#မိုးထိထိကျောက်နံရံ#
Vol. 33 Ch. 467
သေမျိုးကျေးရွာအတွင်း ဝါးအိမ်လေးထဲတွင် အဖိုးအိုတစ်ယောက်ထိုင်နေသည်။
သူကလက်ကိုဆန့်ထုတ်လိုက်သောအခါ အဖြူရောင်အလင်းတန်းတခုပေါ်လာပြီး ထို့ထဲတွင် ကောင်းကင်နှင့်မြေကြီး၏လမ်းစဉ် ပါ၀င်နေပုံရသည်။
"ဒီတကြိမ် သေမျိုးကျေးရွာမှာ ငါတောင်မြင်နိုင်စွမ်းမရှိတဲ့ လူတစ်ယောက်ရဲ့ ကံကြမ္မာရှိနေတယ်"
"ဒါပေမယ့် ကြယ်တာယာကောင်းကင်ရဲ့ ရုတ်တရက်ကပ်ဘေးမှာ ကံကြမ္မာအားလုံးက ဒီလူနဲ့ တစ်နည်းနည်းနဲ့ ဆက်နွှယ်နေတယ်"
"ဒါကကောင်းချီးလား၊ ကျိန်စာလားဆိုတာ ငါလည်းမသိဘူး....."
ချက်ချင်းဆိုသလို အဖိုးအိုက လူငယ်လေးတစ်ယောက်ကိုခေါ်ပြီး နူးညံ့စွာပြောသည်။
"ရှီထောင်လေးရေ၊ ပြင်ပလူတွေထဲက ဘယ်သူကကောင်းကောင်းလုပ်နိုင်သလဲဆိုတာ တချက်သွားကြည့်လိုက်ပါဦး"
ရှီထောင်လေးမှာခေါင်းငဲ့လိုက်သည်။
"သကြားရှိသေးလား"
အဖိုးအိုက တွေဝေစွာပြုံးလိုက်၏။
"မင်းပြန်လာတဲ့အခါကျရင် ငါမင်းကိုပေးမယ်"
"အပေးအယူဖြစ်ပြီနော်"
စကားပြောပြီးနောက် ရှောင်ရှီထောင်းမှာ ပျော်ရွှင်စွာပင် ဝါးအိမ်လေးထဲကထွက်သွားသည်။
အဖိုးအိုကလိမ်မှာမဟုတ်တာကိုသူသိနေသည်။
လူငယ်လေးထွက်သွားပြီးနောက် အဖိုးအိုကထရပ်ကာ ကောင်းကင်အားကြည့်ရင်း သက်ပြင်းချသည်။
"နှစ်သန်းတရာပြည့်တဲ့အချိန်ကိုတောင် ရောက်လုနီးပါးဖြစ်နေပြီ၊ တကယ်လို့ သင့်တော်တဲ့ကိုယ်စားလှယ်လောင်းမရှိဘူးဆိုရင် ဒီကြယ်နယ်မြေက ချဉ်းကပ်ခံရမှာ ငါတကယ်ကြောက်နေမိတယ်...."
....
တခြားတဘက်တွင် ချိုင့်ဝှမ်းထဲ၀င်ပြီးနောက် အမြင်ထဲတွင် ဘာမှထူးခြားနေတာမရှိပေ။
ဒါကသာမန်တောင်ပေါ်ရွာလေးတရွာသာဖြစ်သည်။
သို့သော်မည်သူကမှ အမှားမလုပ်ရဲချေ။
မည်သို့ပင်ဆိုစေကာမူ သေမျိုးကျေးရွာ၌ ပြဿာနာရှာသည့်မည်သူမဆို အသက်ရှင်ရန်အတွက် ဖြစ်နိုင်ချေမရှိပါ။
ရှေးခေတ်ကနေ လက်ရှိအထိ ဒီအတိုင်းသာဖြစ်သည်။
ထိုအချိန်တွင် လမ်းကိုဦးဆောင်လာသည့် လူငယ်က ကလေးအသံဖြင့်ပြောသည်။
"ကျေးရွာထဲမှာ ကျောက်နံရံကိုးခုရှိတယ်လို့ ဆရာပြောတယ်၊ ကျောက်နံရံတွေထဲမှာ လေ့ကျင့်ခန်းတခုစီရှိတယ်၊ အဲဒါကိုရှာတွေ့ပြီး နားလည်အောင်လုပ်နိုင်တဲ့သူက ဒုတိယအဆင့်ကို၀င်လို့ရတယ်"
"တကယ်လို့ကျရှုံးခဲ့ရင် ကျေးရွာထဲကနေ ကိုယ်တိုင်ထွက်သွားရမယ်"
တစ်ယောက်ကမေးသည်။
"ကလေးလေး၊ ဒီကျောက်နံရံတွေရဲ့ တည်နေရာနဲ့ပတ်သက်ပြီး အရိပ်အမြွက်တခုခုရောမပေးတော့ဘူးလား"
လူငယ်လေးကအပြုံးဖြင့်ပြောသည်။
"ငါ့ကိုပျော်စရာဖန်တီးပေးနိုင်တဲ့ ဘယ်သူ့ကိုမဆို ပြောပြမယ်"
ပျော်စရာ!
