← Chapters

#မြူခိုးနက်ထဲတွင်#

Vol. 33 Ch. 472

#မြူခိုးနက်ထဲတွင်#

Vol. 33 Ch. 472

ရုတ်တရက်အလစ်သုတ်တိုက်ခိုက်ခြင်း!

လူတိုင်းတုန်လှုပ်ချောက်ချားသွားကြ၏။

ချင်းယွန်က လုချန်ရှန်းကို ဒီအခိုက်အတန့်တွင် သတ်ရန်အတွက် ရန်စလာလိမ့်မည်ဟု သူတို့မထင်ထားခဲ့ကြပေ။

ခွန်အားအဟောင်းက ကုန်ခမ်းသွားတော့ ခွန်အားအသစ်ကို ထုတ်သုံးလာတာလား!

ထိုအချိန်က လုချန်ရှန်းကလည်း ကျောက်စင်ကို မည်သို့မည်ပုံဖောက်ထွင်းရမည်ကို အာရုံစိုက်နေသည့်အချိန်လည်းဖြစ်သည်။

ချင်းယွန်ကအောင်မြင်ပြီး ခေတ်သစ်မျိုးဆက်၏မြင့်တက်လာသောပါရမီရှင်က ကျဆုံးလိမ့်မည်ဟု လူတိုင်းယုံကြည်သည်။

ကျိချန်းယောင် သူမ၏ငွေသွားများဖြင့် အံတင်းတင်းကြိတ်လိုက်ပြီး လက်ဖဝါးတချက်ရိုက်ထုတ်လိုက်သော်လည်း အရမ်းနောက်ကျသွားခဲ့ပြီဖြစ်သည်။

ဆိုးယုတ်သည့်အော်ရာကိုသယ်ဆောင်ထားသည့် ငွေဓားက လုချန်ရှန်းထံပျံသန်းသွားတာကို သူမအကူအညီမဲ့စွာကြည့်နေရုံသာ တတ်နိုင်တော့သည်။

သို့သော် လူတိုင်းက လုချန်ရှန်းအစွမ်းမဲ့နေပြီဟုတွေးထင်နေခိုက် လုချန်ရှန်းက ရုတ်တရက် စိတ်အာရုံကိုပြောင်းပစ်သည်။

သူ့နောက်ကျော၌သိပ်သည်းကျုံ့နေသည့်ဓားဆန္ဒက ချင်းယွန်၏အလစ်သုတ်တိုက်ခိုက်သည့်အစီအစဉ်ကို ကွဲအက်သွားစေသည်သာမက သူမတုံ့ပြန်နိုင်ခင်မှာပင် မျက်ခုံးကြားသို့ တိုက်ရိုက်ထိုးဖောက်ကာ ပျက်စီးသွားစေသည်။

သို့သော် ဒီအချိန်တွင် သူကကောင်းကင်ရှိ လွှမ်းမိုးခြယ်လှယ်နေသည့်လှိုင်းများကို မည်သို့မည်ပုံ ‌ဖောက်ထွင်းတော့မည်နည်း။

ကျိချန်းယောင် အကူအညီကင်းမဲ့စွာ ခေါင်းခါယမ်းလိုက်သည်။

ချင်းချန်ကလည်း ခါးသီးစွာပြုံးရင်း သူ့ကိုနှစ်သိမ့်ပေးသည်။

"အစ်ကိုလု၊ ခုနှစ်ရက်ကျန်ပါသေးတယ်၊ မင်းခွန်အားကိုအရင်ဆုံးချွေတာထားပါဦး"

သို့သော်လုချန်ရှန်းကကြားပုံမရပေ။

ချင်းယွန်ကိုသတ်သည့်ဓားချက်က ဘေးသို့ပင်မကြည့်ဘဲ အလွယ်တကူလုပ်ပစ်ခဲ့ပုံရပြီး သူ့ပုံရိပ်ကမရပ်သေးပေ။

ထို့နောက် မိုးပျံနဂါးတကောင်၏ကိုယ်ဟန်အဖြစ်ပြောင်းလဲသွားကာ မုန်တိုင်းထန်နေသည့်လှိုင်းများထဲသို့ တိုက်ရိုက်ပြေး၀င်သွား၏။

ထို့ထဲတွင် ဟာကွက်ဟူ၍မရှိပါ။

ရှိနေသည့်လူတိုင်းက အကူအညီမဲ့စွာ ခေါင်းခါယမ်းကြသည်။ ဒါကို ကျရှုံးသည်ဟု ခန့်မှန်း၍ရသည်။

ဒါပေမယ့်ဘာလို့ရေထဲကို ကျသွားတဲ့အသံမပေါ်လာရသေးတာလဲ!

