← Chapters

#ပထမတိုက်ပွဲမှ အောင်ပွဲ#

Vol. 34 Ch. 477

#ပထမတိုက်ပွဲမှ အောင်ပွဲ#

Vol. 34 Ch. 477

ထို့နောက် ကျေးရွာခေါင်းဆောင်က တတိယစမ်းသပ်မှု၏စည်းမျဉ်းများကို ရှင်းပြသည်။

လူတိုင်းတွင် ကျောက်စိမ်းတံဆိပ်တခုရှိပြီး ကျောက်စိမ်းတံဆိပ်ထဲတွင် မိုးထိကျောက်နံရံပေါ်၌ သူတို့နားလည်သဘောပေါက်ခဲ့သည့် လေ့ကျင့်ခန်းများကို ထွင်းထုထားသည်။

ဖြတ်သန်းသွားရသည့်သူတိုင်းက မိုးထိကျောက်နံရံကိုးခုကနေစုဆောင်းရမည်။ ဆိုလိုတာက မတူညီသည့်လေ့ကျင့်ခန်းကိုးခုဖြစ်သည်။

ဤသည်အပြင် သူတို့မဖြတ်သန်းနိုင်သေးခင် ဒါအားလုံးကို နားလည်အောင်လုပ်ပြီး လေ့ကျင့်ခန်းတခုတည်းတွင် ပေါင်းစပ်ရပေမည်။

ဒီလေ့ကျင့်ခန်းကိုးခုစလုံးက နဂါးငွေ့တန်းကြယ်လွင်ပြင်ထိပ်တန်းတည်ရှိမှုများဖြစ်သည်။

တစ်မျိုးတည်းကို နားလည်ရန်အတွက်ပင် အတော်လေးခက်ခဲလေရာ တခုတည်းအဖြစ် ပေါင်းစပ်ရန်ဟူသည်ကား ကောင်းကင်ကို တက်ရတာထက်ပင် ခက်သည်ဟုဆို၍ရသည်။

ဒါကြောင့်လည်း သေမျိုးကျေးရွာ၏ စမ်းသပ်မှု၌ ယနေ့အချိန်အထိ လူနှစ်ယောက်သာလျှင် ဖြတ်ကျော်နိုင်ခဲ့သည့် အဓိကအကြောင်းရင်းဖြစ်သည်။

ဤသည်အပြင် လုချန်ရှန်း၏ ကျောက်စိမ်းတံဆိပ်က ချင်းချန်၏ကိုယ်‌ပေါ်တွင်ရှိသည်။

ထို့ကြောင့် အကယ်၍ လုချန်ရှန်းမပယ်ချခံချင်ပါက ပထမအချက်က ချင်းချန်လက်ထဲက ကျောက်စိမ်းတံဆိပ်ကိုကာကွယ်ရင်း ချင်းချန် မဖယ်ရှားခံရစေရန်အတွက် သေချာအောင်လုပ်ခြင်းပင်။

ထိုအချိန်တွင် ဒွန်ချောင်ဟီလှမ်းကြည့်လိုက်စဉ် ကျိချန်းယောင်က လုချန်ရှန်းဘေးတွင်ရပ်နေပြီးချိုသာသောအပြုံးဖြင့် ပြောနေတာကိုတွေ့လိုက်ရသည်။

သို့သော်တကယ်တမ်းတွင် ကျိချန်းယောင်ပြောနေသော်လည်း လုချန်ရှန်းတင်မာသည့်မျက်နှာထားဖြင့် မကြားဟန်ဆောင်နေသည်။

ဒီမြင်ကွင်းကိုမြင်သောအခါ ဒွန်ချောင်ဟီအံကြိတ်ကာ လျှောက်သွားသည်။

"မင်းက ချင်းမိသားစုရဲ့နောက်လိုက်လေးလား"

လုချန်ရှန်းမျက်ခုံး‌တွန့်လိုက်မိပြီး ကျိချန်းယောင်အား ကြည့်လိုက်သည်။

"ဒါတွေအားလုံးမင်းကြောင့်ပဲ၊ ဒါကြောင့် မင်းဖြေရှင်းရမယ်"

ကျိချန်းယောင်နှုတ်ခမ်းစူလိုက်၏။

ရက်အနည်းငယ်ကြာဆက်သွယ်ခဲ့ပြီးနောက်တွင် သူမ လုချန်ရှန်းစရိုက်ကို ကနဦးနားလည်လာခဲ့သည်။

နိဂုံးချုပ်ပြီးပြောရပါက သူ့တွင် စကားလုံးလေးလုံးသာရှိသည်။

ငါပြဿာနာတွေမဖြစ်ချင်ဘူး!

