#လက်ဝဖါးတချက်#
Vol. 34 Ch. 479
"လမ်းတလျှောက်မှာ ကိစ္စတခုဖြေရှင်းနေလို့ နှေးသွားတာပါ"
ကျိချန်းယောင်ခေါင်းညိတ်သည်။
ချက်ချင်းဆိုသလို လုချန်ရှန်းသူ့ရှေ့က အရိုးတောင်ပံမြွေကျားကိုကြည့်လိုက်၏။
ကြည့်ရသည်မှာ ဒီမွန်းစတားက ဒီကလူအားလုံးကို ဆွဲဆောင်ထားပုံပင်။
ယေဘုယျအားဖြင့် အစွမ်းထက်မွန်းစတားများစောင့်ကြပ်နေကြသည့်နေရာများက ကောင်းကင်နှင့်မြေကြီးများရတနာများ ရှိနေရန်အတွက် သေချာသည့်နေရာများဖြစ်သည်။
ကျိချန်းယောင် ဘေးကနေတီးတိုးပြောသည်။
"ဒါကအရိုးတောင်ပံမြွေကျားပဲ၊ အဲဒီအကောင်နောက်က ဂူထဲမှာ အစွမ်းထက်အော်ရာအတက်အကျတခုရှိတယ်၊ အဲထဲမှာ ပစ္စည်းတခုခုရှိတာဖြစ်ရမယ်"
လုချန်ရှန်းပြန်ဖြေတာကိုပင်စောင့်မနေတော့ဘဲ ဘေးက ဒွန်ချောင်ဟီက နှာခေါင်းရှုံ့သည်။
"မင်းလိုနောက်လိုက်တယောက်က ဝေစုလိုချင်တာလား၊ ငါတို့မင်းကိုမပေးဘူး၊ ဟုတ်ပြီလား"
လုချန်ရှန်းမျက်ခုံးပင့်လိုက်မိသည်။
ဒီဘေးက ကောင်က အချိန်တိုင်းလိုလို သူ့အားကုတ်ခြစ်နေလေရာ လုချန်ရှန်းအနည်းငယ်စိတ်တိုလာသည်။
ခွန်အားကငါ့လောက်တောင်မကောင်းဘူး!
ဒီသရော်နေတဲ့ပုံစံကိုဖယ်ထားစမ်းပါ!
ငါလုချန်ရှန်းက လူကောင်းတယောက်လို့ မင်းထင်နေတာလား!
ထို့ကြောင့်လုချန်ရှန်း ကျိချန်းယောင်ကို လှမ်းကြည့်ကာမေးသည်။
"ပိုင်မင်မြို့ကနဂါးနန်းတော်နဲ့ သေမျိုးကျေးရွာနဲ့ယှဉ်မယ်ဆိုရင် ခွန်အားအရာက ဘယ်လိုရှိလဲ"
ကျိချန်းယောင်အနည်းငယ်လန့်သွားသည်။ လုချန်ရှန်းဘာကြောင့် ဒီလိုမေးခွန်းကို မေးရသလဲဆိုတာ သူမမသိသော်လည်း သူမပြန်ဖြေနေဆဲပင်။
"သေမျိုးကျေးရွာကအားကောင်းပြီးတော့ ထျန်းဟီကြယ်နတ်ဘုရားကတောင် အခုသူတို့ကို အလွယ်တကူမစော်ကားနိုင်ဘူး"
လုချန်ရှန်းခေါင်းညိတ်ကာ စိတ်သက်သာရာရသွားသည်။
အချိန်ကျလာပါက ဒီဒွန်ချောင်ဟီကိုကိုင်တွယ်ကာ သူ့နောက်က ပိုင်မင်မြို့က နဂါးနန်းတော်ကိုပါ ဖျက်ဆီးပစ်ရပေမည်။
ဒီလိုဆိုပါက အကြောင်းရင်းနှင့် အကျိုးဆက်သိပ်ရှိမည်မဟုတ်တော့။
ဒါကိုတွေးမိသောအခါ လုချန်ရှန်း ဒွန်ချောင်ဟီကို သတ်ဖြတ်လိုသည့်ဆန္ဒဖြင့် စိုက်ကြည့်လိုက်၏။
ဒါကိုမြင်သောအခါ ဒွန်ချောင်ဟီအကြောင်းရင်းတချို့ကြောင့် သူ့နှလုံးခုန်ပေါက်နေတာကိုခံစားနေရသည်။
