#မူလအံ့ဖွယ်ရေကန်#
Vol. 33 Ch. 465
"အဲဒါက ချင်းမိသားစုရဲ့အကြီးဆုံးသားချင်းချန်မလား"
"ဟုတ်တယ်၊ ဒီတကြိမ် ချင်းမိသားစုကလည်း သေမျိုးကျေးရွာက ဖိတ်စာကို ရခဲ့တယ်လို့ငါကြားခဲ့ရတယ်"
"ကောင်းကင်ဘုံမြစ်ကြယ်ဒေသရဲ့ အဓိကမိသားစုလေးစုထဲက တစုဖြစ်တဲ့ ချင်းမိသားစုအတွက် ဖိတ်စာရဖို့ဆိုတာက ပြဿာနာတခုတော့မဟုတ်ဘူးလေ"
ချင်းချန်ကပြုံးလိုက်သည်။
"ချင်းအိမ်တော်ကိုအရင်သွားကြရအောင်၊ သုံးရက်ကြာပြီးရင် ငါတို့ထွက်ခွာကြမယ်"
လုချန်ရှန်းဒီအကြောင်းကို တွေးပြီးနောက် ခေါင်းညိတ်သည်။
မိုးမခပင်က သေမျိုးကျေးရွာက သူ့ပြိုင်ဘက်မဟုတ်ဘူးဟုပြောခဲ့သည်။
ထို့ကြောင့် သေမျိုးကျေးရွာကို မိစ္ဆာဝိဉာဉ်များကဲ့သို့ နဂါးငွေ့တန်းကြယ်လွင်ပြင်တခုဟုမှတ်ယူ၍ရသည်။
ဒီနေရာရှိကျင့်ကြံသူများက သေမျိုးကမ္ဘာလောက်အားမကောင်းကြပါ။
ဤသို့ဆိုပါက ဘာမှကြောက်နေစရာမလိုပေ။
လုချန်ရှန်းခေါင်းညိတ်ကာ ချင်းချန်နှင့်အတူ ချင်းမိသားစုသို့သွားလိုက်သည်။
ဒီခရီးစဉ်အတွင်း လုချန်ရှန်း အိမ်နှင့်ဝေးကွာနေသဖြင့် စိတ်အာရုံကို အပြည့်အ၀ဖွင့်လှစ်အသုံးချနေသည်။
ဒါကအရမ်းဝေးနေပြီဖြစ်လေရာ ဂရုစိုက်တာကပိုကောင်းသည်။
.....
ချင်းမိသားစုက ကောင်းကင်ဘုံကြယ်မြို့၏ မြောက်ဘက်တွင်တည်ရှိသည်။
လုချန်ရှန်းကိုချင်းနေအိမ်သို့ခေါ်လာပြီးနောက် ချင်းချန်ပြောသည်။
"ညီအစ်ကိုလု၊ အခုခြံထဲမှာခဏစောင့်ပါဦး၊ ငါအဖေနဲ့သွားဆွေးနွေးလိုက်ဦးမယ်"
လုချန်ရှန်းခေါင်းညိတ်သည်။
ချင်းချန်ထွက်သွားသောအခါ လုချန်ရှန်း ခြံ၀င်းထဲတွင်စောင့်ကြည့်ရင်း ချုံခိုအစီအရင်တခုခုများရှိသလားဆိုတာ ကြည့်နေသလို တချိန်တည်းမှာပင် ပတ်၀န်းကျင်ကို အာရုံခံနေသည်။
သူနေသည့်ခြံ၀င်းဘေးက အမှောင်ထု၌ ကျင့်ကြံသူလေးယောက်ပုန်းနေကြသည်။
သူတို့ကသူ့ကိုစောင့်ကြည့်နေကြတာဖြစ်ရပေမည်။
လုချန်ရှန်းတခဏမျှတွေးလိုက်ပြီးနောက် တစ်စုံတစ်ရာကိုတွေးမိသွားသည့်အလား လက်နှစ်ဖက်ဖြင့် စည်းတံဆိပ်များပြုလုပ်လိုက်သည်။
ချက်ချင်းဆိုသလို လုချန်ရှန်းမျက်ခုံးအလယ်မှ ဝိဉာဉ်စွမ်းအားကပေါက်ကွဲလာပြီး ပြင်ပ၌ကိုယ်ပွားတခုအဖြစ်ပြောင်းလဲသွား၏။
လုချန်ရှန်းကိုယ်တိုင်ကမူ သူ့ပုံရိပ်ကိုဝှက်ကာ ခြံ၀င်းထဲမှထွက်သွားသည်။
အင်း.....
