်ခန့်ကြာပြီးနောက် လူတစ်ယောက်မျက်လုံးဖွင့်လိုက်သည်။

သူ့မျက်လုံးထဲတွင် ဓားဆန္ဒက တဖျပ်ဖျပ်လင်း၀င်းလာသည်။

"အဲဒါဟောင်တျန်းပဲ"

"တကယ်သူပဲ"

လျန်ဖုန်းမေ့စေးကိုပွတ်လိုက်သည်။

"ဒါကမျိုးစေ့ကောင်းတခုပဲ၊ ကျင့်ကြံခြင်းမှာတောင် အာရုံစိုက်ထားနိုင်တယ်"

ကျန်းချောင်မြန့်ကလည်းခေါင်းညိတ်သည်။

"ဒီကောင်လေးရဲ့ပါရမီက ငါတို့နှစ်ယောက်ထက်တောင်ပိုကောင်းတယ်"

ယဲ့ချိုးပိုင်ပြုံးသည်။

"အောင်မြင်တဲ့လူတွေက ‌ဘေးမှာအရင်စောင့်ပေးကြပါ"

ဤသည်ကိုကြားသောအခါ ဟောင်တျန်းက ယဲ့ချိုးပိုင်ရှိရာသို့ လက်နှစ်ဖက်ဆုပ်ပြီးနောက် နောက်ဆုတ်ကာ တခြားသူများအား မကြည့်တော့ဘဲ တင်ပလ္လင်ခွေထိုင်ရင်း ဆက်လက်လေ့ကျင့်သည်။

ဒီမြင်ကွင်းအားလုံးက ယဲ့ချိုးပိုင်၏အမြင်ကနေ လွတ်မြောက်ခြင်းမရှိပေ။

ပါရမီကကောင်းတယ်!

စိတ်ဓာတ်ကလည်းကောင်းမွန်တယ်!

ပြီးတော့ကျင့်ကြံခြင်းလမ်းကြောင်းမှာလည်းအတော်လေးကြိုးစားတယ်!

ဒါကတကယ်မျိုးစေ့ကောင်းတခုပဲ!

ထို့နောက်တချို့လူများကတယောက်ပြီးတစ်ယောက်အောင်မြင်သွားပြီးနောက် တချို့လူများက ကျရှုံးသွားကြရသည်။

အဆုံးသတ်တွင် ဒီစမ်းသပ်မှု၌ လူဆယ့်ခြောက်ယောက်သာအောင်မြင်ခဲ့သည်။

ဒီမြင်ကွင်းကိုမြင်သောအခါ လူတိုင်းခါးသီးစွာရယ်မောလိုက်ကြ၏။

တိမ်ပြာဓားဂိုဏ်းက တပည့်စုဆောင်းမည့်စမ်းသပ်မှုကို ခက်ခဲလိမ့်မည်ဟု သူတို့ မျှော်လင့်ထားကြသော်လည်း ဓားသမားထောင်ကျော်တွင် အဆုံးသတ်၌ လူဆယ့်ခြောက်ယောက်သာကျန်ရှိလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြပေ။

ဒီဆယ့်ခြောက်ယောက်ကလည်း မတူညီသည့်နယ်မြေများက မောက်မာသည့်အဆင့်ရှိသည့်ပါရမီရှင်များပင်။

ဂိုဏ်းချုပ်တဖြစ်လဲ ယဲ့ချိုးပိုင်ရှေ့တလှမ်းလှမ်းကာ ကျယ်လောင်စွာပြောသည်။

"စမ်းသပ်မှုသုံးခုစလုံးကို အောင်မြင်သူတိုင်းက ငါ့ရဲ့တိမ်ပြာဓားဂိုဏ်းကို ၀င်ရောက်နိုင်ပါတယ်"

"ပြီးတော့ဘယ်အကြီးအကဲကို ရွေးချယ်မလဲဆိုတာကိုလည်း မင်းတို့ကိုယ်တိုင် ရွေးချယ်လို့ရပါတယ်"