ကြည့်ရသည်မှာ သူ့နှလုံးသားကို သေမင်းတံစဉ့်တခုနှင့်ထိုးစိုက်ထားသည်ပမာ။
နှလုံးကခုန်ပေါက်ကာ အနည်းငယ်ပိုကျယ်လာသည်နှင့်အမျှ တံစဉ့်က ဖြတ်တောက်သွားပေလိမ့်မည်။
သို့စေကာမူ သူမတွေးသေးခင်မှာပင် ဘေးက ကျင်းဝူဝူက ရွှေတောင်ပံဂဠုန်တစ်ကောင်အဖြစ်ပြောင်းလဲသွား၏။
ဧရာမရွှေရောင်တောင်ပံများက လှုပ်ယမ်းနေပြီး လေပြင်းက ကုန်းမြေအား အဆက်မပြတ် တိုက်ခိုက်နေသည်။
ထိုလေပြင်းကြောင့် ပတ်ပတ်လည်ကသစ်ပင်များက ပြိုလဲကြကုန်သည်။
ကျင်းဝူဝူက ပကတိမျက်စိဖြင့် မြင်ရန်ခက်လဲသည့်အမြန်နှုန်းဖြင့် ပေါက်ကွဲလာပြီး အရိုးတောင်ပံမြွေကျားဆီသို့ပြေး၀င်သွား၏။
ဒွန်ချောင်ဟီအေးစက်စွာနှာခေါင်းရှုံ့သည်။
"အရင်ကိုမွန်းစတားကိုအရင်ကိုင်တွယ်ပြီးမှ မင်းကိုငါကိုင်တွယ်မယ်"
ထို့နောင် ဒွန်ချောင်ဟီကလည်း အော်ရာဖြင့်ပေါက်ကွဲလာပြီး ကိုးထပ်စေတီတလုံးကို လက်ထဲတွင်ကိုင်ကာ ကမ္ဘာကြီးအား ဖိနှိပ်သည့်အဓိပ္ပာယ်ကို ထုတ်လွှတ်နေသည်။
စေတီက စတင်လှည့်ပတ်လာပြီး ချက်ချင်းဆိုသလို အရိုးတောင်ပံမြွေကျား၏ ခေါင်းပေါ်၌ပေါ်လာသည်။
ထို့နောက် ဒွန်ချောင်ဟီ၏လက်ဖဝါးနှင့်အတူ စေတီကဖိချကာ တိုက်ရိုက်ပင် ဖိနှိပ်ပစ်သည်။
ဘေးကကျိချန်းယောင်က လှုပ်ရှားချင်သော်လည်း လုချန်ရှန်းသူမကို တားလိုက်သည်။
"ထားတော့၊ ငါတို့ရန်သူမှမဟုတ်တာ"
ကျိချန်းယောင်အနည်းငယ်အံ့ဩသင့်သွားရသည်။
"ဒီလိုဆိုရင်ကျွန်မတို့တိုက်ပြီး ပစ္စည်းကို အတူတကွရယူနိုင်တာပဲလေ"
လုချန်ရှန်းခေါင်းခါယမ်းသည်။
"ကိစ္စမရှိဘူး၊ သူတို့မနိုင်ဘူးဆိုတာက ငါမနိုင်ဘူးလို့ဆိုလိုတာမဟုတ်ဘူး"
ထိုစကားကိုကြားသောအခါ ကျိချန်းယောင်ရုတ်တရက်ပြုံးကာ ခေါင်းညိတ်သည်။
လုချန်ရှန်းကဲ့သို့ သတိထားတတ်သည့်လူတစ်ယောက်က ဒီလိုအထက်စီးဆန်သည့် စကားလုံးများကို ပြောမည်ဟုသူမမထင်ပေ။
ယေဘုယျအားဖြင့် လုချန်ရှန်း ဒီလိုစကားလုံးများကိုပြောလာသောအခါ သူ့တွင် ယုံကြည်မှုအလွှာတစ်ရာရှိနေခြင်းဖြစ်သည်။
ဒီအရေအတွက်ထက်သာလျော့နည်းပါက သူလှုပ်ရှားရန်ဆန္ဒရှိမည်မဟုတ်။
ထင်ထားသည့်အတိုင်းပင် အရိုးတောင်ပံမြွေကျားက ချက်ချင်းဒေါသထွက်လာပြီး ခေါင်းမော့ကာ ကျားတစ်ကောင်ပမာ ဟိန်းသည်။
