← Chapters

#လေနှင့်တိမ်တွေ့ဆုံခြင်း#

Vol. 33 Ch. 466

#လေနှင့်တိမ်တွေ့ဆုံခြင်း#

Vol. 33 Ch. 466

"ဒီတကြိမ်မှာတော့ နဂါးငွေ့တန်းကြယ်လွင်ပြင်တခုလုံးက ထိပ်တန်းအင်အားစုတွေကို သေမျိုးကျေးရွာကဖိတ်ခေါ်ထားတယ်"

"အဲဒီထဲမှာ ထိပ်တန်းအင်အားစုသုံးစုက ပိုင်မင်မြို့က နဂါးနန်းတော်၊ ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်နဲ့ ရွှေတောင်ပံပင်ဂွင်းကလန်တို့ပဲ"

"ပြီးတော့ ဒီအဓိကအင်အားစုသုံးစုက ဂိုဏ်းထဲက အားအကောင်းဆုံးပါရမီရှင်တွေကိုစေလွှတ်ခဲ့ကြတယ်၊ ပိုင်မင်မြို့(မြောက်အသူရာမြို့)နဂါးခန်းမက ဒွန်ချောင်ဟီ၊ ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်က ကျောက်စိမ်းရေကန်သူတော်စင်မဖြစ်တဲ့ ကျိချန်းယောင်နဲ့ ရွှေတောင်ပံပင်ဂွင်းကလန်က သခင်လေးကျင်းဝူဝူတို့ပဲ"

"ပြီးတော့ ငါတို့ချင်းမိသားစုကိုလည်း နဂါးငွေ့တန်းကြယ်ဒေသမှာ ထိပ်တန်းအင်အားစုလို့ယူဆလို့ရပေမယ့် နောက်ဆုံးမှာရှိတယ်"

ဤသည်ကိုပြောလာသောအခါ ချင်းချန်၏မျက်နှာက ကြည့်ရဆိုးသွားသည်။

"ဟဲရန်က တိဘက်ဆန်းကြယ်ဘိုးဘေးကျောင်းတော်က တပည့်တယောက်ပဲ"

"တိဘက်ဆန်းကြယ်ဘိုးဘေးကျောင်းတော်က ငါတို့ချင်းမိသားစုထက် အားကောင်းတယ်ဆိုပေမယ့် ငါတို့ကြားမှာ ထိပ်တန်းတော့မဟုတ်ဘူး၊ အဲဒါကြောင့် သူတို့က သေမျိုးကျေးရွာကိုသွားဖို့အတွက် ဖိတ်စာမရခဲ့ဘူး၊ ဒါပေမယ့် သူက အရမ်းတော့ အစွမ်းထက်တယ်"

"ဒီတော့၊ ညီအစ်ကိုလု၊ မင်းရောငါရော ဂရုစိုက်ဖို့လိုတယ်"

လမ်းတစ်လျှောက်တွင် ချင်းချန်က လုချန်ရှန်းကို ကောင်းကင်ဘုံမြစ်ကြယ်ဒေသက ဂိုဏ်းများအကြောင်းပြောနေသည်။

ဒါကလုချန်ရှန်းကို တခြားအင်အားစုများအကြောင်း အခြေခံနားလည်လာစေသည်။

လေဘုယျအားဖြင့် ဒီတရားမဲ့သည့်မြို့က ထိုထဲတွင် အားအနည်းဆုံးအင်အားစုဖြစ်သည်။

သို့တိုင်အောင် ချင်းယွန်က သူတို့ကို သတ်ရန်အတွက် စဉ်းစားနေသေးသည်။

ကောင်စုတ်လေးပဲ!

အကယ်၍ မိုးမခပင်လေးလျိုရှုကသာ သူ့ကို ဒီနေရာကလူများက သူ့ပြိုင်ဘက်မဟုတ်ဘူးမပြောခဲ့ပါက လုချန်ရှန်းလှည့်ပြီးထွက်သွားမိပေလိမ့်မည်။

"အရမ်းမစိုးရိမ်ပါနဲ့၊ သူတို့ငါ့ကိုမသတ်နိုင်ပါဘူး"

လုချန်ရှန်း၏မျက်နှာထက်က ယုံကြည်မှုပြည့်၀နေသည့်အမူအရာကိုကြည့်ပြီးနောက် ချင်းချန်ခါးသီးစွာပြုံးသည်။

"ညီအစ်ကိုလု၊ အဲဒီဟဲရန်ကို လျှော့မတွက်ထားတာပိုကောင်းမယ်နော်"

လုချန်ရှန်းမချင့်မရဲပြုံးလိုက်လေသည်။

.....

