#ဂိုဏ်းသုံးဂိုဏ်းရောက်လာခြင်း#
Vol. 34 Ch. 481
အပြင်ဘက်တွင် ကျေးရွာခေါင်းဆောင်နှင့် ဟီကျန်းတို့က တစ်ယောက်ပြီးတစ်ယောက် အပို့ခံနေရသည့်စမ်းသပ်သူများအား ကြည့်နေသည်။
ထိုစဉ်သူတို့အားလုံးထိတ်လန့်သွားကြ၏။
အထဲမှာဘာတွေဖြစ်နေတာလဲ!
ဘာလို့ဒီစမ်းသပ်မှုက လူတွေအများကြီးကို ဒီလောက်မြန်မြန် ဖယ်ရှားပစ်နေရတာလဲ!
ကျေးရွာခေါင်းဆောင်က ဘေး၀န်းကျင်သို့ကြည့်သော်လည်း လုချန်ရှန်းနှင့် ဒွန်ချောင်ဟီတို့ကိုမတွေ့ပေ။
ထိုအချိန်တွင် ဟီကျန်းကအပြုံးဖြင့်ပြောသည်။
"ကြည့်ရတာ ဒွန်ချောင်ဟီက အဆုံးသတ်ကိုရောက်နေပြီထင်တယ်"
"ကျေးရွာခေါင်းဆောင်၊ သေမျိုးကျေးရွာရဲ့ပေါက်ဖွားမှုက နတ်ဘုရားအလိုဖြစ်သလို နတ်ဘုရားအလိုကိုချိုးဖျက်လို့မရဘူး"
ကျေးရွာခေါင်းဆောင်၏မျက်နှာက ကြည့်ရဆိုးသွားသည်။
အကယ်၍သေမျိုးကျေးရွာကိုသာ ပြန်လည်ပေါက်ဖွားခွင့်ပေးမည်ဆိုပါက ဘယ်လောက်ထိအကျိုးသက်ရောက်မှုရှိလာမလဲဆိုတာ သူမသိပေ။
မည်သို့ပင်ဆိုစေကာမူ ဘိုးဘေးများနှင့်ဆရာသခင်များက ယခုလိုစည်းမျဉ်းကို ချမှတ်ထားရာတွင် သူတို့၌ ထည့်သွင်းစဉ်းစားရမည့်အချက်ရှိနေတာဖြစ်ရနည်။
"ရလဒ်ကိုအခုထိသတ်မှတ်လို့မရသေးဘူး၊ အခုကောက်ချက်ချဖို့ဆိုတာက အရမ်းစောလွန်းတယ်"
ဟီကျန်းပြုံးလိုက်သည်။
"ဘာတွေစိတ်ထင့်နေတာလဲ၊ အခုကျင်းဝူဝူတောင်ထွက်လာရပြီဆိုတော့ အဲဒီနောက်လိုက်လေးက ဒွန်ချောင်ဟီရဲ့ ပြိုင်ဘက်ဖြစ်မယ်ထင်လား"
ချက်ချင်းဆိုသလို ဟီကျန်းက ကျင်းဝူဝူကိုကြည့်ပြီးနောက် အလွန်အမင်းစိတ်သက်သာရာရနေသည့် အမူအရာဖြင့် မေးသည်။
"ကျင်းဝူဝူ၊ အထဲမှာဘာဖြစ်နေသလဲဆိုတာ ငါ့ကိုပြောပြ"
ကျင်းဝူဝူရှင်းပြ၍မရနိုင်သည့်အပြုံးတပွင့်ကို ပြသလိုက်သော်လည်း အဖြေမပေးပေ။
ဒါကိုမြင်သောအခါ ဟီကျန်းလေးနက်သွားရသည်။
မတော်တဆတခုခုဖြစ်ခဲ့တာများလား!
