← Chapters

#ရေကန်ထဲက အပြောင်းအလဲများ#

Vol. 33 Ch. 470

#ရေကန်ထဲက အပြောင်းအလဲများ#

Vol. 33 Ch. 470

ထိုအချိန်တွင် ချင်းချန်ရောက်လာပြီးသူ့၏ရွှင်ပျနေသောမျက်နှာကို ပြသလိုက်၏။

"ညီအစ်ကိုလု၊ မင်းကဒီလိုအဆင့်ကို ရောက်လိမ့်မယ်လို့ ငါတကယ်မထင်ထားခဲ့ဘူး"

"ဒီအရည်အချင်းမျိုးက တကယ်ကြောက်ဖို့ကောင်းတာပဲ"

လုချန်ရှန်းညင်သာစွာပြုံးရင်း ငြင်းမနေတော့ဘဲ မေးလိုက်သည်။

"ပထမစမ်းသပ်မှုကပြီးသွားပြီဆိုတော့ ဒုတိယစမ်းသပ်မှုကဘယ်မှာလဲ"

ချင်းချန်စကားမပြောသေးခင်မှာပင် ဘေးက ကျိချန်းယောင်က ညင်သာစွာလှုပ်ရှားကာ လုချန်ရှန်းဆီသို့လျှောက်လာပြီး နူးညံ့စွာပြောသည်။

"တည်နေရာကိုငါသိတယ်၊ အတူတူသွားကြရအောင်"

ကျောက်စိမ်းရေကန်က သူတော်စင်မက အပေါ်ယံ၌ လူများကိုသိမ်မွေ့စွာဆက်ဆံသော်လည်း မိုင်ထောင်ချီအဝေးကပင် လူများကိုငြင်းပစ်တတ်သည်။ ထိုကဲ့သို့သူက အမျိုးသားတစ်ယောက်က စကားပြောရန် ပဏာမခြေလှမ်းလှမ်းလာလေရာ လူတိုင်းအံ့ဩသင့်သွားကြရသည်။

ချင်းချန်ပင်လျှင် ခြေတလှမ်းနောက်ဆုတ်လိုက်မိပြီး လုချန်ရှန်း၏ပခုံးကို ရှင်းပြမရသည့်အမူအရာဖြင့် ပုတ်လိုက်လေသည်။

ချင်းချန်ဘာစဉ်းစားနေသလဲဆိုတာ လုချန်ရှန်းမသိပေ။

သူကနှလုံးသားထဲကလှောင်ပြောင်လိုက်၏။

အမျိုးသမီးလား!

ဟမ့်!

အမျိုးသမီးတွေက ငါငါးမျှားတာကိုပဲသက်ရောက်တယ်....အိုး၊ မဟုတ်ဘူး၊ ဓားထုတ်တဲ့အမြန်နှုန်းလည်းပါတယ်!

ရှေးခေတ်ကတည်းက ဒီ၀တ္ထုတွေရဲ့ဇာတ်လိုက် မိန်းမလူစွမ်းကောင်းတွေက မုန်းတီးမှုတွေကိုပဲ အများဆုံးဆွဲဆောင်တာလေ!

သူ့ရှေ့က အမျိုးသမီးက ပန်းချီကားထဲကနတ်သမီးတစ်ပါးအလား အလွန်အမင်းလှပသည်။

သို့သော်သူမ၏အလှတရားနှင့် ကျောက်စိမ်းရေကန်၏ သူတော်စင်မဟူသောဂုဏ်ပုဒ်က လုချန်ရှန်းအတွက် ဒုက္ခအများကြီးကိုသာ သယ်ဆောင်လာပေလိမ့်မည်။

ထို့နောက်လုချန်ရှန်း ပဏာမခြေလှမ်းလှမ်းကာ နောက်တလှမ်းဆုတ်ပြီးနောက် ကျိချန်းယောင်နှင့် အကွာအဝေးအနည်းငယ်ခြားလိုက်ပြီး အပြုံးဖြင့်ခေါင်းညိတ်သည်။

"ဒီလိုဆိုမှတော့ မိန်းကလေးကိုပဲ ဒုက္ခပေးရတော့မယ်"

လုချန်ရှန်း၏လှုပ်ရှားမှုကိုမြင်ရသောအခါ လူတိုင်းမိုးကြိုးဖြင့်ရိုက်ခံလိုက်ရသည့်အလား ထိုနေရာ၌ ကြက်သေသေနေကြသည်။

ဒီလူက......!