အိမ်ကထွက်လာတဲ့အခါကျရင် ဂရုစိုက်ပြီး ပြင်ပကိုယ်ပွားကို အသုံးပြုရမယ်!
တချိန်တည်းတွင် သူကအသိအာရုံကိုလည်း ထုတ်လွှတ်ထားသဖြင့် ချင်းမိသားစုတခုလုံးကို ဖုံးလွှမ်းသွားသည်။
ထိုအချိန်တွင် ချင်းချန်၏တည်နေရာကို သူခံစားမိလိုက်သည်။
ချင်းချန်က သက်လတ်ပိုင်းအရွယ်လူတစ်ယောက်နှင့် ပြောဆိုနေသည်။
"မင်းပြင်ပအကူအညီတခုရှာတွေ့ခဲ့တယ်ဆို"
ချင်းချန်လေးစားစွာခေါင်းညိတ်သည်။
"မှန်ပါတယ်"
သက်လတ်ပိုင်းအရွယ်လူက ပေါ့ပေါ့လေးပြောသည်။
"မိသားစုခေါင်းဆောင်နေရာက ဒီတကြိမ် သေမျိုးကျေးရွာကို ၀င်တဲ့အခါရရှိမယ့် ရိတ်သိမ်းမှုအပေါ်မူတည်တယ်၊ တကယ်လို့ မင်းရိတ်သိမ်းလို့ရတာက ချင်းယွန်လောက်မကောင်းဘူးဆိုရင် ငါက မိသားစုခေါင်းဆောင်နေရာကို ချင်းယွန်ကို လွဲပေးရတော့မယ်၊ ဒါကြောင့် မင်းပြင်ပအကူအညီရှာတဲ့အခါ ဂရုစိုက်ရမယ်"
ချင်းချန်ခါးသီးစွာပြောသည်။
သူဘာများလုပ်နိုင်မည်နည်း။
မည်သို့ပင်ဆိုစေကာမူ ချင်းယွန်က သူ့မိတ်ဆွေတချို့ကို လျှို့ဝှက်ကြံစည်မှုတချို့ဖြင့် သေမျိုးကျေးရွာ၌ ပြင်ပအကူအညီအဖြစ် လုပ်ဆောင်ရန် ဆန္ဒမရှိအောင် လုပ်ပစ်ခဲ့သည်။
ထို့ကြောင့် သူကကံကြမ္မာကို စမ်းကြည့်ရုံမျှသာ။
လုချန်ရှန်းက သေမျိုးကျေးရွာ၏ စည်းမျဉ်းများကိုမသိသော်လည်း သေမျိုးကျေးရွာအကြောင်း မေးရဲသည့်သတ္တိရှိနေလေရာ သူ့တွင် ခွန်အားတချို့ရှိရပေမည်။
ထို့ကြောင့် ချင်းချန်ကံကြမ္မာအား ကြိူးစားကြည့်လိုခြင်းဖြစ်သည်။
ထိုအချိန်တွင် တံခါးအပြင်၌ လှောင်ပြောင်နေသည့်အပြုံးဖြင့် လူတစ်ယောက်၀င်လာပြီး သက်လတ်ပိုင်းအရွယ်လူအား ဦးညွတ်သည်။
ထို့နောက် ချင်းချန်အားကြည့်ကာ ငေါတော့တော့ပြောလိုက်သည်။
"အစ်ကို၊ မင်းပြင်ပအကူအညီတယောက်ကို ဆွယ်ခဲ့တယ်လို့ငါကြားခဲ့တယ်"
ထိုလူက ချင်းယွန်ပေတည်း။
ချင်းချန်၏မျက်နှာကကြည့်ရဆိုးသွားသည်။
"ဒါကမင်းနဲ့ဘာဆိုင်လို့လဲ"
ရှင်းယွန်နှာခေါင်းရှုံ့သည်။
