← Chapters

#သေမျိုးကျေးရွာ#

Vol. 33 Ch. 464

#သေမျိုးကျေးရွာ#

Vol. 33 Ch. 464

စမ်းသပ်မှုသုံးခုလား!

ယဲ့ချိုးပိုင်၏စကားလုံးများကိုကြားသောအခါ ဟောင်တျန်းတွေးပင်မတွေးတောတော့ဘဲ ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

ယဲ့ချိုးပိုင်ချက်ချင်းဆိုသလို လက်ဖြင့်ထောက်လိုက်စဉ် ဓားစက်ကွင်းတခုက ဟောင်ကျန်းကို လှောင်အိမ်တခုထဲတွင် ပိတ်ဆို့ပစ်သည့်အလား တိုက်ရိုက်လွှမ်းခြုံသွား၏။

"ဓားပိုင်နက်ကို တလအတွင်းချိုးဖျက်ရမယ်၊ ဒါက ပထမစမ်းသပ်မှုပဲ"

တိမ်ပြာဓားဂိုဏ်းတွင် ၀င်ချင်ကြသည့် ကျင့်ကြံသူများကလည်း မထွက်သွားကြသေးပေ။

ဒီမြင်ကွင်းကိုကြည့်ရင်း သူတို့ထိတ်လန့်သွားကြ၏။

ဓားသမားများ၏ ဓားဆန္ဒအပေါ်ထိန်းချုပ်နိုင်စွမ်းက အခြေခံဖြစ်သည်။

သို့စေကာမူ ဓားဆန္ဒကိုပိုင်နက်အဖြစ် အလွယ်တကူပြောင်းကာ လူတစ်ယောက်၀င်နိုင်သည်အထိကျုံ့ပစ်ပြီး တစ်လထိကြာအောင် လုပ်ထားနိုင်သော ယဲ့ချိုးပိုင်လိုလုပ်နိုင်ပါမည်လား။

ယခုလိုဓားဆန္ဒအပေါ် ထိန်းချုပ်နိုင်စွမ်းက အလွန်အမင်းကြောက်မက်ဖွယ် ကောင်းနေလေပြီ။

တကယ်တမ်းတွင် သူကယနေ့လူရိုင်းနယ်မြေ၏ နံပါတ်တစ်ဓားသမားဖြစ်နေသည်မဟုတ်ပေလော။

ထိုစကားပြောပြီးနောက် ယဲ့ချိုးပိုင်တဖက်လှည့်ကာ ထွက်သွားလေတော့သည်။

ကျန်းချောင်မြန့်နှင့် လျန်ဖုန်းတို့က တစ်ဦးကိုတစ်ဦးစိုက်ကြည့်လိုက်ကြပြီးနောက် အလျင်အမြန်လိုက်သွားကြသည်။

"ဂိုဏ်းခေါင်းဆောင်၊ ဒီလိုလုပ်တာက အရမ်းပြင်းထန်လွန်းရာမကျဘူးလား၊ မင်းရဲ့ဓားဆန္ဒက ဓားဘုရင်နယ်ပယ်ကိုရောက် ရောက်နေပြီလေ၊ ရေကိုမဖြတ်ကျော်သေးဘဲ ဓားသခင်မယ်ပယ်ကိုသာရောက်သေးတဲ့ ဂျူနီယာတစ်ယောက်က ဘယ်လိုလုပ် ခုခံနိုင်မှာလဲ"

ကျန်းချောင်မြန့်ကလည်းခေါင်းညိတ်သည်။

"ဒါကအရမ်းများလွန်းတယ်လို့ ငါလည်းထင်တယ်"

ယဲ့ချိုးပိုင်ခပ်ပေါ့ပေါ့ပြုံးကာလျှောက်သွားသည်။

"ပါရမီကပိုမြင့်လေလေ၊ ဖိနှိပ်မှုက ပိုအားကောင်းလာတဲ့အခါ ပေါက်ကွဲနိုင်ဖို့အတွက် အလားအလာပိုများလေလေပဲ"