လူတိုင်းဆန့်ကျင်ဘက်ကမ်းခြေသို့ ကြည့်လိုက်ကြ၏။

ရုတ်တရက်ဆိုသလို မိုးကြိုးတစင်းထိမှန်သွားသည့်အလား သူတို့၏မျက်နှာများက အေးခဲသွားကြသည်။

တခြားတဘက်တွင် ကိုယ်ပေါ်၌ ရေစက်တစက်လေးမျှပင်မရှိသည့် အဖြူ၀တ်လူတစ်ယောက်ကို သူတို့တွေ့လိုက်ရသောကြောင့်ပင်။

သူကပေါ့ပါးစွာလွင့်မြောနေပြီး ကမ္ဘာကြီးထဲဆင်းသက်လာသည့် ပြည်နှင်ဒဏ်ပေးခံရသော နတ်သားတပါးအလားထင်ရသည်။

ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!

တခြားလူရဲ့နှောက်ယှက်တာကိုခံရပြီးတာတောင် ကိုးထပ်မြောက်ကျောက်စင်ကို ထိုးဖောက်နိုင်ခဲ့တာလား!

ကျိချန်းယောက်၏မျက်လုံးများ၌ တောက်ပသည့်အကြည့်တချက်ပေါ်လာသည်။

ဒီလူကဘယ်နေရာကလာခဲ့တာလဲ!

ငါဘာလို့အရင်ကသူ့အကြောင်းကို တခါမှမကြားဖူးရတာလဲ!

တခြားတဘက်တွင် လုချန်ရှန်း၏အကြည့်ရှေ့၌ သက်လတ်ပိုင်းအရွယ်လူသုံးယောက်ပေါ်လာကြသည်။

ထိုသက်လတ်ပိုင်းအရွယ်သုံးယောက်က သေမျိုးကျေးရွာမှ ရွာသားများဖြစ်ကြ၏။

တစ်ယောက်ကပြောသည်။

"မင်းကျေးရွာထဲမှာ လူသတ်မှုကို ဖြစ်စေခဲ့တာလား"

လုချန်ရှန်းပြောသည်။

"သူကကျုပ်ကိုသတ်ချင်တယ်၊ ဒီတော့ ကျုပ်ကလည်း ဒီနေရာမှာထိုင်ပြီးသေခြင်းတရားကို စောင့်မနေနိုင်ဘူးလေ၊ ကျုပ်က သူတော်စင်မှမဟုတ်တာ"

သတ်ရန်ကြိုးစားသည့်သူတိုင်း အမြဲအသတ်ခံရမည်သာ။

မကောင်းမှုကို ဂုဏ်သိက္ခာနှင့်ပြန်ဆယ်ခြင်း!

ဒါကမိုက်မဲတဲ့အပြုအမူပဲ!

သက်လတ်ပိုင်းအရွယ်လူသုံး‌ယောက်က ထိုစကားလုံးများကိုကြားသောအခါ လုချန်ရှန်းအား ခက်ခဲအောင်မလုပ်ကြတော့ဘဲ ခေါင်းညိတ်ကြသည်။

"မင်းဒီမှာအရင်စောင့်နေ၊ ငါတို့စုံစမ်းလိုက်ကြမယ်"

ထို့နောက် သူတို့ဒီနေရာကနေထွက်သွားကြသည်။

လုချန်ရှန်းကပခုံးတွန့်ရင်း တခြားတဘက်သို့ပြန်ရောက်လာသည်။

တဖက်လူကအနည်းငယ်ပေါက်ကွဲနေသည့်တိုင် လုချန်ရှန်းက စိတ်အေးနေပြီး အသက်ရှူကြိမ်ရေအနည်းငယ်အတွင်းမှာပင် သူက ကိုးထပ်မြောက်ကျောက်စင်ကို ဖြတ်ကျော်ခဲ့သည်။

လူတိုင်း လုချန်ရှန်းအား နတ်ဘုရားတပါးကိုကြည့်နေရသည့်ပမာ မှင်သေစွာ ကြည့်နေမိကြ၏။

ဒါကလူသားရောဟုတ်သေးရဲ့လား!

