#ကျိချန်းယောင်နာကျင်ရခြင်း#
Vol. 33 Ch. 473
သေမျိုးကျေးရွာက ဖိတ်ကြားခံရသည့်သူတိုင်းက နဂါးငွေ့တန်းကြယ်ဒေသ၌ ထိပ်တန်းအင်အားစုများအကြား မောက်မာကြသူများဖြစ်သည်။
သူတို့ကအရမ်းမောက်မာကြတယ်!
ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်မှ ကျိချန်းယောင်က လူတစ်ယောက်ကို အကူအညီအတွက် တောင်းဆိုသည့် သနားချင်စဖွယ်မြင်ကွင်းကို တခါမှမပြသဖူးပါ။
ဒါကလူတိုင်းအား ဦးနှောက်များကိုပင် တိုးတောင်းသွားစေသည့်ပမာ။
ဒီမျိုးဆက်ကဘာတွေဖြစ်နေတာလဲ!
ဤသည်အပြင် သူမကနှစ်ထောင်ချီကြာ ပင်လယ်နက်ထဲရှိနေခဲ့သည့် သံမဏိအရိုင်းတုံးလေးဖြစ်သည်။
သူမလိုလူမျိုးကဘာပဲဖြစ်လာပါစေ ထိုကဲ့သို့ကွေးဆန့်၍မရသောလူမျိုးပင်။
လုချန်ရှန်းလက်နှစ်ဖက်နောက်ပစ်ကာ မျက်လုံးများကိုဖွင့်ရင်း ရှေ့က ကျိချန်းယောင်အားစိုက်ကြည့်ပြီး နှလုံးသားထဲကနေ အကူအညီမဲ့စွာ သက်ပြင်းချလိုက်၏။
မူလကသူမပါ၀င်ချင်ပေ။
မည်သို့ပင်ဆိုစေကာမူ ရှေးခေတ်ကတည်းက ပြဿာနာများကို အမျိုးသမီးများကသာဖြစ်စေပြီး သူတို့ကတစ်ဦးကိုတစ်ဦး ဒုက္ခဖြစ်စေသည်။
အရင်က ကျိချန်းယောင်က သူမိုးထိကျောက်နံရံကြောင့် ဉာဏ်အလင်းပွင့်သွားချိန်မှ စကားလာပြောခဲ့သည်။
ဘေးကအတင်းအဖျင်းစကားများက သူ့ကိုအနည်းငယ်မှပင် မသက်ရောက်စေပါ။
သူမကရည်ရွယ်ချက်ကောင်းများလည်းရှိသည်။
ဤသည်အပြင် ချင်းယွန်တိုက်ခိုက်လာသောအခါ ကျိချန်းယောင်ကလည်း ကူညီချင်ခဲ့သည်။
ဒီနှစ်ချက်အပေါ်အခြေခံမည်ဆိုပါက လုချန်ရှန်းဒါကို လျစ်လျူမရှုထားနိုင်ပေ။
သူကနှလုံးသားမာကျောသူတယောက်မဟုတ်။
"ငါမင်းကိုအကြံပေးလို့ရတယ်၊ ဒါပေမယ့် ငါ့စကားတွေအရင်နားထောင်ရမယ်"
"မင်းတခြားညစ်ပတ်တဲ့အတွေးတွေကို မသုံးရဘူး၊ နားလည်လား"
ကျိချန်းယောင်၏မျက်လုံးထဲ၌ အံ့ဩသင့်နေသည့်အရိပ်အယောင်များထွက်ပေါ်လာပြီး ရှုပ်ထွေးနေသည့်အသွင် မေးသည်။
"ညစ်ပတ်တဲ့အတွေးတွေလား"
တချိန်တည်းမှာပင် သူမနှလုံးသားထဲ၌ တွေးနေမိသည်။
ငါကဒီလောက်တောင်မခံမရပ်နိုင်ဖြစ်စေတာလား!
နင်ငါ့ကိုမျက်နှာသာနည်းနည်းပေးလို့မရဘူးလား!
ငါကလည်း သူတော်စင်မတယောက်ပါနော်!
