← Chapters

#တွက်ချက်မှုများ#

Vol. 33 Ch. 476

#တွက်ချက်မှုများ#

Vol. 33 Ch. 476

သေမျိုးကျေးရွာ၌ ပြဿာနာမရှိပေ။

၎င်း၏အတွင်းပိုင်းကို အပိုင်းနှစ်ပိုင်းခွဲထားသည်။

တစ်ပိုင်းက ဘိုးဘေးနှင့်ဆရာသခင်များ၏ စည်းမျဉ်းများကိုလိုက်နာပြီး သေမျိုးကျေးရွာကို မျိုးဆက်များအတွက် စောင့်ကြပ်ကာ တစ်လှမ်းမှ မလှမ်းရအောင် ကာကွယ်ထားသည်။

တခြားတပိုင်းကမူ သေမျိုးကျေးရွာက လူများကအရမ်းအစွမ်းထက်သည်ဟု စဉ်းစားကြသည်။ ဘာလို့ငါတို့က တချိန်လုံး ကျေးရွာထဲမှာပဲနေရမှာလဲ!

အပြင်ထွက်ပြီးဒီကြယ်လွင်ပြင်ကို ချေမှုန်းပစ်၍ရပေသည်။

ထိုအချိန်တွင် သူတို့ကများပြားသည့်အရင်းအမြစ်များရလာသည်သာမက ကြီးမားသည့်စွမ်းအားလည်းရလာမည်။

ကျေးရွာခေါင်းဆောင်က ပထမအမျိုးအစားပင်။

သူတို့ပြောနေကြသည့်ဟီမိသားစုက ဒုတိယအပိုင်းဖြစ်သည်။

"ဒါပေမယ့် သူတို့ကဆရာကို ထပ်ပြီးရင်ဆိုင်ရအောင် ဘယ်လိုအရာကများ သူတို့ကိုသတ္တိရှိစေတာလဲ၊ ဒါ့အပြင် သူတို့က အရမ်းစဉ်းလဲကောက်ကျစ်လာကြပြီ"

ကျေးရွာခေါင်းဆောင်၏မျက်နှာက မည်းမှောင်သွား၏။

"ဟီမိသားစုကိုသွားပြီး ဆရာကိုတွေ့ဖို့အတွက် အဖိုးကြီးဟီကိုခေါ်လာခဲ့"

သက်လတ်ပိုင်းအရွယ်လူကြီးကခေါင်းညိတ်သည်။

ထိုအချိန်တွင် လုချန်ရှန်းထရပ်သည်။

"ကျေးရွာခေါင်းဆောင်၊ ကျုပ်အရင်ထွက်သွားလိုက်တော့မယ်နော်"

ကျေးရွာခေါင်းဆောင်က တခဏမျှ အံ့ဩသင့်သွားသည်။

"တတိယစမ်းသပ်မှုက မစသေးဘူးလေ၊ မင်းဘာလို့ဒီမှာ အခြေမချရတာလဲ"

လုချန်ရှန်းခေါင်းခါယမ်းကာ ထွက်သွားသည်။

ကျိချန်း‌ယောင်ကလည်း အနည်းငယ်ဝေခွဲမရဖြစ်သွားသော်လည်း လုချန်ရှန်းနောက်မှ လိုက်သွားသည်။

"ရှင့်ဘာလို့ထွက်လာရတာလဲ'

လုချန်ရှန်းမျက်လုံးလိမ့်လိုက်မိသည်။

"သူတို့ပြောတာမကြားလို့လား"

"တကယ်လို့ငါက ကျေးရွာခေါင်းဆောင်အိမ်မှာနေမယ်ဆိုရင် ပြဿာနာထဲ ၀င်ပါရတော့မှာလေ"

ဒီမိန်းမက ဦးနှောက်ကို ရင်ဘတ်ကနေ ဖွံ့ဖြိုးလာတာလား!

ဦးနှောက်ကို အာဟာရနည်းနည်းဖြည့်ပါဦးလား!

ကျိချန်း‌ယောင်၏မျက်နှာက ထူးဆန်းနေသည်။

သူကအရမ်းသတိမကြီးလွန်းဘူးလား!