"ဒွန်ချောင်ဟီ၊ ငါနင့်ကိုအရင်ကပြောသလိုပဲ သူဘယ်သူပဲဖြစ်ဖြစ် နင်နဲ့ဘာမှမဆိုင်ဘူး"

ကျိချန်းယောင်၏ဂရုမစိုက်သည့်စကားလုံးတွေက ဘေးထွက်ဆိုးကျိုးရှိလာခဲ့သည်။

ဒွန်ချောင်ဟီ၏နှလုံးသားက နောက်တကြိမ် ကြောက်မက်ဖွယ်ရာဒေါသဖြင့် ပြည့်နှက်လာရပြန်သည်။

နောက်လိုက်လေးတယောက်အတွက်လား!

ပြီးတော့ ချင်းမိသားစုရဲ့ နောက်လိုက်လေးတယောက်က ငါ့ကိုဒီလိုပြောရဲတာလား!

"အခုနင်နဲ့မဆိုင်ပါဘူး"

ဒွန်ချောင်ဟီ လုချန်ရှန်းအား မထီမဲ့မြင်ကြည့်လိုက်သည်။

"ငါမင်းကိုတွေ့တဲ့အထိ မင်းအသက်ရှင်နေဖို့မျှော်လင့်ပါတယ်၊ အချိန်ကျလာတဲ့အခါကျရင် ငါတို့ကြားက အဆင့်အတန်းဖြစ်စေ ခွန်အားအရာဖြစ်စေ ကွာဟချက်က ဘယ်လောက်ထိကြီးမားသလဲဆိုတာ ငါမင်းကိုသိခွင့်ပေးမယ်"

စကားပြောပြီးနောက် သူကတဖက်လှည့်ကာထွက်သွားလေတော့သည်။

နောက်ဘက်တွင် ကျေးရွာခေါင်းဆောင်က ဒီမြင်ကွင်းကိုကြည့်နေသည်။

"ဟီကျန်း၊ ဒီလူကမင်းရှာနေတဲ့လူလား"

ဟီကျန်းရယ်မောပြီးပြောသည်။

"ကျေးရွာခေါင်းဆောင်ဖြစ်တာတောင် သူ့အမြင်ကအရမ်းဆိုးပြီး သူ့ကိုယုံကြည်ဖို့ နောက်လိုက်တယောက်ကိုရှာခဲ့လိမ့်မယ်လို့ ငါတခါမှမထင်ထားဘူး"

"ဒွန်ချောင်ဟီက ပိုင်မင်မြို့နဂါးနန်းတော်က အဖွဲ့၀င်တစ်ယောက်ဖြစ်ပြီး သူတို့အကြားမှာ ပါရမီအရှိဆုံးတပည့်တယောက်ပဲ"

"ဒါကိုနောက်လိုက်တယောက်နဲ့ ဘယ်လိုယှဉ်လို့ရမှာလဲ"

ကျေးရွာခေါင်းဆောင်က ဟီကျန်းကိုကြည့်ရင်း ရှင်းမပြနိုင်သည့်အမူအရာဖြင့် ပြောလာသည်။

"ကြည့်ရတာ မင်းက ပိုင်မင်မြို့က နဂါးနန်းတော်နဲ့ ပူးပေါင်းထားပုံပဲ"

ဟီကျန်း၏မျက်လုံးများ၌ တင်းမာခက်ထန်သည့်အကြည့်တချက်ပေါ်လာသော်လည်း ချက်ချင်းပင်ရယ်မောလိုက်၏။

"သေမျိုးကျေးရွာက လူတွေကတခြားအင်အားစုနဲ့မှ ပူးပေါင်းစရာမလိုဘူး၊ ဘယ်သူမှ ငါတို့နဲ့ပူးပေါင်းဖို့ မထိုက်တန်ဘူး"

