#လက်ဖဝါးတချက်#
Vol. 34 Ch. 482
သေမျိုးကျေးရွာ၏ကောင်းကင်၌ အော်ရာက ကောင်းကင်နှင့်မြေကြီးမှဒီရေကဲ့သို့ တချိန်လုံးတက်လာပြီး ကြိမ်ဖန်များစွာ ပြောင်းလဲနေသည်။
ကောင်းကင်ဘယ်ဘက်ခြမ်းတွင် မရေမတွက်နိုင်လောက်သော အနက်ရောင်သံကြိုးများက ကန့်လန့်ဖြတ်ကာထွက်လာပြီး ကောင်းကင်ထက်၌ အလျားလိုက်၊ ဒေါင်လိုက် ပုံဖော်နေကြ၏။
ကမ္ဘာကြီးတစ်ခုလုံးက သံကြိုးများဖြင့် ချည်နှောင်ကာဖိနှိပ်ခံထားရသည့်အသွင်။
တခြားတဖက်တွင် ရွှေရောင်တောင်ပံတစ်စုံက ကောင်းကင်နှင့်နေမင်းကိုဖုံးလွှမ်းထားသည်။
တောင်ပံများပေါ်၌ ရွှေရောင်တောင်မွှေးတိုင်းက အလွန်အမင်းထက်ရှသည့်ဓားသွားများအလား ဧရာမသတ္တုမုန်တိုင်းကို ဖြစ်ပေါ်စေပြီး ဝိဉာဉ်အားလုံးကို ဖြတ်တောက်နိုင်လေသည်။
ဒီအသိနှစ်ခုက ပိုင်မင်မြို့ နဂါးနန်းတော်အရှင် ယွန်ဇီရူနှင့် ရွှေတောင်ပံပင်ဂွင်းကလန်ဘိုးဘေး ကျင်းလီတို့ထံမှ ထွက်လာခြင်းဖြစ်သည်။
လုချန်ရှန်း ထိုကြောက်မက်ဖွယ်ရာအသိနှစ်ခုအောက်တွင်ရပ်နေပြီး ခပ်ပေါ့ပေါ့ပင်ပြောသည်။
"ဒါလည်းအဆင်ပြေပါတယ်၊ တယောက်ချင်းစီရှာဖို့အတွက် အချိန်ကုန်ခံနေစရာ မလိုတော့ဘူးပေါ့"
လုချန်ရှန်း၏စကားလုံးများကို ကြားသောအခါ လူတိုင်းကအံ့ဩသင့်သွားကြ၏။
ယွန်ဇီရူကလည်းမျက်ခုံးပင့်လိုက်မိသည်။
"တော်တော်မောက်မာတာပဲ"
ကျင်းလီကရယ်မောသည်။
"ဒီကောင်လေးကမဆိုးဘူး၊ ဒီလိုပုံစံအရဆိုရင်တော့ မင်းငါ့ကိုအဲဒီပစ္စည်းကို ပေးနေသရွေ့ ငါ့ရဲ့ရွှေတောင်ပံပင်ဂွင်းကလန်ကို ၀င်ခွင့်ပေးမယ်၊ ပြီးတော့ငါကိုယ်တိုင် သွေးဖလှယ်ပေးမယ်"
ရွှေတောင်ပံပင်ဂွင်းကလန်၏သွေးက ထျန်းဟီကြယ်ဒေသတွင် ထိပ်တန်းသွေးအမျိုးအစားဖြစ်သည်။
လုချန်ရှန်းနောက်တွင် ကျိချန်းယောင်က ကောင်းကင်ထက်က ကျိလျိုချီကို ၀မ်းနည်းသည့်အမူအရာဖြင့်ကြည့်နေခဲ့သည်။
ကျိလျိုချီကလည်း သူမအကြည့်ကိုသတ်ထားမိသဖြင့် အကူအညီမဲ့စွာ ခေါင်းခါယမ်းကာ အသံပို့လိုက်သည်။
