#အရိုးတောင်ပံမြွေကျား#
Vol. 34 Ch. 478
မိုးကြိုးမိုးဂိုဏ်းက ကောင်းကင်ဘုံမြွေကြယ်ဒေသ၏ ထိပ်တန်းအင်အားစုတခုဖြစ်သည်။
ချင်းမိသားစုနှင့်ယှဉ်ပါက သူတို့က အများကြီးပို၍အားကောင်းကြသည်။
ထို့ထဲတွင် ယခုပါရမီရှင်က မိုးကြိုးမိုးဂိုဏ်းချုပ်၏ အနီးကပ်တပည့်ဖြစ်ပြီး သူကအတော်လေးဆိုးသည်။
ဒဏ္ဍာရီအရ လွန်ခဲ့သောသုံးနှစ်က သူကမိုးကြိုးနီချောက်ကိုကိုယ်တိုင်သွားခဲ့ပြီး နတ်ဆိုးနှင်မိုးကြိုးကျားကို တယောက်တည်းသတ်ကာ အရိုးများကိုထုတ်ပြီး မိုးကြိုးကိုယ်ခန္ဓာကို ပုံသွင်းခဲ့သည်။
ထို့နောက်ဝိဉာဉ်ကိုယူကာ မိုးကြိုးမိုးဂိုဏ်း၏ လျှို့ဝှက်နည်းစနစ်ကိုပင် လေ့ကျင့်ခဲ့သည်။
ခွန်အားက အတော်လေးအားကောင်းသည်။
ယခု လုချန်ရှန်းလက်ဝှေ့ယမ်းလိုက်သည်နှင့်တပြိုင်နက် မိုးကြိုးထောင်ကို ဖျက်ဆီးပစ်သည်သာမက တချိန်တည်းတွင် လိန်ဒေါင်ကျိထံချက်ချင်းရောက်လာပြီး သူ့လက်ချောင်းကို မျက်ခုံးအကြား ထောက်ထားခဲ့သည်။
ခုခံရန်အတွက်အခွင့်အလမ်းမရှိ။
ဒါကခွန်အားကိုလုံး၀ချေမွပစ်ခြင်းပင်။
လိန်ဒေါင်ကျိအံ့ဩသင့်တကြီးပြောသည်။
"မင်းကဘယ်သူလဲ...."
ဒီလိုခွန်အားကို နောက်လိုက်လေးတယောက်က ဘယ်လိုလုပ်နိုင်မှာလဲ!
သူကဒွန်ချောင်ဟီ၊ ကျင်းဝူဝူနှင့် ကျိချန်းယောင်တို့လောက် အားမကောင်းသော်လည်း သူတို့နောက်တွင် ဒုတိယကျသည်။
သူတို့ကပင်သူ့ကိုအလွယ်ကူမကိုင်တွယ်နိုင်ပေ။
ဘေးကချင်းချန် ရှက်အမ်းအမ်းပြုံးသည်။
ငါလမ်းပေါ်ကအမှတ်မထင်တွေ့ခဲ့တဲ့လူက နံပါတစ်ပုဂ္ဂိုလ်ဖြစ်နေတာလား!
သူက ကျောက်စိမ်းရေကန်သူတော်စင်မဖြစ်သည့် ကျိချန်းယောင်ကို ပါရမီနှင့် ထက်မြက်မှုဖြင့် ချေမှုန်းခဲ့သည်သာမက ယခုတွင်လည်း ခွန်အားအရာဖြင့်ပင် လိန်ဒေါင်ကျိကဲ့သို့ နာမည်ကြီးပါရမီရှင်ကိုပါ အနိုင်ယူပစ်ခဲ့သည်။
လုချန်ရှန်းစိတ်မရှည်စွာပြောသည်။
"အရမ်းပေါက်ကရပြောလွန်းတာပဲ၊ မြန်မြန်လက်လွှဲပေးစမ်း"
ဤသည်ကိုကြားသောအခါ လိန်ဒေါင်ထိ ခါးသီးစွာပြုံးသည်။
"ကြည့်ရတာငါတို့အားလုံး မင်းကိုလျှော့တွက်ခဲ့ကြပုံပဲ၊ ဒွန်ချောင်ဟီကလည်း သေချာပေါက်မင်းလက်ထဲ ကျသွားရောက်တယ်"
ဒီလိုခွန်အားအရဆိုရင် ဘယ်သူကမှ သူနှင့်အဆင့်တူမဖြစ်နိုင်တော့ဘူးဆိုတာ ငါခံစားနေရတယ်!