အော်သံက ကမ္ဘာကြီးကိုလှုပ်ခါသွားစေသည်။
ကောင်းကင်ကပြိုကျနေသည်။
မြေကြီးကဆက်လက်မျောလွင့်နေသည်။
မရေအတွက်နိုင်လောက်သောအက်ကြောင်းများက ဘေးပတ်ဝန်းကျင်ထိပါ ထိုးထွက်လာကြ၏။
အရိုးတောင်ပံမြွေကျားအပေါ်ရှိ ဖိနှိပ်ခြင်းအဓိပ္ပာယ်ကိုဖော်ဆောင်ထားသော ကိုးထပ်စေတီက ကျားဟိန်းသံကြောင့် မိုင်ထောင်ချီဝေးသည့်နေရာအထိပင် တုန်ခါသွားခဲ့ရသည်။
ဒွန်ချောင်ဟီ၏မျက်နှာက အနည်းငယ်ဖြူဖျော့သွားပြီး ညာလက်နှင့် ပုံစံကွက်တခုလုပ်ကာ ဘယ်လက်နှင့် စည်းတံဆိပ်တခုပြုလုပ်ရင်း ကိုးထပ်စေတီကို ပြန်ယူလိုက်သည်။
တချိန်တည်းမှာပင် ရွှေတောင်ပံဂဠုန်အဖြစ်ပြောင်းလဲသွားသည့် ကျင်းဝူဝူကလည်း ရှေ့သို့ပြေးကာ ရွှေရောင်အတောင်ပံများအား ဖြန့်ကြက်လိုက်၏။
ဧရာမလက်သည်းနှစ်ခုက အရိုးတောင်ပံမြွေကျား၏ခေါင်းအား ရိုက်ချလိုက်သည်။
အရိုးတောင်ပံမြွေကျားကလည်း ရှေ့လက်သည်းများကိုဆန့်ထုတ်ကာ ကျင်းဝူဝူအား ရိုက်ချသည်။
ဘန်း....!
ချက်ချင်းဆိုသလို ထိုနှစ်ခု၏ဆုံချက်အကြားတွင် မိုးကြိုးနက်က အဆက်မပြတ် ပေါက်ကွဲသွားသည်။
နောက်ဆက်တွဲက ပတ်၀န်းကျင်မြေနှင့် ကောင်းကင်ထိလုနီးပါး ရှေးဟောင်းသစ်ပင်များကို ပြိုကျသွားစေသည်။
ခွန်အားကအတူတူဟုပင်ထင်ရသည်။
သို့သော်ကျင်းဝူဝူ၏မျက်နှာအမူအရာက ကောင်းမနေပါ။
အသက်ရှုကြိမ်သုံးကြိမ်အတွင်းမှာပင် အရိုးတောင်ပံမြွေကျားကဟိန်းကာ ရှေ့လက်သည်းများက အားအပြည့်ဖြင့်ပေါက်ကွဲသွားပြီး ကျင်းဝူဝူအားပစ်လိုက်စဉ် လွင့်စင်သွားရသည်။
လေထဲတွင်ပင် ကျင်းဝူဝူမှာ ရုတ်တရက် ပါးစပ်အပြည့်သွေးတလုပ်အန်လိုက်ရသည်။
"ဒီအရိုးတောင်ပံမြွေကျားရဲ့ခွန်အားက နည်းနည်းအားကောင်းသားပဲ"
"ဆန့်ကျင်ဘက်အနေနဲ့ သူစောင့်ကြပ်နေတဲ့ ကောင်းကင်နှင့်မြေကြီးရတနာတွေက တကယ်ထူးခြားရမယ်"
ဒွန်ချောင်ဟီ၏အမူအရာက ကြည့်ရဆိုးနေသည်။ ဒီလိုသာဆက်ဖြစ်နေမည်ဆိုပါက သူဘာမှရတော့မည်မဟုတ်ပေ။
ချက်ချင်းပင် ဒွန်ချောင်ဟီ၏အကြည့်က ပျော်ရွှင်စွာ ရှိုးပွဲကြည့်နေသည့် လုချန်ရှန်းပေါ်သို့ ကျရောက်သွားသောအခါ နှာခေါင်းရှုံ့လိုက်သည်။
ဟမ့်၊ မင်းလိုနောက်လိုက်တယောက်က ဒီနေရာကဘယ်လိုလုပ်အလွယ်တကူကြည့်နေနိုင်ရတာလဲ!