"ဒီလိုဆိုရင် ငါတို့အခုဘယ်သွားကြမလဲ"

"အဲဒီငါတို့ဆိုတဲ့စကားကိုမသုံးပါနဲ့၊ မင်းကပြဿာနာအိုးလေးပဲ"

....

ဝါးအိမ်ရှေ့တွင် ဆရာ့နေအိမ်၌ ကျေးရွာခေါင်းဆောင်နှင့် တခြားအဖိုးအိုတစ်ယောက်က ဘေးချင်းယှဉ်ကာ ရပ်နေကြသည်။

နှစ်ဦးသားကဝါးအိမ်ရှေ့တွင်ရပ်နေကြပြီး လေထုကလည်း အတော်လေးစိတ်ဓာတ်ကျနေသည့်သဘောကိုဆောင်နေသည်။

သို့သော်မည်သူကမှ စကားမပြောကြ။

ထိုအချိန်တွင် ဝါးတဲအိမ်လေးထဲကနေ ဆရာ၏အသံထွက်လာသည်။

"ဒီအရာတွေငါသိပြီးပြီ"

"မင်းတို့စဉ်းစားထားတာကိုငါ့ကိုပြော"

ထိုအချိန်တွင် ကျေးရွာခေါင်းဆောင်ဘေးရှိ ဟီမိသားစုခေါင်းဆောင် ဟီကျန်းကပြောသည်။

"ဆရာ၊ ကျွန်တော်တို့ သေမျိုးကျေးရွာကို မရေမတွက်နိုင်လောက်တဲ့ကာလကြာရှည်အောင် စောင့်ကြပ်ခဲ့ကြပါတယ်၊ ကျွန်တော်တို့ အတိအကျဘာကိုစောင့်ကြပ်နေကြရတာလဲ"

ဆရာကပြောသည်။

"စောင့်ကြပ်နေရတဲ့အရာက အရမ်းအရေးကြီးတယ်"

ထိုစကားတွင်သွယ်ဝိုက်သည့်အဓိပ္ပာယ်တခုရှိသည်။ ငါမင်းကိုပြောပြလို့မရဘူး!

ကျေးရွာခေါင်းဆောင်က ကြည့်ရဆိုးသည့်အမူအရာဖြင့်ပြောလာသည်။

"ဟီကျန်း၊ မင်းဘိုးဘေးတွေပြောခဲ့တာကို နားမထောင်ချင်တော့တာလား"

ဟီကျန်းကအေးစက်စွာသရော်သည်။

"ဘာသဘောထားကွဲလွဲမှုရှိလဲဆိုတာ ငါလည်းမသိဘူး"

"သေမျိုးကျေးရွာကို အချိန်အကြာကြီးစောင့်ကြပ်နေခဲ့ကြတာ၊ ဒီတော့ ငါတို့အပြင်ထွက်ပြီး သေမျိုးကျေးရွာက ငါတို့တွေက ဘယ်လောက်အစွမ်းထက်သလဲဆိုတာ ကမ္ဘာကြီးကို အသိပေးရမယ်"

"အဲဒီအချိန်ကျရင် အရင်းအမြစ်တွေနဲ့ စွမ်းအားက ငါတို့လက်ဖျားမှာ ရောက်လာရမှာပဲလေ"

ကျေးရွာခေါင်းဆောင်က ဒေါသတကြီး အပြစ်တင်သည်။

"ဘာလို့တခြားသူတွေကိုသိခွင့်ပေးရမှာလဲ၊ ကျင့်ကြံတာက တခြားသူတွေကိုပြဖို့အတွက်လား"

"ဒါ့အပြင် ပြင်ပစွမ်းအားက ဘာတွေများ ဆွဲဆောင်ထားလို့လဲ"

