#မူလခရမ်းချီ#
Vol. 34 Ch. 480
လက်ဖဝါးတချက်တည်းနဲ့ ဒွန်ချောင်ဟီနှင့် ကျင်းဝူဝူတို့လို အကြီးအမားပါရမီရှင်တွေတောင် မယှဉ်ပြိုင်နိုင်တဲ့ အရိုးတောင်ပံမြွေကျားကို ရပ်တန့်စေတာလား!
ဒွန်ချောင်ဟီ၏မျက်နှာကလည်း ကြည့်ရဆိုးနေသည်။
သူက ကောင်းကင်ဘုံမြစ်ကြယ်ဒေသ၌ ထိပ်တန်းအင်အားစုဖြစ်သည့် ပိုင်မင်မြို့ နဂါးနန်းတော်မှ ပါရမီရှင်ဖြစ်သည်။
(ကောင်းကင်ဘုံမြစ်ကြယ်ဒေသတဖြစ်လဲ ထျန်းဟီကြယ်ဒေသကို နဂါးငွေ့တန်းကြယ်လွင်ပြင်လို့လည်းခေါ်ပါတယ်)
သို့သော်သူရောကျင်းဝူဝူပါ အရိုးတောင်ပံမြွေကျား၏ရိုက်ချက်ကို မခုခံနိုင်ကြပါ။
သူနောက်လိုက်လေးဟုခေါ်ခဲ့သည့်လုချန်ရှန်းကမူ အရိုးတောင်ပံမြွေကျားကို လက်ဖဝါးတချက်တည်းဖြင့် တားဆီးပစ်ခဲ့သည်။
ခွန်အားအရာ၌ကွာဟချက်က အရမ်းကြီးမားသည်။
ထိုအချိန်တွင် လုချန်ရှန်း၏အမူအရာက ထူးမခြားနားစွာရှိနေသည်။
"ငါမင်းကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာ တွေးနေတာ"
"ဒါပေမယ့်အခုကြည့်ရတာတော့ အရမ်းကြီးတွေးနေစရာမလိုတော့ပုံပဲ"
လုချန်ရှန်း၏စကားလုံးများက သေချာပေါက် အရိုးတောင်ပံမြွေကျားကို ရည်ညွှန်းနေတာမဟုတ်သည်မှာ ထင်ရှားနေသည်။
လူတိုင်းက နောက်က ဒွန်ချောင်ဟီကို ကြည့်လိုက်ကြသည်။
ဒွန်ချောင်ဟီ၏မျက်နှာက မည်းမှောင်နေသည်။
ဒါကခြိမ်းခြောက်မှုတခုဖြစ်သည်။
သို့သော် သူဘာများလုပ်နိုင်မည်နည်း။
ဒီမြင်ကွင်းအရ လုချန်ရှန်း၏ခွန်အားက သူ့ထက်အများကြီးပိုအားကောင်းနေသည်မှာ သိသာထင်ရှားနေလေပြီ။
ဒါကိုတွေးမိသောအခါ ဒွန်ချောင်ဟီ တဖက်လှည့်ကာ ဒီနေရာကနေ ထွက်သွားလေတော့သည်။
ကျိချန်းယောင်ပြောသည်။
"သူထွက်ပြေးပြီ"
လုချန်ရှန်းထူးမခြားနားစွာရှိနေသည်။
"သူ့ကိုထွက်ပြေးခွင့်ပေးလိုက်ပါ"
သူပြောတာက သူ့ကိုတခဏမျှ ပြေးနိုင်သလောက်ပြေးခွင့်ပေးထားရန်ပင်။
ပစ်မှတ်ကိုပိတ်ဆို့ထားပြီးဖြစ်လေရာ လုချန်ရှန်းက မိခင်မြေ၏ အီတလီအမြောက်ကို ပစ်ရန်စောင့်နေသည့် ဒုတိယတပ်ရင်းမှုတစ်ယောက်ပမာ။
ထိုအချိန်တွင် အရိုးတောင်ပံမြွေကျားက ဒေါသဖြင့်ပြည့်နှက်နေပြီး ကျယ်လောင်စွာ ဟိန်းလိုက်သည်။
ခြေလေးချောင်းက မြေကြီးပေါ် အဆက်မပြတ်တက်နင်းလာစဉ် မြေကြီးက တုန်ခါသွားရပြန်သည်။
ကောင်းကင်ကပြိုကျတော့မည့်အလား အဆက်မပြတ်ကြေမွနေသည်။
သို့စေကာမူ လုချန်ရှန်း၏မျက်နှာက ထူးမခြားနားစွာပင်ရှိနေပြီး ထိုအကောင်က ဘယ်လိုပဲရွေ့ရွေ့ သူကဂရုမစိုက်သည့်အလားပင်။
"ခွေးကလေးရေ၊ မင်းတိတ်တိတ်နေလို့မရဘူးလား"
ခွေးကလေး!