သေမျိုးကျေးရွာက တောင်တန်းနှစ်ခုဖြင့် ၀န်းရံထားပြီး ‌တောင်တန်းထိပ်များက အရမ်းမြင့်မားလေရာ ကမ္ဘာကြီးထဲက ထိပ်တန်းစွမ်းအားရှင်များပင် ဖြတ်ကျော်နိုင်မည်မဟုတ်ပေ။

ဤသည်အပြင် သေမျိုးကျေးရွာ၏ ပတ်လည်ကို အတော်လေးဆန်းကြယ်သည့်အော်ရာတခုဖြင့်ကာကွယ်ထားပြီး ဘယ်သူပင်ဖြစ်စေ ၀င်ရန်အတွက် စိတ်ကူးရဲမည်မဟုတ်ပါ။

အကယ်၍ သေမျိုးကျေးရွာကို၀င်လိုပါက တောင်နှစ်ခုအကြားက ကွက်လပ်ကနေသာ ၀င်နိုင်သည်။

လုချန်ရှန်းနှင့် ချင်းချန်တို့ သေမျိုးကျေးရွာကိုရောက်လာသောအခါ လူတစ်ဒါဇင်ကျော်ကစောင့်နေပြီဖြစ်သည်။

ထို့ထဲတွင် ချင်းယွန်နှင့်ဟဲရန်တို့ကလည်း ပါ၀င်သည်။

"အိုး၊ ဒီကိုလာဖို့သတ္တိရှိမယ်လို့ တကယ်မထင်ထားခဲ့ဘူး"

ချင်းယွန်သူ့အကြည့်ကိုလှည့်ပြီး နှာခေါင်းတချက်ရှုံ့ရင်းပြောသည်။

"သွေးတူလို့ငါကမျက်နှာသာပေးပြီး မင်းအသက်ကို အလွတ်ပေးမယ်လို့ မင်းတကယ်ထင်နေတာလား"

ချင်းချန်အေးစက်စွာနှာခေါင်းရှုံ့ရင်း သာအောင်လုပ်မနေတော့ပေ။

"ဘယ်သူနိုင်မယ်၊ ရှုံးမယ်ဆိုတာ အခုထိမဆုံးဖြတ်ရသေးပါဘူး၊ ဒီတော့ မခန့်မှန်းနေတာ ပိုကောင်းတယ်"

"ကောင်းပြီလေ၊ ဒီလိုဆိုမှတော့ ရလဒ်ကိုကြည့်ကြတာပေါ့၊ ဒါပေမယ့်ဒီတိုက်ပွဲရဲ့ တန်ဖိုးကတော့နည်းနည်းမြင့်မားမှာပဲ"

"စောင့်ကြည့်တာပေါ့"

လူနှစ်ဦးအကြား ဆွေးနွေးငြင်းခုံမှုကို လုချန်ရှန်းလျစ်လျူရှုကာ ယင်းအစား ချိုင့်ဝှမ်းလေးကို ကြည့်လိုက်သည်။

တောင်တန်းနှစ်ခုကို လှည့်ပတ်နေသည့် အလွန်အမင်းရိုးရှင်းပြီးကျယ်ပြောသည့် အော်ရာတခုရှိတာကို သူခံစားနေရသည်။

ထိုအော်ရာက ဒီနေရာကိုကာကွယ်ထားပုံရသည်။

ဒီအော်ရာက ဆန်းကြယ်အဝါရောင်အော်ရာနဲ့ဆက်စပ်နေတယ်မလား!