လူတိုင်းတစ်ဦးကိုတစ်ဦး ထူးဆန်းစွာ ကြည့်လိုက်ကြသည်။
ဒီသေမျိုးကျေးရွာမှာ တကယ်ပဲအားလုံးကသေမျိုးတွေလား!
ကလေးငယ်တစ်ဦးကပင် သေမျိုးကမ္ဘာက ကလေးနှင့်တူသည်။
ထိုအချိန်တွင် ကျိချန်ယောင်က သူမ၏ ကြာပန်းအသွင်ခြေလှမ်းများဖြင့် ဖြည်းဖြည်းလေးလှုပ်ရှားရင်း ကလေးလေးဆီကိုလျှောက်လာပြီး ညင်သာစွာပြုံးကာ ပစ္စည်းကိရိယာတခုထုတ်ယူလိုက်သည်။
ထိုကိရိယာထဲတွင် ဘာရှိသလဲဆိုတာ မသိသော်လည်း မွှေးကြိုင်သည့် အနံ့အဆင်းတော့ရှိသည်။
"ဒါအဆင်ပြေရဲ့လား"
ကောင်လေးက တချက်ကြည့်ပြီးနောက် ကိရိယာကိုဖျစ်ညစ်ကြည့်သည်။
"အနံ့ကကောင်းလိုက်တာ၊ မမ၊ ခေါင်းငုံ့လိုက်ပါ"
ကျိချန်ယောင်ခေါင်းငုံ့လိုက်၏။
ကောင်လေးကသူမနားအနီး တစ်ခုခုကို တိုးတိုးလေးပြောသည်။
တချို့ကျင့်ကြံသူများက ကြားဖြတ်နားထောင်ရန်အတွက် ဝိဉာဉ်စွမ်းအင်ကို အသုံးပြုလိုသော်လည်း ကောင်လေးအနီးတွင် သူတို့အော်ရာနှင့်စိတ်အာရုံကို ဟန့်တားထားသည့် ဆန်းကြယ်သောအော်ရာတမျိုးရှိနေတာကို တွေ့လိုက်ရသဖြင့် အံ့ဩသင့်သွားကြရသည်။
ထို့နောက်တွင် ကျိချန်ယောင်ထရပ်ကာ ကောင်လေး၏ခေါင်းကို အပြုံးဖြင့် ပွတ်သပ်ပေးပြီးနောက် ထိုနေရာ၌ပင် ပျောက်ကွယ်သွား၏။
သူမကသဲလွန်စရှာတွေ့သွားသည်မှာ သိသာထင်ရှားနေသည်။
နောက်ပြီး ဒွန်ချောင်ဟီနှင့် ကျင်းဝူဝူတို့ကလည်း အထင်ကြီးစေသည့်ပစ္စည်းကိုယ်စီဖြင့်လာကြသည်။
ကောင်လေးက သူတို့နှစ်ယောက်ကိုလည်း သဲလွန်စကိုပြောပြလိုက်သည်။
ကျန်သောကျင့်ကြံသူများက တစ်ဦးကိုတစ်ဦးကြည့်ကာ ရှေ့တိုးလာကြသည်။
ချင်းယွန်ကဓားတစ်လက်ကို ထုတ်ယူပြီးနောက် ဂုဏ်ယူ၀င့်ကြွားစွာပင်ပြောသည်။
"ဒီဓားကအဆင်ပြေတယ်မလား"
တခဏမျှကြည့်ပြီးနောက် ကောင်လေးကခေါင်းခါယမ်းသည်။
"ဆရာကပြောတယ်၊ ကလေးတွေက ဒီလိုထက်ရှတဲ့အရာတွေကိုမထိသင့်ဘူးတဲ့၊ မဟုတ်ရင် ကိုယ့်ကိုကိုယ်နာကျင်အောင် လုပ်မိလိမ့်မယ်တဲ့"
"ပြီးတော့ ခင်ဗျားကအရမ်းရုပ်ဆိုးတယ်"
ချင်းယွန်၏မျက်လုံးများကအေးခဲသွားပြီး သူ့မျက်နှာက ကြည့်ရဆိုးသွားသည်။
ထိုစကားကိုကြားသောအခါ လုချန်ရှန်းရယ်လိုက်မိတော့သည်။
အပူအပင်ကင်းတဲ့ကလေးဘ၀လား!
