← Chapters

#အသေးအဖွဲ့#

Vol. 33 Ch. 475

#အသေးအဖွဲ့#

Vol. 33 Ch. 475

နွားက ဒေါသအခြေအနေ၌ကျရောက်နေပုံရပြီး ကလေးမလေးထံပြေး၀င်လာသည်။

ကလေးမလေးက ပုရွက်‌ဆိတ်လေးတွေကို ကောက်ကာရေတွက်နေစဉ် ထိုမြင်ကွင်းကို မြင်သောအခါ နေရာ၌ပင်အေးခဲနေသည်။

အနီးအနားရှိရွာသားများ၏ အမူအရာများကလည်း အကြီးအကျယ်ပြောင်းလဲသွားကြ၏။

"မကောင်းတော့ဘူး၊ သူ့ကိုကယ်ကြ"

"ဒီနွားက ကျန်းလောင်စူးရဲ့ထိန်းချုပ်မှုမပါဘဲ ငါတို့မထိန်းချုပ်နိုင်ဘူး...."

အသံမကျဆင်းလာသေးခင်မှာပင် နွားက ကလေးမလေးဆီပြေးသွားပြီဖြစ်သည်။

ထိုစဉ်ပုံရိပ်တခုပျံသန်းသွားပြီး ကလေးမလေးထံ တိုက်ရိုက်ရောက်သွား၏။

ထို့နောက်လက်တချောင်းဖြင့် နွား၏ဦးချိုနေရာသို့ထောက်လိုက်သည်။

လူတိုင်းတုန်လှုပ်သွားကြ၏။

ထိုလူ၏လက်ချောင်းအောက်တွင် နွားက ဆတ်ခနဲရုတ်ချည်းရပ်သွားရသည်။

မည်မျှပင် ခက်ခက်ခဲခဲကြိုးစားပြီး ချိုးဖျက်နေစေကာမူ ၎င်းက ရှေ့ကလူအား မရိုက်နိုင်စေးပေ။

ရှေ့ကလူကတိုင်တောင်တန်းအလား မလှုပ်မယှက်တည်ရှိနေသည်။

ဒီလူကလုချန်ရှန်းပေတည်း။

ကျေးရွာသားများကလည်းအချိန်မီတုံ့ပြန်ကြပြီး ‌ချက်ချင်းလျှောက်လာကြသည်။

"ကျေးဇူးပါလူငယ်လေး"

"မင်းကြောင့်သာမဟုတ်ဘူးဆိုရင် ကျေးရွာခေါင်းဆောင်ရဲ့မြေးမလေးက သေရတော့မှာ"

လုချန်ရှန်းလက်ဝှေ့ယမ်းလိုက်သည်။

"ဘာမှမဖြစ်ပါဘူး"

သူ့ရှေ့ကမိန်းကလေးနေရတော့မည်ကို သူမကြည့်နေနိုင်ပေ။

တတ်နိုင်သမျှကူညီမည်သာ။

ဒါက လမ်းကိုဖြတ်သည့်အဖွားအိုများကို ကူညီသောအခါတွင်လည်း ဖြစ်နေကျပင်။

ကမ္ဘာမြေပေါ်က ထူးချွန်သည့်စရိုက်နှင့် ကောင်းမွန်သောအစဉ်အလာက တခြားကမ္ဘာတခုတွင်ပင် သူတို့ကမရှက်တတ်ဘဲ လုပ်ဆောင်တတ်ကြသည်။

ကျိချန်းယောင်က ကလေးမလေးကို ကောက်ပွေ့ကာ ကျောလေးကိုပွတ်သပ်ရင်း လုချန်ရှန်းဘေးသို့ရောက်လာသည်။

"ညီမလေး၊ အဆင်ပြေရဲ့လား"

ကလေးမလေးက ခေါင်းညိတ်ကာ အပြုံးဖြင့်ပြောသည်။

"ကျေးဇူးပါအစ်ကိုကြီး"

လုချန်ရှန်းတခဏမျှတွေးတောပြီးနောက် နှလုံးသားထဲကနေ အေးစက်မှုကိုခံစားလိုက်ရသည်။

ဒီကလေးမလေးက သေချာပေါက် သူ့ထက်အသက်ကြီးရပေမည်။

ဒါပေမယ့်ကြည့်ရတာ တခြားသူတွေကို ငါ့ကို အစ်ကိုကြီးကိုခေါ်ခွင့်ပြုတာ နည်းနည်းမမိုက်သလိုပဲ!