"ဒါ့အပြင် တကယ်လို့သူကငါ့တပည့်ဆိုရင် ဒီနေရာမှာ ဒါမှမဟုတ် ဒီကြယ်နယ်မြေမှာ ကန့်သတ်ထားဖို့ဆိုတာက မဖြစ်နိုင်ဘူးလေ၊ ဒါကြောင့်သူသာ အောင်မြင်ဖို့ ကျရှုံးခဲ့ရင် လက်လျှော့ရုံပဲပေါ့"

"ဒါပေမယ့် ငါလည်းဓားဆန္ဒအဆင့်ကိုဖိနှိပ်ထားပါတယ်၊ သူ့ကိုလွှမ်းခြုံထားတဲ့ဓားဆန္ဒက မဟာဓားဂိုဏ်းနယ်ပယ်ထက်မပိုပါဘူး"

"ဒီလအတွင်း သူမဟာဓားဂိုဏ်းနယ်ပယ်ကို ချိုးဖျက်နိုင်သရွေ့ အဲဒါကို ကျော်လွှားနိုင်မှာပါ"

ကျန်းချောင်မြန့်နှင့် လျန်ဖုန်းတို့က ယဲ့ချိုးပိုင်၏ကျောကိုကြည့်ပြီးနောက် ခါးသီးစွာပြုံးလိုက်ကြသည်။

မဟာဓားဂိုဏ်းနယ်ပယ်အထိဖိနှိပ်ထားတယ်ဆိုရင်တောင် ယဲ့ချိုးပိုင်၏ ဓားသိုင်းနားလည်မှုနှင့် ဓားသခင်နယ်ပယ်ထက် မြင့်သည်အဆင့်ကိုပင် ယှဉ်ရန်လုံလောက်နေလေပြီ။

သူတို့နှစ်ယောက်ကလည်း ယဲ့ချိုးပိုင်၏စကားလုံးများကိုသဘောတူကြသည်။

သူ့ပါရမီအရ သူကဒီအဆင့်နိမ့်ကြယ်နယ်မြေတွင် ဘယ်တော့မှ ကန့်သတ်ထားမည်မဟုတ်ပေ။

ထို့ကြောင့် ဟောင်တျန်းကသာ ယဲ့ချိုးပိုင်ကို သူ့ဆရာအဖြစ် ဂါရ၀ပြုလိုပါက သူ၏ ကြောက်မက်ဖွယ်ရာပါရမီများကို ပို၍ပင် ပြသရပေလိမ့်မည်။

.....

စံအိမ်တော်၌ လုချန်ရှန်းထရပ်ကာ ဘေးသို့ကြည့်လိုက်စဉ် ဟုန်ရင်နှင့်ကျန်သောသူများက တစ်ဦးနှင့်တစ်ဦး ဆွေးနွေးနေကြ၏။

ချက်ချင်းဆိုသလို သူကမိုးမခပင်ဆီသို့ လျှောက်သွားပြီး ထိုင်ရင်းမေးသည်။

"ရှောင်လု၊ ရွှမ်ဟွမ်ချီက ဘယ်မှာလဲဆိုတာသိလား"

မိုးမခပင်ကအသံထွက်လာသည်။

"ဘာလို့လဲ၊ မင်းကမ္ဘာသေးသေးလေးတခုဖန်တီးချင်တာလား"

လုချန်ရှန်းခေါင်းညိတ်သည်။

သူ့လက်ရှိခွန်အားအရ ကမ္ဘာသေးတစ်လုံးဖွင့်လှစ်ရန်လုံလောက်နေပါပြီ။

ထိုအချိန်တွင် နောက်ထပ်ပုန်းခိုရန်အတွက် နေရာပိုတခုရှိလာပေလိမ့်မည်။

ဒါတင်သာမက သူ့တပည့်များက အရမ်းအားကောင်းသည့်လူတစ်ယောက်ယောက်ကို စော်ကားမိပါကလည်း သူတို့က ပုန်းရန် ဒီကမ္ဘာလေးထဲ၀င်နိုင်ပါသေးသည်။

"လျှို့ဝှက်အဝါရောင်စွမ်းအင်(ရွှမ်ဟွမ်ချီ) ကို ကမ္ဘာ့ဖွဲ့စည်းမှုအတွက် လိုအပ်တဲ့အရာတခုလို့ပြောလို့ရပြီး အဲဒါက အတော်လေးရှားပါးတယ်"