"သူနင့်ကိုမူလခရမ်းချီတွေကိုအကုန်ပေးခဲ့တာမို့ ငါသူ့ကိုထိန်းသိမ်းပေးထားချင်ပါတယ်၊ ပြီးတော့ သူက အရိုးတောင်ပံမြွေကျားကို တယောက်တည်းအနိုင်ယူခဲ့တော့ ဒါက သူ့ပါရမီက နင့်ထက်တောင် သာလွန်နေတာကို သက်သေပြနေတယ်"
ကံဆိုးချင်တော့ ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်က ယောက်ျားတပည့်များကိုလက်ခံမပေ။
ဒါမှမဟုတ် စည်းမျဉ်းကို ချိုးဖောက်ရမည်လား။
ကျိလျိုချီစိတ်ထဲတွင် သူမ၏ဘိုးဘေးများကို ဆန့်ကျင်မည့်ဆုံးဖြတ်ချက်ကို မတွေးတောဘဲမနေနိုင်ပေ။
မည်သို့ပင်ဆိုစေကာမူ လုချန်ရှန်းပါရမီကို သူမအလွန်အကောင်းမြင်နေသည်။
ပြီးတော့ ချန်းယောင်အတွက်လည်း အတော်လေးသင့်တော်ပုံရသည်။
အပေါ်က နှစ်ဦးသားအကြားကစကားကိုကြားပြီးနောက် လုချန်ရှန်းခေါင်းခါယမ်းကာ ရယ်မောသည်။
"ကျုပ်ဘာပစ္စည်းမှမပေးဘူး၊ ပြီးတော့ ၀င်လည်းမ၀င်ဘူး"
"လူငယ်လေး၊ မင်းဒါကိုသေချာစဉ်းစားပြီးပြီလား" ယွန်ဇီရူက လက်အစုံကို ကျော၌ပစ်ကာ လေထုထဲတွင် မျက်ခုံးများကို နိမ့်ရင်း လုချန်ရှန်းအားငုံ့ကြည့်သည်။
ကျင်းလီကလည်း သတ်ဖြတ်လိုသည့်ဆန္ဒကိုပြသလာသည်။
"စကားကောင်းကောင်းပြော၊ စကားနားမထောင်ရင် မင်းလမ်းကြောင်းက အဆုံးသတ်ကိုရောက်လာလိမ့်မယ်"
နှစ်ဦးစလုံးကလှုပ်ရှားရန်ပြင်နေစဉ်မှာပင် ကျေးရွာထဲက ဝါးအိမ်ထဲကနေ ပုံရိပ်တစ်ခုရောက်လာခဲ့သည်။
"လူတိုင်းပဲ၊ ဒါကသေမျိုးကျေးရွာပါ၊ ဒီနေရာမှာ ပဋိပက္ခတွေမစကြပါနဲ့၊ အပြင်ထွက်တဲ့အခါကျရင် ကြိုက်တာလုပ်လို့ရပါတယ်"
ကျေးရွာခေါင်းဆောင်က ထိုအသံကို ကြားသောအခါ ချက်ချင်းပျော်သွားသည်။
ထို့နောက် ချက်ချင်းပင် ဝါးအိမ်လေးရှိရာဘက်သို့ လက်နှစ်ဖက်ဆုပ်လိုက်သည်။
"ဆရာ"
ကျေးရွာကကျန်သောရွာသားများကလည်း အရိုအသေပေးလိုက်ကြ၏။
ဆရာက သေမျိုးကျေးရွာ၏ထောက်တိုင်ဖြစ်သည်။ သူကရွာတည်ထောင်ကတည်းက ရှိလာခဲ့ခြင်းဖြစ်ပြီး မည်သောအခါမှ ပြောင်းလဲခဲ့ခြင်းမရှိချေ။
ထိုစဉ်ဆရာကပြောသည်။
