← Chapters

#ကျောက်နံရံမိုးပျံနဂါး#

Vol. 33 Ch. 469

#ကျောက်နံရံမိုးပျံနဂါး#

Vol. 33 Ch. 469

ယနေ့ လုချန်ရှန်းကိုယ်တဝိုက်ရှိ အစိမ်းရောင်အလင်းက လေထဲက ဖယောင်းတိုင်အလား အလွန်အမင်းအားနည်းနေပြီး လေပြင်းတချက်တိုက်ရုံမျှနှင့်ပင် အလွယ်တကူငြိမ်းသွားနိုင်သည်။

ဘေးက ချင်းယွန်နှာခေါင်းရှုံ့သည်။

"မင်းလိုလူငယ်လေးတစ်ယောက်အတွက် ဒီလိုအဆင့်ထိရောက်တာမဆိုးပါဘူး"

"အနည်းဆုံးတော့ ချင်ချန်းအသက်ရှင်ပြီး ဒုတိယစမ်းသပ်မှုထဲကို၀င်လို့ရတာပေါ့"

လုချန်ရှန်းလက်မလျှော့သေးဘဲ မျက်လုံးအစုံမှိတ်ကာ ဆက်လက်ခံစားနေတာကို မြင်ရသောအခါ ဟဲရန်ကပြောသည်။

"သေမျိုးကျေးရွာက မိုးထိကျောက်နံရံရဲ့ လေ့ကျင့်ခန်းတွေကအကုန်ကောင်းတယ်၊ မင်းတစွန်းတစထိနိုင်ရင်တောင် ပါရမီရှိတယ်လို့ မှတ်ယူလို့ရပြီ"

"ဒီနေရာမှာ အဆုံးသတ်လိုက်ပါတော့"

ကျိချန်းယောင်က ထိုအချိန်က ခေါင်းအသာအယာလှည့်ပြီး ထိုနှစ်ယောက်ကို အေးစက်စွာကြည့်သည်။

"တခြားသူတွေကခံစားနေချိန် နင်တို့က ဒီမှာယင်ကောင်တွေလို တဝီဝီမြည်နေတယ်၊ နင်တို့အရမ်းရိုင်းနေပြီလို့ မထင်ဘူးလား"

ထိုစကားလုံးများကိုကြားသောအခါ ဟဲရန်၏အမူအရာကမည်းမှောင်သွားပြီး တိတ်ဆိတ်၍‌သာနေလိုက်သည်။

သူ့ဂိုဏ်းက ဒီကမ္ဘာထဲတွင် ထိပ်တန်းအင်အားစုတခုဖြစ်သော်လည်း ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်နှင့်ဆိုပါက ဧရာမဘီလူးကြီးတကောင်နီးပါး ကွာဟလျက်ရှိနေဆဲပင်။

ဤသည်အပြင် တဖက်လူက ကျောက်စိမ်းရေကန်သူတော်စင်မလည်းဖြစ်နေသည်။

ဒီကွာဟချင်အောက်တွင် ကျိချန်းယောင်သူ့ကိုသတ်ရန်လာလျှင်ပင် သူ့ဂိုဏ်းက သူ့အတွက်ရပ်တည်ပြီး ကျောက်စိမ်းရေကန်ကောင်းကင်နန်းတော်ကို ဒေါသထွက်အောင် လုပ်မည်မဟုတ်ပေ။

ချင်းယွန်ပင်လျှင် ယခုလိုအမူအရာမျိုးကို မပြသရဲပါ။ သူကနှလုံးသားထဲ၌ ခါးသီးစွာ ပြောလိုက်သည်။

"အခွင့်အရေးရလာရင် ဒီမိန်းမအပေါ်ကနေစီးရမယ်"

ထိုအချိန်တွင် ရုတ်တရက်သန္ဓေပြောင်းလဲမှုတခုရှိလာခဲ့သည်။

မိုးထိကျောက်နံရံများအကြားမှ အစိမ်းရောင်ခန်းဆီများက သိသိသာသာပင် စတင်ကြီးထွားလာပြီး ရူးသွပ်စွာ တောက်ပလာသည်။