"မဖွံ့ဖြိုးတဲ့နယ်မြေတွေ ဒါမှမဟုတ် နယ်မြေတွေက လုံး၀ဖျက်ဆီးခံရပြီးနောက်မှသာ အဲဒါကပေါက်ဖွားလာနိုင်တာ၊ ဒါကြောင့် အင်မတန်ကိုရှားတယ်"

"ဒါပေမယ့် နေရာတနေရာမှာ အဝါရင့်စွမ်းအင်ရှိတာကိုငါသိထားတယ်"

လုချန်ရှန်းမေးလိုက်သည်။

"ဘယ်နေရာလဲ"

"သေမျိုးကျေးရွာ၊ ဒါပေမယ့် ရွှမ်ဟွမ်ချီက မျိုးဆက်တွေချီပြီးစောင့်ကြပ်နေကြတဲ့ ရတနာတခုဆိုတော့ နည်းနည်းငှားဖို့ဆိုတာက တကယ်ခက်ခဲလိမ့်မယ်"

ဒီတော့ခွန်အားကိုအားကိုးရမယ်ဆိုလိုတာလား!

ဤသည်ကိုတွေးမိသောအခါ လုချန်ရှန်းမေးသည်။

"သူတို့ခွန်အားကရော"

ဤသည်ကိုကြားသောအခါ မိုးမခပင်က တွေးပင်မတွေးတော့ဘဲ တိုက်ရိုက်ဖြေချသည်။

"မင်းရဲ့ပြိုင်ဘက်တော့မဟုတ်ဘူး"

ပြိုင်ဘက်မဟုတ်ဘူးလား!

ကောင်းပြီလေ!

လုချန်ရှန်းထရပ်သည်။

"ငါ့ကိုတည်နေရာပေး၊ ငါသွားလိုက်မယ်"

ချက်ချင်းဆိုသလို မိုးမခပင်က အစိမ်းရောင်အလင်းတခုထုတ်လွှတ်စဉ် အဲဒါက လုချန်ရှန်း၏မျက်ခုံးများအလယ်သို့ ပျံသန်းသွားသည်။

တည်နေရာကိုရပြီးနောက် လုချန်ရှန်း ဟုန်ရင်ကိုပြောလိုက်သည်။

"ငါသေမျိုးကျေးရွာကို ကိစ္စတခုခုကြောင့်သွားဖို့ရှိတယ်၊ မင်းတို့အိမ်ကို သေချာစောင့်ရှောက်ထားကြ"

ဟုန်ရင်အံ့ဩသင့်သွားရသည်။

"ဆရာတခုခုမှားနေလို့လား"

လုချန်ရှန်း၏မျက်နှာကမည်းမှောင်သွား၏။

ဤသည်ကိုမြင်သောအခါ ဟုန်ရင်ချက်ချင်းပင်ပြုံးပြီးလက်ဝှေ့ယမ်းသည်။

"တပည့်ဆိုလိုတာက ဆရာ့ရဲ့အကူအညီကို လိုတဲ့အရာတခုခုများရှိနေလားလို့ပါ"

"တပည့်နားလည်ပါပြီ၊ မိသားစုကို တပည့်စောင့်ရှောက်ထားလိုက်ပါမယ်၊ ဆရာစိတ်မပူပါနဲ့"

လုချန်ရှန်းခေါင်းညိတ်ပြီး ချက်ချင်းဆိုသလို ထိုနေရာ၌ပင် ပျောက်ကွယ်သွား၏။

ဘေးကမုဖူရှန်းကမေးသည်။

"သေမျိုးကျေးရွာဆိုတာဘာလဲ၊ ဘာလို့ကျွန်တော်တခါမှမကြားဖူးရတာလဲ"

ဟုန်ရင်ကလည်းခေါင်းခါယမ်းကာ သူမဘေးတွင် လေ့ကျင့်နေသည့် လျိုကျိယုကို ကြည့်ရင်းမေးလိုက်သည်။

"စီနီယာလျို ‌သေမျိုးကျေးရွာကိုသိလား"

သေမျိုးကျေးရွာ!