ထိုအချိန်တွင် ဟဲရန်က လုချန်ရှန်းထံလျှောက်လာပြီး တုံးတိတိပြောသည်။

"မင်းနဲ့ငါ့မှာဘာရန်ငြိုးမှမရှိဘူး၊ ဒါပေမယ့် ငါတို့မှာမတူညီတဲ့ရပ်တည်ချက်တွေရှိတယ်၊ ငါတို့၀င်တဲ့အခါကျရင် ငါမင်းကို တိုက်ခိုက်မယ်၊ ဒါကြောင့် ဒီနေရာမှာရပ်ပြီး ထွက်သွားတာက ပိုကောင်းလိမ့်မယ်"

ဟဲရန်က လုချန်ရှန်းကိုသူ့ရန်သူအဖြစ် မတွေးတောထားတာ သိသာထင်ရှားနေသည်။

လုချန်ရှန်းပြုံးရင်း အဖြေမပေးပေ။

မင်းငါ့ကိုနောက်နေတာလား!

ငါကဒီကိုဆန်းကြယ်အဝါရောင်အော်ရာကြောင့် လာတာကွ!

စကားလုံးအနည်းငယ်နဲ့ ဒီလိုထွက်သွားရမှာလား!

မင်းငါ့ကိုနိုင်မယ်လို့ထင်တာလား!

နောက်ကချင်းယွန်က ဒီမြင်ကွင်းကိုမြင်ပြီးနောက် နှာခေါင်းရှုံ့သည်။

"အစ်ကိုဟဲ၊ ဒီလိုဆိုမှတော့ သူ့ကိုအထဲမှာ သတ်လိုက်ရုံပဲလေ"

လုချန်ရှန်းသူ့ကိုအာရုံမထားသလို ဒေါသမထွက်တာကိုလည်း မြင်ရသဖြင့် ဟဲရန် တဖက်လှည့်ကာထွက်သွားလေတော့သည်။

မင်းမထွက်သွားဘူးဆိုရင် အဆိုးဆုံးက အသတ်ခံရရုံပဲလေ!

သူပြောသင့်တာကိုပြောပြီးပါပြီ။

ထိုအချိန်တွင် ကောင်းကင်ထက်၌ ဧရာမအော်ရာတခုထွက်ပေါ်လာသည်။

သင်္ဘောဧရာ၌ ဧရာမနဂါးပုံစံတခုရှိပြီး နဂါးပုံစံအထက်တွင် နဂါးတကောင်ပိတ်မိနေသည့်အလား ခရမ်းရောင်လျှပ်စီးဖြင့် တောက်ပနေသည့် ‌သံကြိုးများပါရှိသော ဧရာမသင်္ဘောတစီးရှိသည်။

လှေရှေ့ပိုင်းတွင် ခက်ထန်သည့်လူတစ်ယောက်က လက်နှစ်ဖက်ကျောပစ်ကာ ရပ်နေသည်။

အောက်ကလူများကလည်း စကားပြောနေတာကိုရပ်လိုက်ကြပြီး ကောင်းကင်သို့ ကြည့်လိုက်ကြသည်။

"ကြည့်ရတာ ဒွန်ချောင်ဟီက ပိုင်မင်မြို့ နဂါးခန်းမက နဂါးဖိနှိပ်ခြင်းလှေနဲ့ ရောက်လာပုံပဲ'

"ဒီနှစ်တွေမှာ ဒွန်ချောင်ဟီက ဒီနေ့သေမျိုးကျေးရွာကို၀င်နိုင်ဖို့အတွက် နယ်ပယ်ကို ဖိနှိပ်ထားခဲ့တာလို့ကြားတယ်"

ထိုအချိန်တွင် ကောင်းကင်နှင့်မြေကြီးအကြား၌ ပန်းပွင့်တစ်ရာကျော်ပွင့်လန်းလာသည်။

မွှေးကြိုင်နေသည့်လေကလည်း တိုက်ခတ်နေသည်။

ထိုလူကိုမမြင်ရသော်လည်း အမွှေးရနံ့ကို ခံစားမိနိုင်ပါက ထိုလူအားသိနိုင်သည်။

တင်းမာခက်ထန်သည့်အကြည့်ရှိသည့် ဒွန်ချောင်ဟီပင်လျှင် ထိုအချိန်တွင် အပြုံးရေးရေးလေးကို ပြသလာသည်။