တချိန်တည်းမှာပင် လုချန်ရှန်း၏ကိုယ်ကလည်း ထိုကြောက်ခမန်းလိလိအစိမ်းရောင်အလင်းဖြင့် ရစ်ပတ်ခံလိုက်ရသည်။

ဒီနှစ်ခုကအချင်းချင်းဖြည့်စွက်ပေးနေစဉ် လူတိုင်းထိတ်လန့်သွားကြ၏။

ဒီအစိမ်းရောင်အလင်းက အရင်ကထုတ်လွှတ်ခဲ့သည့်ပြင်းထန်မှုအဆင့်ကိုပင် ကျော်လွန်သွားလေပြီ။

ကျိချန်းယောင်ကလည်း လေးနက်စွာကြည့်လိုက်မိသည်။

ထိုအချိန်တွင် အသက်ရှူကြိမ်ရေအနည်းငယ်အတွင်းမှာပင် အစိမ်းရောင်အလင်းက ကျောက်နံရံတခုလုံးကို အလျင်အမြန်ပင် နေရာယူလာသည်။

ကျိချန်းယောင်လေးနက်သည့်အသံဖြင့်ပြောသည်။

"အစိမ်းရောင်ခန်းဆီးအလင်းတွေက ကျောက်နံရံတခုလုံးမှာရှိနေတော့ ဒါက နဂါးပျံနည်းစနစ်ကို အပြည့်အ၀နားလည်သွားပြီလို့ ဆိုလိုနေတာပဲ"

"ဒီလိုမြင်ကွင်းမျိုးကို အရင်ခေတ်ကနေ အခုအထိ အဲဒီစီနီယာတစ်ယောက်တည်းပဲလုပ်နိုင်ခဲ့တယ်"

လူတိုင်းထိတ်လန့်သွားကြသည်။

ထိုလူကဘယ်သူလဲဆိုတာသူတို့သိကြသည်။

အဘယ်ကြောင့်ဆိုသော် ထိုစီနီယာကို နဂါးငွေ့တမ်းကြယ်လွင်ပြင်က လူတိုင်းက သိကြသောကြောင့်ပင်။

သူ့ခွန်အားက ကောင်းကင်ဘုံမြစ်ကြယ်ဒေသကိုပင်ကျော်လွှားစွားပြီး ပို၍အစွမ်းထက်သည့်ဖြစ်တည်မှုတခုကိုပင် ရောက်သွားခဲ့သည်။

ထျန်းဟီကြယ်နတ်ဘုရား!

ဒီကြယ်လွင်ပြင်အပြင် ကြယ်နယ်မြေတွင်ပင် သူကထိပ်ဆုံး၌ရပ်တည်နေခဲ့သူဖြစ်သည်။

ကျိချန်းယောင်ကဆက်သည်။

"ဒါပေမယ့် အဲဒီစီနီယာတောင် တရက်အပြည့်အချိန်ယူခဲ့ရတယ်"

လုချန်ရှန်းကရော!

သူက အမွေးတိုင်တ၀က်စာပင်မကြာခဲ့ပါ။

ဒီသဘောတရားက လုချန်ရှန်းက ထျန်းဟီကြယ်နတ်ဘုရားနှင့်ပင်ယှဉ်နိုင်သည့် ပါရမီကို ပိုင်ဆိုင်ထားသည်သာမက တနည်းအားဖြင့် သူ့ထက်ပင်ကျော်လွန်သွားပြီဟု ဆိုလိုနေခြင်းပင်။

"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

ချင်းယွန်အလွန်ထိတ်လန့်သွားပြီး ပြောစရာစကားပျောက်ဆုံးသွားသည်။

သေမျိုးကျေးရွာရဲ့ စည်းမျဉ်းတွေကိုတောင်မသိတဲ့ ဒီလူငယ်က ဒီလိုအဆင့်ထိကို ရောက်နိုင်တာလား!