ဒါကခွေးလို့မင်းပြောလိုက်တာလား!
လုချန်ရှန်းစကားပြောပြီးသည်နှင့် လူတိုင်း၏ ထိတ်လန့်နေသည့်အကြည့်အောက်တွင် လက်ဖဝါးကို ညင်သာစွာ ဖိချလိုက်သည်။
ချက်ချင်းဆိုသလို လုချန်ရှန်း၏ကိုယ်ကနေ ကြောက်မက်ဖွယ်ရာအော်ရာတခု ထွက်လာသည်။
ထိုအော်ရာ၌ ဒီကမ္ဘာကြီး၏စည်းမျဉ်းအားလုံးပါ၀င်နေပုံရပြီး သူက ကောင်းကင်လမ်းစဉ်ကိုပင် သုံးထားလေသည်။
အရိုးတောင်ပံမြွေကျားက တချက်ဟိန်းရင်း ခြေလက်အင်္ဂါမျးက မြေပေါ်သို့ တိုက်ရိုက်ကျသွားရသည်။
ကျား၏ကိုယ်၌ ကောင်းပင်ပြိုကျလာသည့်အလား အော်ရာကသူ့ကို မြေကြီးထဲသို့ ဖိနှိပ်ချေမွကစ်လေရာ အရိုးတောင်ပံမြွေကျားက နှာခေါင်းပနေ လေပူများရှူထုတ်ရင်း တဟူးဟူးအသံများပင်ထွက်လာသည်။
၎င်းက သနားညှာတာပေးရန်အတွက် တောင်းဆိုနေသည့်ပုံပေါ်သည်။
လုချန်ရှန်းပြောသည်။
"ငါမင်းကိုသွားခွင့်ပေးမယ်၊ ရိုးသားစမ်းပါ၊ ဟုတ်ပြီလား"
အရိုးတောင်ပံမြွေကျားက လုချန်ရှန်း၏စကားလုံးများကိုနားလည်သည်။ ဝိုးတိုးဝါးတားသတ်ဖြတ်လိုသည့်ဆန္ဒကို ခံစားမိသောအခါ ၎င်းကအမြန်လေးပင် ခေါင်းညိတ်သည်။
ထို့နောက် နောက်ထပ်လှုပ်ရှားမှုများမလုပ်ရဲတော့ဘဲ ခြေလေးချောင်းစလုံးကို အတူတကွသိမ်းကာ လုချန်ရှန်းဘေးတွင် စနစ်တကျရပ်နေလေသည်။
စကားလုံးနှစ်လုံးတည်းဖြင့် ၎င်း၏မျက်လုံးထဲကအမူအရာများကိုဖော်ပြနိုင်သည်။
ရိုးသားစွာ ပြုမူခြင်း!
ကျင်းဝူဝူ၏မျက်နှာက မကြည်မလင်နှင့် မရေရာဖြစ်နေသည်။
လက်ဖဝါးတချက်တည်းနဲ့ ရှေးခေတ်တွေမှာသာတည်ရှိခဲ့တဲ့ ဒီအစွမ်းထက်မွန်းစတားကို ယဉ်ပါးအောင်လုပ်နိုင်တာလား!