"သေမျိုးကျေးရွာကို ဖိတ်ခေါ်ခံရဖို့ဆိုတာမလွယ်ဘူးနော်၊ အဲဒီအချိန်ကျရင် ဒီတုံးအတဲ့ပြင်ပအကူအညီလေးတယောက်အတွက် မင်းအသက်ကို အဆုံးရှုံးမခံလိုက်ပါနဲ့"
ချင်းချန်အေးစက်စွာနှာခေါင်းရှုံ့သည်။
"ငါဂရုမစိုက်ဘူး၊ ညီလေးလောင်ကျုး"
စကားပြောပြီးနောက် သူကအင်္ကျီလက်ကို ခါယမ်းကာ ထွက်သွားလေတော့သည်။
လုချန်ရှန်း သူ့အသိစိတ်ကိုရုတ်သိမ်းလိုက်သည်။
ချင်းချန်ဘာကြောင့်သူ့ဆီရောက်လာရသလဲဆိုတာ သူသိပြီဟုယူဆ၍ရသည်။
သူက လမ်းကြောင်းအဆုံးသတ်ကိုရောက်နေပြီး ရွေးချယ်စရာမရှိသောကြောင့်ပင်။
ထိုအချိန်တွင် ချင်းချန်က လုချန်ရှန်း၏ ခြံ၀င်းသို့အပြုံးဖြင့်လျှောက်လာသည်။
ဒီအပြုံးကအနည်းငယ် အတင်းလုပ်ယူပြုံးထားရသည့်အပြုံးဖြစ်သည်။
"ညီအစ်ကိုလု၊ သေမျိုးကျေးရွာအကြောင်း မင်းသိလား"
လုချန်ရှန်းခေါင်းခါယမ်းသည်။
ဤသည်ကိုမြင်သောအခါ ချင်းချန်၏ အမူအရာကပို၍ပင်ခါးသက်သွားရသည်။
"ဒီလိုဆိုရင် ငါမင်းကိုပြောပြမယ်"
"သေမျိုးကျေးရွာက ကောင်းကင်ဘုံမြစ်ကြယ်ဒေသက အဆန်းကြယ်ဆုံးအင်အားစုတခုဖြစ်ပြီး အရမ်းအစွမ်းထက်တယ်"
"တချိန်တည်းမှာပဲ၊ အပြင်ပကလူတွေကို နေ့ရက်တွေမှာ၀င်ခွင့်မပေးတာကြောင့် ပိုပြီးဆန်းကြယ်တယ်လို့ပြောလို့ရတယ်"
"နှစ်တစ်ထောင်ကြာတိုင်း ၀င်ခွင့်ဖိတ်စာတွေကို အရမ်းအစွမ်းထက်တဲ့ဂိုဏ်းနဲ့ မိသားစုတွေဆီကို ပို့ပြီးဖိတ်လေ့ရှိတယ်"
"ငါတို့ချင်းမိသားစုကတော့ နေရာလေးနေရာရခဲ့တယ်"
လုချန်ရှန်းခေါင်းညိတ်သည်။
မည်သို့ပင်ဆိုစေကာမူ သေမျိုးကျေးရွာက သူ့ပြိုင်ဘက်မဟုတ်ဟု မိုးမခပင်ပြောခဲ့သည်။
ထို့ကြောင့်ကြောက်နေစရာဘာမှမလိုပေ။
"ဒါပေမယ့် မင်းဘာလို့သေမျိုးကျေးရွာထဲကို၀င်ချင်ရတာလဲ"
ဤသည်ကိုကြားသောအခါ ချင်းချန် လေးနက်သည့်အမူအရာဖြင့်ပြောသည်။
"သေမျိုးကျေးရွာမှာ ရတနာမြေတခုရှိတယ်"