ဒါက ကိုယ်ပိုင်ဥယျာဉ်နောက်ဖေးမှာ လည်ပတ်နေတာနဲ့အတူတူပဲမလား!

သူ့ကိုပြန်ကြည့်ကြည့်ပါဦး!

လူအများစုက ဒုတိယကျောက်စင်ကိုပင် မတက်နိုင်ခဲ့ကြပေ။

လုချန်ရှန်းထိုလူများကိုလျစ်လျူရှုကာ ယင်းအစား ချင်းယွန်၏ကိုယ်ရှိရာသို့ လျှောက်သွားသည်။

ထိုအချိန်တွင် ချင်းယွန်ကသေနေပြီဖြစ်သော်လည်း သူ့မျက်နှာ၌ ဆိုးယုတ်သည့်အမူအရာတခုရှိနေပြီး အစီအစဉ်အောင်မြင်တော့သည့်အလား အောင်ပွဲခံနေသည့်အပြုံးတပွင့်ရှိနေသည်။

လုချန်ရှန်းလက်ကိုဆန့်ထုတ်လိုက်စဉ် ဓားဆန္ဒတခုက ချင်းယွန်ကိုယ်ကိုတိုက်ရိုက်ရစ်ပတ်သွားပြီး ချက်ချင်းဆိုသလို သွေးနှင့်အသားများက လွင့်ပျံသွားကြ၏။

ချက်ချင်းပင် လုချန်ရှန်းနောက်လက်တဖက်ကိုဆန့်ထုတ်စဉ် မြက်ခင်းမီးတမျိုးက ချင်းယွန်အား၀န်းရံကာ သူ့၏အပိုင်းပိုင်းပြတ်နေသည့်ကိုယ်ကို ဘာမှမကျန်တော့သည့်အလား လောင်ကျွမ်းပစ်စေသည်။

ထို့နောက်လုချန်ရှန်းလက်ခုပ်တီးလိုက်၏။

"ပြီးသွားပြီ"

ဒီမြင်ကွင်းကိုကြည့်ရင်း လူတိုင်းအတော်လေးမှင်သေသေကာ ဆွံအနေကြသည်။

ဘာပြဿာနာများရှိနေလို့လဲ!

သေတာကသေပြီလေ၊ မင်းက ဒေါသကို ဖွင့်ထုတ်ဖို့ တခြားလူရဲ့အလောင်းကိုတောင် အသုံးပြုတာလား!

လုချန်ရှန်းမေ့စေ့ပွတ်လိုက်သည်။

"ဒါကဘေးကင်းဖို့အတွက်ပါပဲ၊ အပြင်ထွက်ဖို့ အချိန်ရောက်လာတဲ့အခါကျရင် ချင်းမိသားစုကို သွားဖျက်ဆီးပစ်ရမလား"

လူတိုင်း "....."

ချင်းမိသားစုက နဂါးငွေ့တန်းကြယ်နယ်မြေ၌ ထိပ်တန်းအင်အားစုတခုဖြစ်သည်။

ဒီအင်အားစုကအားနည်းတယ်ဆိုရင်တောင် မင်းလိုဂျူနီယာလေးတယောက် ဖျက်ဆီးနိုင်တဲ့အရာတခုမဟုတ်သေးဘူးကွ!

ကျိချန်းယောင်က ရောက်လာပြီးအပြုံးဖြင့်ပြောသည်။

"ကျွန်မကိုကူညီစေချင်လား"

လုချန်ရှန်းခေါင်းကို အလျင်အမြန်ခါယမ်းသည်။

မင်းမလုပ်နိုင်ပါဘူး!

မင်းတို့က ယဉ်ကျေးတာတို့၊ ခိုးတာတို့ ဘာတွေလုပ်နိုင်လို့လဲ!