ထိုအချိန်တွင် စိမ်းရောင်အလင်း တချက်လင်း၀င်းသွား၏။
ဟီကျန်းရောကျေးရွာခေါင်းဆောင်ပါ မော့ကြည့်လိုက်ကြသည်။
ထိုအစိမ်းရောင်အလင်းထဲကလူက သေမျိုးကျေးရွာ၏အနာဂတ်ဦးတည်ချက်ကို အဆုံးအဖြတ်ပေးပေလိမ့်မည်။
သို့သော် ဟီကျန်း၏အမူအရာကပြောင်းလဲသွားပြီး ကျေးရွာခေါင်းဆောင်၏ မျက်လုံးများကမူ ၀မ်းပန်းတသာဖြစ်သလို အံ့ဩသင့်နေခဲ့သည်။
အစိမ်းရောင်အလင်းထဲက လူက အမှန်တကယ်ပင် ဒွန်ချောင်ဟီဖြစ်နေသည်။
ဒွန်ချောင်ဟီ အရင်ဆုံးထွက်လာခြင်း!
တစ်နည်းအားဖြင့် အဆုံးသတ်တွင် အနိုင်ရသူက လုချန်ရှန်းဖြစ်သည်။
ဟီကျန်းမေးခွန်းများမေးချင်သော်လည်း ဒွန်ချောင်ဟီက အထိတ်တလန့်အော်ဟစ်သည်။
"သေမျိုးကျေးရွာမှာ ခွင့်ပြုချက်မရိဘဲ လူသတ်ဖို့ဆိုတာမဖြစ်နိုင်ဘူးမလား၊ အဲဒီနောက်လိုက်ကို မြန်မြန်တားပါဦး"
တားရမယ်!
ဟီကျန်းနှင့်ကျေးရွာခေါင်းဆောင်တို့၏ အမူအရာများကအနည်းငယ် ပြောင်းလဲသွားကြ၏။
ဒွန်ချောင်ဟီယခုလေးတင်ပေါ်လာသည့် နေရာ၌ လေဟာနယ်ကအမှန်တကယ် စုတ်ပြဲသွားခဲ့ပြီး လုချန်ရှန်းထွက်လာခဲ့သည်။
ချက်ချင်းဆိုသလို သူက ဒွန်ချောင်ဟီပြေးနေသည့်နေရာဘက်သို့ လက်ကိုဆန့်ထုတ်လိုက်၏။
မမြင်ရသည့်အားလှိုင်းတခုက ဒွန်ချောင်ဟီရှိရာသို့ဖိနှိပ်ကျသွားသည်။
ထိုအချိန်တွင် ဟီကျန်းဒေါသတကြီးအော်ဟစ်သည်။
"ရဲတင်းလိုက်တာ၊ ငါတို့ရဲသေမျိုးကျေးရွာမှာ ဘယ်လိုတောင်အတင့်ရဲပြီး ပြုမူရတာလဲ၊ မင်းငါတို့စည်းမျဉ်းတွေကို လျစ်လျုရှုထားတာလား"
ချက်ချင်းဆိုသလို သူကလက်ဖဝါးတချက်ရိုက်ထုတ်လိုက်သည်။
ထိုလက်ဖဝါးချက်တွင် ကောင်းကင်နှင့်မြေကြီးစွမ်းအားက သက်ရောက်သွားခဲ့သည်။
ထို့ထဲတွင် အနက်နှင့်အဝါရောင်အော်ရာအနည်းငယ်ပါ၀င်ပြီး လုချန်ရှန်း၏ မမြင်ရသည့်အော်ရာနှင့် စုဆုံသွားခဲ့သည်။
ထိုအခိုက်အတန့်မှာပင် ဟီကျန်း၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီး နောက်သို့သုံးလှမ်းဆုပ်လိုက်ရသလို သူ့ပါးစပ်ထောင့်စွန်းမှ သွေးများစီးကျလာသည်။
သို့သော်လုချန်ရှန်း၏တိုက်ချက်ကလည်း ပိတ်ဆို့ခံလိုက်ရသည်။
ဟမ်!