သူကသံတိုင်ကြီးလား!

ကျိချန်းယောင်ပင်လျှင် အနည်းငယ်အံ့ဩသင့်သွားပြီး လုချန်ရှမ်းအား စူးစမ်းလိုသည့်အသွင်ဖြင့် စိုက်ကြည့်ကာ အပြုံးဖြင့် ခေါင်းညိတ်ပြီးနောက် ထိုနေရာသို့ လျှောက်သွားသည်။

လမ်းတွင် ကျိချန်းယောင်ရှင်းပြသည်။

"သေမျိုးကျေးရွာရဲ့ ဒုတိယအတားအဆီးက မိုးထိကျောက်နံရံအပေါ် နားလည်နိုင်တဲ့ ကျွမ်းကျင်မှု ပမာဏကိုစမ်းသပ်တာ"

"ဒါကြောင့် ပထမစမ်းသပ်မှုမှာ အစွန်အဖျားလေးကို ထိခဲ့ကြတဲ့ လူအများစုက ဒုတိယစမ်းသပ်မှုမှာ ကျရှုံးကြလိမ့်မယ်"

လုချန်ရှန်းခေါင်းညိတ်သည်။

"ဒီလိုဆိုရင် အားနည်းတဲ့အစိမ်းရောင်အလင်းကိုရခဲ့တဲ့ကျင့်ကြံသူတွေက ကျရှုံးဖို့အတွက် ကပ်ဆိုက်တာပဲမလား"

ကျိချန်းယောင်တခစ်ခစ်ရယ်မောကာ ခေါင်းခါယမ်းသည်။

"သေချာပေါက်မဟုတ်ဘူးပေါ့၊ ဒုတိယစမ်းသပ်မှုက စုစုပေါင်းခုနှစ်ရက်ကြာတယ်လေ၊ ဒီခုနှစ်ရက်အတွင်း ချိုးဖျက်နိုင်တဲ့လူကအရမ်းနည်းပေမယ့် တချို့ကတော့ လုပ်နိုင်နေတုန်းပဲ"

"ဒါပေမယ့်မိန်းကလေးက ဘယ်လိုသိတာလဲ"

ကျိချန်းယောင်ပြောသည်။

"နန်းတော်က ရှေးဟောင်းစာအုပ်တွေထဲမှာ သေမျိုးကျေးရွာကို၀င်လာခဲ့တဲ့ ဘိုးဘေးတွေရဲ့မှတ်တမ်းတွေလည်းရှိတယ်လေ"

လုချန်ရှန်းခေါင်းညိတ်သည်။

ကြီးမြတ်သည့်ဂိုဏ်း၀င်များဖြစ်ရခြင်းက အတော်လေးသက်သာသည်။

တချို့လျှို့ဝှက်နယ်မြေနှင့် တားမြစ်နယ်မြေကလူများက လျှို့ဝှက်ချက်တချို့ကို ကြိုတင်သိနိုင်သည်။

ပထမစမ်းသပ်မှုကိုဖြတ်ကျော်ခဲ့ကြသည့်သူများက ရေကန်ငယ်လေးတခုသို့ ရောက်လာခဲ့ကြသည်။

၀န်းကျင်က စိမ်းလန်းစိုပြေနေသည်။

လေကန်ထဲက ရေများကအလွန်ပင်ကြည်လင်ပြီး အဝေးတနေရာကနေ သာမန်လူများဆိုလျှင်ပင် ရေကန်အောက်ခြေ၌ ပျော်ပျော်ကြီးကူခတ်နေသည့် ငါးနှင့် ပုဇွန်လေးများကိုပင် မြင်နိုင်သည်။