လုချန်ရှန်းခေါင်းညိတ်သည်။
"အခုမင်းက မိုးပျံနဂါးလှုပ်ရှားမှုနည်းစနစ်ရဲ့ ဒုတိယအလွှာကို ဖမ်းဆုပ်မိပြီဆိုတော့ တတိယအလွှာကို နားလည်အောင်လုပ်ဖို့ပဲ လိုတော့တယ်၊ ကိုးထပ်ကျောက်စင်ကိုကျော်ပြီး တခြားတဖက်ကိုရောက်ဖို့ဆိုတာက မခက်ခဲပါဘူး"
လူတိုင်း "......"
အဲဒါကအရမ်းရိုးရှင်းပါတယ်!
ငါတို့အားလုံးကို မင်းလိုမျိုးထင်နေတာလား!
ဒီမိုးပျံနဂါးလှုပ်ရှားမှုက အနည်းဆုံးတော့ သေမျိုးကျေးရွာ၏လှုပ်ရှားမှုဖြစ်ရပေမည်။
သူတို့၏ဂိုဏ်းများမှ ထိပ်တန်းကိုယ်ခန္ဓာကျင့်စဉ်များနှင့်ယှဉ်ပါက ဒါကတနည်းနည်းဖြင့်ပိုအားကောင်းပေလိမ့်မည်။
ဒီလိုဆိုပါက နားလည်မှုကို အလွယ်တကူ နားလည်နိုင်တယ်ဟု ဘယ်လိုပြောနိုင်တော့မှာလဲ!
လုချန်ရှန်းဆက်ပြောသည်။
"မိုးပျံနဂါးလှုပ်ရှားမှုနည်းစနစ်ရဲ့လက္ခဏာကဘာလဲ၊ အဲဒါကကြော့ရှင်းတယ်၊ ဒါမှမဟုတ် ကိုယ်ခန္ဓာမှာ အရွက်တရွက်ပင် ကပ်မကျန်ဘဲ ပန်းပွင့်ထောင်ကျော်ကို ဖြတ်သန်းတာလို့လည်းပြောလို့ရတယ်"
"ဒါကအမြန်နှုန်းနဲ့မဆိုင်ဘူး"
ကျိချန်းယောင်ခေါင်းညိတ်သည်။
မှန်ပေသည်။
သူတို့အားလုံးက နားလည်မှုလွဲနေကြခြင်းပင်။
မည်သို့ပင်ဆိုစေကာမူ သူတို့လေ့ကျင့်သည့် စွမ်းရည်အများစုက အမြန်နှုန်းကို အခြေခံထားသည်။
ဒီစိတ်ကူးက သူတို့ကိုဒီလိုဖြစ်လာစေသည်။
"မင်းနားလည်ပြီလား"
ကျိချန်းယောင်ခေါင်းလေးကိုင်းကာ သူမ၏အောက်နှုတ်ခမ်းပေါ် လက်ချောင်းလေးကိုတင်လိုက်၏။
"ငါနားလည်ပုံပဲ....."
လုချန်ရှန်းမျက်မှောင်ကြုတ်လိုက်သည်။
ဆိုလိုတာကမင်းနားမလည်ဘူးပေါ့!
"မင်းကကျောက်စိမ်းရေကန်သူတော်စင်မမလား၊ မင်းကဒီကြယ်လွင့်ပြင်ရဲ့ဂုဏ်ယူစရာပုဂ္ဂိုလ်တယောက်မဟုတ်ဘူးလား၊ ဘာလို့ နားလည်ရာမှာ အရမ်းညံ့ဖျင်းရတာလဲ"
တယောက်ယောက်သူ့ကိုဒီလိုပြောဖူးလား!
ကျိချန်းယောင် နှုတ်ခမ်းစူကာအားနည်းစွာပြောသည်။
"လူတိုင်းကို ရှင့်လိုထင်နေတာလား...."