ချက်ချင်းဆိုသလို သူကကျောက်စိမ်းတံဆိပ်ကို လုချန်ရှန်းအား လက်လွှဲပေးသည်။
အစိမ်းရောင်အလင်းတချက်ဖြာသွားပြီး လိန်ဒေါင်ကျိက ကစားပွဲကနေ ပထမဆုံး ကန်ထုတ်ခံလိုက်ရသည်။
လုချန်ရှန်းမျက်လုံးအစုံမှိတ်ထားစဉ် သူ့အသိက ကျောက်စိမ်းတံဆိပ်ထဲသို့ ထိုးဖောက်သွားပြီး အထဲ၌ထွင်းထုထားသည့် လေ့ကျင့်ခန်းကိုခံစားကြည့်သည်။
ဒါကိုမြင်သောအခါ ဘေးကချင်းချန်ကလည်း ပတ်၀န်းကျင်ဘက်ပေါင်းစုံသို့ သတိရှိရှိဖြင့် တိုက်ခိုက်ခံရမှာကို သတိထားလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ လူတစ်ယောက်က လေ့ကျင့်ခန်းများကို လေ့ကျင့်နေသောအခါ တားမြစ်ထားသည့်အရာက တခြားသူများ၏ နှောက်ယှက်ခြင်းကို ခံရခြင်းပင်။
ခပ်ပေါ့ပေါ့သာဆိုပါက တိုက်ရိုက်ကျရှုံးသွားမည်ဖြစ်ပြီး လေးနက်ပါက ရူးသွပ်သွားရပေလိမ့်မည်။
ဒါ့အပြင် ဒီသေမျိုးကျေးရွာ၏ လေ့ကျင့်ခန်းများကို နားလည်အောင်လုပ်ခြင်းက အချိန်တိုအတွင်း မအောင်မြင်နိုင်ပေ။
သို့သော် ချင်းချန်ထိုသို့တွေးနေစဉ် လုချန်ရှန်းဘေးကနေပြောသည်။
"နောက်တယောက်သွားရှာကြရအောင်"
ဒါကိုကြားသောအခါ ချင်းချန်ကြက်သေသေသွားပြီး တွေဝေစွာကြည့်လိုက်မိသည်။
"မင်းလေ့ကျင့်ခန်းတွေကို နားလည်သွားပြီလား"
လုချန်ရှန်း ဆွံအစွာခေါင်းညိတ်သည်။
"အသိအာရုံကပြီးသွားပြီ၊ စကားမစပ် ငါနောက်ထပ်ပစ်မှတ်ကို မြင်ထားပြီးပြီ"
စကားမစပ်.....!
အသက်ရှုကြိမ်ရေနည်းနည်းလေးပဲရှိသေးတာလေ!
ဒါတောင်သူကသေမျိုးကျေးရွာရဲ့ ထိပ်တန်းစွမ်းရည်ကိုနားလည်သွားတာတင်မဟုတ်ဘဲ နောက်ထပ်ပစ်မှတ်ကိုပါ တွေ့သွားတာလား!
မင်းပါရမီကတကယ်ပဲဘယ်လိုများလဲ!
ချင်းချန်လက်အစုံကို ဆွံအစွာဖြန့်ကြက်လိုက်မိသည်။
သူကလုချန်ရှန်း၏ပါရမီကို ထပ်ပြီး လျှော့တွက်မိတာ သိသာထင်ရှားနေသည်။
.....