ဟီကျန်းပြန်ချေပသည်။

"အရင်းအမြစ်တွေနဲ့စွမ်းအားတွေရလာမယ်ဆိုရင် သေမျိုးကျေးရွာကအမြင့်ကိုသွားလို့ရမယ်၊ ငါတို့ကကျင့်ကြံခြင်းအတွက်တင်မဟုတ်ဘဲ ဘာအံ့ဩသင့်စရာမှမရှိဘဲ ကျေးရွာထဲမှာစောင့်ပြီး အဲဒီလှည့်စားနေတဲ့အရာကို စောင့်နေရမှာလား"

"မင်း"

နှစ်ဦးသားမငြင်းဆန်နိုင်ကြတော့။

သူတို့က ဝါးအိမ်ရှိရာသို့သာ ဦးညွတ်လိုက်ကြ၏။

"ဒါကို ဆရာကပဲဆုံးဖြတ်ပေးပါဦး"

သို့စေကာမူ ဆရာပြောသည့်စကားက ကျေးရွာခေါင်းဆောင်ကို အံ့ဩသင့်သွားစေသည်။

"နှစ်ဘက်စလုံးရဲ့သဘောထားထင်မြင်ချက်တွေက အရမ်းသဘောထားကွဲလွဲနေတယ်၊ ဒါက ကျေးရွာငြိမ်းချမ်းရေးကို အထောက်အကူမဖြစ်ဘူး"

"ဒီစမ်းသပ်မှုကနေတဆင့် မင်းတို့တစ်ယောက်ချင်းစီက လူတစ်ယောက်စီရှာရမယ်၊ တကယ်လို့ တယောက်ယောက် တတိယစမ်းသပ်မှုကို ဖြတ်ကျော်နိုင်ရင် သူပြောတာနားထောင်ကြတာပေါ့"

ကျေးရွာခေါင်းဆောင်က ပူပန်စွာမေးသည်။

"ဆရာ၊ ဒါကလက်ခံလို့မရဘူး"

ဟီကျန်းနှာခေါင်းရှုံ့သည်။

"ဘာလို့မဖြစ်နိုင်ရမှာလဲ၊ မင်းရွေးချယ်မယ့်လူက ငါရွေးချယ်မယ့်လူလောက် မကောင်းတာကို မင်းကြောက်နေတာများလား"

"ကောင်းပြီ၊ ဒီကိစ္စကပြီးသွားပြီ"

"ဆက်လုပ်ကြတော့"

ဆရာက နောက်ဆုံးဆုံးဖြတ်ချက်ကို ချလိုက်လေသည်။

ကျေးရွာခေါင်းဆောင်မှာ တခြားရွေးချယ်စရာမရှိတော့သဖြင့် ချိုင်းထောက်ဖြင့် ထွက်သွားရတော့သည်။

သူတို့နှစ်ယောက်ထွက်သွားပြီးနောက် ဝါးအိမ်လေးထဲတွင် ရေးဆွဲနေသည့်အဖိုးအိုက လက်ထဲက မှင်တံကို ချလိုက်၏။

"ကပ်ဘေးကချဉ်းကပ်လာနေပြီ၊ ပါရမီတွေအများအပြားထွက်ပေါ်လာမယ်၊ လေနဂါးက နဂါးကိုတွေ့တာနဲ့ နဂါးအဖြစ်ကို ပြောင်းလဲသွားမယ်"

"ဟီကျန်းဆက်သွယ်ခဲ့တဲ့သူကို ငါတကယ်သိချင်မိတယ်"

မူလက သူ့၏ရည်မှန်းချက်က အရင်ကတခါပေါ်လာခဲ့သော်လည်း ဆရာ၏ အတင်းအကျပ်ဖိနှိပ်ခြင်းကိုခံရသည်။

ယခုတော့ထပ်ပေါ်လာလေပြီ။

အပြင်လူတွေနှင့်ပူးပေါင်းကြံစည်မှုမရှိဘူးဆိုတာ အဖိုးအိုမယုံပေယ

သူကဒီအခွင့်အရေးကို ယူကာ သေမျိုးကျေးရွာနှင့်ပတ်သက်၍ ဘယ်သူတွင် မှာစယွင်းသည့်အတွေးများရှိနေသလဲဆိုတာ ရှာဖွေရပေမည်။

ဆရာလက်ထဲကမှင်တံက သားရေပေါ်၌ စနင်ရေးဆွဲနေသည်။

စာလိပ်ပေါ်၌ ဇာတ်ကောင်သေကြီးတခုပေါ်လာသည်။ ရိုက်ချက်တိုင်းက ဖြတ်သန်းသွားသည့် စစ်တပ်တထောင်ကဲ့သို့ပင်။

မှင်တံရေးသည့်နေရာတိုင်း၌ ရိုက်ချက်တိုင်းက အလွန်အမင်းထက်ရှကာ သတ်ဖြတ်လိုသည့်ဆန္ဒဖြင့် ပြည့်နှက်နေလေသည်။

....