"သေမျိုးကျေးရွာရဲ့စည်းမျဉ်းတွေကို လူတိုင်းသိကြမှာပါ၊ ဒါတောင် စည်းမျဉ်းကိုချိုးဖျက်ချင်သေးတယ်ဆိုရင်တော့ ငါကလည်း သနားညှာတာမှုကိုပြသမှာမဟုတ်ဘူး"
ယွန်ဇီရူ၏အမူအရာက ကြည့်ရဆိုးသွားသည်။
"ဆရာ၊ ကျုပ်တို့ကစည်းမျဉ်းတွေကို လိုက်နာပါတယ်၊ ဒါပေမယ့် ဒီလူငယ်က ကျုပ်တပည့်ကိုသတ်ချင်တာပါ၊ သူက သေမျိုးကျေးရွာရဲ့စည်းမျဉ်းတွေကို ချိုးဖောက်နေတာပဲမလား"
ဘေးကကျင်းလီကလည်းနှာခေါင်းရှုံ့ကာ အလျင်စလိုမလှုပ်ရှားရဲတော့ပါ။
သေမျိုးကျေးရွာကိုရင်ဆိုင်ရသောအခါ ဂုဏ်ယူ၀င့်ကြွားတတ်သည့် ရွှေတောင်ပံပင်ဂွင်းကလန်ပင် ကြောက်ရသည်။
အဘယ်ကြောင့်ဆိုသော် သေမျိုးကျေးရွာက ထျန်းဟီကြယ်နတ်ဘုရားနှင့် နတ်ဆိုးနယ်မြေက ထိုတစ်ယောက်တို့ပင် လေးစားရသည့်နေရာဖြစ်သောကြောင့်ပင်။
ဆရာကဆက်ပြောသည်။
"သူလှုပ်ရှားရင်လည်း ငါကတားမှာပါ"
"ဒါပေမယ့်စည်းမျဉ်းတွေကို အခုချိုးဖျက်ချင်တာ မင်းပဲမလား"
ထိုအချိန်တွင် ဟီကျန်းပြောသည်။
"ဆရာ၊ အရာအားလုံးက ဒီကောင်လေးကြောင့်ဖြစ်ရတာပါ၊ သူ့ကိုထိန်းသိမ်းထားတာက အနာဂတ်ပြဿာနာတခုပဲ၊ သူ့ကို အခုလက်လွှဲပေးလိုက်ရင်ရော"
ကျေးရွာခေါင်းဆောင်၏မျက်နှာက အနည်းငယ်ကျုံ့သွားပြီး ဟီကျန်းအား လှမ်းကြည့်သည်။
"ကြည့်ရတာ မင်းကဒီအင်အားစုနှစ်စုက တစုနဲ့ လျှို့ဝှက်စွာပူးပေါင်းထားပုံပဲ"
"အရင်က ဒွန်ချောင်ဟီကို စကားမပြောခင် မင်းကျင်းဝူဝူကိုမရွေးချယ်ခဲ့ဘူး၊ မင်းက ပိုင်မင်မြို့နဂါးနန်းတော်နဲ့ သဘောတူညီမှုတခုကိုရခဲ့ပုံပဲ"
ဟီကျန်းကဖုံးကွယ်မထားတော့ဘဲ ပခုံးတချက်တွန့်သည်။
"ငါက ကျေးရွာကိုရှေ့ဆက်စေချင်လို့ပဲ၊ ဘာများမှားနေလို့လဲ"
ယွန်ဇီရူကလည်းပြုံးသည်။
"ကျေးရွာခေါင်းဆောင်၊ ဆရာ၊ သေမျိုးကျေးရွာရဲ့စည်းမျဉ်းတွေက အရမ်းခေတ်ဟောင်းနေပြီ၊ ကျုပ်တို့ခေတ်ဟောင်းကနေ ထွက်သွားသင့်နေပြီ"
ကျေးရွာခေါင်းဆောင်ကမျက်မှောင်ကြုတ်ကာ ယွန်ဇီရူအား စိုက်ကြည့်ရင်းအော်ဟစ်သည်။