လုချန်ရှန်းအကူအညီမဲ့စွာသာ ခေါင်းခါယမ်းမိတော့သည်။
"ကောင်းပါပြီ၊ အနားတိုးလာခဲ့"
"ဘာလို့ဒီလောက်ကြမ်းတမ်းနေရတာတုန်း"
ကျိချန်းယောင်ညည်းညူရင်း အနားတလှမ်းတိုးပြီးနောက် ခေါင်းကုတ်လိုက်မိသည်။
လုချန်ရှန်း ထောက်ပြကာ ကျိချန်းယောင်၏ မျက်ခုံးများကြားသို့ ထိလိုက်၏။
မိုးပျံနဂါးနည်းစနစ်နှင့်ပတ်သက်သည့် အမြင်အာရုံများစွာက ကျိချန်းယောင်၏ စိတ်ထဲသို့ တိုက်ရိုက်စီး၀င်သွားသည်။
ကျိချန်းယောင်အနည်းငယ်လန့်သွားသည်။
သူမကိုယ်ခန္ဓာ၌ မယုံနိုင်လောက်ဖွယ်ရာ ကြီးမားသည့်သတင်းအချက်အလက်များ စီး၀င်လာသောအခါ သူမ၏အမူအရာက ပို၍ပို၍အံ့ဩသင့်လာသည်။
ဒါက မိုးပျံနဂါးနည်းစနစ်ကို အပြည့်အ၀ နားလည်ခြင်းတင်မဟုတ်ဘဲ ပို၍တိုးတက်အောင်ပင် လုပ်ထားခြင်းပင်။
ဤသည်အပြင် ဒီတိုးတက်မှုနှင့်အတူ ဒါက မူလမိုးပျံနဂါးနည်းစနစ်ကို လုံး၀ကျော်လွန်သွားပြီဟု သူမခံစားနေရသည်။
အနှစ်သာရကိုရယူပြီး အမှိုက်များကို ဖယ်ရှားပစ်ကာ ပြီးပြည့်စုံသည့်အခြေအနေကိုရောက်လာခြင်း!
"ရှင့်ဒါကိုဘယ်လိုလုပ်ခဲ့တာလဲ"
လုချန်ရှန်းမျက်လုံးလိမ့်လိုက်မိသည်။
"မင်းလုပ်ချင်ရင်လည်းလုပ်လို့ရတယ်၊ မင်းလုပ်ချင်လည်း အဆင်ပြေတယ်၊ မြန်မြန်ဒါကိုနားလည်အောင်လုပ်ပြီး ကျောက်စင်ကိုဖြတ်သွားလိုက်တော့၊ ငါ့ကိုဒီမှာ နှောက်ယှက်မနေနဲ့တော့၊ အခုအချိန်က တမှေးအိပ်ရမယ့်အချိန်ပဲ၊ မင်းနားလည်လား"
လူတိုင်း "....."
ဒီကောင်က ဘာလို့နှစ်တထောင်သက်တမ်းရှိတဲ့ သံရိုင်းတုံးနဲ့တူနေရတာလဲ!
ဒီနှစ်ခါကမင်းအတွက်တော့မခက်ဘူးလေ!
ကျိချန်းယောင်ထိုစကားကိုကြားသောအခါ ၀မ်းနည်းစွာဖယ်ထားရုံသာ တတ်နိုင်တော့သည်။
နင်ဘာလို့အရမ်းကြမ်းတမ်းနေရတာလဲ!
ငါ့ကိုစကားကောင်းကောင်းပြောလို့မရဘူးလား!
ချက်ချင်းဆိုသလို သူမအသိစိတ်ကို ရုတ်သိမ်းကာ မျက်လုံးများကိုမှိတ်ပြီး စတင်နားလည်အောင်လုပ်နေသည်။
ချင်းချန်ကလည်း လုချန်ရှန်းဘေးသို့ရောက်လာသည်။
"အစ်ကိုလု၊ ကျိချန်းယောင်က သူတော်စင်မတယောက်ပဲ၊ ပြီးတော့ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်ဆိုတဲ့ နောက်ခံလည်းရှိသေးတယ်"
"ဒီလိုပါရမီရှိတယ်၊ ဒီလိုနောက်ခံရှိတယ်၊ ပြီးတော့ နဂါးငွေ့တန်းကြယ်လွင်ပြင်ရဲ့ နံပါတ်တစ်အလှလေးလည်းဖြစ်တယ်၊ ဒါတောင်မင်းက သွေးဆောင်မခံရဘူးလား"
သွေးဆောင်ခံရမှာလား!
လုချန်ရှန်းနှာခေါင်းရှုံ့လိုက်သည်။
ငါဓားကိုဆွဲထုတ်တဲ့အခါ အမျိုးသမီးလေးက အရှိန်ကိုပဲသက်ရောက်စေတယ်!
အလှအပဆိုတာကပ်ဘေးနခုပဲ၊ ဒါတွေက သေလောက်စေတယ်!
