#ချင်းယွန်၏ အလစ်တိုက်ခိုက်မှု#
Vol. 33 Ch. 471
လူတိုင်းက ကျိချန်းယောင်၏ ခမ်းနားသည့်ကိုယ်ဟန်အမူအရာကို အားကျကြသည်။
"သူကပထမအဆင့်ကိုတောင်ထိနေပြီဆိုတော့ ကျောက်စိမ်းရေကန်သူတော်စင်မဖြစ်ထိုက်ပါပေတယ်"
"ဒီလိုဆိုရင် ဒီကျောက်စင်က သူ့အပေါ် ဘာခြိမ်းခြောက်မှုမှရှိမှာမဟုတ်တော့ဘူး"
မျှော်လင့်ထားသည့်အတိုင်းပင် ကျိချန်းယောင်က ဒုတိယကျောက်စင်ပေါ်သို့ အလွန်အမင်းမြန်ဆန်သည့်နှုန်းဖြင့် ရောက်လာသည်။
သူမ၏ကိုယ်၌ရေတစက်လေးပင်မရှိပါ။
ချက်ချင်းဆိုသလို ကျိချန်းယောင်ရပ်မနေဘဲ မိုးပျံနဂါးနည်းစနစ်ကို ဆက်လက်အသုံးပြုနေသည်။
သူမကအသက်ရှုကြိမ်တကြိမ်အတွင်း ကျောက်စင်ကိုးခုကိုဖြတ်ကျော်ချင်သည်။
တတိယကျောက်စင်!
ကျောက်စင်၄!
သူမကျောက်စင်၅သို့တက်သောအခါ ရေကန်ထဲမှ ရေတိုင်များထွက်လာခြင်းမရှိတော့ပါ။
သို့သော် ရေကန်ထဲရှိငါးနှင့်ပုဇွန်များက ဆူပူအုံကြွသွားသည့်အလား ထွက်လာကြပြီး ကျိချန်းယောင်၏ကိုယ်ကိုရိုက်လိုက်ကြသည်။
ထိုငါးနှင့်ပုဇွန်များက သေးငယ်တာ သိသာထင်ရှားသော်လည်း ထိုအချိန်တွင် ဧရာမတူများအလား လေနှင့်မိုးကြိုး၏အရှိန်ကို ယူလာပြီး ကျိချန်းယောင်ဆီသို့ ပစ်လွှတ်လိုက်ကြ၏။
ကျိချန်းယောင်၏အမူအရာကအနည်းငယ်ပြောင်းလဲသွားပြီး ချက်ချင်းဆိုသလို ကိုယ်ခန္ဓာကျွမ်းကျင်မှုများကိုသုံးကာ ရှောင်တိမ်းနေသည်။
သို့သော် ဒီကျောက်စင်လေးက နေရာအတော်ကျဉ်းမြောင်းသည်။
ထောင်ချီသောငါးနှင့်ပုဇွန်လေးများက ကျိချန်းယောင်ဆီသို့ အလွန်အမင်းမြန်ဆန်သည့်နှုန်းဖြင့်ရောက်လာကြသည်။
ဒါကိုဘယ်လိုလုပ်အလွယ်တကူရှောင်ရှားနိုင်မည်နည်း။
တခဏအကြာတွင် ကျိချန်းယောင်က ရေကန်ထဲပစ်ချခံရသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ လူတိုင်းက လေးနက်သွားကြ၏။
ကျိချန်းယောင်တောင်မှကျရှုံးတာလား!
ဒီအဆင့်ကအရမ်းမကြမ်းလွန်းဘူးလား!