"မင်းအဆင်ပြေရင်ရပါပြီ"

ထိုအချိန်တွင် ဘေးကရွာသားများကလည်း ကြည့်ရဆိုးနေကြသည်။

"ဒီရက်တွေမှာ နွားက ကျန်းလောင်ကြိုး(နဂါးပတ်ကြိုး)နဲ့ ချည်နှောင်ခံထားရတာလေ၊ ဘယ်လိုလွတ်မြောက်သွားတာလဲ"

"တခုခုမှားနေတာများလား"

"မဖြစ်နိုင်တာ၊ နဂါးပတ်ကြိုးက နှစ်ထောင်ပေါင်းများစွာ ဘာပြဿာနာမှ မရှိခဲ့ဘူးလေ၊ လူလုပ်ထားတာမဟုတ်ရင်ပေါ့"

ထိုအချိန်တွင် ချိုင့်ထောက်များနှင့် အဖိုးအိုတစ်ယောက်က သက်လတ်ပိုင်းအရွယ်လူများစွာကို ဦးဆောင်လာသည်။

အဖိုးအို၏မျက်နှာကကြည့်ရဆိုးသွားသည်။

"သွားစစ်ဆေးကြည့်လိုက်"

သက်လတ်ပိုင်းအရွယ်လူအားလုံးက ခေါင်းညိတ်ကြသည်။

ထိုအချိန်တွင် အဖိုးအိုက လုချန်ရှန်းဆီသို့ ရောက်လာပြီး ကျေးဇူးတင်စကားဆိုသည်။

"ဒီအဖိုးကြီးရဲ့မြေးမလေးကို ကယ်တင်ပေးတဲ့အတွက်ကျေးဇူးပါ၊ လူကယ်လေး၊ ထန်းထန်း၊ အစ်ကိုကြီးကို ကျေးဇူးတင်ပြီးပြီလား"

ထန်းထန်းက သူမ၏လက်သေးသေးလေးကို မြောက်သည်။

"အဖိုး၊ သမီး အစ်ကိုကြီးကိုကျေးဇူးတင်ပြီးပါပြီ"

ကျိချန်းယောင်က ထန်းထန်းခေါင်းလေးကိုချစ်မြတ်နိုးစွာပွတ်သပ်သည်။ သူမက သေးငယ်ပြီးကောင်းမွန်စွာထုကျစ်ထားသည့် ဒီကလေးမလေးကို သဘောကျနေတာ သိသာထင်ရှားနေသည်။

"ကောင်လေး၊ မင်းတို့ကအပြင်လူတွေလား၊တတိယစမ်းသပ်မှုကမစတင်သေးဘူး၊ ခဏလောက်အနားယူဖို့ရအောင် ဒီအဖိုးကြီးနဲ့သွားကြရအောင်"

ထိုစကားလုံးများကိုကြားသောအခါ လုချန်ရှန်းခေါင်းညိတ်သည်။

ဟုတ်တယ်၊ အခု‌နေဖို့နေရာမရှိသေးဘူး!

သွားပြီးခဏထိုင်ရတာပိုကောင်းတာပေါ့!