သို့စေကာမူ ကလေးများကအမြဲလိုလိုရိုးစင်းကြပြီး သူတို့၏စိတ်ကူးအတိုင်း တိုက်ရိုက်ပင် ပြောတတ်ကြသည်။
ချင်းချန်ရှေ့တက်သွားချင်သော်လည်း လုချန်ရှန်းက ကောင်လေးဆီသို့အရင်သွားပြီး ငုံ့ကာ သကြားလုံးတစ်ထုတ် ထုတ်ယူပြီး အပြုံးဖြင့်ပြောလိုက်သည်။
"ဒါတွေကအရမ်းချိူတယ်"
ကောင်လေး၏မျက်လုံးများက တောက်ပသွားသည်။
သူကလုချန်ရှန်းလက်ဖဲက ယူရန်ပြင်နေစဉ် ကလေးမလေးတစ်ယောက်က နူးညံ့စွာပြောလာသည်။
"ရှောင်ကျူး၊ တခြားသူတွေရဲ့ပစ္စည်းတွေကို ခွင့်ပြုချက်မပါဘဲ ယူနေပြန်ပြီလား"
ထိုအသံကိုကြားသောအခါ ရှောင်ကျူးချက်ချင်းလက်ကို ရုတ်သိမ်းပြီး ကလေးမလေးကို ကြောက်နေသည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
ကလေးမလေးကလျှောက်လာပြီး ခါးထောက်ကာပြောသည်။
"နောက်ဆုံးအကြိမ် တခြားတယောက်လာတုန်းကလည်း နင်ဒီလိုလုပ်ခဲ့တယ်၊ ဆရာသင်ထားတာကို မေ့သွားပြီလား"
"တကယ်လို့ထပ်လုပ်မယ်ဆိုရင် ငါဆရာကိုသွားပြောတော့မှာ"
ထိုနှစ်ဦးကြားက စကားများကိုကြားရသောအခါ လုချန်ရှန်း၏မျက်နှာ၌ ထူးဆန်းသည့်အမူအရာတခုပေါ်လာသည်။
ဒီသေမျိုးကျေးရွာက နှစ်တထောင်တွင် တခါသာဖွင့်လှစ်ခြင်းဖြစ်သည်။
ပြီးတော့ ဒီကောင်လေးက နောက်ဆုံးအကြိမ်ကလည်း ဒီလိုလုပ်ခဲ့တာလား!
တနည်းအားဖြင့်ဆိုရင် သူက ငါ့ထက်ပိုပြီးအသက်ကြီးတာပေါ့!
ဒါပေမယ့်အခုသူကကလေးတယောက်နဲ့ တူနေတယ်လေ!