ထိုအချိန်တွင် ဝါးအိမ်လေးထဲ၌ အဖိုးအိုက တစ်စုံတစ်ရာကိုခံစားမိသည့်အလား မော့ကြည့်လိုက်၏။

"ကျောက်နံရံတခုလုံးမှာ အစိမ်းရောင်အလင်းဖြာနေတာလား၊ ကံမကောင်းချင်တော့ ဒီလိုဆိုရင်တောင် ထျန်းဟီအမြင့်ထိပဲရောက်နိုင်မှာ.....မလုံလောက်သေးဘူး"

အဖိုးအိုကခေါင်းခါယမ်းရင်း မျက်လုံးများကို ဆက်မှိတ်လိုက်၏။

သို့စေကာမူ ရုတ်ချည်းဆိုသလို သူမျက်လုံးများကို ပြန်ဖွင့်လာသည်။

သူ့မျက်လုံးများ၌ နတ်အလင်းတခုရှိနေခဲ့သည်။

"ကျောင်းနံရံရဲ့ မိုးပျံနဂါး

တချိန်တည်းတွင် မိုးထိကျောက်နံရံရှေ့တွင် အသွင်သဏ္ဍာန်‌ပြောင်းလဲခြင်းက ဒီမှာတင် ရပ်မနေခဲ့ပေ။

လူတိုင်းကဒါကိုသိရသောအခါ ထိတ်လန့်နေကြ၏။

လုချန်ရှန်းရှေ့က ကျောက်နံရံပေါ်၌ အစိမ်းရောင်အလင်းက ကျောက်နံရံတခုလုံးကို တချိန်တည်းတွင် သိမ်းပိုက်ထားပြီး နဂါးစိမ်းတကောင်က ကျောက်နံရံကနေ ဖြည်းဖြည်းချင်းထွက်လာသည်။

မူလက ကျောက်နံရံသေတခုဟုထင်ရသော်လည်း ထိုအခိုက်အတန့်၌ နဂါးဟစ်ကြွေးသံများကပေါက်ကွဲထွက်လာပြီး သေမျိုးကျေးရွာအတွင်း ပဲ့တင်ထပ်သွား၏။

နဂါးအော်သံ!

ကျိချန်း‌ယောင်၏အံ့ဩနေသည့်မျက်လုံးများထဲရှိ အမူအရာကတုန်ယင်နေသည်။

ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်ရှိ တိမ်အရိပ်မျှော်စင်က ရှေးဟောင်းစာအုပ်များ၏ အကြီးမားဆုံးသီးသန့်နေရာတခုဟု လူသိများသည်။

ကျိချန်းယောင်က ထို့ထဲတွင် သေမျိုးကျေးရွာက မိုးထိကျောက်နံရံများအကြောင်း အမှတ်မထင် အရာတခုကိုတွေ့ခဲ့သည်။

ကျောက်နံရံကိုသိမ်းပိုက်ထားသည့် အစိမ်းရောင်အလင်းက နောက်ဆုံးအဆင့်မဟုတ်ဘဲ ကျောက်နံရံနဂါးပျံက နောက်ဆုံးအဆင့်ဖြစ်သည်။

ဒီအဆင့်ထိရောက်နိုင်သောသူများအတွက်မူ ရှေးဟောင်းစာအုပ်များအရ မည်သူမှ မရောက်နိုင်ခဲ့ကြပါ။

အဖိုးအိုပြောသည်ကမှန်ကန်သည်။

သို့သော်ယခု ကျိချန်းယောင်က ဒီမြင်ကွင်းကိုတွေ့လိုက်ရလေပြီ။

ချင်းယွန်နှင့် လူတိုင်းကလည်း အမှန်တကယ်ရှုပ်ထွေးနေကြ၏။

ဒါဘယ်လိုအမြင်မျိုးလဲ!

မိုးပျံနဂါးကဘာလဲ!

သို့စေကာမူ ကျိ‌ချန်းယောင်၏မျက်နှာကို ကြည့်ပြီးနောက်တွင် ဒီလူက ကြောက်မက်ဖွယ်ရာအရာတခုခုကို လုပ်ခဲ့တာကို သူတို့သိလိုက်ကြရသည်။

ချင်းချန်ကိုမူ အတော်လေးပျော်နေသည်။

ငါကလမ်းပေါ်မှာ ကံတရားကိုစမ်းကြည့်ရုံပဲလေ!