ကောင်းကင်ဘုံမြစ်ကြယ်ဒေသတခုလုံးတွင် သူမကသာလျှင် ဒွန်ချောင်ဟီကို ယခုလိုအမူအရာမျိုးကို ပြသစေသည်။

သူမက ကောင်းကင်ဘုံမြစ်ကြယ်ဒေ၏ နံပါတစ်အလှလေးတဖြစ်လဲ ကျောက်စိမ်းရေကန် အင်မော်တယ်နန်းတော်က သူတော်စင်မ ကျိချန်းယောင်ပေတည်း။

လူတိုင်း စိတ်၀င်စားသည့်အမူအရာများဖြင့် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြ၏။

ပန်းပွင့်များကပြန့်ကြဲနေပြီး အစိမ်းရောင်၀တ်စုံ၀တ်ပြီး ပိုးသားဖြင့်၀န်းရံထားသည့် အမျိုးသမီးတစ်ဦးက ကောင်းကင်ထက်တွင် ပေါ်လာသည်။

သူမ၏ရိုးရှင်းသည့်မျက်နှာက ကြည်လင်သည့်ရေထဲက ခေါင်ရန်းပန်းအလား ကောင်းကင်ကို မျက်နှာမူထားသည်။

ကြည့်ရသည်မှာ အမျိုးသမီး၏မျက်နှာထက်တွင် ပေါ်လာသည့် မည်သည့်အလှဆင်ပစ္စည်းမဆို သူမ၏လှပသည့်ဟန်ချက်ညီမှုကို ဖျက်ဆီးပစ်နေသည့်အလား။

သူမကပန်းချီကားထဲက နတ်သမီးနှင့်တူသည်။

ဒွန်ချောင်ဟီက လှေပေါ်ကနေဆင်းကာ ကျိချန်းယောင်ဘေးသို့ရောက်လာပြီး အပြုံးဖြင့်ပြောသည်။

"ချန်းယောင်၊ မကြာသေးခင်က လေ့ကျင့်တာအဆင်ပြေခဲ့ရဲ့လား"

ကျိချန်းယောင်ညင်သာစွာပြုံးလိုက်သော်လည်း အနည်းငယ်နောက်ဆုတ်လိုက်၏။

"အဆင်ပြေပါတယ်"

"ဒါဆိုငါတို့အတူတူ၀င်ကြမလား"

ကျိချန်းယောင်ခေါင်းခါယမ်းသည်။

"ငါတယောက်တည်းသွားရတာ ကျင့်သားရနေပြီ"

ဒွန်ချောင်ဟီ၏မျက်နှာထဲတွင် ရီဝေသည့်အမူအရာတခုဖြတ်ပြေးသွားသော်လည်း ၎င်းကတခဏမျှသာဖြစ်ပြီး ညင်သာစည့်အပြုံးတပွင့်က အစားထိုး၀င်လာကာ ခန့်ညားသည့်လူငယ်တစ်ယောက်ပမာ ကျက်သရေရှိရှိပင်ပြောလာသည်။

"ဒီလိုဆိုရင် ကံကောင်းပါစေ"

"ကြည့်ရတာ ဒွန်ချောင်ဟီရဲ့ပံ့ပိုးလိုက်စားမှုက တကယ်အကျိုးမဲ့ပုံပဲ"

"ကျိချန်းယောင်ရဲ့အမြင်က အရမ်းမြင့်မားတာပဲ၊ ဒီနူးညံ့တဲ့ပန်းလေးကို ဘယ်သူရွေးနိုင်မလဲဆိုတာ ငါတကယ်မသိဘူး"

"ငါတို့လည်းမသိဘူး"

လေများကတိုက်ခတ်လာသည်။

လေနှင့်သဲကနေရာတိုင်းတွင်ရှိသည်။

ကောင်းကင်နှင့်မြေကြီးကြားတွင် လေဆင်နှာမောင်းတခုမြင့်တက်လာသည့်အလားထင်ရသည်။

မုန်တိုင်းထဲတွင် ထက်ရှသည့် ကျောက်စရစ်များက လည့်ပတ်လာသည်။

ကမ္ဘာကြီးအတွင်း ထောင်လွှားမောက်မာသည့်ရယ်သံတစ်သံထွက်လာသည်။

"ဒွန်ချောင်ဟီ၊ ကြည့်ရတာမင်းမလုပ်နိုင်ပုံပဲ"