ရေကန်အပေါ်၌ ကျောက်စင်ကိုးခုရှိသည်။

ကျောက်စင်တခုစီက သုံးမီတာစီကွာသည်။

ကျင့်ကြံသူများအတွက်မူ ဒါကအရမ်းမကျယ်သဖြင့် ခြေလှမ်းတချက်တည်းဖြင့် ဖြတ်ကျော်နိုင်သည်။

မျက်နှာပြင်က တကယ်ပဲဒီလောက်ထိရိုးစင်းတာလား!

ရှိနေသည့်သူများအကြား မည်သည့်ကျင့်ကြံသူကမှ ဒါကိုပေါ့ပေါ့ဆဆဟု မမှတ်ယူသလို အေးဆေးတည်ငြိမ်သည့် မျက်နှာကိုလည်းမပြသကြပေ။

ဆန့်ကျင်ဘက်အနေဖြင့် သူတို့အားလုံးက ဂရုတစိုက်နေနေကြသည်။

ဘာလို့လဲ!

ဒါကသေမျိုးကျေးရွာဖြစ်ပြီး ထျန်းဟီကြယ်နတ်ဘုရားလာခဲ့သည့်နေရာလည်းဖြစ်သည်။

ဒဏ္ဍာရီအရ ထျန်းဟီကြယ်နတ်ဘုရား လက်ရှိအခြေအနေကိုရောက်နိုင်ခဲ့တာက သေမျိုးကျေးရွာက ထွက်လာနိုင်ခဲ့သောကြောင့်ပင်။

ဒီလိုဆိုပါက ဒီစမ်းသပ်မှုက ဘယ်လိုလုပ် ရိုးရှင်းတော့မည်နည်း။

ထိုအချိန်တွင် လူတယောက်ထရပ်သည်။

မိုးထိကျောက်နံရံအပေါ် သူ့၏အစိမ်းရောင်လင်း၀င်းမှုက ဟဲရန်ထက်မနိမ့်ကျသလို ပို၍ပင်မြင့်မားသည်။

သို့သော် သူကလုချန်ရှန်းနှင့် ကျိချန်းယောင်တို့ကို မယှဉ်နိုင်သေးပါ။

ထိုလူက လေးနက်သည့်အမူအရာဖြင့် ရေကန်ဆီသို့ရောက်လာပြီး ကြိုးစားရန် အဆင်သင့်ဖြစ်လေသည်။

လူအုပ်စုကြီး၏အကြည့်အောက်တွင် သူကတချက်တည်းဖြင့်ခုန်ကာ ပထမကျောက်စင်ပေါ်သို့ရောက်လာခဲ့သည်။

သို့စေကာမူ သူကျောက်စင်ပေါ်သို့ တက်လိုက်သည်နှင့်တပြိုင်နက် ကောင်းကင်ထက်တွင် သူ့အားပျံသန်းရာကနေ တားဆီးနေသည့် မမြင်ရသောအားတခုရှိနေတာကို သူခံစားလိုက်ရသည်။

ဒါကတားမြစ်နေရာတခုဖြစ်သည်။

ထိုလူကအနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီးနောက် ရှေ့သို့လှမ်းကာ ဒုတိယကျောက်စင်ပေါ်သို့ သွားချင်နေသည်။

သို့စေကာမူ ထိုအချိန်တွင် ငြိမ်သက်နေသည့်ရေကန်က ရုတ်တရက်အပြောင်းအလဲများဖြင့် ပြည့်နှက်သွားခဲ့သည်။

ထိုအချိန်က ရှေးဟောင်းရေကန်က မည်သည့်လှိုင်းမှပင်မရှိသော်လည်း ထိုအခိုက်အတန့်၌ ပေါက်ကွဲမည့်ပုံပေါ်လာပြီး မရေမတွက်နိုင်သောရေတိုင်များအဖြစ် မြင့်တက်လာကြပြီး လေထဲတွင်ရှိသည့် လူထံသို့ ထိုး၀င်လာကြသည်။