"မူလအံ့ဖွယ်ရေကန်ပဲ၊ မင်းစမ်းသပ်မှုကိုကျော်ဖြတ်ပြီး၀င်နိုင်တာနဲ့ ဒီအရင်းအမြစ်ရေကန်ရဲ့ကောင်းချီးတွေကိုရနိုင်ပြီး မင်းရဲ့ပါရမီနဲ့ခွန်အားက အကြီးအကျယ် တိုးတက်လာလိမ့်မယ်"
"မူလအံ့ဖွယ်ရေကန်ထဲကို၀င်ခဲ့တဲ့လူတိုင်းက ဒီကြယ်နယ်မြေရဲ့ ခြွင်းချက်မရှိ နာမည်ကြီးပုဂ္ဂိုလ်တွေဖြစ်လာကြတယ်"
လုချန်ရှန်းခေါင်းညိတ်သည်။
လူများစွာက သေမျိုးကျေးရွာကို ၀င်ချင်နေကြသည်မှာ အံ့အားသင့်စရာမရှိတော့။
ချက်ချင်းပင် ချင်းချန်ပြောသည်။
"ညီအစ်ကိုလု၊ အသင့်ပြင်ထားနော်၊ ငါတို့သုံးရက်အတွင်းထွက်ခွာကြမယ်"
လုချန်ရှန်းခေါင်းညိတ်သည်။
ချင်းချန်ထွက်သွားပြီးနောက် လုချန်ရှန်း မေ့စေးကိုထိလိုက်သည်။
မိုးမခပင်က သေမျိုးကျေးရွာက လူများက သူ့ပြိုင်ဘက်မဟုတ်ဟုပြော်ခဲ့သော်လည်း ယခုကြည့်ရသည်မှာ ရိုးရှင်းပုံမရပေ။
ပြင်ဆင်မှုတွေထပ်လုပ်ထားတာပိုကောင်းသည်။
ဤသည်ကိုတွေးမိသောအခါ လုချန်ရှန်းလက်ဝှေ့ယမ်းသည်။
ချက်ချင်းဆိုသလို အော်ရာကနေ ဖြတ်ထုတ်လိုက်သည့် အတားအဆီးများက ခြံ၀င်းကို လွှမ်းခြုံသွားကြသည်။
တချိန်တည်းမှာပင် လုချန်ရှန်း အရေးပေါ်အခြေအနေအတွက် စာလိပ်အစီအရင်ကို စတင်ချိပ်ပိတ်နေသည်။
သုံးရက်ကမျက်တောင်တမှိတ်အတွင်း ကုန်ဆုံးသွားပြီး မကြာခင်တွင် ဦးချိုတချောင်းရှိသည့် တောင်ပံပါမြင်းလေးကောင်က ချင်းမိသားစုတံခါးပေါက်တွင် ရပ်လိုက်သည်။
လုချန်ရှန်းနှင့်ကျန်သောသူများက သေမျိုးကျေးရွာတည်ရှိသည့်နေရာသို့ ဦးချိုတဖက်မြင်းပျံများကိုစီး၍သွားရပေမည်။
လုချန်ရှန်းထွက်လာသောအခါ ချင်းချန်ပြုံးလိုက်သည်။
"ညီအစ်ကိုလု၊ မင်းအဆင်သင့်ဖြစ်ပြီလား"
လုချန်ရှန်းခေါင်းညိတ်သည်။
တခြားမြင်းနှစ်ကောင်၏ကျောပေါ်၌ ချင်းယွန်နှင့် သူဖိတ်ကြားထားသည့် တခြားပြင်ပအကူအညီလူတစ်ယောက်ဖြစ်သည်။
ချင်းယွန်က လုချန်ရှန်းကိုနှာခေါင်းတချက်ရှုံ့ကာကြည့်ပြီးနောက် အကြည့်ကို ရုတ်သိမ်းလိုက်၏။
"ဒါကမင်းဖိတ်ကြားထားတဲ့ လူလား"
"ပထမစမ်းသပ်မှုမှာတင် ကျရှုံးပြီး သေသွားရဦးမယ်"
