#အပြစ်#
Vol. 33 Ch. 474
ဆရာကိုတွေ့ရမှာလား!
ဆရာဆိုတာဘယ်သူလဲ!
လုချန်ရှန်း ကောင်လေးအားမေးရန်ပြင်လိုက်စဉ် ဘေးက ကျိချန်းယောင်ကပြောလာသည်။
"ဆရာက သေမျိုးကျေးရွာရဲ့ဝိဉာဉ်ထောက်တိုင်တခုဖြစ်ပြီး ဘာကြောင့်သေမျိုးကျေးရွာက ကမ္ဘာကြီးနဲ့ကင်းကွာနေရသလဲဆိုတဲ့ အကြောင်းရင်းတခုလည်းဖြစ်တယ်"
"ဒါပေမယ့် ဆရာကိုမြင်ချင်ရင် တတိယစမ်းသပ်မှုကို ဖြတ်ကျော်နိုင်တဲ့သူတွေကသာ မြင်နိုင်မယ့်အခွင့်အရေးကိုရတာတဲ့"
လုချန်ရှန်းခေါင်းညိတ်သည်။
"ဒီတော့ လူအနည်းစုကပဲမြင်ဖူးတာပေါ့"
ကျိချန်းယောင်ခေါင်းခါယမ်းကာ ငြင်းဆန်သည်။
"ဒီလိုမဟုတ်ဘူး၊ ဆရာကိုမြင်ဖူးတဲ့လူနှစ်ယောက်ပဲရှိတယ်၊ ဒီနှစ်ယောက်ကလည်း တတိယစမ်းသပ်မှုကို ဖြတ်ကျော်နိုင်ခဲ့ကြတဲ့ လူနှစ်ယောက်ပဲ"
လုချန်ရှန်းအနည်းငယ်ကြက်သေသေသွားသည်။
ချင်းချန်၏အဆိုအရ သေမျိုးကျေးရွာ၏ စမ်းသပ်မှုက နှစ်တထောင်တွင်တကြိမ်ဟု ဆို၍ရသော်လည်း ဒါကအကြိမ်ရေနှစ်ဆယ်ကျော်ထိ ဖွင့်လှစ်ပြီးသွားပါပြီ။
အကြိမ်ရေနှစ်ဆယ်ကျော်အတွင်း နဂါးငွေ့တန်းကြယ်လွင်ပြင်က ပါရမီရှင်များ၊ ကောင်းကင်သားတော်အားလုံး စုဝေးခဲ့ကြသော်လည်း လူနှစ်ယောက်တည်းသာလျှငါ ဖြတ်ကျော်နိုင်ခဲ့သည်လား။
စိတ်ဝင်စားဖို့ကောင်းသားပဲ!
ကျိချန်းယောင်ပြောသည်။
"အဲဒီနှစ်ယောက်ထဲမှာ တယောက်က နဂါးငွေ့တန်းကြယ်လွင်ပြင်ရဲ့ ဒဏ္ဍာရီဖြစ်တဲ့ နဂါးငွေ့တန်းကြယ်နတ်ဘုရားဖြစ်ပြီး ကျန်တစ်ယောက်က အပြင်လူတစ်ယောက်ပဲ၊ သူက နတ်ဆိုးနယ်မြေက မူလအရှင်"
"ဒီလူနှစ်ယောက်က ခြွင်းချက်မရှိဘဲ ဒီကြယ်နယ်မြေမှာ ထိပ်ဆုံးတည်ရှိမှုကို ပိုင်ဆိုင်ထားကြတယ်"
"ဒီတော့အပြင်မှာ ပျံ့နှံ့နေတဲ့စကားတခုရှိတယ်၊ ဆရာနဲ့တွေ့ရင် အထွပ်အထိပ်ကို တက်ရောက်နိုင်ပြီး မသေမျိုးဖြစ်ဖို့ အရည်အချင်းရှိလာမယ်တဲ့"
လုချန်ရှန်းခေါင်းညိတ်သည်။
မသေမျိုးအင်မော်တယ်!