ကျေးရွာခေါင်းဆောင်က ဟီကျန်းကို နက်နက်နဲနဲစိုက်ကြည့်လိုက်သည်။

ဒီကိစ္စကထင်သလောက်မလွယ်တော့တာ သူသိလိုက်သည်။

အကယ်၍ကောင်းကောင်းမကိုင်တွယ်ပါက သေမျိုးကျေးရွာက ပျက်စီးရပေတော့မည်။

ထိုအချိန်တွင် လူရှစ်ယောက်လက်ထဲက ကျောက်စိမ်းတံဆိပ်များက အစိမ်းရောင်အလင်းများဖြင့် ၀န်းရံနေသည်။

ချက်ချင်းဆိုသလို အစိမ်းရောင်အလင်းတချက်နှင့်အတူ သူတို့ကထိုနေရာ၌ပင် ပျောက်ကွယ်သွားပြီး နက်ရှိုင်းသည့်သစ်တောထဲရှိ မတူညီသောနေရာစုံသို့ ပို့ဆောင်ခံလိုက်ရသည်။

ကျေးရွာခေါင်းဆောင်ပြောသည်။

"ဟီကျန်း၊ မင်းအစီအစဉ်က အောင်မြင်မှာမဟုတ်ဘူး"

"ဒီနောက်လိုက်လေးကိုအားကိုးရုံနဲ့လား၊ ဟမ့်၊ ငါလည်းစောင့်ကြည့်ချင်ပါသေးတယ်"

.....

နက်ရှိုင်းသည့်သစ်တောတနေရာရာ၌ တောင်ပေါ်စမ်းတခုရှိပြီး တောင်စမ်းချောင်းလေးဘေး၌ လုချန်ရှန်းနှင့် ချင်းချန်တို့က ထိုနေရာသို့တချိန်တည်းတွင် ပို့ဆောင်ခံရသည်။

ချင်းချန်ပူပန်စွာပြောလာသည်။

"အစ်ကိုလု၊ ဒွန်ချောင်ဝူက လက်စားချေလိမ့်မယ်"

"ပြီးတော့ မင်းကသူ့ကိုစော်ကားပြီးပြီဆိုတော့ မင်းသတိထားဖို့လိုတယ်၊ သူဖမ်းတာခံရပြီးဆိုတာနဲ့ သူမင်းကိုသတ်မှာကျိန်းသေပဲ"

လုချန်ရှန်းအကူအညီမဲ့စွာသာကြည့်လိုက်မိသည်။

ငါ့ရဲ့ကိုယ်ပိုင်အစီအစဉ်တွေနဲ့ ငါသူ့ကို ရန်စထားတာကျနေတာပဲ!

အဲဒီမိန်းမကိုပဲအပြစ်တင်လေ!

ထိုမိန်းမကချစ်စရာကောင်းသော်လည်း သူ့ကိုမှီခိုနေသည့်ပမာ။

ကျိချန်းယောင်မှာ ယက်တတ်တဲ့ခွေးတကောင်ဖြစ်မယ့်အလားအလာရှိတယ်ဆိုတာ ငါဘာလို့သဘောမပေါက်ခဲ့ရတာလဲ!

လုချန်ရှန်းအားကိုးရာမဲ့စွာသက်ပြင်းချသည်။

"ငါ့ကိုမစိုးရိမ်နဲ့၊ အခုကနေစပြီးတော့ ငါ့နောက်ကနေ အနီးကပ်လိုက်ခဲ့"

ချက်ချင်းဆိုသလိုသူကလက်ကိုဆန့်ထုတ်လိုက်သည်။

ချင်းချန်၏ထိတ်လန့်နေသည့်အကြည့်အောက်တွင် လုချန်ရှန်း၏လက်က လေဟာနယ်ထဲသို့ တိုက်ရိုက်ပင် ထိုးဖောက်သွားပြီး ထို့ထဲက စာလိပ်တချို့ကိုယူဆောင်ကာ သူ့ဆီပစ်လိုက်သည်။

ဒါကဘာလဲ!

သေမျိုးကျေးရွာ၏လေဟာနယ်က အရမ်းတည်ငြိမ်သည်။

ဒါကိုဘယ်လိုဖွင့်ပစ်လိုက်တာလဲ!