ဒါကိုတွေးမိသောအခါ ဒွန်ချောင်ဟီ အရိုးတောင်ပံမြွေကျားရှေ့သို့ တိုက်ရိုက်ပင် ပြေးသွားပြီး တချိန်တည်းမှာပင် လက်ညိုးတချောင်းဖြင့် ထောက်လိုက်သည်။
အော်ရာစုခြင်းဖြင့်ဖြစ်လာသည့် ကြောက်မက်ဖွယ်လှိုင်းက အရိုးတောင်ပံမြွေကျား၏ကိုယ်ကို တိုက်ရိုက်ထိသွားသည်။
အရိုးတောင်ပံမြွေကျား၏အော်ရာကလည်း ချက်ချင်းပင် ဒွန်ချောင်ဟီကို ပိတ်ပစ်သည်။
ဒါကိုခံစားမိသောအခါ ဒွန်ချောင်ဟီ အေးစက်စွာနှာခေါင်းရှုံ့ရင်း တဖက်လှည့်ကာ ထွက်ပြေးလေတော့သည်။
သူကလုချန်ရှန်းရပ်နေသည့် နေရာဘက်သို့ပြေးနေခြင်းပင်။
အရိုးတောင်ပံမြွေကျားကလည်း ဟိန်းကာ ဒွန်းချောင်ဟီနောက်မှ လိုက်သွားသည်။
ဒွန်ချောင်ဟီ၏လှုပ်ရှားမှုက အရိုးတောင်ပံမြွေကျားကို လုချန်ရှန်းဆီသို့ ဆွဲဆောင်ရန် ဖြစ်နေသည်မှာ သိသာထင်ရှားနေသည်။
ကျိချန်းယောင်၏မျက်နှာက ကြည့်ရဆိုးသွားပြီး သူမသတိလက်လွတ်ပင် ရှေ့တလှမ်းတိုးကာ လုချန်ရှန်းရှေ့တွင် ရပ်လိုက်မိသည်။
မသိစိတ်ထဲတွင် ကျောက်စိမ်းရေကန်သူတော်စင်မတဖြစ်လဲ သူမ၏ပါရမီနှင့် ခွန်အားက ဒွန်ချောင်ဟီနှင့် သိပ်မခြားနားသော်လည်း သူမက လုချန်ရှန်းအတွက် ဒီတိုက်ချက်ကို တားဆီးရန် ကူညီပေးချင်သည်။
လုချန်ရှန်းအကူအညီမဲ့စွာပြုံးရင်း ကျိချန်းယောင်ကို သူ့နောက်သို့ဆွဲလိုက်သည်။
"မင်းကအရမ်းအားမကောင်းသေးဘူး၊ ဘာလုပ်နိုင်မှာမို့လဲ၊ ငါ့နောက်မှာပဲနေ"
အလျင်အမြန်ပင် ပြေးနေသည့် ဒွန်ချောင်ဟီမှာ ဒီမြင်ကွင်းကိုမြင်ရသောအခါ ဒေါသထွက်လွန်းသဖြင့် ရယ်လိုက်မိသည်။
"ဒီလိုအချိန်မှာတောင် မင်းကဟန်ဆောင်ချင်တုန်းပဲလား"
စကားပြောပြီးနောက် ဒွန်ချောင်ဟီရုတ်တရက် တဖက်လှည့်ကာ ထိုနေရာကနေထွက်သွားလေတော့သည်။
အရိုးတောင်ပံမြွေကျား၏ရှေ့ဦးတည်ရာက ဒွန်ချောင်ဟီပျောက်ကွယ်သွားသည့်အပေါ် ရပ်သွားခြင်းမရှိပေ။