လမ်းတစ်လျှောက်တွင် အချင်းချင်းမိတ်ဆက်ပေးပြီးနောက် လုချန်ရှန်းက ဒီအဖိုးအို၏ ကိုယ်ပိုင်လက္ခဏာကိုသိလာသည်။

အဖိုးအိုက ဒီသေမျိုးကျေးရွာ၏ ခေါင်းဆောင်ဖြစ်ပြီး ရွာထဲက အသေးအဖွဲ့ကိစ္စတချို့ကို ကိုင်တွယ်နေသည်။

သို့သော်ဒီကျေးရွာကလူများက တမူထူးခြားတာသိသာထင်ရှားနေသည်။

ထိုနွားပင်လျှင် အနည်းငယ်ထူးဆန်းနေသည်။ ဒီရွာမှာ ရွာသားတွေက မည်သည့်အတွက်ကြောင့် သေမျိုးဖြစ်ရန် ဆန္ဒရှိကြလေသနည်း။

ငါ့လိုမျိုး သူတို့ကလည်း အေးဆေးတဲ့ဘ၀တခုမှာ နေချင်ကြတာများလား!

ကျေးရွာခေါင်းဆောင်က လုချန်ရှန်း၏ သံသယများကို တွေ့မြင်သည့်အလား ပြုံးလိုက်သည်။

"ငါတို့ကဘာလို့ကျေးရွာထဲမှာပဲ တချိန်လုံးနေပြီး အပြင်မှာ အသက်မွေး၀မ်းကျောင်းမပြုရတာလဲဆိုတာ မင်းသိချင်နေတာမလား"

လုချန်ရှန်းခေါင်းညိတ်သည်။

ကျိချန်းယောင်ကလည်း ခေါင်းကို စူးစမ်းလိုသည့်အသွင် ကုတ်လိုက်မိသည်။

"တကယ်တော့ငါကိုယ်တိုင်လည်းမသိဘူး"

ကျေးရွာခေါင်းဆောင်ကပြုံးသည်။

"ဒါက ဘိုးဘေးတွေချမှတ်ခဲ့တဲ့ စည်းမျဉ်းတခုဖြစ်သလို ခင်ပွန်းက ချမှတ်တဲ့ စည်းမျဉ်းလည်းဖြစ်တယ်"

"သေမျိုးကျေးရွာကလူတွေက အပြင်ထွက်ခွင့်မရှိဘူး"

ကျိချန်းယောင်က ရေရွတ်သည်။

"ဒီလိုသာဆိုရင် တခြားရွာသားတွေက ဆန္ဒမပြကြဘူးလား"

"သူတို့ကအမြဲလိုလိုဆန္ဒပြခဲ့ကြတာပေါ့"

ကျေးရွာခေါင်းဆောင်ကပြောသည်။

"ခွန်းအားကောင်းရှိတယ်ဆိုရင်တောင် ကျေးရွာထဲမှာတချိန်လုံးနေရမယ်၊ မင်းရဲ့ မဟာအစီအစဉ်တွေကိုပြသလို့မရဘူး၊ ဒါက လူငယ်တွေသည်းမခံနိုင်တဲ့အရာတခုပေါ့"

"သူတို့က ဆရာကို ပွင့်ပွင့်လင်းလင်းမပုန်ကန်ရဲတာကြောင့်ပဲ"

ဆရာ!

စကားတ၀က်က ဆရာနှင့်ခွဲခြား၍မရပေ။

ကြည့်ရတာ ဒီလူကြီးလူကောင်းက သေမျိုးကျေးရွာရဲ့ တကယ့်တာ၀န်ရှိသူဖြစ်ရမယ်!

ငါသာရွှမ်ဟွမ်ချီကိုလိုချင်ရင် သူ့ကို ဖြတိကျော်ဖို့လိုတယ်!