ဒွန်ချောင်ဟီ၏မျက်နှာကအနည်းငယ် မည်းမှောင်သွားပြီးနောက် ထိုအသံလာရာနေရာသို့ကြည့်လိုက်သည်။

ကျော၌ရွှေရောင်အတောင်ပံများပါရှိပြီး ပြေလျော့နေသောရွှေရောင်ဆံပင်နှင့်အတူ မောက်မာသည့်မျက်နှာပိုင်ရှင် လူတစ်ယောက်က ချက်ချင်းရောက်လာသည်။

"ကျိချန်းယောင်၊ ဒီလိုကျောရိုးမဲ့တဲ့လူနဲ့ ဘာလို့စိတ်ရှုပ်ခံနေရတာလဲ"

"ငါ့နောက်ကိုသာလိုက်မယ်ဆိုရင် ငါမင်းကို ဘယ်တော့မှ ဆိုးဆိုးဝါးဝါးဆက်ဆံမှာမဟုတ်ဘူး"

ကျိချန်းယောင် ကျင်းဝူဝူကို အေးစက်စွာတချက်စိုက်ကြည့်ပြီးနောက် လျစ်လျူရှုလိုက်သည်။

ဒွန်ချောင်ဟီ နက်ရှိုင်းသောအသံဖြင့်ပြောလာသည်။

"ကျင်းဝူဝူ၊ ငါ၀င်တဲ့အခါကျရင် မင်းကိုယ်ခန္ဓာက ဘယ်လောက်ထိ တောင့်ခံထားနိုင်မလဲဆိုတာ ငါကြည့်ချင်ပါသေးတယ်"

ကျင်းဝူဝူကနှာခေါင်းရှုံ့သည်။

"ကြည့်ကြတာပေါ့"

တခဏအကြာတွင် ဓားများက ထိုးထွက်လာသည်။

ထို့နောက် သေမျိုးကျေးရွာ၏ ချိုင့်ဝှမ်းက မှော်စွမ်းအားကပွင့်လာခဲ့သည်။

ထိုနေရာ၌ ကလေးတစ်ယောက်ပေါ်လာသည်။

ကလေးငယ်ကပြောသည်။

"ဆရာတို့၊ အချိန်ကျပါပြီ၊ ဖိတ်စာကဒ်ပါတဲ့သူတိုင်း ၀င်လို့ရပါပြီ"

ထိုစကားလုံးများကိုကြားသောအခါ ကျင်းဝူဝူက ရွှေရောင်အတောင်ယံများကို လှုပ်ယမ်းရင်း ချိုင့်ဝှမ်းထဲသို့ တိုက်ရိုက် ပျံသန်းသွားသည်။

ဒွန်ချောင်ဟီက အေးစက်စွာနှာခေါင်းရှုံ့ရင်း နောက်ကျကျန်မနေဘဲ ထိုနေရာသို့ ပျံသန်းသွား၏။

ကျိချန်းယောင်ကလည်းလိုက်သွားသည်။

လူတိုင်းလည်းစတင်၀င်လိုက်ကြသည်။

ချင်းယွန်နှာခေါင်းရှုံ့သည်။

"ချင်းချန်၊ အခုထွက်သွားလိုက်မယ်ဆိုရင် မင်းအသက်ကိုကယ်လို့ရသေးတယ်နော်"

ထို့နောက်သူနှင့်ဟဲရန်တို့ကလည်း ၀င်သွားကြသည်။

ချင်းချန်၏မျက်နှာက မည်းမှောင်သွား၏။

"ညီအစ်ကိုလု၊ ၀င်ပြီးတဲ့အခါကျရင် ဂရုစိုက်ပါ၊ တယောက်တည်းမနေနဲ့"

လုချန်ရှန်းခေါင်းညိတ်သည်။ သူတို့နှစ်ယောက်လည်းအထဲသို့၀င်သွားကြသည်။

အပိုင်း(467) coming။

All Chapters