လုချန်ရှန်းအနည်းငယ်အံ့ဩသင့်သွားရသည်။
ဒါကသာမန်ရိုက်ချက်တခုဟုဆို၍ရသော်လည်း ဟီကျန်းကအမှန်တကယ် သူ့ကိုတားနိုင်ခဲ့သည်လား။
"မင်းကဘယ်သူလဲ"
ဟီကျန်း၏မျက်နှာကအံ့ဩသင့်မှုများဖြင့်ပြည့်နှက်နေသည်။ ဒီလိုခွန်အားအရ ဒီလူက သေချာပေါက် နောက်လိုက်သေးသေးလေးတယောက်မဟုတ်ပေ။
လုချန်ရှန်းအဖြေမပေးဘဲ ဒွန်ချောင်ဟီအား လက်ညိုးထိုးလိုက်၏။
"ခင်ဗျားကျုပ်ကိုတားချင်တာလား"
ထိုစကားကိုကြားသောအခါ ဟီကျန်း၏မျက်နှာက ကြည့်ရဆိုးသွားသည်။
"သေမျိုးကျေးရွာမှာ တရားမ၀င်သတ်ဖြတ်ခြင်းကို တားမြစ်ထားတယ်"
လုချန်ရှန်းခေါင်းညိတ်သည်။
ခင်ဗျားကျုပ်ကိုတားချင်တယ်ဆိုမှတော့ ခင်ဗျားဘာမှလုပ်လို့မရစေရဘူး!
အဲဒီဆန်းကြယ်အဝါရောင်ချီကိုလည်း အတူတကွယူကြတာပေါ့!
ချက်ချင်းဆိုသလို လက်ချောင်းနှင့်အတူ ဓားက ဟင်းလင်းပြင်းအားထောက်ပြနေစဉ် ဓားနိယာမများပါ၀င်သည့် ဓားချက်နှစ်ချက်က ဟီကျန်းနှင့်ဒွန်ချောင်ဟီအား ဖြတ်တောက်ပစ်သည်။
နှစ်ဦးစလုံး၏အမူအရာက ပြောင်းလဲသွား၏။
တာအိုလား!
ဒီလူက တကယ်ပဲဓားနိယာမကို နားလည်ထားတာလား!
လမ်းစဉ်သုံးထောင်က နိယာမသုံးထောင်ကိုကိုယ်စားပြုပြီး ထို့ထဲတွင် ဓားလမ်းစဉ်က အမြင့်ဆုံးလမ်းစဉ်ဖြစ်ကာ ထျန်းဟီကြယ်ဒေသတွင်ပင် တာအိုကိုနားလည်သည့် လူကလက်တစ်ဆုပ်မျှသာရှိသည်။
သေချာတာကတော့ ဟီကျန်းက ထိုလူများထဲတွင် မပါ၀င်ပါ။
သို့သော် ဓားလမ်းစဉ်က ဟီကျန်းနှင့် ဒွန်ချောင်ဟီကိုဖြတ်တောက်တော့မည့်အချိန်တွင် ကောင်းကင်ထဲမှ ကြီးမားသည့် အော်ဟစ်သံတစ်သံထွက်လာသည်။
ဧရာမသံကြိုးများထဲတွင်ပိတ်မိနေသည့် ရေနဂါးကြီးတကောင် ကောင်းကင်ထဲတွင် ပေါ်လာပြီး ရေနဂါးအထက်တွင် အပြာရောင်ပုံစံကွက်များပါသည့် အဖြူရောင်၀တ်စုံကို၀တ်ဆင်ထားသော သက်လတ်ပိုင်းအရွယ်လူတစ်ယောက်က လက်ဖဝ်းဖြင့်ရိုက်ချလိုက်သည်။
ချက်ချင်းဆိုသလို မုန်းတိုင်းထန်သည့်ပင်လယ်နှင့် ကြမ်းတမ်းသည့်ပင်လယ်ဖြစ်တည်လာပြီး ကောင်းကင်နှင့်မြေကြီးအကြားက ရေငွေ့များက ထိုနေရာ၌ စုဝေးလာပုံရပြီး ဆူနာမီတစင်းပမာ ထိုဓားချက်နှစ်ချက်ဆီသို့ လိမ့်၀င်သွားသည်။
ရေလမ်းစဉ်!
တချိန်တည်းမှာပင် သေမျိုးကျေးရွာ၌ ဝါးတဲအိမ်များအကြားမှ မမြင်ရသည့်အားလှိုင်းတခုက ဟီကျန်းရှေ့တွင်ပေါ်လာသည်။
ထိုအချိန်တွင် ဓားနိယာမပါ၀င်သည့်ဓားချက်နှစ်ချက်က ထိုအားလှိုင်းနှစ်ခု၏ ထိပ်တွင်ကျသွားခဲ့သည်။
ဘန်း.....!