လူဆယ့်ငါးယောက်စလုံးကအံ့ဩသင့်နေကြပုံရသည်။ တိမ်ပြာဓားဂိုဏ်းတွင် ၀င်ခွင့်ရခြင်းက ဒါက သူတို့က လူရိုင်းနယ်မြေ၌ ထိပ်တန်းဓားကျင့်ကြံခြင်းအင်အားစုများထံ ခြေချနိုင်ပြီဟုဆိုလိုနေခြင်းပင်။

ကျန်ရှိနေသည့်လူဆယ့်ငါးယောက်က တိမ်ပြာဓားဂိုဏ်း၏အကြီးအကဲများကို သူတို့၏ဆရာအဖြစ်ရွေးချယ်ကြသည်။

လျန်ဖုန်းနှင့်ကျန်းချောင်မြန့်တို့ပင်လျှင် ပါရမီရှိသည့်တပည့်တစ်ဦးစီ လက်ခံခဲ့ကြသည်။

ဟောင်တျန်းတဦးတည်းသာလျှင်ရပ်နေသည်။

သူ့မျက်နှာကမှေးမှိန်နေသည်။

ယဲ့ချိုးပိုင်မေးသည်။

"မင်းအကြီးအကဲတယောက်ယောက် မရွေးချယ်ဘူးလား"

ဟောင်တျန်းခေါင်းခါယမ်းသည်။

"သူတို့ကျွန်တော့်ကိုမသင်ကြားပေးနိုင်ဘူး"

လျန်ဖုန်းနှင့်ကျန်းချောင်မြန့်တို့က ဒေါသမထွက်ကြပေ။ ပါရမီရှိသည့်ဂျူနီယာများက မောက်မာတာဖြစ်သင့်ပါသည်။

ဘာလို့အရင်ကငါတို့နဲ့မတူရတာလဲ!

အကယ်၍မောက်မာမှုမရှိပါက မာနရှိမည်မဟုတ်ပေ။ ဒီလိုဆိုပါက ဘယ်လိုဓားသိုင်းမျိုးကို လေ့ကျင့်ချင်ရပါသနည်း။

ယဲ့ချိုးပိုင်ညင်သာစွာပြုံးသည်။

"ဒီတော့မင်းတယောက်တည်းကိုယ်တိုင်လေ့ကျင့်ဖို့ ဆုံးဖြတ်ထားတာလား"

ဟောင်တျန်းက ယဲ့ချိုးပိုင်ကိုတည့်တည့်စိုက်ကြည့်ပြီး လေးနက်စွာပြောသည်။

"ကျွန်တော် ခင်ဗျားကို ကျွန်တော့်ဆရာအဖြစ် အရိုအသေပေးချင်ပါတယ်"

"ခင်ဗျားတစ်ယောက်တည်းကပဲ ကျွန်တော့်ကို ဓားသိုင်းသင်ပေးဖို့ အရည်အချင်းရှိတယ်"

ယဲ့ချိုးပိုင် ခပ်ပေါ့ပေါ့ပြုံးကာ ခေါင်းခါယမ်းသည်။

"ဒါဆိုငါမင်းကိုလက်မခံဘူး၊ မင်းဘာလုပ်မလဲ"

ဟောင်တျန်းပခုံးတွန့်လိုက်သည်။

"ခင်ဗျားရှေ့မှာ ကျွန်‌တော့်ကိုယ်ကျွန်တော်သက်သေပြပါမယ်"

ယဲ့ချိုးပိုင်လက်သုံးချောင်းဆန့်လိုက်သည်။

"ဒီလိုဆိုရင်ရော ငါမင်းကိုနောက်ထပ်စမ်းသပ်မှုသုံးခုပေးမယ်၊ မင်းဖြတ်ကျော်နိုင်ရင် ငါမင်းကို ငါ့ရဲ့စာရင်းသွင်းကျောင်းသားတယောက်အဖြစ် လက်ခံမယ်၊ ဘယ်လိုသဘောရလဲ"

အပိုင်း(464) coming။

All Chapters