ထိုစကားလုံးလေးလုံးကိုကြားသောအခါ လျိုကျိယုရုတ်တရက်မျက်လုံးဖွင့်လိုက်သည်။ သူ့မျက်လုံးများက လေးနက်မှုဖြင့် ပြည့်နှက်နေသည်။

"သေမျိုးကျေးရွာက အမှောင်နယ်မြေတောင် အလွယ်တကူရန်မစရဲတဲ့နေရာတခုပဲ"

"ကျေးရွာထဲကလူတွေက သေမျိုးတွေဖြစ်ပြီး ဘာနယ်ပယ်မှမရှိကြဘူးလို့ပြောကြတယ်၊ ဒါပေမယ့် သူတို့မှာ ထူးခြားကိုယ်ခန္ဓာရှိတယ်၊ အဲဒါဆန်းကြယ်တဲ့ အဝါရောင်ကိုယ်ခန္ဓာပဲ"

"ဒီလိုကိုယ်ခန္ဓာမျိုးနဲ့ဆိုရင် သူတို့က ထိပ်သီးစွမ်းအားရှင်တချို့နဲ့တွေ့ရင်တောင် ဂုဏ်မမောက်တတ်ကြဘူး"

"အော်ရာထဲမှာမိုးကြိုးအသံပါရှိပြီး ခြေလက်တွေရဲ့လှုပ်ရှားမှုက ကမ္ဘာကြီးထဲက စည်းမျဉ်းတွေကို ပြောင်းလဲပစ်နိုင်တယ်၊ ဒါက ‌သေမျိုးကျေးရွာက လူတွေရဲ့ တန်ဖိုးပဲ"

ဟုန်ရင်အံ့ဩသင့်တကြီးမေးသည်။

"အရမ်းအားကောင်းတာပဲ"

ယခုသူတို့က လျိုကျိယုက အဆင့်မြင့်ကြယ်နယ်မြေကဖြစ်ပြီး အလွန်အမင်း အစွမ်းထက်တာကိုသိကြပြီးဖြစ်သည်။

အကယ်၍လျိုကျိယုပင် ယခုလိုပြောလာပါက ဒီသေမျိုးကျေးရွာက အမှန်တကယ် ကြောက်မက်ဖွယ်ရာခွန်အားကို ပိုင်ဆိုင်ထားရပေလိမ့်မည်။

လျိုကျိယုဆက်ပြောသည်။

"သေမျိုးကျေးရွာမှာ မဖိတ်ထားဘူးဆိုရင် ၀င်ခွင့်မပေးဘူး"

"ရှေးခေတ်ကနေ အခုအချိန်ထိ ကျူးကျော်သူတွေထဲက ဘယ်သူမှ အသက်ရှင်လျက် မထွက်လာနိုင်ခဲ့ကြဘူး...."

ထို့ထဲတွင် အမှောင်နယ်မြေ၏ဆရာသခင်လည်းပါ၀င်သည်။ လျိုကျိယုဒီအချက်ကိုတော့ ထည့်မပြောခဲ့ပါ။

ဘာကြောင့် စီနီယာလုက သေမျိုးကျေးရွာကို သွားရသလဲဆိုတာ သူနားမလည်ပေ။

အထဲကလူများက သေမျိုးများဟုဆို၍ရသော်လည်း သူတို့၏ခွန်အားက ထူးခြားသည်။

......

လမ်းမများပေါ်၌ လူသွားလူလာများဖြင့် စည်းကားနေကြသည်။

အော်ရာကအလွန်အမင်းအားကောင်းပြီး ကောင်းကင်တာအိုက စည်းမျဉ်းစွမ်းအားများဖြင့် ကြွယ်၀နေသည်။

ဒါက ကောင်းကင်ဘုံမြစ်ကြယ်လွယ်ပြင်အပေါ်လုချန်ရှန်း၏အကဲဖြတ်ချက်ပင်။

ဒီနေရာက မိုးမခပင်ပေးခဲ့သည့် သေမျိုးကျေးရွာ၏ တည်နေရာပေတည်း။

သေမျိုးကျေးရွာက ဒီကောင်းကင်ဘုံမြစ်ကြယ်လွင်ပြင်ထဲတွင်ရှိသည်။

သို့စေကာမူ တိကျသည့်တည်နေရာကို လုချန်ရှန်းမသိပေ။

မိုးမခပင်က ကမ္ဘာကြီးထဲက အရာရာတိုင်းကိုသိသော်လည်း နေရာအားလုံး၏ တိကျသောတည်နေရာကို မှတ်မိရန်ဟူသည်မဖြစ်နိုင်ပါ။