သုံးရက်ကုန်ဆုံးသွားသည်။

ကျေးရွာခေါင်းဆောင်က လုချန်ရှန်းကို ပြန်တွေ့သွားသည်။

"လူကယ်လေး၊ မနက်ဖြန်ကျရင် တတိယစမ်းသပ်မှုကိုစတင်မယ်"

လုချန်ရှန်း ခံစားချက်ကင်းမဲ့နေသည့်အမူအရာဖြင့်ကြည့်လိုက်၏။

"ကျေးရွာခေါင်းဆောင်မှာတခုခုရှိတယ်ဆိုရင် ကျုပ်ကိုပြောလို့ရပါတယ်"

ဒီလိုအကြောင်းကြားချက်မျိုးအတွက် တယောက်‌ယောက်ကို ပြောဖို့စေလွှတ်လိုက်ရင်မရဘူးလား!

ဘာလို့ငါ့ကိုဒီလောက်ထိ‌လေးလေးနက်နက် ဒုက္ခခံပြီးလာဖိတ်စရာလိုတာတုန်း!

ဒီကောင်!

မင်းကဘာလို့ဒီလောက်တည့်တိုးပြောနေရတာလဲ!

ကျေးရွာခေါင်းဆောင်က ကိုးရိုးကားယားပြုံးရင်း စကားကိုပြန်ပြောင်းပြောလိုက်သည်။

"ဒီတော့ မင်းစိတ်၀င်စားလား"

"ကျုပ်စိတ်မ၀င်စားဘူး"

ရှင်းရှင်းလေးပါ!

သူကဘာမှဂရုစိုက်မနေဘဲ တိုက်ရိုက်ပင် ငြင်းချလိုက်သည်။

ကျေးရွာခေါင်းဆောင်မှာလည်း မှင်သေသေနေသည်။

လုချန်ရှန်းလက်အစုံကိုဖြန့်ကြက်ကာ စဉ်းစားမနေဘဲပြောသည်။

"ကျုပ်စမ်းသပ်မှုကိုတော့ကျော်ဖြတ်မှာပါ၊ ဒါပေမယ့်ဘယ်အဖွဲ့ကိုမှ၀င်မှာမဟုတ်ပါဘူး"

"ဒီတော့ ကျေးရွာခေါင်းဆောင် တခြားတယောက်ကို ရှာသင့်တယ်"

ကျေးရွာခေါင်းဆောင်က အလျင်အမြန်ပြောသည်။

"လူငယ်လေး၊ မင်း၀င်စရာမလိုပါဘူး၊ မင်းငါ့ဘက်ခြမ်းကိုကိုယ်စားပြုပေးရုံပါပဲ"

"ဒါလည်းအဆင်မပြေဘူး"

လာနောက်နေတာလား!

ဒါကငါတခြားအင်အားစုတခုကို အကြောင်းရင်းမရှိဘဲ စော်ကားရမယ်လို့ ဆိုလိုနေတာပဲမလား!

သူတို့၏ခွန်အားက အရမ်းကြီးအားမကောင်းသော်လည်း နေအိမ်နှင့်ဝေးကွာနေစဉ် ဒီလိုပြဿာနာတွေနည်းလေ၊ ပိုကောင်းလေလေပင်။

ဒါကသူ့ကိုယ်သူကာကွယ်ရန်ဖြစ်သည်။

ထွက်သွားသည့်လုချန်ရှန်း၏နောက်ကျောကိုကြည့်ရင်း ဘေးကသက်လတ်ပိုင်းအရွယ်လူကမေးသည်။

"ကျေးရွာခေါင်းဆောင်၊ တခြားတယောက်ယောက်ကို ရှာလိုက်ရမလား"

ကျေးရွာခေါင်းဆောင်က အပြုံးဖြင့် ခေါင်းခါယမ်းပြသည်။

"မလိုတော့ဘူး"

မလိုဘူးလား!