ဒီအချက်ကိုတွေးမိသောအခါ ချင်းချန် လုချန်ရှန်းကို ရှင်းပြ၍မရသည့်အမူအရာဖြင့်ကြည့်နေခဲ့သည်။

ကြည့်ရသည်မှာ လမ်းပေါ်၌ သူအမှတ်မထင်တွေ့ခဲ့သည့်ဒီလူက နတ်ဆိုးဆန်ဆန်ပါရမီရှိသည်သာမက သူ့ခွန်အားကလည်း မတွေးတောနိုင်လောက်အောင်ကို ကြီးမားသည်။

"ငါ့ကိုကြည့်မနေနဲ့" လုချန်ရှန်း စာလိပ်တွေကို လက်ညိုးထိုးပြသည်။

"ဒါတွေကအစီအရင်စာလိပ်တချို့ပဲ၊ အန္တရာယ်တခုရှိလာပြီး ငါမင်းကိုမကယ်နိုင်တဲ့အခါကျရင် မင်းတိုက်ရိုက်အသုံးပြုလို့ရတယ်၊ ဒါပေမယ့်ဖြုန်းတော့မဖြုန်းတီးနဲ့"

စကားပြောပြီးနောက် လုချန်ရှန်းဒါကို ထပ်ပြီးတွေးလိုက်မိသည်။

ချင်းချန်က သူ့ကိုအာရုံစိုက်မနေတော့သောအခါ သူကလက်ဝှေ့ယမ်းပြသည်။

ချင်းချန်၏ကိုယ်တဝိုက်တွင် အထူးအခြေအနေတခုဖြစ်လာမည့်အပေါ် ဓားနိယာမများစွာကို ဝှက်ထားလိုက်သည်။

"ကောင်းပြီ၊ တယောက်ယောက်ကိုရှာကြရအောင်"

"အာ.... ငါဘယ်လိုရှာရမလဲ၊ ဒီနေရာမှာ အစီအရင်တခုရှိပြီး ငါ့ရဲ့အာရုံကိုတောင် မထုတ်လွှတ်နိုင်...."

ထိုသို့ပြောနေစဉ် လုချန်ရှန်း၏ကိုယ်မှထွက်လာသည့် လွှမ်းမိုးနိုင်စွမ်းရှိသောအသိအာရုံကိုကြည့်ရင်း ချင်းချန်၏မျက်လုံးများက ကြေးနီခေါင်းလောင်းကဲ့သို့ ပြူးကျယ်သွားကြ၏။

ဒါကိုဘယ်လိုလုပ်နိုင်မှာလဲ!

ဒါက သူက အစီအရင်ကြောင့် ဖိနှိပ်မခံရဘူးလို့ဆိုလိုနေတာမလား!

ငါတို့ကလေထဲတွင်လည်းလမ်းမလျှောက်နိုင်သလို အသိအာရုံကိုလည်း မထုတ်လွှတ်နိုင်ဘူးလေ!

ဒါပေမယ့်သူက ဘယ်လိုလုပ် ဒီလိုအစွမ်းထက်တဲ့အသိကို ထုတ်လွှတ်နိုင်ရတာလဲ!

လုချန်ရှန်းရှေ့တွင် ချင်းချန်က အ၀တ်ဗလာကျင်းထားသည့်လူတစ်ယောက်ပမာပင်။ ခပ်ပေါ့ပေါ့တချက်ကြည့်လျှင်ပင် သူ့ကိုမြင်နိုင်ပေလိမ့်မည်။

လုချန်ရှန်း ချင်းချန်အားမရည်ရွယ်ဘဲ ဖြတ်ကျော်မိသွားစဉ် သူ့ပါးစပ်ထောင့်စွန်းက အနည်းငယ်ကွေးညွတ်သွားပြီး မျှော်လင့်မထားသည့်အပြုံးတခုကို ပြသလိုက်သည်။

အာ.....

မင်းကစမ်းသပ်မှုမှာ အပ်တချောင်း မင်းနဲ့အတူသယ်လာစရာလိုလို့လားဟ!

အဟွတ်! အဟွတ်!

ချီးပဲ၊ အမြန်းပြေးမှ!