"အပြင်လူက ငါတို့သေမျိုးကျေးရွာရဲ့ကိစ္စတွေမှာ ဘယ်အချိန်က ၀င်စွက်ဖက်လို့ ရသွားတာလဲ"
ထိုစဉ်ဆရာကစကားကိုကြားဖြတ်ပြောသည်။
"လူကြီးမင်းတို့၊ ဘာလို့ဒီမှာရှိနေရတာလဲ၊ ဖုံးကွယ်မထားပါနဲ့၊ ဒါကအဓိပ္ပာယ်မရှိဘူး၊ ငါကတော့ အလားတူပဲပြောပါရစေ၊ တကယ်လို့မင်းတို့လှုပ်ရှားမယ်ဆိုရင် ငါကမင်းတို့ကို သေမျိုးကျေးရွာထဲမှာ ကိုင်တွယ်ပေးမှာပါ"
အသံကသိမ်မွေ့သည်။
သို့စေကာမူ ယွန်ဇီရူရော ကျင်းလီ၏အမူအရာပါ လေးနက်သွားကြ၏။
သူတို့လှုပ်ရှားမှုက ဆရာကသေချာပေါက် လှုပ်ရှားတော့မယ်ဆိုတာ သူတို့သိကြသည်။
ဆရာ၏ခွန်အားကအမြဲလိုလိုလျှို့ဝှက်နေပြီး သူတို့ထက်သေချာပေါက်အားကောင်းသည်။ ဒါကိုလူတိုင်းအသိအမှတ်ပြုကြသည်။
တခဏကြာ တိတ်ဆိတ်မှုကကြီးစိုးသွားသည်။
ကျိလျိုချီက ညင်သာစွာခေါင်းညိတ်သည်။
ဆရာကသူ့အတွက်စကားပြောလာသည်ဖြစ်လေရာ လုချန်ရှန်း၏ဘေးကင်းမှုက ပြဿာနာရှိတော့မည်မဟုတ်ပေ။
သို့သော်သူမထိုသို့တွေးနေစဉ် လုချန်ရှန်း၏စကားလုံးများကို သူမအားဒေါသကြောင့် သေမတတ်ပင်ဖြစ်သွားစေသည်။
"ထပ်မလုပ်တော့တာလား၊ ဒီလိုဆိုရင်ကျုပ်ကိုယ်တိုင်လုပ်မယ်"
သေမျိုးကျေးရွာတွင် သူတို့မလှုပ်ရှားလျှင်ပင် ထွက်သွားသောအခါ မူလခရမ်းချီအတွက် အကောင်းဆုံးကြိူးစားကြပေလိမ့်မည်။
ဒီအလင်းကအထုံးဖွဲ့နေပြီဖြစ်လေရာ အကြောင်းရင်းနှင့်အကျိုးဆက်ကဆက်စပ်နေလေပြီ။ အမှိုက်များကို မြန်မြန်ဆန်ဆန် ဖြတ်တောက်ပစ်ရပေမည်။
ဘေးကကျိချန်းယောင်ကလည်း လုချန်ရှန်းအားအမြန်ဆွဲလိုက်မိသည်။
ဘာလို့လဲ!
သူကပြဿာနာကိုရှာနေတာလား!
ကျေးရွာခေါင်းဆောင်ကလည်း ဆွံအနေသည်။
ဆရာကမင်းကိုကာကွယ်ဖို့အတွက် စကားပြောပေးတာတောင် မင်းက ပဏာမခြေလှမ်းလှမ်းချင်သေးတာလား!
ဒွန်ချောင်ဟီကလည်း ထေ့ငေါ့စွာပြောလာသည်။
"မင်းလှုပ်ရှားချင်တာလား၊ အခုငါ့ဆရာကဒီမှာပဲ၊ မင်းဘယ်လိုလှုပ်ရှားမလဲ"
ဆရာကလည်းပြောလာသည်။
"သေမျိုးကျေးရွာရဲ့စည်းမျဉ်းတွေ....."