ထိုလူ၏မျက်နှာကပြောင်းလဲသွား၏။

သို့သော်သူကထိတ်လန့်မသွားခဲ့ပေ။ မည်သို့ပင်ဆိုစေကာမူ သူက ကောင်းကင်သားတော်အဆင့်ပါရမီရှင်ဖြစ်သည်။

သူကမိုးပျံနဂါးနည်းစနစ်ကို တိုက်ရိုက်အသုံးပြုသောအခါ သူ့ကိုယ်ခန္ဓာက ရေတိုင်ထဲတွင် ခေါက်တုံ့ခေါက်ပြန် သွားလာနေသည့် ရေချိုးငါးတစ်ကောင်အလားပင်။

လူတိုင်းဒီမြင်ကွင်းကိုမြင်သောအခါ စိတ်သက်သာရာရသွာသက်ပြင်းချကြ၏။

"ကြည့်ရတာ ဒီစမ်းသပ်မှုက အရမ်းကြီးမခက်ပါဘူး"

"အင်း၊ အပြင်လောကက သေမျိုးကျေးရွာကို အရမ်းချဲ့ကားထားတာပဲဖြစ်မယ်"

"ဒါပဲဆိုရင် ငါလည်းလုပ်နိုင်ပါတယ်"

ကျိချန်းယောင်တယောက်သာလျှင် ညင်သာစွာခေါင်းခါယမ်းသည်။

"သူကျရှုံးတော့မယ်"

ဟမ်!

ဘေးက ချင်းချန်အနည်းငယ်လန့်သွားသည်။

လုချန်ရှန်းကလည်း ရေရွတ်သည်။

"ကျရှုံးသွားတာပဲ"

ဘာလို့ကျရှုံးသွားရတာလဲ!

ဒါကအရမ်းချောမွေ့နေတာပဲမလား!

ထိုအချိန်တွင် ရေတိုင်များကပေါက်ကွဲသွားပြီး ရေစက်များက ထိုလူ၏ကိုယ်ပေါ်သို့ ပြတ်တောင်းပြတ်တောင်းပက်ဖြန်းသွား၏။

ထိုလူ၏မျက်နှာက ရုတ်တရက်ပြောင်းလဲသွားသည်။

ဒီရေစက်များက ဂျင်တစ်သောင်းခန့်လေးပုံရသည်။

ရေစက်များစွာကသူ့ကိုယ်ပေါ်သို့ ကျလာသောအခါ သူကတောင်ပေါင်းများစွာကို ပခုံး၌တင်ထားရသည့်အလား ခံစားလိုက်ရပြီး ခုခံရန်အတွက်နေရာမရှိဘဲ ထိုရေစက်များကြောင့် ရေကန်ထဲတွင် တိုက်ရိုက်ပစ်ချခံရသည်။

လူတိုင်းဒါကိုမြင်သောအခါ ကြက်သေသေသွားကြလေတော့သည်။

"ဒီရေကန်ထဲကရေမှာပြဿာနာတခုခုရှိနေတယ်"

"ရေတိုင်ကိုကျော်ဖြတ်နိုင်ရင်တောင် ရေစက်တွေကို ထိလို့မရဘူး"

ကောင်းကင်ထိထိုးတက်လာသည့် ရေတိုင်များကိုကြည့်နေစဉ် ရေစက်များက မက်မွန်ပွင့်များပွင့်လာသည့်အလား အောက်သို့ ပက်ဖြန်းကျဆင်းလာပြီး ဟာကွက်ဟူ၍ မရှိသလောက်ပင်။