ဒါကသူ့ပန်းတိုင်များထဲကတခုမဟုတ်ပေလော။
သူကငါးမျှားချင်သည်။
လိုအပ်ချက်က အသက်ရှည်ရပေမည်။
ဤသည်အပြင် ရွှမ်ဟွမ်ချီက ဒီသေမျိုးကျေးရွာက စောင့်ကြပ်နေသည့်အရာတခုလည်းဖြစ်သည်။
ငြိမ်းချမ်းမှုကို ရယူလိုပါက ဆရာနှင့်တွေ့ရမည်။
ချက်ချင်းဆိုသလို လုချန်ရှန်း ကောင်လေးကိုကြည့်လိုက်သည်။
"ငါတို့ဘယ်ချိန်သွားတွေ့ကြမလဲ"
ရှီထောင်ကလေးက သကြားလုံးများကို အသံမြည်ကာစားသောက်နေပြီး ဝိုးတိုးဝါးတားပြောသည်။
"ငါလည်းမသိဘူး၊ ဆရာကအချိန်ကို မပြောခဲ့ပေမယ့် ဆရာ အစ်ကိုကြီးကိုတွေ့ချင်တဲ့အခါကျရင် တွေ့လာလိမ့်မယ်"
"စမ်းသပ်မှုကဘယ်အချိန်စမှာလဲ"
ရှီထောင်ကလေးက နှာခေါင်းညစ်လိုက်သည်။
"အာ၊ အစ်ကိုကြီးကအရမ်းစိတ်တိုဖို့ကောင်းတာပဲ၊ စမ်းသပ်မှုစရင် ငါပြောမှာပါ၊ အခုတော့ ကျေးရွာထဲမှာ လျှောက်လည်နေလို့ရပါတယ်"
လုချန်ရှန်းမျက်မှောင်ကြုတ်လိုက်၏။
ကလေးတွေကတကယ်ဒုက္ခအိုးတွေပဲ!
လုချန်ရှန်း၏ဒေါသထွက်နေသော်လည်း အကူအညီမဲ့နေသည့်အမူအရာကိုမြင်ရသောအခါ ကျိချန်းယောင်ရယ်လိုက်မိသည်။
သူ့မှာဒီလိုအချိန်လည်းရှိသေးတာပဲ!
လုချန်ရှန်း၏ ဖောင်းပွနေသည့်အမူအရာကိုပင် သူမြင်နေရသည်။
"ပြုံးပါဦး"
ကျိချန်းယောင်ကလည်း သံရိုင်းတုံးကဲ့သို့ လုချန်ရှန်း၏အသွင်ကိုသုံးကာ လက်နှစ်ဖက်ကိုကျောပစ်ကာ လုချန်ရှန်းနောက်က ခုန်ဆွခုန်ဆွပင်လိုက်ပါသွားပြီး သေမျိုးကျေးရွာထဲသို့ အတူတကွရောက်လာကြသည်။
သို့စေကာမူ သူတို့သေမျိုးကျေးရွာထဲသို့ ရောက်လာသောအခါ ဖိတ်ကြားမထားသည့် ဧည့်သည်နှစ်ယောက်က သူတို့ထံလျှောက်လာတာကို တွေ့လိုက်ရသည်။
သူတို့က နဂါးငွေ့တန်းကြယ်လွင်ပြင်၏ တခြားထိပ်တန်းအင်အားစုနှစ်စုဖြစ်သည့် ရွှေတောင်ပံပင်ဂွင်းကလန်မှ ကျင်းဝူဝူနှင့် ပိုင်ပင်မြို့၊ နဂါးခန်းမမှ ဒွန်ချောင်ဟီတို့ဖြစ်သည်။
ဒွန်ချောင်ဟီက ကျိချန်းယောင်ကိုနှုတ်ဆက်ရန်ပြင်လိုက်စဉ် သူမကချိုမြသည့်အပြုံးဖြင့် တခြားတယောက်နောက်လိုက်နေသည်ကို တွေ့လိုက်ရသည်။
သူမ၏ဆောင်းဦးရေကဲ့သို့မျက်လုံးလေးတွေက ရှေ့ကလူကိုတကြိမ်ပြီးတကြိမ်ကြည့်နေပြီး မျက်လုံးများ၌ မနာလိုသည့်အဓိပ္ပာယ်တခြရှိနေသည်။