လုချန်ရှန်းလမ်းမပေါ်၌သာလျှောက်ကာ ကြုံရာကျပန်းလူတစ်ယောက်ကို မေးလိုက်သည်။

"ညီအစ်ကို၊ သေမျိုးကျေးရွာက ဘယ်မှာလဲဆိုတာသိလား"

ထိုလူ၏မျက်နှာကထိတ်လန့်သွားပြီး လုချန်ရှန်းအားအရူးတစ်ယောက်ပမာကြည့်သည်။

"အရူး"

ထိုနှစ်လုံးသာပြောပြီးနောက် တဖက်လှည့်ကာထွက်သွားလေတော့သည်။

လုချန်ရှန်းခေါင်းကုတ်ကာ လူများစွာကို ဆက်လက်မေးမြန်းသော်လည်း အဖြေမရခဲ့ပေ။

ဆန့်ကျင်ဘက်ပင် လူများက လုချန်ရှန်းကို ထူးဆန်းသည့်အမူအရာဖြင့် ကြည့်နေကြ၏။

ဘာမှားနေလို့လဲ!

တည်နေရာကိုတောင်မေးလို့မရဘူးလား!

လုချန်ရှန်းဒုက္ခရောက်နေချိန် တန်ဖိုးကြီး ပန်းထိုးပိုးထည်၀တ်ရုံကို၀တ်ဆင်ပြီး ခေါက်ယပ်တောင်တစ်လက်ကိုင်ထားသည့်လူတစ်ယောက်က လုချန်ရှန်းဆီကို ရောက်လာသည်။

ထိုလူကပြုံးလိုက်သည်။

"မင်းကသေမျိုးကျေးရွာအကြောင်း မေးနေတာလား"

ထိုစကားကြားသောအခါ လုချန်ရှန်းခေါင်းညိတ်သည်။

"ဘယ်မှာလဲဆိုတာသိလား"

ထိုလူကခေါင်းညိတ်သည်။

"သိတယ်"

"ဒီလိုဆိုရင်ငါ့ကိုနေရာအတိအကျပြောလို့ရမလား"

"ညီအစ်ကို၊ မင်းမှာဖိတ်စာကဒ်ရှိလား"

လုချန်ရှန်းအနည်းငယ်ထိတ်လန့်သွားသော်လည်း ခေါင်းခါယမ်းသည်။

ထိုလူကမဲ့ရွဲ့စွာပြုံးသည်။

"ဖိတ်စာကဒ်မရှိဘဲနဲ့ မင်းသေမျိုးကျေးရွာကို ဘယ်လိုလုပ်သွားရဲတာလဲ၊ ပြောရရင် မင်းကအတော်လေးရဲတင်းတာပဲ"

"တကယ်လို့ သေမျိုးကျေးရွာမှာ ဖိတ်စာမပါဘဲ မင်းတိုး၀င်မယ်ဆိုရင် ခေါင်းဖြတ်ခံရလိမ့်မယ်"

"ဒါပေမယ့် ဒါကလည်းထောင်စုနှစ်တခုမှု တခါပဲဖြစ်တတ်တာပါ၊ သေမျိုးကျေးရွာက ဂိုဏ်းအသီးသီးက မိသားစုတွေကို ၀င်ဖို့အတွက် ဖိတ်တဲ့အချိန် ငါတို့မိသားစုကလည်း အဖိတ်ခံခဲ့ရတယ်"

"ညီအစ်ကို၊ မင်းငါနဲ့အတူ ငါတို့မိသားစုကို တချက်အရင်သွားချင်လား"

ထိုစကားများကိုပြောနေစဉ် ထိုလူ၏မျက်နှာပေါ်၌ မောက်မာပြီး ဘ၀မြင့်မသည့်အကြည့်တခုရှိနေသည်။

အပိုင်း(465) coming။

All Chapters