ဤသည်ကိုမြင်သောအခါ လူတိုင်းက ခေါင်းကိုက်ဝေဒနာကိုပင်ခံစားလိုက်ကြရသည်။

ဒါကသူတို့သေမျိုးကျေးရွာအား လျှော့တွက်မိသည့်နည်းလမ်းဆိုသည်မှာ သေချာသည်။

ထိုလူကလည်း ကမ်းခြေသို့ အတော်လေးရှက်နေသည့်အမူအရာဖြင့်တက်လာသည်။

သူ့မျက်နှာကအတော်လေးကြည့်ရဆိုးနေသည်။

သူဒုတိယကျောက်စင်ကိုပင်မရောက်နိုင်တာက အရမ်းရှက်စရာကောင်းသည်။

ချက်ချင်းဆိုသလို လူများစွာက စမ်းသပ်ကြည့်ချင်လာကြသည်။

"ဒါက ကြိုးကြာသံစဉ်မြို့က ကျန်းဟီပဲ၊ သူတို့က ရုပ်ပိုင်းဆိုင်ရာစွမ်းရည်တွေမှာ အရမ်းကျော်ကြားကြတယ်"

"မိုးပျံနန်းတော်သခင်ဘိုယွန်ကလည်း အတော်လေးအရည်အချင်းရှိတယ်"

....

သို့စေကာမူ ထိုပါရမီရှင်များက မည်မျှပင် အားကောင်းပါစေ ဒုတိယကျောက်စင်ကိုပင် သူတို့မတက်နိုင်ခဲ့ကြပေ။

ဤသည်အပြင် ရေကန်ထဲတွင် ကျောက်စင်ကိုးခုတိတိရှိသည်။

ဒါကိုဘယ်လိုကျော်လွှားမလဲ!

ထိုစဉ် ကျိချန်းယောင်‌ထွက်လာသည်။

"ကျောက်စိမ်းရေကန်သူတော်စင်မက လှုပ်ရှားတော့မှာလား"

"သူဘယ်လောက်ဖြတ်ကျော်နိုင်မလဲဆိုတာ ငါမသိဘူး၊ ဘာပဲဆိုဆို သူပြသခဲ့တဲ့ အစိမ်းရောင်အလင်းအဆင့်က ဟိုလူနောက်မှာ ဒုတိယပဲလိုက်တာလေ"

"အဲဒါကပြဿာနာတခုမဟုတ်ပါဘူး၊ ကျောက်စိမ်းရေကန်သူတော်စင်မက အတော်လေးအရည်အချင်းရှိတယ်၊ ဒီဒုတိယစမ်းသပ်မှုက သူ့အတွက် အရမ်းကြီးခက်ခဲမှာမဟုတ်ဘူး"

ကျိချန်းယောင်က ကျောက်စင်ပေါ်သို့ ပျံသန်းသွား၏။

တုံ့တိုင်းမနေတော့ဘဲ သူမက မိုးပျံနဂါးနည်းစနစ်ကိုအသုံးပြုကာ ဒုတိယကျောက်စင်ပေါ်တက်လှမ်းလိုက်သည်။

ရေကန်ကပေါက်ကွဲလာပြီး ရေတိုင်များက ကောင်းကင်သို့ထိုးတက်လာကြသည်။

ရေစက်များက မက်မန်ပွင့်များက မိုးသီးများပမာ ကျဆင်းလာသည့်အလား ကျိချန်းယောင်ထံ ကျလာသည်။

ထိုအချိန်တွင် ကျိချန်းယောင်၏ပုံရိပ်က ဆက်လက်ပြောင်းလဲနေပြီး အမြန်နှုန်းကလည်း ထိုးတက်သွား၏။

မိုးပျံနဂါးနည်းစနစ်၏ပထမအဆင့်၊ အရှေ့ပိုင်းနဂါး!

လုချန်ရှန်းအသာအယာခေါင်းညိတ်သည်။

မဆိုးဘူး!

အရင်ကလူများနှင့်ယှဉ်ပါက အနည်းဆုံးတော့ သူမက နည်းစနစ်၏ပထမအဆင့်ကို နားလည်သဘောပေါက်ခဲ့သည်။

အပိုင်း(471) coming။

All Chapters