ဒါက ဒွန်ချောင်ဟီ၏နှလုံးသားထဲတွင် အမည်မသိမီးတောက်တခုကို နိုးထသွားစေခဲ့သည်။
သူမကသူ့ကိုရှင်းလင်းစွာလျစ်လျုရှုထားသလို များသောအားဖြင့်သူတို့က မိုင်ထောင်ချီအဝေးကနေ ငြင်းခံကြရသည်။
ယခုတွင်မူ ထိုလူရှေ့တွင် သူမ၏အမူအဂာကစမ်းရေအလားပင်။
ကျင်းဝူဝူက လက်နှစ်ဖက်ပိုက်ကု ပြပွဲတခုကိုကြည့်နေသည့်အမူအရာတခုက သူ့မျက်နှာထဲတွင် ထင်ဟပ်လာသည်။
"ချန်းယောင်၊ မင်းဖြတ်ကျော်ပြီးသွားပြီလား"
ဒွန်ချောင်ဟီလျှောက်လာနေတာကို မြင်ရသောအခါ ကျိချန်းယောင်၏မျက်နှာက ချက်ချင်းဆိုသလို ပုံမှန် သိမ်မွေ့သည့်ပုံစံသို့ပြောင်းလဲသွား၏။
တကယ်တမ်းတွင် ဒါက မိုင်ထောင်ချီဝေးသည့်အပြုံးတပွင့်ကို ငြင်းဆန်နေသည့် ရေခဲစိုင်တခုအလားပင်။
"သူ့ကျေးဇူးကြောင့်ပါ"
ကျိချန်းယောင်က သူ့ကိုဂုဏ်ပြုနေတာကို လုချန်ရှန်းကြားလိုက်ရသဖြင့် သူ့ပါးစပ်ထောင့်စွန်းက တွန့်ကွေးသွား၏။
ကြည့်ကြည့်!
ငါအခုလေးတင်ဘာပြောခဲ့လဲ!
ဘာအလှလေးလဲ!
ဒီမုန်းဖို့ကောင်းတဲ့အမျိုးသမီးက တကယ်ကိုကျွမ်းကျင်တာပဲ!
ထိုအချိန်တွင် ဒွန်ချောင်ဟီ၏အမူအရာက လုံး၀မည်းမှောင်သွားလေတော့သည်။
"ချန်းယောင်၊ မင်းက မြင့်မြတ်တဲ့အဆင့်အတန်းရှိတဲ့ ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်က သူတော်စင်မပဲ၊ မူရင်းဇစ်မြစ်တောင်မသိရတဲ့လူတွေနဲ့ မင်းဘယ်လိုလုပ်လျှောက်နေရတာလဲ"
လုချန်ရှန်းပြောသည်ကိုပင်စောင့်မနေတော့ဘဲ ကျိချန်းယောင်၏အမူအရာက အေးစက်သွား၏။
ထိုအချိန်တွင် မူလကအပြုံးတုကပင် လုံး၀ပျောက်ကွယ်သွားရသည်။
"ဒွန်ချောင်ဟီ၊ ငါနဲ့အတူရှိရှိ၊ မရှိရှိ ဒါကငါ့ကိစ္စပဲ၊ နင့်မှာမေးဖို့ အရည်အချင်းမရှိဘူး"
ကျိချန်းယောင်က တခြားလူအတွက် ပြောပေးနေသေးတာကိုမြင်ရသောအခါ ဒွန်ချောင်ဟီက ပို၍ပင်ဒေါသထွက်လာသည်။
တခဏအကြာတွင် ဒေါသအားလုံးက လုချန်ရှန်းဆီသို့ ကူးပြောင်းသွားရသည်။
"ငါကမင်းကိုဂရုစိုက်ရုံပါပဲ"
ချက်ချင်းဆိုသလို သူကလုချန်ရှန်းအား ကြည့်လိုက်သည်။
"မင်းစမ်းသပ်မှုကို ဖြတ်ကျော်နိုင်ခဲ့တယ်ဆိုပေမယ့် မင်းရဲ့ကိုယ်ပိုင်လက္ခဏာနဲ့ခွန်အားက ငါတို့ကိုအမီလိုက်နိုင်တယ်လို့ ဆိုလိုတာမဟုတ်သေးဘူး၊ နားလည်လား"
ဒါပေမယ့်ဘယ်သူကတွေးနေလို့လဲ!