ချင်းချန် လေးလံစွာသက်ပြင်းချပြီး လုချန်ရှန်း၏ပခုံးကို ပုတ်လိုက်၏။
"ကြည့်ရတာဒါကအဆုံးသတ်ဖြစ်ပုံပဲ"
"ဒါပေမယ့်ကိစ္စမရှိပါဘူး၊ ဒီနေရာမှာ ငါက ချင်းယွန်ထက်ပိုကောင်းအောင် လုပ်နိုင်ခဲ့တာပဲလေ၊ မိသားစုခေါင်းဆောင်နေရာကို အနိုင်ရအောင် လုပ်ပေးတဲ့အတွက် အစ်ကိုလုကို တကယ်ကျေးဇူးတင်ပါတယ်"
ဘေးကချင်းယွန်ကထိုစကားလုံးများကို ကြားသောအခါ ဆိုးယုတ်သည့်အကြည့်တချက်က သူ့မျက်လုံးများ၌ထင်ဟပ်သွား၏။
လုချန်ရှန်း၏မျက်နှာ၌ ထူးဆန်းသည့်အမူအရာတစ်ခုပေါ်လာသည်။
တာကော၊ ငါစမ်းတောင်မစမ်းရသေးဘူးလေ!
ကျိချန်းယောင်က ကမ်းခြေသို့ရောက်လာပြီး ရေစိုနေသည့်စကတ်ရှည်ပေါ်က ရေများကို အငွေ့ပျံသွားစေရန်အတွက် အော်ရာကို အသုံးပြုပြီးနောက် လုချန်ရှန်းထံ လျှောက်လာသည်။
"ဒီရေကန်ကထူးဆန်းတယ်၊ နင်ဂရုစိုက်ဖို့လိုတယ်"
လုချန်ရှန်းခေါင်းညိတ်ပြီး ရှေ့တိုးသွား၏။
ဒီမြင်ကွင်းက လူတိုင်း၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။
သူတို့ကလည်းသိချင်နေကြသည်။
မိုးထိကျောက်နံရံပေါ်၌ ကြောက်မက်ဖွယ်အမြင်နှင့်အတူထိုးဖောက်ခဲ့သည့်ဒီလူက ဘယ်အဆင့်အထိရောက်နိုင်မည်နည်း။
သို့သော် ဒါက ကျောက်စိမ်းရေကန်သူတော်စင်မထက် အနည်းငယ်မျှ ပိုကောင်းနေတာလည်းဖြစ်နိုင်သည်။
မည်သို့ပင်ဆိုစေကာမူ ဒီအဆင့်က အရမ်းခက်ခဲသည်။
လုချန်ရှန်း သူ့၀န်းကျင်က လူများ၏အကြည့်ကို အာရုံစိုက်မနေတော့ဘဲ လက်အစုံကိုကျော၌ချကာ ပထမကျောက်စင်ပေါ်သို့ တက်လိုက်၏။
ချက်ချင်းဆိုသလို ရေကန်ကပေါက်ကွဲကာ ရေတိုင်များက ကောင်းကင်ပေါ်သို့ ထိုးတက်လာသည်။
မက်မန်ပွင့်များပမာရေစက်များက လုချန်ရှန်းထံသို့ဖိနှိပ်ကျဆင်းလာကြ၏။ ဒီရေစက်များက တိုင်တောင်တန်းကဲ့သို့ လေးလံလှသည်။
လုချန်ရှန်းစိတ်အေးချမ်းနေပုံရသည်။
သူက ဥယျာဉ်ထဲတွင်လမ်းလျှောက်နေသည့်အလား ရေစက်ထဲက ဟာကွက်များကို ဖြတ်ကျော်သွားခဲ့သည်။
လူတိုင်းဒီမြင်ကွင်းကိုလက်ခံကြသော်လည်း ကျိချန်းယောင်တယောက်တည်းသာလျှင် အနည်းငယ်ဆွံအနေသည်။
သူတကယ်ပဲ မိုးပျံနဂါးလှုပ်ရှားမှုရဲ့ ပထမအဆင့်ကိုပြောင်းလဲပစ်ခဲ့တာလား!
ပြီးတော့ ဒါက မိုးထိကျောက်နံရံမှာ မှတ်တမ်းတင်ထားတဲ့ မူလနည်းစနစ်ထက်တောင် ပိုပြီးပြီးပြည့်စုံနေပုံပဲ!