ပြီးတော့ တယောက်ရှာခဲ့တယ်!

ဒါပေမယ့် အခုတော့ရတနာတခုကိုတွေ့ခဲ့ရတာပဲ!

ဤသည်အပြင် ဒီလူ၏အောင်မြင်မှုက အနာဂတ်တွင် အကန့်အသတ်မဲ့နေသည်။

ချင်းယွန်၏မျက်နှာက မည်းပြာနေသည်။ ယခုသူကဒီလူကိုအနည်းငယ်စော်ကားခဲ့မိသည့်အပေါ် နောင်တရနေမိလေပြီ။

အရမ်းပါရမီရှိတာပဲ!

ဟဲရန်ကလည်းခေါင်းငုံ့ထားသည်။ သူ့မျက်နှာ၌ မရေရာသည့်အမူအရာတခုပင်ရှိနေသည်။

ငါဘာတွေးနေလဲဆိုတာ ငါတောင်မသိတော့ဘူး!

ကျောက်နံရံမိုးပျံနဂါးပေါ်လာပြီးနောက် နဂါးစိမ်းကထိုအခိုက်အတန့်၌ နဂါးအော်သံကိုထုတ်လွှတ်ပြီးနောက် ကျောက်နံရံကနေ ထွက်လာပြီး လုချန်ရှန်းကိုယ်ထဲသို့ တိုက်ရိုက်၀င်ရောက်ကာ ရောစပ်သွား၏။

ဒါက မိုးပျံနဂါးနည်းစနစ်မဟုတ်ပေ။

လုချန်ရှန်းအနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။

ဒါကဘာလို့ နဂါးဝိဉာဉ်တခုနဲ့ပိုတူနေရတာလဲ....!

လုချန်ရှန်းမျက်လုံးဖွင့်လိုက်သည်။

ခေါင်းကုတ်လိုက်ပြီးနောက် သူကချင်းယွန်ကိုကြည့်ပြီး အပြုံးဖြင့်ပြောသည်။

"မင်းခုနကဘာပြောခဲ့လဲ၊ ငါမင်းကို သတိပေးဖြိုလိုသေးလား"

ချင်းချန်ကလည်း ‌ချင်းယွန်ကို အပြုံးတ၀က်ဖြင့်ကြည့်နေသည်။

ကျိရှန်းယောင်ပင်လျှင် ပါးစပ်လေးကိုဖုံးကာရယ်မောနေလေရာ ပန်းပွင့်တစ်ရာ ပွင့်လန်းလာသည့်အလားပင်ထင်ရသည်။

သို့သော်ဘာပဲဖြစ်ဖြစ် သူတို့က ဒီဖြူဖွေးသန့်စင်ကာ စိမ်းလန်းသည့်ကြာပန်းလေးကို မယှဉ်နိုင်ကြပါ။

လုချန်ရှန်းကိုအံ့ဩသင့်သွားစေတာက ချင်းယွန်က တခြားမည်သည့်စကားမှမဆိုဘဲ တိုက်ရိုက်လျှောက်သွားပြီး လုချန်ရှန်းရှေ့တွင် ဒူးထောက်လိုက်လေသည်။

"အစ်ကိုလု၊ အရင်ကကျွန်တော်လူဆိုးနဲ့ လူကောင်းမမှတ်တော့လောက်တဲ့အထိ မှားယွင်းခဲ့ပါတယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ"

သို့စေကာမူ ချင်းယွန်ကအံကြိတ်ကာဒီစကားများကိုဆိုနေခြင်းပင်။ သူကခေါင်းငုံ့ထားသဖြင့် သူ့မျက်နှာပျက်ယွင်းနေတာကို မည်သူမှ မမြင်ရပေ။

အရမ်းရိုးရှင်းလွန်းတယ်!