ကမ္ဘာကြီးက ပြောင်းပြန်လှန်လိုက်သည့်အလား ပြောင်းလဲလာသည်။
လေဟာနယ်ထဲတွင် ဧရာမအဖျက်စွမ်းအားတခုက ရုတ်တရက်ပေါ်လာသည်။
ထိုအချိန်တွင် နိယာမများ၏စွမ်းအားက အတူတကွထိပ်တိုက်တွေ့ဆုံသွားကြ၏။
လေဟာနယ်က အဆက်မပြတ်ပြိုကျနေသည်။
မြေပေါ်ကလူတိုင်းက ခုခံရန်အတွက် ခွန်အားအကုန်လုံးကိုထုတ်သုံးနေရသည်။
အားနည်းသည့်လူများကမူ ချက်ချင်းဆိုသလို အဝေးသို့တွန်းပို့ခံရသည်။
"မင်းဘယ်သူလဲ၊ ဘာလို့ပိုင်မင်မြို့ နဂါးနန်းတော်က ငါ့တပည့်ကိုသတ်ချင်ရတာလဲ"
ကျေးရွာခေါင်းဆောင်က ကောင်းကင်ပေါ်သို့မော့ကြည့်လိုက်စဉ် သူ့မျက်နှာက မည်းမှောင်သွား၏။
"ပိုင်မင်မြို့နဂါးနန်းတော်ရဲ့အရှင်သခင် ယွန်ဇီရူ"
ချက်ချင်းဆိုသလို ကောင်းကင်ထဲတွင် လေပြင်းများတိုက်ခတ်လာပြီး နေမင်းကိုဖုံးလွှမ်းထားသည့် ရွှေတောင်ပံပင်ဂွင်းကလည်း ရောက်လာခဲ့သည်။
သူကအရင်ဆုံးရောက်လာသူဖြစ်ပြီး သူ့မျက်နှာကကြမ်းတမ်းနေကာ ရွှေရောင်ဆံပင်များက တကိုယ်လုံးတွင်ရှိသည်။
သူ့အော်ရာကလည်း အင်မတန်ကြောက်စရာကောင်းနေသည်။
"ရွှေတောင်ပံပင်ဂွင်းကလန်ရဲ့ဘိုးဘေး ကျင်းလီ"
ကျင်းလီရယ်မောလိုက်သည်။
"ဒီမှာ မူလခရမ်းချီရှိတယ်လို့ ငါကြားခဲ့ရတယ်၊ ဒီဒဏ္ဍာရီလာချီကဘယ်လိုမျိုးလဲဆိုတာ ငါတကယ်သိချင်မိတယ်"
"အိုး၊ ရွှေတောင်ပံပင်ဂွင်းကလန်က လူတွေက လူငယ်မျိုးဆက်တွေဆီက ပစ္စည်းတွေကိုလည်းသဘောကျကြတာလား"
နတ်သမီးသံကဲ့သို့နား၀င်ပီယံရှိသည့် အသံတစ်သံကျဆင်းလာပြီး ကောင်းကင်တခွင်၌ ပန်းပွင့်များက လွင့်ပျံ့လာကာ ရနံ့များကပြည့်လျှမ်းနေသည်။
ပိုးဇာလွှာကို၀တ်ဆင်ထားသော်လည်း တုန်လှုပ်ဖွယ်ရာ အလှတရားကိုဖုံးကွယ်ထား၍မစွမ်းနိုင်သေးသည့် အမျိုးသမီးတစ်ဦးက ကမ္ဘာကြီးထဲတွင် ပေါ်လာခဲ့သည်။
ကျင်းလီ ထိုအမျိုးသမီးကိုမြင်သောအခါ နှုတ်ခမ်းသပ်ရင်းအပြုံးဖြင့်ပြောသည်။
"ကျိလျိုချီကိုယ်တိုင် လာမယ်လို့ ငါတကယ်မထင်ထားခဲ့ပါဘူး"
သူမက ထျန်းဟီကြယ်ဒေသရှိ အဓိကအင်အားစုသုံးစုအနက် ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်၏ ပိုင်ရှင်ပေတည်း။