ဒီအရိုးတောင်ပံမြွေကျား၏သွေးစွမ်းအားက သူတို့၏ ရွှေတောင်ပံပင်ဂွင်းကလန်ထက် အားမနည်းပေ။
လုချန်ရှန်း ကျိချန်းယောင်ကိုကြည့်လိုက်၏။
"မင်းတခုခုလိုချင်ရင် သွားယူလို့ရတယ်"
ကျိချန်းယောင်အနည်းငယ်အံ့ဩသင့်သွားသည်။
"ရှင့်မလိုချင်ဘူးလား"
"အဲဒါတွေကငါ့အတွက်အလုပ်မဖြစ်ဘူး"
ကျိချန်းယောင်ပြုံးကာခေါင်းညိတ်ရင်း နောက်ကဂူထဲသို့၀င်သွားသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ အရိုးတောင်ပံမြွေကျားက မလိုလားသည့်အသွင် ညည်းညူသည်။
လုချန်ရှန်း ခပ်ပေါ့ပေါ့ပင်ကြည့်လိုက်၏။
"အခုကနေစပြီးတော့ မင်းငါ့နောက်က လိုက်ရတော့မှာ၊ ဘာတွေမကျေမနပ်ဖြစ်နေရသေးတာလဲ"
ဤသည်ကိုကြားသောအခါ အရိုးတောင်ပံမြွေကျားက ဧရာမခေါင်းကြီးကိုညိတ်ကာ မျက်လုံးများ၌ ပျော်ရွှင်သည့်အကြည့်ဖြင့် လျှာကြီးကိုထုတ်ပြီး လုချန်ရှန်း၏တကိုယ်လုံးကို အပေါ်ကနေအောက်ထိ တနေရာမကျန် အဆက်မပြတ်လျက်နေလေသည်။
လုချန်ရှန်း မြွေကျားကိုရွှံ့ရှာစွာရိုက်နှက်ပစ်သည်။
"မင်းလည်း တစုံတယောက်လို ခွေးပုံစံလျက်ဖို့ကိုပဲ မှားယွင်းစွာသင်ယူထားပြန်ပြီလား"
ဂူထဲသို့၀င်သွားသည့်ကျိချန်းယောင်က ရုတ်တရက် နှာချေလိုက်မိသဖြင့် သူမ၏ နှာခေါင်းကို ပွတ်လိုက်မိသည်။
ဟမ်!
တယောက်ယောက်ငါ့ကိုသတိရနေတာလား!
ထို့နောက် ကျိချန်းယောင်ထွက်လာသောအခါ သူမလက်ထဲတွင် ခရမ်းရောင် အလင်းလုံးတလုံးကိုကိုင်ထားသည်။
အလင်းလုံးအပေါ်၌ ခရမ်းရောင်လေထုက လှည့်ပတ်ကာ၀န်းရံထားသည်။
ထို့ထဲတွင် လမ်းစဉ်၏စည်းမျဉ်းအရိပ်အယောင်တခုရှိပုံရသည်။
လူတိုင်းဒီခရမ်းရောင်အလင်းပိုမြင်သောအခါ လုချန်ရှန်းမှလွဲ၍ ကျင်းဝူဝူအပါ မျက်လုံးများ၌ အရူးအမူးဖြစ်လာသည့် အကြည့်များပေါ်လာကြသည်။
"မူလခရမ်းချီ"
"မူလခရမ်းချီမှာ လမ်းစဉ်ရောင်ခြည်တစင်းရှိတယ်လို့ပြောကြတယ်၊ ထျန်းဟီကြယ်ဒေသမှာတောင် ဘယ်သူမှဒါကို မမြင်ဖူးကြဘူး"
"သေမျိုးကျေးရွာမှာတော့ ဒီလိုရတနာပစ္စည်းမျိုးရှိနေတယ်....."