၎င်းကပစ်မှတ်ပျောက်ဆုံးနေသည့်အလား လုချန်ရှန်းရှေ့က ချီစက်၀န်းကို ပိတ်ဆို့ထားသည်။
၎င်း၏ခြေလေးချောင်းကမူ မြေပြင်ကို အဆက်မပြတ်တက်နင်းရင်း မိုးကြိုးပမာဟိန်းသံများကို ပြုလုပ်နေသည်။
မြေကြီးကအဆက်မပြတ်အက်ကွဲနေပြီး မြွေကျား၏ လွှမ်းမိုးနေသည့်ဟိန်းသံက အကျဉ်းဂူထဲကနေ လွတ်မြောက်လာသည့် တောရိုင်းသားရဲတကောင်အလား ကောင်းကင်နှင့်မြေကြီးစွမ်းအားကိုသာမက တစ္ဆေနှင့်နတ်တို့ပင် ရပ်ရန်ခက်ခဲသည့် စွမ်းအားကိုသယ်လာသည်။
ဒါကိုမြင်သောအခါ လုချန်ရှန်းတည်ငြိမ်နေပြီး လက်ကိုဖြည့်ညင်းစွာသာဆန့်ထုတ်သည်။
ဒီနောက်လိုက်ကသေတော့မည်ဟာ လူတိုင်းတွေးနေသည့်အခြေအနေတွင် လုချန်ရှန်း၏လက်က အရိုးတောင်ပံမြွေကျား၏ ခေါင်းကိုထိသွားသည်။
သို့သော် လုချန်ရှန်းအရိုက်ခံရပြီး တိုက်ရိုက်သေသွားသည့်မြင်ကွင်း မဖြစ်ပျက်လာခဲ့ဘဲ ဆန့်ကျင်စွာပင် လုချန်ရှန်း၏ လက်ဖဝါးအောက်တွင် ကမ္ဘာကြီးကို ဖျက်ဆီးတော့မည့်ပုံရသည့် အရိုးတောင်ပံမြွေကျားက ရပ်သွားသည်။
ကမ္ဘာကြီး၏တုန်ခါမှုက ထိုအချိန်တွင် ပျောက်သွားပြီး တည်ငြိမ်မှုကိုပြန်ရလာခဲ့သည်။
လုချန်ရှန်း၏မျက်နှာက ထူးမခြားနားစွာပင် လက်ကိုဆန့်ထုတ်ကာ အရိုးတောင်ပံမြွေကျားကို တိုက်ရိုက်ပင် တားဆီးပစ်သည်။
ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
ဒါကချင်းချန်နှင့်ကျိချန်းယောင်တို့မှလွဲပြီး လူတိုင်းတွင်ရှိနေသည့်အမေးပေတည်း။
လက်တစ်ဖက်တည်းနဲ့လား!
ပြီးတော့ ဒီအရမ်းအစွမ်းထက်တဲ့ရှေးဟောင်းမွန်းစတားကို တားဆီးပစ်တာလား!
ကျင်းဝူဝူ၏မျက်လုံးများက အနည်းငယ်ကျဉ်းမြောင်းသွား၏။
ဒီနေရာကကျင့်ကြံသူများထဲတွင် သူ့ရုပ်ခန္ဓာက သံသယမရှိ အသန်မာဆုံးဖြစ်သည်။
သို့စေသည့်တိုင် သူဒီလိုမလုပ်နိုင်ပါ။