ဒါကိုဘယ်လိုလုပ်ခဲ့တာလဲ!
လုချန်ရှန်းပုံရိပ်ကလုံး၀ရပ်တန့်ခြင်းမရှိပေ။
မကြာမီ သူက ကျိချန်းယောင်ရေထဲသို့ ကျသွားသည့်နေရာသို့ရောက်လာခဲ့သည်။
ငါးထပ်မြောက်ကျောက်စင်!
သူရပ်တန့်မနေဘဲ ခြောက်ထပ်မြောက်ကျောက်စင်ဆီသို့ တက်လှမ်းလိုက်၏။
လူတိုင်းဒီမြင်ကွင်းကိုအနီးစပ်စိုက်ကြည့်နေကြသည်။
ဒီနေရာက စမ်းသပ်မှု၏ခက်ခဲမှုက အရည်အသွေးပိုင်းဆိုင်ရာပြောင်းလဲမှုတခုကို ကူးပြောင်းသွားပုံရသည်။
ငါးနှင့်ပုဇွန်အသေးစားအများအပြားက ရေကန်ထဲကနေထွက်လာကြပြီး လုချန်ရှန်းထံ တိုက်ခိုက်၀င်ရောက်လာကြ၏။
လုချန်ရှန်းဖြတ်ကျော်နိုင်မှာလား!
ဒါမှမဟုတ် သူတော်စင်မလေးလိုမျိုး ရေကန်ထဲပစ်ချခံရမှာလား!
ဘယ်သူမှမရှိကြပါ။
သို့သော်လုချန်ရှန်း၏မျက်နှာကမူ တည်ငြိမ်နေပြီး လက်နှစ်ဖက်ကို ကျောတွင်ထားထားသည်။
သို့စေကာမူ ကိုယ်ဟန်က ပြောင်းလဲသွားပြီး နဂါးတကောင်ကိုယ်ဟန်နှင့်တူလာသည်။
နဂါးအရိပ်တခုက လုချန်ရှန်းဘေးတွင် ကူးခတ်ရင်း ဟိန်းလိုက်လေသည်။
လူတိုင်းတုန်လှုပ်ချောက်ချားသွားကြ၏။
"မိုးပျံနဂါးနည်းစနစ်ရဲ့ဒုတိယအဆင့်"
"သူကတကယ်ပဲ နဂါးပြောင်းလဲမှုကို နားလည်နိုင်ခဲ့တာပဲ"
"မိုးထိကျောက်နံရံရှေ့မှာ သူနားလည်အောင်လုပ်တာဘယ်လောက်ကြာခဲ့လို့လဲ၊ ဒါတောင် ဒုတိယအဆင့်ကိုနားလည်နေပြီလား"
ဒါဘယ်လိုအစွမ်းထက်ပါရမီမျိုးလဲ!
ကျိချန်းယောင်တယောက်သာလျှင် မအံ့ဩခဲ့ပါ။
မိုးထိကျောက်နံရံကို ယခုလိုကြီးကြီးမားမား နှိုးဆွပြီးနောက်တွင် ဒီအရေးပါမှုကို သူကဘယ်လိုလုပ်နားမလည်နိုင်ဘဲနေမည်နည်း။
ချင်းယွန်၏မျက်နှာ၌ ဆိုးယုတ်သည့်အမူအရာတခုရှိနေသည်။
မင်းမိသားစုခေါင်းဆောင်ရာထူးကို ဆက်ခံချင်မှတော့ ငါလည်းဒီလိုပဲလုပ်ရတော့မှာပေါ့!