တခြားတဘက်တွင် ဒွန်ချောင်ဟီက ကျင်းဝူဝူနှင့်တွေ့သည်။
နှစ်ဦးစလုံးက အပြန်အလှန်နားလည်ကြသည့်အလား လှုပ်ရှားမှုမရှိပေ။
"ငါတို့တိုက်ပွဲကနောက်ဆုံးအထိ ကျန်ရှိနေသင့်တယ်လို့ငါထင်တယ်"
"တခြားလူတွေကိုအရင်ဆုံးကန်ထုတ်ပစ်ရမယ်"
"ဟုတ်ပြီ၊ အဲဒီနောက်လိုက်လေးကိုလည်း ငါ့ကိုလွှဲပေးဦး"
"မင်းသဘောအတိုင်းပါပဲ"
မည်သို့ပင်ဆိုစေကာမူ ဒွန်ချောင်ဟီနှင့် ကျင်းဝူဝူတို့က ဒီနေရာရှိ အားအကောင်းဆုံးကျင့်ကြံသူများဟု တွေးတောထားကြသည်။ တခြားသူများကလည်း ယခုလို တွေးထားကြသည်။
သို့သော်ကျိချန်းယောင်လည်းရှိပါသေးသည်။
သူတို့သုံးယောက်၏စွမ်းအားနောက်ခံက ဆင်တူပြီး ပါရမီ၌ အရမ်းကြီးကွာဟခြင်းမရှိပေ။
သူတို့ရုန်းကန်မှုက နောက်ဆုံးတွင် ကျန်ရှိနေသင့်ပေသည်။
ထိုအချိန်တွင် အကွာအဝေးတနေရာမှ ရုတ်တရက် ကျားဟိန်းသံတစ်သံက ကောင်းကင်ကို တုန်ခါသွားစေသည်။
နှစ်ယောက်လုံးက တစ်ဦးကိုတစ်ဦးကြည့်ပြီးနောက် သဘောတူညီမှုရယူကာ တချိန်တည်းတွင် ထိုနေရာသို့ပြေးလွှားသွားကြ၏။
ကောင်းကင်၌ပျံရတာကိုတားမြစ်ထားသော်လည်း သူတို့၏ကျင့်ကြံခြင်းအခြေခံအရ သူတို့က အလွန်အမင်းမြန်ဆန်သည့်နှုန်းဖြင့် ထိုအသံထွက်ပေါ်လာရာနေရာသို့ ထွက်ပြေးသွားကြသည်။
.....
လုချန်ရှန်းကလည်း တူညီစွာပင် ကျားဟိန်းသံကို ကြားလိုက်ရသည်။
သူကလူတစ်ယောက်နှင့် ဆက်ဆံပြီးဖြစ်ကာ ချက်ချင်းဆိုသလို ကျောက်စိမ်းတံဆိပ်က လေ့ကျင့်ခန်းများကို နားလည်အောင်လုပ်ပြီးနောက် ပြောသည်။
"ဟမ်၊ သူတို့ကအဲနေရာကိုသွားနေကြတာလား၊ ဒါကငါ့အတွက် တယောက်ချင်းစီရှာတာကနေ သက်သာသွားတာပေါ့"
စကားပြောပြီးနောက် သူချင်းချန်ကိုဆွဲပြီး ထိုတည်နေရာရှိသည့်လေဟာနယ်ကို ထိုးဖောက်သွား၏။ လမ်း၌ ရုပ်ခန္ဓာက လေဟာနယ်ကိုထိုးဖောက်သွားလေရာ လေဟာနယ်အား အဆက်မပြတ်ပြိုကျသွားစေသည်။
ချင်းချန်၏မျက်နှာကမူ လုံး၀အမူအရာကင်းမဲ့နေသည်။
သူဒါကိုကျင့်သားရနေသည်မှာ သိသာထင်ရှားနေသည်။
သူယခုနားလည်သွားလေပြီ။
လမ်းပေါ်က သူကျပန်းရွေးချယ်ခဲ့သောသူက အဆင့်မြင့်စွမ်းအားရှင်ပေတည်း။
.....