ဒီလိုလက်လျှော့လိုက်တာလား!

အဖိုးကြီးဟီဘက်ကရော!

ထိုစဉ် ကျေးရွာခေါင်းဆောင်၏ဝေဝါးနေသည့်မျက်လုံးများကနေ အလင်းတန်းတစင်းထွက်လာသည်။

"ဒီလူငယ်ဒီကို ရောက်လာကတည်းက ဟီကျန်းကလည်းသတင်းရထားလိမ့်မယ်"

"ဒီတော့သူငြင်းရင်တောင် တဖက်လူက သူ့ကိုငါရွေးချယ်ထားတဲ့လူလို့မြင်လိမ့်မယ်"

ထိုလူကရုတ်တရက်သဘောပေါက်သွား၏။

ကျေးရွာခေါင်းဆောင် ခေါင်းဆောင်ဖြစ်ခဲ့ရသည့်အကြောင်းရင်းက ကျော်ကြားသည့်အတွက်ကြောင့်တင်မဟုတ်ဘဲ တမူထူးခြားသည့်စိတ်တခုရှိနေသောကြောင့်ပင်။

သို့မှသာ သေမျိုးကျေးရွာက ရွာသားများကို ကောင်းစွာစီမံကိုင်တွယ်နိုင်မည်မဟုတ်ပေလော။

.....

ဒုတိယနေ့တွင် တောက်ပသည့်နေမင်းကြီးမြှင့်တက်လာချိန် ခရမ်းရောင်အလင်းကလည်း ၀န်းရံထားသည်။

ဒါက တတိယစမ်းသပ်မှုစတင်လိုက်ပြီဟုဆိုလိုနေခြင်းပင်။

ထိုနေရာက သေမျိုးကျေးရွာ၏‌အနောက်ဘက်တောင်တွင်ဖြစ်ပြီး ဒီနေရာက ရွာသားများ နေ့စဉ်အမဲလိုက်သည့်နေရာလည်းဖြစ်သည်။

ဒီနေရာတွင်ပင် တတိယစမ်းသပ်မှုက တည်ရှိသည်။

ယခုတကြိမ် တတိယစမ်းသပ်မှုကို ဖြတ်ကျော်ခဲ့သည့်လူအရေအတွက်က ၁၈ဖြစ်သည်။

သူတို့ထဲတွင် ဒွန်ချောင်ဟီနှင့်ကျင်းဝူဝူတို့လည်းရှိသည်။

ကျိချန်းယောင်ကလည်းဒီနေရာတွင်ရှိသည်။

လုချန်ရှန်းစမ်းသပ်မှုကိုဖြတ်ကျော်ခဲ့သဖြင့် သူက ချင်းချန်၏နောက်လိုက်ဖြစ်သည့်အတွက် ချင်းချန်ကလည်း ပါ၀င်ခွင့်ရှိသည်။

တစ်နည်းအားဖြင့် အကယ်၍ ချင်းချန်ကသာ တတိယစမ်းသပ်မှုတွင် ပယ်ချခံရပါက လုချန်ရှန်းကလည်း တိုက်ရိုက် ဖယ်ရှားခံရပေလိမ့်မည်။

ထို့ကြောင့်လုချန်ရှန်းစမ်းသပ်နေစဉ် ချင်းချန်၏ဘေးကင်းလုံခြုံရေးကိုလည်း သေချာအောင်လုပ်နေရသည်။

လုချန်ရှန်းက တတိယစမ်းသပ်မှုကို နောက်လိုက်တစ်ဦးအဖြစ် ရောက်ရှိခဲ့သည့် တစ်ဦးတည်းသောသူဖြစ်သည်။

အပိုင်း(477) coming။

All Chapters