ကျင်းဝူဝူ၏မျက်နှာကလည်းကြည့်ရဆိုးနေသည်။
မည်သို့ပင်ဆိုစေကာမူ လုချန်ရှန်းရှိနေလေရာ သူလုယူ၍မရပေ။ သူရလျှင်ပင် သူ့အသက်ကိုပါ အသုံးပြုနိုင်ချေရှိသည်။
ထိုစဉ် တစ်စုံတစ်ရာကို တွေးမိသွားသဖြင့် ကျင်းဝူဝူ သွေးစွမ်းအားကိုလှည့်ပတ်ကာ သတင်းစကားတခုပို့လိုက်သည်။
ကျိချန်းယောင်က လုချန်ရှန်းကို အပြုံးဖြင့်ကြည့်နေသည်။
"ရှင့်အခုနောင်တရနေပြီလား၊ ဒီပစ္စည်းကို ရှင်ကျွန်မကိုပေးမှာလား၊ ဒါမှမဟုတ် ကျွန်မရှင့်ကို ပြန်ပေးရမလား"
လုချန်ရှန်း မူလခရမ်းချီကိုစိုက်ကြည့်လိုက်၏။
ဒီပစ္စည်းကအသုံး၀င်သော်လည်း အရမ်းနည်းလွန်းတာက ၀မ်းနည်းစရာပင်။
သူ့ကိုယ်ထံရှိ မူလစွမ်းအင်ပမာဏလောက်ပင် မများပေ။
"ကောင်းပြီ၊ ငါမင်းကိုပေးပြီးမှတော့ မင်းယူလို့ရတယ်လေ၊ ဘာတွေပြောနေတာလဲ"
ချက်ချင်းဆိုသလို လုချန်ရှန်းဘေး၀န်းကျင်သို့စိုက်ကြည့်လိုက်၏။
"စကားမစပ် မင်းတို့ကြည့်ပြီးကြပြီဆိုတော့ အခုမင်းတို့လက်ထဲက ကျောက်စိမ်းတံဆိပ်တွေကို ငါ့လက်ထဲပေးဖို့အချိန်ကျပြီ"
လူတိုင်း၏အမူအရာက ပြောင်းလဲသွားကြသည်။
လုချန်ရှန်းလက်အစုံကို ဆန့်တန်းသည်။
"မင်းတို့အားလုံးလည်း အခုလေးတင်မြင်ခဲ့မှာပါ၊ ငါအရမ်းမကြမ်းချင်ဘူး၊ ဟုတ်ပြီလား"
ထိုစကားကိုကြားသောအခါ လူတိုင်းအကူအညီမဲ့နေသည်။
ယခုလိုခွန်အားနှင့်ပါရမီရှိသည့် မွန်းစတားဆန်သောလူမျိုးကို တိုက်ခိုက်ပါက သူတို့တွင် အနိုင်ယူရန်အခွင့်အရေးမရှိပါ။
ထို့ကြောင့် လူတိုင်း လုချန်ရှန်းရှိရာသို့ ကျောက်စိမ်းတံဆိပ်ကို ပစ်ပေးလိုက်ကြ၏။
ကျင်းဝူဝူကလည်း လက်နှစ်ဖက်ကိုဆုပ်ကာ အပြုံးဖြင့်ပြောသည်။
"စီနီယာ၊ အနာဂတ်မှာ ကျွန်တော်တို့ ရွှေတောင်ပံပင်ဂွင်းကလန်ရဲ့ဧည့်သည်အဖြစ် ဖိတ်ကြားပါရစေ၊ ဘိုးဘေးကလည်း သေချာပေါက် စီနီယာကိုတွေ့ချင်မှာပါ"
လုချန်ရှန်းအပေါ်ယံတွင် ခေါင်းညိတ်လိုက်သော်လည်း သူ့နှလုံးသားထဲတွင် ဒါကို အရမ်းကြီးအသေးစိတ်မမှတ်ယူထားပါ။
လူတိုင်း၏ကျောက်စိမ်းတံဆိပ်ကို ယူပြီးနောက်တွင် အားလုံးက အစိမ်းရောင်အလင်းကြောင့် ပြန်လည်ပို့ဆောင်ခံလိုက်ရသည်။
ယခုသူ့လက်ထဲတွင် လေ့ကျင့်ခန်းရှစ်ခုကို စုစည်းထားပြီးဖြစ်သည်။
ကျိချန်းယောင်က လုချန်ရှန်းကို တိုက်ရိုက်ပေးစရာမလိုပေ။
မည်သို့ပင်ဆိုစေကာမူ သူတို့နှစ်ဦးစလုံးက တူညီသောလေ့ကျင့်ခန်းတမျိုးတည်းကို နားလည်ခဲ့ကြခြင်းဖြစ်သည်။
"အခုဘာလုပ်မလဲ၊ ကျွန်မတို့ဒွန်ချောင်ဟီကို သွားရှာကြမလား"
လုချန်ရှန်းခေါင်းညိတ်ကာ တည်နေရာတခုတည်းသို့ တိုက်ရိုက်လျှောက်သွားသည်။
"ဟမ်၊ ရှင့်ရှာတွေ့ပြီးပြီလား"
"ငါကမတွေ့ဘဲနဲ့ သူ့ကိုပြေးခွင့်ရလောက်အောင်အထိ တုံးအတဲ့ပုံပေါက်နေလား"
.....