ထိုအချိန်တွင် ထန်းထန်းကနေ တံခါးက‌နေ ခေါင်းပြူကာ လုချန်ရှန်းနှင့် ကျိချန်းယောင်တို့ကို သိချင်စိတ်ဖြင့်ကြည့်လိုက်၏။

ကျေးရွာခေါင်းဆောင်က ဒါကိုမြင်ရသောအခါ လက်ယမ်းပြသည်။

"ထန်းထန်း၊ အနားမယူသေးဘူးလား၊ ဘာလို့ဒီမှာရှိနေရသေးတာလဲ"

ထန်းထန်းကအားနည်းစွာပြောသည်။

"သမီး အစ်ကိုကြီးကိုကျေးဇူးဆပ်ချင်လို့ပါ"

ကျေးရွာ‌ခေါင်းဆောင်ရယ်မောသည်။

"အဲလိုလား၊ ဒီလိုဆိုရင် လာပြီးတော့ မင်းရဲ့အစ်ကိုကြီးကို ကိုယ်တိုင် လက်နှစ်ဖက်နဲ့လာကျေးဇူးဆပ်လိုက်"

ထန်းထန်ကပျော်သွားပြီး လုချန်ရှန်းရှေ့သို့ ခုန်ဆွခုန်ဆွပြေးလာကာ သစ်ကိုင်းခက်တခုကို လက်နှစ်ဖက်နှင့်ကိုင်ကာ လုချန်ရှန်းအား ပေးလိုက်သည်။

ကျေးရွာခေါင်းဆောင်က ဒါကိုမြင်သောအခါ သူ့မျက်လုံးများက တောက်ပသွားကြသော်လည်းလာမှမပြောခဲ့ပါ။

လုချန်ရှန်းယူပြီးနောက်အပြုံးဖြင့်မေးသည်။

"ဒါကဘာလဲ"

ထန်းထန်းခေါင်းခါယမ်းသည်။

"သမီးလည်းမသိဘူး၊ ဒီရွာမှာ ဦးလေးနဲ့ဒေါ်လေးတို့အားလုံးမှာ ဒီလိုအရာတွေရှိတယ်၊ သူတို့က သူတို့ကြိုက်တဲ့လူတွေကိုပဲပေးကြတာ"

"ဒီတော့ ထန်းထန်းက အစ်ကိုကြီးကို ကြိုက်တာလား"

ကျိချန်းယောင်ဘေးကနေ စနောက်ကျီစယ်လိုက်၏။

ထန်းထန်းကအပြစ်ကင်းစင်စွာပင်ပြောသည်။

"မှန်တယ်၊ မှန်တယ်၊ အစ်ကိုကြီးက အရမ်းချောတယ်လေ"

အမ်!

ကလေးတွေကကလေးတွေပါပဲ!

ဘယ်လိုအမြင်မျိုးလဲ!

"ဒီလိုဆိုရင် ကျေးဇူးပါနော်ထန်းထန်း"

လုချန်ရှန်းသစ်ကိုင်းလေးကိုသိမ်းဆည်းပြီးနောက် ထန်းထန်းခေါင်းလေးကိုထိသည်။

‌ယခုတကြိမ်တွင် ကျိချန်းယောင်က စနောက်စွာပြောလာသည်။

"ကလေးမလေးတွေနဲ့ဆိုရင် ရှင်က အရမ်းညင်သာတာပဲ"

လုချန်ရှန်း၏မျက်လုံးထောင့်စွန်းက တွန့်ကွေးသွား၏။

"မမလေးကျိ၊ မင်းအဆင်ပြေရဲ့လား"

"နေမကောင်းရင်လည်းကုသလိုက်ပါဦး"

ကျိချန်း‌ယောင် မကျေမနပ်ဖြင့် နှုတ်ခမ်းစူလိုက်သည်။

ငါ့ကိုထပ်ပြီးခက်ထန်ပြန်ပြီလား!