ကမ္ဘာကြီးက အံ့ဩသင့်ဖွယ်ရာများဖြင့် ပြည့်နှက်နေသည်က အသေအချာပင်။
ကလေးမလေးက လူအုပ်စုကိုကြည့်လိုက်၏။
"ကျောက်နံရံနဲ့တည်နေရာက ကျေးရွာပတ်လည်မှာဖြစ်ပြီး တောင်တွေအနီးမှာလည်းရှိတယ်၊ ရှာကြည့်ကြပါ"
ထို့နောက် သူမ ရှောင်ကျူးကို နားရွက်ကနေ ဆွဲကိုင်ကာ ခေါ်သွားသည်။
မထွက်သွားသေးခင် ရှောင်ကျူးက လုချန်ရှန်းလက်ထဲက သကြားလုံးထုပ်ကို ကြည့်နေဆဲပင်။
ဒါကိုမြင်ရသောအခါ လုချန်ရှန်းဆွံအစွာရယ်မောရင်း ထိုချိုချဉ်ထုပ်ကို ရှောင်ကျူးအားပေးလိုက်သည်။
ရှောင်ကျူးပျော်ရွှင်စွာပြုံးလေသည်။
"ကျေးဇူးပါ အစ်ကိုကြီး"
အစ်ကိုကြီး!
လုချန်ရှန်း၏မျက်နှာထဲတွင် ထူးဆန်းသည့်အမူအရာတခုပေါ်လာပြန်သည်။
မင်းရဲ့အသက်အရွယ်အရဆိုရင် ငါကမင်းကိုစီနီယာလို့ခေါ်သင့်တာလေ!
တော်ပြီ၊ အရမ်းတွေးမနေတော့ဘူး!
ချင်းချန်ပြောသည်။
"ညီအစ်ကိုလု၊ မြန်မြန်သွားကြရအောင်"
လုချန်ရှန်းခေါင်းညိတ်သည်။
လူတိုင်းကလည်း တစ်ယောက်ပြီးတစ်ယောက် စတင်ပြုမူလာပြီး ပတ်၀န်းကျင်၌ စတင်ရှာဖွေကြသည်။
နေ့တ၀က်ကုန်ဆုံးသွားသည်။
လုချန်ရှန်းနှင့် ချင်းချန်တို့ကလည်း ကျောက်နံရံတခုကိုရောက်လာကြသည်။
ထိုနေရာ၌ ကြာပန်းကဲ့သို့ကြည်လင်နေသည့်ရေထဲတွင် လှပသည့်အမျိုးသမီးတစ်ယောက်ပြီး ကျောက်နံရံရှေ့၌ တင်ပလ္လင်ခွေထိုင်ကာ ခံစားနေသည်။
သူမက ကျိချန်းယောင်ဖြစ်သည်။
ရန်သူ၏လမ်းက ကျဉ်းမြောင်းသည်။
ချင်းယွန်နှင့်ဟဲရန်တို့ကလည်း ဒီနေရာကို ရောက်လာကြသည်။
ချင်းချန်ထိုနှစ်ယောက်ကို တချက်ကြည့်ပြီးနောက် သူတိုးတိုးပြောသည်။
"ညီအစ်ကိုလု၊ မင်းဉာဏ်အမြင်ပွင့်သွားတယ်လို့ခံစားရရင်တောင် ဒီနှစ်ယောက်ရဲ့ လှည့်ကွက်တွေကို မင်းသတိထားရမယ်"
"ငါအရင်သွားလိုက်မယ်၊ ညီအစ်ကိုလု၊ ငါ့ကိုဂရုစိုက်ပေးပါဦး"
လုချန်ရှန်းခေါင်းညိတ်သည်။
သူ့တွင်လည်းဒီလိုရည်ရွယ်ချက်ရှိသည်။
မည်သို့ပင်ဆိုစေကာမူ သူကဒီနေရာနှင့် ရင်းနှီးကျွမ်း၀င်ခြင်းမရှိလေရာ အံ့ဩသင့်စရာတွေကို ရှောင်ရှားရန်အတွက် အရင်ဆုံးလေ့လာထားတာပိုကောင်းသည်။
ချင်းယွန်နှင့်ဟဲရန်တို့ကလည်း ဘေးကိုတချက်ကြည့်ကာ လှောင်ပြောင်ပြီးနောက် သူတို့က ကျောက်နံရံကို စတင်နားလည်အောင် လုပ်ကြသည်။
သို့သော် ကျောက်နံရံပေါ်၌ ဘာတခုမှမရှိပေ။