ကျားဟိန်းသံထွက်လာရာနေရာ၌ ကျောက်စိမ်းရေကန်မှ ပန်းချီကားထဲက နတ်သမီးနှင့်တူသည့် အမျိုးသမီးတစ်ဦးရှိနေသည်။ ပိုးသားနှင့်ပိုးထည်က သူမကိုယ်ကိုရစ်ပတ်ထားပြီး ရှေ့တည့်တည့်ကို လေးနက်စွာကြည့်နေသည်။
ထိုအမျိုးသမီးက ကျိချန်းယောင်ပေတည်း။
ယခုသူမရှေ့တွင် ဧရာမအရိုးနောက်ပံတခုရှိပြီး နောက်တွင် ဧရာမမြွေအမြီးတခုရှိသည်။
ကျား၏ဧရာမကိုယ်ထည်က အဖြူအမည်းလိုင်းများဖြင့် ပုံဖော်ထားသည်။
အနီးတဝိုက်တွင် စမ်းသပ်မှု၌ ပါ၀င်ကြသောသူများက ကျားဟိန်းသံနှင့်အတူ လိုက်ပါလာကြသည်။
ထို့ထဲတွင် ဒွန်ချောင်ဟီနှင့် ကျင်းဝူဝူတို့လည်းပါသည်။
ရုတ်တရက်ဆိုသလို လူတိုင်းက ရူးသွပ်သည့်အကြည့်များကို ပြသလာကြ၏။
"အရိုးတောင်ပံမြွေကျား"
ဒါကရှေးဟောင်းမွန်းစတားဖြစ်ပြီး ခွန်အားက အလွန်အမင်းအားကောင်းသည်။
သို့သော် ယခုတွင်မူ နဂါးငွေ့တန်းကြယ်လွင်ပြင်တခုလုံးတွင်ပင် မျိုးသုဉ်းသွားပြီဟုဆို၍ရသည်။
မည်သည့်အတွက်ကြောင့် သေမျိုးကျေးရွာ၌ မွန်းစတားတကောင် ကျန်နေရလေသနည်း။
"အစွမ်းထက်မွန်းစတားတွေစောင့်ကြပ်ကြတဲ့နေရာမှာ သဘာ၀ရတနာတွေရှိတယ်"
"ပြီးတော့ ဒီအရိုးတောင်ပံမြွေကျားက ရတနာအိမ်တခုလိုပဲ"
"သူ့ရဲ့အရိုးတောင်ပံတွေ၊ မြွေအမြီးနဲ့ အသုးနဲ့သွေးက လူတစ်ယောက်ရဲ့ကိုယ်ကို အားဖြည့်ပေးနိုင်တယ်"
ကျင်းဝူဝူနှုတ်ခမ်းများကို လောဘတကြီးသပ်လိုက်မိသည်။
"ငါအရိုးတောင်ပံတွေရော သွေးနဲ့အသားပါ လိုချင်တယ်"
ဒွန်ချောင်ဟီကခပ်ပေါ့ပေါ့ပြောသည်။
"ဒီလိုဆိုရင်ငါက ဒီနေရာက သဘာ၀ပစ္စည်းတွေနဲ့ မြေရတနာတွေကိုလိုချင်တယ်"
ကျန်သောသူများကမကျေမနပ်ဖြစ်သွားကြ၏။
"မင်းတို့ဒါတွေကိုခွဲလိုက်တာ၊ ငါတို့က လက်ဗလာနဲ့အိမ်ပြန်ရမှာလား"
ကျင်းဝူဝူစိုက်ကြည့်ကာ လက်ကို ဆန့်ထုတ်လိုက်သည်။
ရုတ်တရက်ဆိုသလို ရွှေရောင်ထက်ရှသည့်အလင်းပါသော ဧရာမလက်သည်းတခုက စကားပြောလိုက်သည့်လူအား ရိုက်နှက်ပစ်သည်။
ထိုလူက တုန်လှုပ်သွားပြီး ချက်ချင်းဆိုသလို ခွန်အားအပြည့်ဖြင့် တားဆီးလိုက်၏။