ငါတို့လိုယောက်ျားတွေက မင်းတို့မိန်းကလေးတွေရဲ့ဘာမှလုပ်စရာမရှိဘူး!

ထိုစကားလုံးများကိုကြားသောအခါ ချင်းချန်ထိတ်လန့်သွားသည်။

"အစ်ကိုလု၊ မစိုးရိမ်ပါနဲ့၊ အခုကနေစပြီးတော့ ငါက ချင်းမိသားစုရဲ့ခေါင်းဆောင်ပဲ၊ ငါချင်းမိသားစုကို မင်းကိုဘယ်တော့မှ လက်စားချေခွင့်ပေးမှာမဟုတ်ဘူး"

လက်ရှိလုချန်ရှန်းတွင် ချင်းမိသားစုကို ဖျက်ဆီးနိုင်သည့်စွမ်းရည်ရှိသည်ဟု သူမတွေးတောထားသော်လည်း ဒီလိုကြောက်ခမန်းလိလိပါရမီနှင့်ဆိုပါက အနာဂတ်က ကြီးမားသည့်အရာတခုဖြစ်လာပေလိမ့်မည်။

ငါတို့ချင်းမိသားစုကတယောက်ကို ဖျက်ဆီးတာတောင် အရမ်းရိုးရှင်းနေခဲ့တာလေ!

ဒီလိုလူမျိုးနှင့် မိတ်ဆွေမဖြစ်နိုင်ရင်တောင် ဘယ်တော့မှမစော်ကားသင့်ဘူး!

ကျိ‌ချန်းယောင်က လုချန်ရှန်းသူမကို ကပ်ရောဂါတခုကဲ့သို့ရှောင်နေသည်ကို ကြည့်ပြီးနောက် ရေရွတ်သည်။

"ကျွန်မကကြောက်စရာကောင်းလို့လား"

ဟုတ်တယ်!

အဲဒါမှန်တယ်!

လူတိုင်းထပ်မံဆွံအသွားကြပြန်သည်။

ကျောက်စိမ်းရေကန်သူတော်စင်မက ဒီလိုမိန်းကလေးဆန်တဲ့ပုံစံကို ယောက်ျားတယောက်ရှေ့မှာ ဘယ်တုန်းကပြခဲ့ဖူးလို့လဲ!

ပြီးတော့ သူကကလေးတယောက်လိုတောင် ပြုမူနေသေးတယ်!

လုချန်ရှန်းအကူအညီမဲ့စွာပြောသည်။

"နဂါးခန္ဓာကျင့်စဉ်ကို သေချာကြည့်ပြီး စမ်းသပ်မှုကို ဖြတ်ကျော်နိုင်အောင်လုပ်၊ အချိန်က အကန့်အသတ်ရှိတယ်"

ဒီလူကဖန်ခွက်တခွက်ကိုရေဖြည့်နေသလိုပဲ!

သို့သော် လုချန်ရှန်းမှန်ပေသည်။

လူတိုင်းကချက်ချင်းဆိုသလို သူတို့၏စိတ်များကိုစုစည်းကြပြီး တချို့ကမူ ဆက်လက်ကြိုးစားကြသည်။

တချို့လူများက တင်ပလ္လင်ခွေထိုင်ကာ မိုးထိကျောက်နံရံမှ မိုးပြာနဂါးနည်းစနစ်ကို နားလည်သဘောပေါက်နေကြသည်။

.....

တခြားတဘက်တွင် ဝါးအိမ်လေးသို့ လူသုံးယောက်ရောက်လာကြသည်။

"ဆရာကိုနှုတ်ဆက်ပါတယ်"

ထိုလူကပြောသည်။

"ဒီကိစ္စက မတော်တဆဖြစ်ရပ်ပဲ၊ ကောင်လေးက သူ့ကိုယ်သူကာကွယ်ခဲ့ရုံပဲ"

ဘာလို့ ဆရာ၀မ်က နိမိတ်မဖတ်ရသလဲဆိုသည့်အချက်အပေါ် ရွာသားသုံးယောက်က အံ့ဩသင့်သွားခြင်းမရှိကြပေ။

မေးပင်မမေးမြန်းဘဲ သူတို့ဘာကြောင့်လာရသလဲဆိုတာသိသည်။

တခြားအကြောင်းရင်းမရှိပေ။ ဒါက ဆရာဖြစ်နေသောကြောင့်ပေတည်း။

ဆရာကအရာရာတိုင်းကိုသိသူဖြစ်သည်။

.....