ဤသည်ကိုတွေးတောပြီးနောက် ချင်းယွန်သူ့လက်ထဲက သိုလှောင်လက်စွပ်ကို ထိလိုက်၏။
ငါးနှင့်ပုဇွန်များ၏ ခြယ်လှယ်နိုင်စွမ်းရှိသောပမာဏက လုချန်ရှန်းထံသို့ ဒုံကျဉ်များပမာပြေး၀င်လာကြ၏။
လုချန်ရှန်း မိုးပျံနဂါးတကောင်အဖြစ် ပြောင်းလဲသွားပြီး အမြန်နှုန်းကလည်း ထိုးတက်သွားခဲ့သည်။
တချိန်တည်းမှာပင် သူ့ပုံရိပ်က ပို၍ပင်ခန့်ညားလာသည်။ သာမန်ကျင့်ကြံသူများက လုချန်ရှန်း၏လှုပ်ရှားမှုများကို လုံး၀မမြင်နိုင်တော့ပါ။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူက လွှမ်းမိုးနေသည့်ငါးနှင့်ပုဇွန်များကိုဖြတ်ပြီး ဆဌမကျောက်စင်ကိုပင် ခုခံနေလေပြီ။
ပြီးသွားပြီ!
သူက ကျောက်စိမ်းရေကန်က သူတော်စင်မလေးရဲ့ရလဒ်ကို ကျော်သွားပြန်ပြီလား!
ချင်းချန်၏မျက်လုံးများကထိတ်လန့်နေပြီး သူ့နှလုံးသား၌ပီတိဖြာနေသည်။
ကြည့်ရတာငါ့ကံတရားက အရမ်းကောင်းပုံပဲ!
မူလက သူကသေနေသည့်မြင်းတကောင်ကို အသက်ရှင်နေသည့်မြင်းဆရာ၀န်အဖြစ် ဆက်ဆံရန်စိတ်ကူးခဲ့သော်လည်း အခုတော့ သူ့ကို အံ့ဩစရာကြီးတခုပေးလာလေပြီ။
လူတိုင်း၏ရူးသွပ်ဖွယ်ရာစိတ်ကူးယဉ်သည့်ဖြစ်စဉ်အတွင်း လုချန်ရှန်းရှေ့သို့ ဆက်သွားနေသည်။
ချက်လျင်းဆိုသလို သူကငါးဆင့်ဖြတ်ကျော်ပြီး ဗိုလ်ချုပ်ခြောက်ဦးကိုသတ်ပစ်ကာ အဌမကျောက်စင်ကိုရောက်လာသည်။
နောက်ဆုံးတခုတည်းသာကျန်တော့သည်။
ဖြတ်ကျော်နိုင်ပါက ချောမွေ့စွာရှေ့ဆက်နိုင်ပေလိမ့်မည်။
ရှိနေကြသည့်ကျင့်ကြံသူတိုင်းက ထိုမြင်ကွင်းကို မျက်လုံးပြူးကျယ်စွာ စိုက်ကြည့်နေကြသည်။
ဒီလူက ငါတို့ကို အလန့်တကြားဖြစ်အောင်လုပ်ဖို့ သက်သက်လာတာလား!
သို့စေကာမူ လူတိုင်းသိတာက စမ်းသပ်မှု၏နောက်ဆုံးအခိုက်အတန့်တွင် ခက်ခဲမှုက ပို၍များမြောင်စွာ တိုးလာပေလိမ့်မည်။
ထင်ထားသည့်အတိုင်းပင် လုချန်ရှန်းတက်လိုက်သည်နှင့်တပြိုင်နက် ရေကန်က တဟုန်ထိုးတိုးတက်လာခဲ့သည်။
ကြောက်ခမန်းလိလိလှိုင်းအလွှာများရှိနေပြီး လုချန်ရှန်းထံတိုး၀င်လာကြ၏။
ဟာကွက်အနည်းငယ်မျှပင်မရှိချေ။
ဒါကိုသူဘယ်လိုလုပ်မှာလဲ!
ကျိချန်းယောင်ပင်လျှင် ထူးဆန်းစွာပြုံးနေမိသည်။
ဒါကအဆုံးသတ်များလား!
လုချန်ရှန်းဒီမြင်ကွင်းကိုမြင်သောအခါ တချက်စိုက်ကြည့်ပြီးနောက် သူ့ပုံရိပ်က လှုပ်ရှားသွား၏။
ထို့နောက် မိုးပျံနဂါးကိုယ်ထည်ကျင့်စဉ်က တတိယအဆင့်ဖြစ်သည်အားသုံးလိုက်သည်။
နဂါးပျံ!