သို့သော် ၀မ်းနည်းစွာပင် သူ့၏လှုပ်ရှားမှုများက ကျင်းဝူဝူ၏လက်သည်းများကြောင့် ချက်ချင်းပင် အစိတ်စိတ်အမွမွကြေမွသွားရပြီး ထိုလူ၏ကိုယ်က မြေကြီးနှင့် ပြင်းထန်စွာရိုက်ခတ်သွားသည်။
ကျင်းဝူဝူအေးစက်စွာနှာခေါင်းရှုံ့ရင်း ထိုလူ၏ကျောက်စိမ်းတံဆိပ်ကိုယူကာ မထီမဲ့မြင်ပြောသည်။
"တခြားသူတွေမှာရောထင်မြင်ချက်ရှိကြလား၊ မင်းတို့ကစားပွဲကနေ စောစောထွက်ချင်တယ်ဆိုရင် လက်ထောင်လို့ရတယ်"
လူတိုင်း၏မျက်နှာများက ကြည့်ရဆိုးသွားကြသော်လည်း သူတို့ကစကားမပြောရဲပါ။
မည်သို့ပင်ဆိုစေကာမူ သူတို့ထဲကမည်သူမှ ကျင်းဝူဝူ၏ပြိုင်ဘက်မဟုတ်ပေ။
ထိုအချိန်တွင် ဒွန်ချောင်ဟီက ကျိချန်းယောင်ကိုကြည့်ပြီး နူးညံ့စွာပြောသည်။
"ချန်းယောင်၊ ဒီမွန်းစတားကို အတူတကွသတ်ကြရအောင်၊ မြွေအမြီးက မင်းအတွက် အတော်လေးအသုံး၀င်လိမ့်မယ်"
ကျိချန်းယောင်ကအေးစက်နေပုံရပြီး မတုံ့ပြန်ပေ။ ယင်းအစား သူမက ဘေးပတ်လည်ကိုသာကြည့်နေသည်။
သူမကတစ်ယောက်ယောက်ကို ရှာနေသည်မှာ သိသာထင်ရှားနေသည်။
ဒွန်ချောင်ဟီ ကျိချန်းယောင်၏အမူအရာကိုမြင်ရသောအခါ သူ့မျက်နှာက ကြည့်ရဆိုးသွားသည်။
"မင်းအဲဒီနောက်လိုက်လေးကိုရှာနေတာလား"
"သူကနောက်လိုက်လေးပဲလေ၊ သူကန်ထုတ်ခံရပြီးတာတောင်ဖြစ်နိုင်တယ်"
ကျိချန်းယောင်ကတွေးပင်မတွေးတောဘဲ ခေါင်းခါယမ်းသည်။
"သူ့ခွန်အားအရဆိုရင် သူကအလွယ်တကူကန်ထုတ်ခံရမှာမဟုတ်ဘူး"
မည်သို့ပင်ဆိုစေကာမူ ထိုလူက မိုးပျံနဂါးလှုပ်ရှားမှုကို ကောင်းကောင်းနားလည်ထားသည်။ သူကမနိုင်လျှင်ပင် ပြေးရန်ဆိုသည်က အရမ်းလွယ်ကူနေသေးသည်။
ထိုအချိန်တွင် ကျိချန်းယောက်နောက်တွင် ရုတ်ချည်းဆိုသလို ပုံရိပ်နှစ်ရိပ်ပေါ်လာကြသည်။
"ကြည့်ရတာအားလုံးဒီမှာရှိပုံပဲ"
ထိုအသံကိုကြားသောအခါ ကျိချန်းယောင်၏မျက်နှာကတောက်ပလာသည်။
ဒါက ခုနကလေးက ဒွန်ချောင်ဟီအပေါ် ပြုမူခဲ့သည့်သဘောထားနှင့်လုံး၀ကို ဆန့်ကျင်ဘက်ပင်။
"ရှင့်ဘာလို့ဒီလောက်နှေးနေရတာလဲ"
ထိုကလူမြူဆွယ်သည့်အသံကိုကြားရသောအခါ လုချန်ရှန်း၏မျက်နှာက အေးခဲသွား၏။
ငါဒီနေရာမှာမရှိနေသင့်ဘူးဆိုတာသိနေတယ်!