ချင်းချန်ကလည်းအနည်းငယ်အံ့ဩသင့်သွားသည်။

ဒါက ငါ့ရဲ့မောက်မာပြီးအထက်ကြီးဆန်တဲ့ ညီလေးနဲ့မတူလိုက်တာ!

လုချန်ရှန်းတယောက်သာလျှင် မျက်ခုံးအနည်းငယ်ပင့်လိုက်မိသည်။

ဒီလူက တချို့မြို့ပြအစိုးရများထဲတွင် အဆိပ်ပြင်းသည့်မြွေ‌တကောင်ဖြစ်သည်။

အကယ်၍သတိမထားမိပါက ထွက်လာပြီး သေစေလောက်သည့်ကိုက်ချက်တခုကို ပေးလာပေလိမ့်မည်။

သို့စေကာမူ လုချန်ရှန်းဂရုမစိုက်ပေ။

မည်သို့ပင်ဖြစ်စေ ‌ချင်းယွန်က သူ့ပြိုင်ဘက်မဟုတ်ပါ။ ဒါ့အပြင် ဒီနေရာ၌ သတ်ဖြတ်ခြင်းက သေမျိုးကျေးရွာ၏ စည်းမျဉ်းများကို ချိုးဖျက်ခြင်းပင်။

သေမျိုးကျေးရွာ၌ သတ်ဖြတ်ခြင်းကို ခွင့်မပြုထားပေ။

သူက ဆန်းကြယ်အဝါရောင်ချီအတွက် ရောက်လာခြင်းသာ။

တယောက်ယောက်သူ့ကို မပေးဘူးဟုငြင်းလာပါက ဘာလုပ်၍ရတော့မည်နည်း။

လုယက်တာကအဆင်ပြေသော်လည်း ‌ဒါကနောက်ဆုံး‌နည်းလမ်းတော့မဟုတ်ပါ။

ပို၍တည်ငြိမ်စွာနေတာကပိုကောင်းမည်ဟု လုချန်ရှန်းခံစားနေရဆဲဖြစ်သည်။

ဤသည်ကိုတွေးမိသောအခါ လုချန်ရှန်းလက်ဝှေ့ယမ်းလိုက်သည်။

"ကောင်းပြီ၊ ကောင်းပြီ"

ချင်းယွန်ထရပ်ကာ လုချန်ရှန်းအား လက်နှစ်ဖက်ဆုပ်ပြပြီးနောက် နောက်ဆုတ်သွား၏။

ထိုအချိန်တွင် ဟဲရန်ကလည်းရောက်လာသည်။

"အရင်ကအတွက်တောင်းပန်ပါတယ်၊ နောက်ကျရင် မင်းကိုငါမလေးမစားမလုပ်တော့ပါဘူး၊ တချိန်တည်းမှာပဲ ငါက ငါက သေမျိုးကျေးရွာကနေ ဆန္ဒအလျောက် ထွက်ခွာပါမယ်"

ချင်းယွန်နှင့်ရှင်းလင်းသည့် လိုင်းတကြောင်းဆွဲခြင်းက နောက်လိုက်အဖြစ် သူ့ရပ်တည်မှုကိုဆုံးရှုံးကာ ထွက်သွားရပေတော့မည်။

ဒါကိုကြားသောအခါ လူတိုင်းက တုန်လှုပ်ချောက်ချားသွားကြ၏။

ရဲတင်းလိုက်တာ!

သေမျိုးကျေးရွာက ဒီလိုကြီးမားတဲ့အခွင့်အလမ်းတခုရှိတာတောင် လက်လျှော့ချင်တာလား!

ဟဲရန်တွေးတောနေတာကို လူတိုင်းသိကြပါသည်။

ဒီလိုပါရမီရှိတဲ့လူတွေကို ဘာလို့ရန်စနေရမှာလဲ!

ငါ့မှာအသက်အပိုပါတာမှမဟုတ်တာ!

အခွင့်အလမ်းကကြီးမားသော်လည်း ဒါအတွက် တိုက်ခိုက်ရန်လိုအပ်သည်။

အပိုင်း(470) coming။

All Chapters