လုချန်ရှန်းက ဒေါသလည်းမထွက်သလို ငြင်းလည်းမငြင်းဘဲ ယင်းအစား သဘောတူသည့်အသွင်ခေါင်းညိတ်သည်။
"တကယ်တော့ ငါကအမှတ်မထင်သဘောပေါက်မိသွားတာပါ၊ တကယ်တော့ ပါရမီတွေ၊ ခွန်အားတွေ၊ အဆင့်အတန်းတွေက မင်းထက်နိမ့်ကျပါတယ်"
"ဒီတော့ ငါအရင်သွားပါရစေ"
မြန်မြန်သွားရယ်၊ ငါ့ကိုဒုက္ခထပ်မပေးနဲ့တော့!
ထိုစကားလုံးများကိုကြားသောအခါ ကျိချန်းယောင်မျက်လုံးလိမ့်လိုက်မိသည်။
ကံကောင်းတာလား!
ကံစမ်းတာကလည်း မိုးပျံနဂါးစွမ်းရည်ကို တိုးတက်အောင်လုပ်နိုင်တာလား!
ကျောက်နံရံထဲက အဲဒီနဂါးကို ဖော်ပြနိုင်တာလား!
ပါရမီကငါတို့ထက်မကောင်းတာလား!
ငါတောင်မှ အကြံပေးချက်အနည်းငယ်နဲ့ စမ်းသပ်မှုကိုဖြတ်ကျော်ခဲ့တာလေ!
သူကတမင်တကာပြောနေခြင်းပင်ယ
ကျိချန်းယောင်ထပ်မံစိတ်ဓာတ်ကျသွားပြန်သည်။
နင်ကငါနဲ့ဘာမှမပတ်သက်ချင်လို့လား!
လုချန်ရှန်းကိုယ်တိုင်ထွက်သွားတာကို ကြည့်ပြီး ဒွန်ချောင်ဟီပြုံးလိုက်၏။
"စိတ်၀င်စားစရာပဲ"
ထို့နောက်သူက ကျိချန်းယောင်အားကြည့်သည်။
"ချန်းယောင်၊ မစိုးရိမ်ပါနဲ့၊ စမ်းသပ်မှုပြီးတဲ့အခါကျရင် ငါသူ့ကို ပိုင်မင်မြို့က နဂါးနန်းတော်ကို ၀င်ဖို့အခွင့်အရေးတခုပေးပါမယ်"
ပိုင်မင်မြို့နဂါးနန်းတော်က ဒီကြယ်နယ်မြေ၌ ထိပ်တန်းအင်အားစုဖြစ်ပြီး သာမန်လူများဝင်၍မရပေ။
သူ့ကတိက ဇစ်မြစ်မသိရ၊ ကိုယ်ပိုင်လက္ခဏာမသိရသည့်လူတစ်ယောက်အတွက် ပြီးမားသည့်ကျေးဇူးတခုဟု ဒွန်ချောင်ဟီခံစားနေရသည်။
ကျိချန်းယောင်က ဒွန်ချောင်ဟီကိုကြည့်ပင်မကြည့်ဘဲ သူ့စကားကိုမကြားလိုက်သည့်အလား အလျင်အမြန်ပင် လုချန်ရှန်းအား မီအောင်လိုက်သည်။
လုချန်ရှန်း သူမကိုမြင်သောအခါ မျက်နှာကိုဖုံးလိုက်မိသည်။
"ငါပြောခဲ့တယ်လေ၊ မင်းဘာလို့ငါ့နောက်က လိုက်နေရသေးတာတုန်း"
ကျိချန်းယောင်ပြုံးလိုက်သည်။
"ကျွန်မရှင့်ကိုကျေးဇူးမတင်ရသေးဘူးလေ"
"မင်းငါ့ဆီကနေသာဝေးဝေးနေပါ၊ ဒါက အကောင်းဆုံးကျေးဇူးတင်ခြင်းပါပဲ"
"ဟင်၊ ရှေ့ကရှုခင်းကလှလိုက်တာ....."