ထိုအချိန်တွင် ဒွန်ချောင်ဟီက လုချန်ရှန်းတည်ရှိရာနေရာနှင့် မိုင်ထောင်ချီအဝေးသို့ပင်ရောက်နေပြီဖြစ်သည်။
သူ့မျက်နှာကမည်းမှောင်နေပြီး တီးတိုးပြောနေမိသည်။
"ပြေးတာကထားပါတော့၊ ဒါပေမယ့် ဒီပြဿာနာရှိတဲ့နောက်လိုက်ကောင်ကို ဘယ်လိုကိုင်တွယ်ရမလဲ"
သူပြေးခဲ့လျှင်ပင် စမ်းသပ်မှုကိုဖြတ်ကျော်ချင်ပါက မိုးထိကျောက်နံရံကိုးခုက လေ့ကျင့်မှုများကို လိုအပ်ပါသေးသည်။
ထို့ကြောင့်သူက လုချန်ရှန်းကိုဖြေရှင်းရန်အတွက် နည်းလမ်းတခုရှာရပေမည်။
"မင်းငါ့ကိုသတိရနေတာလား"
ရုတ်တရက်ဒွန်ချောင်ဟီ၏နားထဲတွင် လူသေသံကဲ့သို့အသံတစ်သံက ရှေ့ကနေ ထွက်လာသည်။
ဒွန်ချောင်ဟီ၏မျက်နှာကကြည့်ရဆိုးသွားပြီး ခေါင်းမော့ကာ သူ့ရှေ့က အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးကိုကြည့်လိုက်၏။
သူတို့က လုချန်ရှန်း၊ ကျိချန်းယောင်နှင့် ချင်းချန်တို့ဖြစ်သည်။
"မင်းငါ့ကိုရှာတွေ့သွားတာလား"
လုချန်ရှန်းမဖြေဘဲ လက်ညိုးထိုးလိုက်ပြီး ဒွန်ချောင်ဟီ၏မျက်ခုံးကြားသို့ တိုက်ရိုက်ပင် ပျံသန်းသွား၏။
ဒွန်ချောင်ဟီ၏အမူအရာကပြောင်းလဲသွားသည်။
သူ့ကြောက်ခမန်းလိလိခွန်အားကို သူလုံးဝမခုခံနိုင်ပေ။
သူငါ့ကိုတကယ်သတ်ချင်နေတာလား!
သူဘယ်လိုတောင်ရဲတင်းလိုက်တာလဲ!
ဒွန်ချောင်ဟီအံကြိတ်လိုက်စဉ် နှလုံးသားထဲမှ တင်းကြပ်သလိုခံစားနေရပြီးနောက် လက်ထဲက ကျောက်စိမ်းတံဆိပ်ကို တိုက်ရိုက်ပင် ပစ်လိုက်သည်။
အစိမ်းရောင်အလင်းတန်းတခုက ဒွန်ချောင်ဟီကို အဝေးသို့တိုက်ရိုက်ပင်ပို့ပစ်သည်။
လုချန်ရှန်း၏လက်ချောင်းက တိုက်ရိုက်ပင် ကျရှုံးသွားရသည်။
"ဟမ့်၊ ဒါကမင်းကိုထွက်ပြေးလို့ရအောင် လုပ်ပေးနိုင်မယ်များထင်လား"
ငါမင်းကိုသတ်ဖို့အတွက် ဆုံးဖြတ်ထားမှတော့ ငါ့လက်ကိုမသိမ်းထားနိုင်တော့ဘူးလေ!
မြက်ရိတ်တာက အမြစ်ကနေ ဖြတ်တောက်ပစ်ဖို့လိုတယ်!
ဒါကိုတွေးမိသောအခါ လုချန်ရှန်းရှေ့က လေဟာနယ်ပို တိုက်ရိုက်ပင် ဆုတ်ဖြဲပစ်သည်။
ကျိချန်းယောင်နှင့်ချင်းချန်တို့၏ ထိတ်လန့်နေသည့်အကြည့်အောက်တွင် သူက ဒွန်ချောင်ဟီအား တိုက်ရိုက်ပင် လိုက်ဖမ်းသည်။