သူမငယ်ရွယ်စဉ်က ထျန်းဟီကြယ်ဒေသ၏ နံပါတ်တစ်အလှလေးအဖြစ်လည်းလူသိများသည်။
ယခုတွင်မူ ထိုနာမည်ကို ကျိချန်းယောင်က အမွေဆက်ခံထားခြင်းပင်။
မူလခရမ်းချီပေါ်လာသောအခါ ကျင်းဝူဝူက သတင်းကိုကလန်ဆီသို့ ပို့လိုက်သည်ကို လူတိုင်းခန့်မှန်းနိုင်ကြလေပြီ။
သူတို့က ဒီပစ္စည်းကိုအလွယ်တကူအလွတ်မပေးနိုင်ကြပေ။
ရွှေတောင်ပံပင်ဂွင်းပလန်ကသာ ရမည်ဆိုပါက ထျန်းဟီကြယ်ဒေသ၌ အားအကောင်းဆုံးအဖြစ် ခုန်ကျော်သွားမည်ဖြစ်ကာ မည်သူမှအနိုင်ယူနိုင်တော့မည်မဟုတ်တော့။
ကျိချန်းယောင်ကလည်း အရူးမဟုတ်ပေ။
ကျင်းဝူဝူသတင်းပို့ပြီးနေက် သူမကလည်း သူမဆရာမ ကျိလျိုချီထံသို့ သတင်းပို့ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ လူတိုင်းက အပြစ်ကင်းစင်ဟန်ဆောင်ပြီး သူမရထားတာကို စိတ်ကူးယဉ်နေကြခြင်းပင်။
သူမအမှန်တရားကိုနားလည်ပါသည်။
ထိုအချိန်တွင် ယွန်ဇီရူကခေါင်းညိတ်သည်။
"ကြည့်ရတာ ဒီခရီးကမှန်သွားပုံပဲ"
ထို့စဉ် ဒွန်ချောင်ဟီက လုချန်ရှန်းအားလက်ညိုးထိုးပြသည်။
"ဆရာ၊ အဲဒီပစ္စည်းက သူတို့လက်ထဲမှာရှိတယ်"
ယွန်ဇီရူ၏အကြည့်က လုချန်ရှန်းပေါ်သို့ ကျရောက်သွား၏။
"မူလခရမ်းချီကိုလက်လွှဲပေးလိုက်ပါ၊ ငါ့တပည့်ကိုတိုက်ခိုက်ခဲ့တာကို ငါခွင့်လွှတ်ပေးမယ်"
ကျင်းလီကအရူးအမူးရယ်မောသည်။
"တကယ်ရယ်စရာကောင်းတာပဲ၊ လူသားမျိုးနွယ်ဆိုတာ ဒီလိုဟန်လုပ်တတ်တဲ့လူတွေလား"
"လုချင်ရင်လုချင်တယ်ပေါ့၊ ဘာလို့ဖုံးကွယ်နေရဦးမှာလဲ"
"ဂျူနီယာ၊ မင်းငါ့ကိုပေးမယ်ဆိုရင် ငါမင်းကိုကယ်တင်ပေးမယ်၊ ပြီးတော့ ငါတို့ရဲ့ ရွှေတောင်ပံပင်ဂွင်းကလန်က မင်းကို ရက်ရောတဲ့ဆုတခုပေးမယ်"
ယခုတကြိမ်တွင် လုချန်ရှန်းရယ်မောလိုက်သည်။
"ခင်ဗျားရဲ့ခွန်အားက သေမျိုးကျေးရွာလောက်တော့ မကောင်းဘူးမလား"
လူတိုင်းအံ့သြသင့်သွားကြ၏။
လုချန်ရှန်းကဘာကြောင့်ယခုလိုမေးမြန်းရသလဲဆိုတာ သူတို့မသိကြပါ။
"ဒီလိုဆိုမှတော့ ကျုပ်လည်းတစ်ယောက်ပြီးတစ်ယောက်ရှာနေရတာကနေ အချိန်သက်သာသွားတာပေါ့"