ထိုအချိန်တွင် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က မည်းမှောင်သည့်အမူအရာဖြင့်၀င်လာသည်။

"ကျေးရွာခေါင်းဆောင်၊ အခြေအနေတွေက ပိုနီးစက်လာနေပြီ"

ကျေးရွာခေါင်းဆောင်က မျက်ခုံးပင့်ကာ နောက်က လူအားစိုက်ကြည့်သည်။

ထိုလူကနားလည်သည့်အသွင် ခေါင်းညိတ်ရင်း ထန်းထန်အား ခေါ်သွားသည်။

ဒါကိုမြင်သောအခါ လုချန်ရှန်းကလည်း ထရပ်ရန်ပြင်ဆင်လိုက်၏။

အရေးကြီးတာတခုခုရှိပုံပဲ!

ငါကအပြင်လူဆိုတော့ ဒီမှာထိုင်နေရတာ မကောင်းပါဘူးလေ!

သို့သော် ကျေးရွာခေါင်းဆောင်ကပြောသည်။

"အဆင်ပြေတယ်၊ လူငယ်လေး၊ ထိုင်လိုက်ပါ၊ မင်းနားထောင်ရင်းလည်း ပြဿာနာမရှိပါဘူး"

လုချန်ရှန်း "....."

ဘာလို့ပြဿာနာဖြစ်စေတဲ့အရာတွေမှာ ပါ၀င်လိုက်ရပြီဆိုတဲ့ခံစားချက်ကို ငါခံစားလိုက်ရတာလဲ!

"ပြောပါ"

သက်လတ်ပိုင်းအရွယ်လူကခေါင်းညိတ်သည်။

"နဂါးနွားကိုချည်ထားတဲ့ နဂါးပတ်ကြိုးကို တယောက်ယောက်ဆော့ထားတယ်"

"ဒီတော့ တစ်ယောက်ယောက်က ထန်းထန်းကို သတ်ချင်တာဖြစ်ရမယ်၊ မဟုတ်ရင်လည်း ကျွန်တော်တို့ကို သတိပေးချင်တာဖြစ်ရမယ်"

ကျေးရွာခေါင်းဆောင်၏မျက်နှာက အလွန်အမင်းကြည့်ရဆိုးသွားပြီး သူ့မုတ်ဆိတ်များက ဒေါသကြောင့်တုန်ယင်နေကာ လက်ထဲကခုံကို ဒေါသတကြီးရိုက်နှက်ရင်း ကျိန်ဆဲလိုက်၏။

"အဲဒါဘယ်သူလဲ"

ထိုလူကပြောသည်။

"သဲလွန်စအားလုံးက ဟီကိုညွှန်ပြနေတယ်"

ဟီလား!

ကျေးရွာခေါင်းဆောင်က ချိုင်းထောက်များကိုချပြီးနောက် လေးနက်သည့်အသံဖြင့်ပြောသည်။

"ကြည့်ရတာ သူတို့က အမာရွတ်တွေကို ကုသပြီးသွားတော့ နာကျင်မှုကို မေ့သွားပုံပဲ"

"ဟီက ကျေးရွာခေါင်းဆောင်ဆိုတဲ့ ငါ့နေရာကိုအမြဲလိုချင်တာ၊ ဒါကြောင့် သေမျိုးကျေးရွာနဲ့ သေမျိုးကမ္ဘာကို ခွဲခြားထားဖို့အတွက် တိုက်ပွဲ၀င်ရမယ်"

"ဒါပေမယ့် သူက ဆရာကိုဆန့်ကျင်ခဲ့တော့ ဆရာကသူ့ကိုအပြင်းအထန်ရိုက်နှက်ခဲ့တယ်"

"အခုသေမျိုးကျေးရွာက ထပ်ပွင့်လာပြီဆိုတော့ သူ့မှာ ဆိုးယုတ်တဲ့အတွေးတွေ ထပ်ပြီးရှိလာပြန်ပြီလား"

လုချန်ရှန်း အိမ်အပြင်ဘက်သို့ ဆွံအစွာ ကြည့်နေမိသည်။

အင်း!

ဒီမှာ ပြဿာနာတွေပေါ်လာပြန်ပြီလို့ ငါပြောခဲ့သားပဲ!

အပိုင်း(476) coming။

All Chapters