သို့သော်ထိုအချိန်တွင် လုချန်ရှန်းမျက်လုံးများကိုဖွင့်ကာ အရှေ့ဘက်သို့လျှောက်သွားသည်။

ဒါကိုမြင်သောအခါ ချင်းချန်မေးလိုက်သည်။

"မင်းတွေ့ပြီလား"

သူတို့၏သေမျိုးကျေးရွာနောက်ဘက်က တောင်တွင်ဖြစ်သော်လည်း ဒီတောင်က မိုင်ထောင်ပေါင်းများစွာ ရှည်လျားသည့် တောင်တန်းတခုဖြစ်သည်။

တစ်ယောက်ယောက်ကိုရှာဖွေလိုပါက အသိအာရုံကိုအသုံးကာရှာရန်ဟူသည် မလွယ်ကူပါ။

သို့သော် လုချန်ရှန်းခေါင်းညိတ်သည်။

"ငါ့နောက်လိုက်ခဲ့"

ချင်းချန်၏မျက်နှာကရှုပ်ထွေးနေသည်။

ဒီလူကဘယ်သူလဲဟ!

ဒီစွမ်းရည်က အရမ်းကြောက်ဖို့ကောင်းလွန်းတယ်!

ငါတောင်မှ လုံး၀မမြင်နိုင်ဘူး.....!

.....

အမွေးတိုင်တစ်တိုင်စာအကုန်တွင် လုချန်ရှန်းက ချင်းချန်ကိုခေါ်ကာ မိုင်ထောင်ချီပြေးလာခဲ့သည်။

ထိုစဉ် သူတို့လူတစ်ယောက်ကိုတွေ့လိုက်ရသည်။

ထိုလူကလည်းခေါင်းမော့ကာ လုချန်ရှန်းကိုကြည့်လိုက်သည်။

"ချင်းမိသားစုရဲ့နောက်လိုက်လား"

ထိုလူကိုမြင်သောအခါ ချင်းချန် တုန်လှုပ်ချောက်ချားသွား၏။

"မိုးကြိုးမိုးကလန်က လိန်ဒေါင်ကျိ(မိုးကြိုးလမ်းစဉ်ဆရာသခင်)၊ သူ့ပါရမီက ဒွန်ချောင်ဝူနဲ့ ကျိချန်းယောင်တို့နောက်မှာ ရှိတယ်"

ကျိချန်း‌ယောင်ကပါရမီရှင်လား!

လုချန်ရှန်းနှုတ်ခမ်းမဲ့ကာ လက်ကိုဆန့်ထုတ်လိုက်သည်။

"ကျောက်စိမ်းတံဆိပ်ကိုပေးလိုက်တော့၊ အချိန်မဖြုန်းနဲ့"

လိန်ဒေါင်ကျိ၏မျက်နှာက လေးနက်သွားပြီး ထိုစကားလုံးများကိုကြားသောအခါ မိုးကြိုးများက သူ့ကိုယ်တဝိုက်၌ လှည်ပတ်နေပြီး မိုးကြိုးအကျဉ်းထောင်တခုကို ဖန်တီးနေသည်။

အော်ရာက အရမ်းကြောက်မက်ဖွယ်ကောင်းလွနါးသဘ်။

"နောက်လိုက်လေးက အရမ်းမောက်မာတာပဲ"

"ကျောက်စိမ်းတံဆိပ်ကငါနဲ့အတူရှိတယ်၊ မင်းလိုချင်ရင်တော့ မင်းစွမ်းရည်အပေါ် မူတည်တယ်"

ဖင်ရှည်လိုက်တာ!

လုချန်ရှန်းလက်ညိုးထိုးလိုက်သည်။

မမြင်ရသည့်အားတခုက လိန်ဒေါင်ကျိကို တိုက်ရိုက်ပင်ဖိနှိပ်ခဲ့ပြီး တခဏအတွင်းမှာပင် သူ့ပတ်ပတ်လည်က မိုးကြိုးအကျဉ်းထောင်က ‌ပြိုကွဲသွားပြီး ဘာတခုမှမကျန်တော့။

လိန်ဒေါင်ကျိ၏အမူအရာကပြောင်းလဲသွား၏။

ဟမ်!

သို့စေကာမူ သူလှုပ်ရှားရန်ပြင်နေဆဲမှာပင် လက်ချောင်းတချောင်းက သူ့မျက်ခုံးအကြားရောက်နေတာကို တွေ့လိုက်ရသည်။

"လက်လွှဲပေးလိုက်"

All Chapters