သူကနဂါးတကောင်အဖြစ်ပြောင်းလဲသွားပြီး မိုးပျံနဂါးတကောင်အလား မုန်တိုင်းထန်နေသည့်ပင်လယ်ထံ တိုက်ရိုက် ပြေး၀င်သွား၏။
ချင်းချန်မျက်လုံးမှိတ်လိုက်မိသည်။
ဒါကကိုယ့်ကိုကိုယ်သတ်သေတာလား!
ဒါပေမယ့် ဒီလိုဆိုရင်တောင် ငါဘာများလုပ်နိုင်မှာလဲ!
ဝိုင်းရံထားတဲ့ကွန်ရက်ကိုဖြစ်ပေါ်စေတဲ့ မုန်တိုင်းထန်တဲ့လှိုင်းတွေကို ကျော်လွှားနိုင်မှာတဲ့လား!
ပြီးတော့အဲဒါကတားမြစ်နေရာတခုလည်းဖြစ်နေသေးတယ်!
ဒီလိုအမြန်ပြေးသွားရလား!
ထိုစဉ် လုချန်ရှန်း၏ကိုယ်က ရုတ်ချည်းဆိုသလို ပျောက်ကွယ်သွား၏။
ပျောက်ကွယ်သွားသည်နှင့်တပြိုင်နက် အဌမကျောက်စင်ပေါ်၌ ကောင်းကင်ဖြိုခွဲ နဂါးအောါသံတခုထွက်လာခဲ့သည်။
မိုးပျံနဂါးအော်သံ!
လူတိုင်းခြေလှမ်းတ၀က်ခန့်ဆုတ်လိုက်ကြသည်။
လုချန်ရှန်း ရေအတားအဆီးရှိရာသို့ ပြေးသွားသောအခါ ငွေရောင်အလင်းတခုက လုချန်ရှန်းနောက်ကျောသို့ပစ်၀င်လာသည်။
ဒါကဓားတလက်ဖြစ်သည်။
ငွေဓားပေါ်၌ မိစ္ဆာအငွေ့အသက်များက ကပ်လျက်ပါနေသည်။
ထိုလူက ချင်းယွန်ပေတည်း။
ကျိချန်းယောင်အလျင်အမြန် အသိပေးလိုက်သည်။
"သတိထား"
ချင်းချန်၏မျက်လုံးများက ပေါက်ကွဲလုမတတ်ဖြစ်နေသည်။
ဒီကောင်မှာစွမ်းအားအသစ်က ဘယ်လိုလုပ်ပေါ်ပေါက်လာရတာလဲ!
ပြီးတော့ အစ်ကိုလုရှေ့မှာ ကြောက်စရာလှိုင်းတွေကလည်းရှိသေးတယ်!
ဒါကိုဘယ်လိုရှောင်ရှားမှာလဲ!
လူတိုင်းနောင်တရနေကြ၏။
ဒီပြိုင်ဘက်ကင်းပါရမီရှင်၊ ကျောက်စိမ်းရေကန် သူတော်စင်မကိုတောင် ကျော်ဖြတ်နိုင်တဲ့ ပါရမီရှင်က ကျဆုံးရတော့မှာလား!
သို့သော် လုချန်ရှန်း၏မျက်နှာက လုံး၀ပြောင်းလဲသွားခြင်းမရှိချေ။
သူကပြင်ဆင်ထားသည့်ပုံပင်။
သူ့နောက်မှ ဓားဆန္ဒတခုထိုးထွက်လာပြီး ငွေဓားကိုတိုက်ရိုက်ပင် ဖျက်ဆီးပစ်သည်။
ချက်ချင်းဆိုသလို ထိုဓားဆန္ဒက ချင်းယွန်၏မျက်ခုံးကို တိုက်ရိုက်ပင် ထိုးဖောက်သွား၏။
အပိုင်း(472) coming။