ဒီတော့ ဘယ်လောက်ထိတွေးနေရမှာလဲ!
ငါဘယ်လောက်ဝေးဝေး တက်ရမယ်ဆိုတာကိုပဲ ငါ့ကိုပြောစမ်းပါ!
.....
ရက်တ၀က်ကြာပြီးနောက် ကျိချန်းယောင်မျက်လုံးများကိုဖွင့်ကာ ကျောက်စင်ပေါ်သို့ လျှောက်သွားသည်။
လူတိုင်းကြည့်လိုက်ကြသည်။
လုချန်ရှန်း၏လမ်းညွှန်မှုအပြီး၊ မဟုတ်ဘူး၊ လုချန်ရှန်း၏လေ့ကျင့်ပေးမှုအပြီး ကျိချန်းယောင် ကိုးထပ်ကျောက်စင်ကိုဖြတ်ကျော်ကာ တခြားတဘက်ကစမ်းသပ်မှုကို အောင်မြင်စွာ ရောက်နိုင်မလားဆိုတာ သူတို့မြင်ချင်ကြသည်။
လူအုပ်စု၏အကြည့်အောက်တွင် ကျိချန်းယောင်လှုပ်ရှားသည်။
သူမကိုယ်ကမိုးပျံနဂါးတကောင်ကဲ့သို့ပင်။
မိနစ်အနည်းငယ်အတွင်း သူမက အဌမကျောက်စင်ကို ဖြတ်ကျော်နိုင်ခဲ့သည်။
လူတိုင်းအံ့ဩသင့်သွားကြ၏။
ကျိချန်းယောင်၏မိုးပျံနဂါးနည်းစနစ်က အရင်ကနှင့်မတူတော့ပုံရပြီး အမြန်နှုန်းနည်းလာကာ ပို၍ကြော့ရှင်းလာသည်။
ထိုအချိန်တွင် ကြောက်မက်ဖွယ်လှိုင်းများက ထပ်မံရောက်လာပြန်သည်။
၎င်းက ကောင်းကင်နှင့်မြေကြီးပြိုကျသည့်အလားပင် ကျိချန်းယောင်ဆီသို့ ကျဆင်းလာသည်။
ကျိချန်းယောင်၏မျက်နှာက အနည်းငယ်အေးခဲသွား၏။
တကြိမ်တည်းမှာပင် သူမကမိုးပျံနဂါးတကောင်ပမာ မုန်တိုင်းထန်နေသည့်လှိုင်းများထံ ပြေး၀င်သွားခဲ့သည်။
လူတိုင်း၏ထိတ်လန့်နေသည့်အကြည့်အောက်တွင် သူမကတခြားတဘက်ရောက်သည်အထိ ခုခံနိုင်ခဲ့သည်။
ဒါ့အပြင် ကိုယ်ခန္ဓာ၌မည်သည့်ရေစက်မှမရှိပေ။
ဒါပဲလား...!
ဖြတ်ကျော်သွားပြီလား....!
ကျိချန်းယောင်၏မျက်နှာ၌ ပျော်နေသည့်အမူအရာတခုပေါ်လာပြီး လုချန်ရှန်းဘေးသို့ အမြန်ပြန်လာကာ နူးညံ့စွာပြောသည်။
"ကျွန်မအောင်မြင်သွားပြီ"
လုချန်ရှန်းမျက်လုံးများကိုပင် မဖွင့်ဘဲ လက်အစုံကို ဝှေ့ယမ်းသည်။
"အံ့ဩစရာပဲ"
"သွားတော့၊ သွားတော့၊ ငါအိပ်ချင်ပြီ"
ကျိချန်းယောင်တခဏမျှစိတ်ဓာတ်ကျသွားပြီး ခြေဆောင့်ကာ ဘေးသို့ဖယ်ကာ လုချန်ရှန်းအဝေး၌နေလိုက်သည်။
သို့သော် အကြောင်းရင်းတချို့ကြောင့် သူမ၀မ်းနည်းသလိုခံစားရသဖြင့် လုချန်ရှန်းဘေးတွင် ဒေါသထွက်နေသည့်ချွေးမလေးတစ်ဦးအလား နှုတ်ခမ်းစူပုတ်ထားသည်။
လူတိုင်းကဒီမြင်ကွင်းကိုမြင်သောအခါ သူ့အနားချဉ်းကပ်လာကြ၏။