ချင်းချင်အေးစက်စွာနှာခေါင်းရှုံ့သည်။
"ချင်းယွန်၊ အရင်ဆုံးမင်းဂရုစိုက်သင့်တာ"
လုချန်ရှန်းအဖြေမပေးဘဲ ဦးချိုတဖက်မြင်းပျံပေါ်သို့တက်ထိုင်လိုက်သည်။
ချင်းယွန်၏မျက်လုံးများ၌ ခက်ထန်သည့်အရိပ်အယောင်တခုရှိပြီး လုချန်ရှန်းအားကြည့်လိုက်သည်။
"မင်းဘယ်အင်အားစုကလဲ၊ သတိပေးချက်မရရှိခဲ့တာလား"
"သတိပေးချက်လား" လုချန်ရှန်းခေါင်းခါယမ်းသည်။
"ဒါကငါနဲ့ဘာဆိုင်လို့လဲ"
ချင်းယွန်မျက်လုံးအစုံ၌ သတ်ဖြတ်လိုစိတ်သည့်ရည်ရွယ်ချက်ကို ပြသလိုက်သည်။
"ငါ ကောင်းကင်ဘုံမြစ်ကြယ်ဒေသမှာ သတိပေးချက်တခုထုတ်ထားတယ်လေ၊ တကယ်လို့တယောက်ယောက်က ချင်းချန်ကိုကူညီရဲတယ်ဆိုရင် သူကငါ့ရန်သူပဲ၊ မင်းမသိဘူးလား"
ဒီကောင်ကဖျားနေတာလား!
မှတ်ပုံတင်ရောရှိလား!
လုချန်ရှန်းနောက်ထပ်အာရုံမစိုက်တော့။
ငါ့အမေကပြောခဲ့တယ်၊ ရူးနှမ်းတဲ့ကလေးတွေနဲ့ဆော့ရင် ဆော့တဲ့လူလည်း ရူးနှမ်းသွားလိမ့်မယ်တဲ့!
ဤသည်ကိုမြင်သောအခါ ချင်းယွန် သူ့ဘေးကဓားနှင့်လူအားကြည့်ပြီး အေးစက်စွာပြောသည်။
"ဟဲရန်၊ အချိန်ကျလာရင် ဒီငမိုက်သားလေးကို တချက်ဂရုစိုက်လိုက်ဦး"
ထိုစကားလုံးများကိုကြားသောအခါ ဟဲရန် အမူအရာကင်းမဲ့စွာခေါင်းညိတ်သည်။
ချင်းချန်၏အမူအရာက ကြည့်ရဆိုးသွားသည်။
"အရမ်းမလွန်လာနဲ့"
ချင်းယွန်က အေးစက်စွာ နှာခေါင်းတချက်သာရှုံ့ပြီးနောက် ဟဲရန်နှင့်အတူ ရှေးတလှမ်းလှမ်းလိုက်လေတော့သည်။
ဒါကိုမြင်ပြီးနောက် ချင်းချန်က လုချန်ရှန်းကိုကြည့်ကာ သတိပေးသည်။
"အချိန်ကျလာရင် ဒီနှစ်ယောက်ကို မင်းဂရုစိုက်ရမယ်၊ ဟဲရန်ရဲ့ခွန်အားက အရမ်းထူးခြားတယ်၊ သူမင်းကိုတိုက်ခိုက်လာနိုင်တယ်"
လုချန်ရှန်းခေါင်းညိတ်သည်။
ငါ့ကိုပစ်တာနဲ့မင်းလည်းသေရမယ်!
မည်သို့ပင်ဆိုစေကာမူ သူတို့က သူ့၏ပြိုင်ဘက်မဟုတ်ပါ။
အကယ်၍သူတို့ကသာ ရန်စလိုပါက နှစ်ယောက်စလုံးကို ပြင်ဆင်ခွင့်ပင်မပေးဘဲ အလျင်အမြန်ဖြေရှင်းလိုက်ရုံသာ။
အပိုင်း(466) coming။