ဒီခုနှစ်ရက်အတွင်း ကျိချန်ယောင်ကလည်း ပုံမမှန်တာတခုမှမတွေ့ခဲ့ရပေ။
ကျောက်နံရံက သာမန်တောင်နံရံတခုကဲ့သို့ပင်။
တစ်ယောက်က ကြည့်ရဆိုးသည့်အမူအရာဖြင့် မျက်လုံးများကို ဖွင့်လိုက်၏။
"ဒီမှာတကယ်ပဲစွမ်းရည်တခုခုရှိလို့လား"
"အော်ရာအတက်အကျလည်းမရှိသလို ဘာအော်ရာကိုမှလည်းမခံစားရဘူး"
"သူကငါတို့ကိုလိမ်နေတာများလား"
ထိုအချိန်တွင် ကျိချန်းယောင်၏ကိုယ်တဝိုက်တွင် အပြာရောင်အလင်းတခုစီးဆင်းလာသည်။
တချိန်တည်းမှာပင် ကျောက်နံရံပေါ်၌ အပြာရောင်အလင်းတန်းတခုရှိနေပြီး အဝေးတနေရာရှိ ကျိချန်းယောင်အပေါ် ရောင်ပြန်ဟပ်နေသည်။
အပြာရောင်အလင်းနှစ်ခုဆုံသွားကြသောအခါ အပြာရောင်အလင်းလုံးတလုံးက ကျိချန်းယောင်၏မျက်ခုံးများအလယ်ဗဟိုသို့ ၀င်ရောက်သွား၏။
ဒီမြင်ကွင်းက လူတိုင်းကို အာရုံစိုက်သွားစေသည်။
"ကျောက်စိမ်းရေကန်သူတော်စင်မဆိုတဲ့အတိုင်းပါပဲ၊ သူ့မှာဒီလိုမြင့်မားတဲ့ နားလည်မှုအဆင့်အတန်းတခုရှိတယ်"
"သူတော်စင်မက ဒီကျောက်နံရံထဲက စွမ်းရည်ကဘာများလဲဆိုတာ ငါတို့ကိုပြောပြလို့ရမလား"
ကျိချန်းယောင်မျက်လုံးဖွင့်ကာ တောက်ပစွာပြုံးသည်။
သူမကလျှို့ဝှက်ချက်များကို ဖုံးကွယ်မထားဘဲ နူးညံ့စွာပြောလာသည်။
"အဲဒါကလှုပ်ရှားမှုကျင့်စဉ်တခုပဲ၊ ဒါပေမယ့်မပြည့်စုံဘူး၊ ဖြစ်နိုင်တာက ငါက လုံလုံလောက်လောက်နားမလည်နိုင်တာမို့ ကျောက်နံရံထဲက လှုပ်ရှားမှုကျင့်စဉ်ကို အပြည့်အ၀ထိုးမဖောက်နိုင်တာဖြစ်မယ်"
ထိုစကားလုံးများကိုကြားသောအခါ လူတိုင်း၏မျက်နှာက ထိတ်လန့်မှုဖြင့် ပြည့်နှက်သွားကြသည်။
"သူတော်စင်မကတောင် အပြည့်အ၀မမြင်နိုင်တာလား"
"ဒီလိုဆိုငါတို့ကဘယ်လိုဖြစ်နိုင်မှာလဲ...."
ချင်ချင်းဆိုသလို ဟဲရန်နှင့်ချင်းယွန်တို့ကလည်း အပြာရောက်တောက်ပလာကြ၏။
ဒီအပြာရောင်အလင်းက ကျိချန်းယောင်ရခဲ့တာလောက်တော့ မနက်ရှိုင်းပေ။
ဟဲရန်မျက်လုံးဖွင့်လိုက်သော်လည်း သူ့မျက်လုံးထဲတွင် ဒီရလဒ်အပေါ် အတော်လေးမကျေမနပ်ဖြစ်နေပုံရသည်။
ချင်းယွန်ကလည်းအတူတူပင်။
သို့စေကာမူ ချင်းချန်၏မျက်နှာကတော့ လုံး၀ကြည့်ရဆိုးနေလေပြီ။ သူကမည်သည့်အပြာရောင်အလင်းကိုမှ မဖြစ်စေခဲ့ပေ။
"ညီအစ်ကိုလု၊ ဘာလို့တချက်မစမ်းကြည့်ရတာလဲ"
လုချန်ရှန်းခေါင်းညိတ်သည်။
အပိုင်း(468) coming။