"အစ်ကိုလု၊ ငါတို့ကိုလည်းလမ်းညွှန်ပေးလို့ရမလား"
"ဟုတ်ပါတယ်၊ ငါတို့လည်း လှဲလှယ်တဲ့အနေနဲ့ သဘာပစ္စည်းနဲ့မြေရတနာတချြိုကို သုံးနိုင်ပါတယ်"
"အစ်ကိုလု၊ မင်းငါ့ကိုလမ်းညွှန်ပေးသရွေ့ အခုကနေစပြီး မင်းကငါ့မိသားစုရဲ့ထာ၀ရမိတ်ဆွေဖြစ်လာစေရမယ်၊ တကယ်လို့ မင်းတခုခုလိုအပ်တာနဲ့ ငါ့ဆီကိုလာလို့ရတယ်"
မရေမတွက်နိုင်လောက်သည့်ရတနာများသာမက ကောင်းကင်ဘုံမြစ်ကြယ်ဒေသကိုပင် သွေးအန်စေနိုင်သည့် မှော်လက်နက်များကိုပင် လုချန်ရှန်းလက်ထဲပေးလာကြသည်။
လုချန်ရှန်းမနှစ်မြို့သည့်အသွင် နှုတ်ခမ်းကွေ့လိုက်၏။
"အကုန်လုံးကိုယူသွားကြ"
ဒီပစ္စည်းတွေက ငါ့အတွက်ဘာမှမဟုတ်ဘူး!
ငါကမင်းတို့နဲ့လည်းမပတ်သက်ချင်ဘူး!
လုချန်ရှန်း၏အကူအညီမဲ့နေသည့်အမူအရာကိုမြင်ရသောအခါ ကျိချန်းယောင် မပြုံးဘဲမနေနိုင်တော့ပါ။
နင့်မှာလည်း ဒီလိုအချိန်မျိုးရှိလာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး!
ကျိချန်းယောင်၏၀မ်းသာနေသည့်အမူအရာကို လုချန်ရှန်းသတိထားမိသည်။
ချက်ချင်းဆိုသလို သူ့အမူအရာက ပြင်းထန်လာသည်။
"ဟုတ်သားပဲ၊ မင်းငါ့ကိုမစော်ကားခဲ့ဘူး၊ မင်းရခဲ့တယ်မလား၊ မြန်မြန်သူတို့ကိုလည်း ပေးလိုက်ဦး"
ကျိချန်းယောင်၏ပြုံးနေသည့်အမူအရာက ချက်ချင်းပင်ထပ်မံနာကျင်သွားရသည်။
သူမတွင်ရွေးချယ်စရာမရှိတော့သဖြင့် ထရပ်ကာ ၀န်းကျင်ကလူများအား ဖြန့်ဝေပေးလိုက်ရသည်။
လူတိုင်းဒါကိုမြင်သောအခါ ပျော်ရွှင်လာကြသည်။ သို့စေကာမူ တခြားမည်သူကမှ စမ်းသပ်မှုကိုမအောင်မြင်တော့ပါ။
လုချန်ရှန်းနှင့်ကျိချန်းယောင်သာလျှင် တနိယစမ်းသပ်မှု၌ ပါ၀င်နိုင်သည်။
ကလေးငယ်တစ်ယောက်က ပါးစပ်ထဲ၌ သကကားလုံးများကိုထည့်ကာ ခုန်ဆွခုန်ဆွရောက်လာသည်။
"ဆရာကပြောတယ်၊ စမ်းသပ်မှုကို အောင်မြင်တဲ့သူတွေက ငါ့နောက်ကနေ တတိယစမ်းသပ်မှုကို လိုက်နိုင်တယ်တဲ့"
လုချန်ရှန်းနှင့်ကျိချန်းယောင်တို့က ထရပ်လိုက်ကြ၏။
ကောင်လေးအနားရောက်လာသောအခါ ကောင်လေးက လုချန်ရှန်းကိုကြည့်ပြီး အစွယ်ကဲ့သို့သွားလေးနှစ်ချောင်းကို ပြသရင်းပြုံးသည်။
"အစ်ကိုကြီး၊ အချိန်ရောက်တဲ့အခါကျရင် ငါနဲ့အတူဆရာကိုတွေ့ဖို့လာပါဦးနော်"
အပိုင်း(474) coming။