လုချန်ရှန်း "....."
သူ့နောက်က တောက်လောင်ကာ လူသတ်လိုသည့်အကြည့်ကိုမြင်ရသောအခါ လုချန်ရှန်းငိုချင်လာသည်။
ဒါကအပြစ်ကြီးပဲ!
ထိုမြင်ကွင်းကိုမြင်သောအခါ ကျိချန်းယောင်ကရယ်မောလိုက်မိသည်။
"ဒွန်ချောင်ဟီ၊ ကြည့်ရတာ မင်းပုံစံက မကောင်းသေးဘူးထင်တယ်၊ ကျိချန်းယောင်က မင်းကိုလုံး၀ဂရုမစိုက်ဘူး"
"ပြီးတော့ လူသားထဲက ကွေ့ဝိုက်လည့်ပတ်ပြောရတာကိုသဘောကျတယ်၊ တကယ်လို့ ဘုရင်တပါးက တယောက်ယောက်ကို သဘောကျရင် အားသုံးယူပြီး ဆန်အရက်နဲ့ ထမင်းချက်ခိုင်းလိုက်ရုံပဲလေ"
ဒွန်ချောက်ဟီနှာခေါင်းရှုံ့သည်။
"ကျင်းဝူဝူ၊ မင်းဦးနှောက်မှာပဲ အာရုံကြောရှိတယ်ထင်တာလား"
"ဒါ့အပြင် နောက်ထပ်စမ်းသပ်မှုမှာ လူတချို့က ခြေတလှမ်းနဲ့ကောင်းကင်ကို မရောက်နိုင်သလို သူတို့မရှိသင့်တဲ့နေရာမှာ မရပ်သင့်ဘူးဆိုတာကို ငါမင်းကို နားလည်စေမယ်"
စကားပြောပြီးနောက် ဒွန်ချောင်ဟီက အေးစက်စွာနှာခေါင်းရှုံ့ကာ ထွက်သွားသည်။
ကျင်းဝူဝူကလည်း ပခုံးတွန့်ကာ တခြားတဘက်သို့လျှောက်သွားသည်။
သေမျိုးကျေးရွာအတွင်း လုချန်ရှန်းနှင့် ကျိချန်းယောင်တို့က ဘေးချင်းယှဉ်ကာ လျှောက်နေကြသည်။
ဒီကရွာသားများက အပြင်ပကမ္ဘာက သာမန်လူများအလား နေထွက်ချိန်တွင် အလုပ်လုပ်ပြီး နေ၀င်ချိန်တွင် နားကာ အနားယူကြသည်။
တချို့က ဂေါ်ပြားများကိုကိုင်ကာ လယ်ယာလုပ်ငန်းများလုပ်နေကြသည်။
တချို့ကကြိုးချည်ထားသည့် နွားများ၊ ကျွဲများကို မောင်းနှင်နေကြသည်။
ထိုအချိန်တွင် ခြံစည်းရိုးတခုထဲကနေ နွားတကောင်ပြေးထွက်လာပြီး လမ်းပေါ်တွင် ကစားနေသည့် ကလေးမလေးဆီသို့ ပြေးလွှားသွားလေတော့သည်။
အပိုင်း(475) coming။