အဆင့်နိမ့်ကြယ်နယ်မြေအနက်ပိုင်းရှိ နယ်မြေတွင် မြူခိုးနက်များဖြင့်ဖုံးလွှမ်းနေသည်။

မြူခိုးနက်ထဲတွင် အသက်ဓာတ်ဟူ၍မရှိပါ။

မရေမတွက်နိုင်လောက်သည့်တစ္ဆေများက မြူခိုးနက်ထဲတွင် ဟစ်ကြွေးနေကြ၏။

ဒါ‌ကသေခြင်းတရား၏နေရာပေတည်း။

အသားဖြူဖြူနှင့်လူတစ်ယောက်က ဒီနေရာသေသို့ရောက်လာခဲ့သည်။

"ဒီမှာ တစ္ဆေကလန်ရဲ့အမွေအနှစ်ရှိမယ်လို့ ငါတကယ်မထင်ထားခဲ့ဘူး"

ထိုလူကနှာခေါင်းရှုံ့လိုက်သည်။

"တကယ်ပါပဲလား"

"ငါတစ္ဆေကလန်ရဲ့အမွေအနှစ်ကို ရနေသရွေ့ ငါ့ကိုယ်ထဲက တစ္ဆေကလန်ရဲ့ သွေးကလည်း ပိုပြီးအားကောင်းလာလိမ့်မယ်"

"အဲဒီအချိန်ကျရင် ဒီအဆင့်နိမ့်ကြယ်နယ်မြေကို ချိုးဖျက်ဖို့ဆိုတာက အချိန်အတိုင်းအတာတခုပဲလေ...."

ချက်ချင်းဆိုသလို ထိုလူက မြူခိုးနက်အတွင်းသို့လျှောက်သွားသည်။

ထိုနေရာ၌ဧရာမထိုင်ခုံကြီးတခုံရှိပြီး ကောင်းကင်က သံကြိုးကြီးများဖြင့် ဒဏ်ရာရစေသလို ဘက်ပေါင်းစုံက လှောင်အိမ်များဖြင့်လည်း ၀န်းရံထားသေးသည်။

ကြည့်ရသည်မှာ အလွန်အမင်းကြောက်မက်ဖွယ်ကောင်းသည့်အရာတခုခုက ဖိနှိပ်ခံထားခဲ့ပုံရသည်။

....

သေမျိုးကျေးရွာ၏ ဒုတိယစမ်းသပ်မှုဖြစ်သည့် ကိုးထပ်ကျောက်စင်ရှေ့တွင် အဆုံးသတ်ရန် နှစ်ရက်သာလိုတော့သည်။

တချို့ကမူ ဒုတိယကျောက်စင်ကိုပင် မထွင်းဖောက်နိုင်ကြပေ။

မြန်ဆန်စွာတိုးတက်လာပြီး သတ္တမကျောက်စင်ကိုပင် ခံနိုင်ရည်ရှိနေပြီဖြစ်သည့် လူများလည်းရှိကြသည်။

ကျိချန်းယောင်က သူတို့ထဲတွင် အကောင်းဆုံးဖြစ်ပြီး အဌမကျောက်စင်ကိုပင် ရောက်နေလေပြီ။

ကံမကောင်းစွာပင် သူမက ကြောက်ခမန်းလိလိအားလှိုင်းများ၏ ဧရာမဖိနှိပ်ခြင်းကို မဖြတ်ကျော်နိုင်သေးပေ။

ဒါကသူမ၏တတိယမြောက်ကျရှုံးမှုပေတည်း။

ရေကန်ထဲကနေထွက်လာပြီးနောက် သူမအကူအညီမဲ့စွာပြုံးကာ လုချန်ရှန်းအားကြည့်လိုက်သည်။

"ရှင်ကျွန်မကို အကြံနည်းနည်းလောက် ပေးလို့ရမလား"

အပိုင်း(473) coming။

All Chapters