သို့စေကာမူ သူ့စကားလုံးများမပြီးသေးခင်မှာပင် လုချန်ရှန်းက လျှပ်စီးပမာ လင်း၀င်းသွား၏။
သူ့အမြန်နှုန်းက အလင်း၏အမြန်နှုန်းဖက်ပင် မြန်ဆန်နေပုံရပြီး မျက်စိတမှိတ်အတွင်းမှာပင် ဒွန်ချောင်ဟီဘေးသို့ရောက်လာသည်။
ဒွန်ချောင်ဟီကလွတ်လပ်စွာတုံ့ပြန်နေစဉ် လက်ဖဝါးချက်တခုက ဒွန်ချောင်ဟီ၏ ဝိဉာဉ်ပေါ်သို့ကျဆင်းလာသည်။
ချက်ချင်းဆိုသလို ဓားဆန္ဒကသူ့ကိုယ်ထဲတိုး၀င်သွားပြီး ဒွန်ချောင်ဟီအား ကိုယ်အား ဖြတ်သန်းသွား၏။
တခဏအကြာတွင် ဒွန်ချောင်ဟီ၏ အသက်ဓာတ်အားလုံးကိုဖြတ်တောက်ခံလိုက်ရသည်။
"အဓိပ္ပာယ်မရှိတာတွေအရမ်းပြောတယ်၊ ငါအရမ်းနားညီးနေပြီ"
ယွန်ဇီရူ၏အမူအရာက ကြည့်ရဆိုးသွားသည်။
"ဆရာ၊ အခုဒီကောင်က ကျုပ်တပည့်ကိုသတ်လိုက်ပြီ၊ ခင်ဗျားသူ့ကို မတားတော့ဘူးလား"
ငါ့အကြည့်အောက်မှာ ငါ့တပည့်ကိုသတ်ပစ်တာလား!
ပိုင်မင်မြို့နဂါးနန်းတော်က ဒီကြယ်ဒေသတွင် အားအကောင်းဆုံးအင်အားစုများအနက်တခုဖြစ်သည်။
ဒီအကြောင်းတခုတည်းနဲ့ပဲ သူကမျက်နှာကို ဘယ်နေရာတွင်ထားရတော့မည်နည်း။
ဂိုဏ်းချုပ်တည်ရှိသည့်တိုင် ဂိုဏ်းတပည့်သားက ဂိုဏ်းချုပ်၏မျက်လုံးအောက်တွင် အသတ်ခဲရစည်။
အနာဂတ်တွင် ပိုင်မင်မြို့နဂါးနန်းတော်ကို ရွေးချယ်မည့်သူ ဘယ်နှစ်ယောက် ကျတ်တော့မည်နည်း။
ဝါးအိမ်လေးထဲက ဆရာကလည်း မျက်မှောင်ကြုတ်သည်။
ဒီကောင်ကသွေးမဆူလွန်းဘူးလား!
သို့စေကာမူ သူလှုပ်ရှားရဲမှတော့ သူ့တွင်လည်းအကူအညီရှိရပေမည်။
ဒါကိုတွေးမိသောအခါ ဆရာကအနည်းငယ်စိတ်၀င်စားသွားသည်။
"ဒါကိုကိုယ်တိုင်ဖြေရှင်းကြ၊ ဒါပေမယ့် ဒါက သေမျိုးကျေးရွာကိုထိခိုက်လာတယ်ဆိုရင်တောင် ငါ့ကိုရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့"
ထိုစကားလုံးများကိုကြားသောအခါ ယွန်ဇီရူအေးစက်စွာနှာခေါင်းရှုံ့ရင်း လူချန်ရှန်းရှိရာသို့ လက်ညိုးထိုးလိုက်၏။
တကြိမ်တည်းမှာပင် ကောင်းကင်ကနေ ဧရာမသံကြိုးအားလုံးက လုချန်ရှန်းအား ဖိနှိပ်ရန်အတွက် ဦးတည်သွားကြသည်။