← Chapters

#သတ်ဖြတ်ခြင်းအတွက် အပိုဓားတချောင်းလိုတယ်!#

Vol. 34 Ch. 483

#သတ်ဖြတ်ခြင်းအတွက် အပိုဓားတချောင်းလိုတယ်!#

Vol. 34 Ch. 483

လုချန်ရှန်း၏ပစ်ချက်က လူတိုင်းမျှော်လင့်မထားသည့်အရာတခုဖြစ်သည်။

အဓိကအင်အားစုနှစ်စု၏ဆရာသခင်မျယးကအတူတကွစုဝေးကာ အချင်းချင်း စိုက်ကြည့်နေသည့်အခြေအနေ၌ အကျိူးဆက်ဘယ်လိုရှိရှိ သူလုပ်ဆောင်ခဲ့သည်။

ကျန်သောသူများ၏ လုချန်ရှန်း၏သတ္တိကို လေးစားသွားကြ၏။

သို့သော်လေးစားမှုကလေးစားမှုသာ။

ဒါကကျန်သောထိပ်တန်းအင်အားစုနှစ်စုကို လှုပ်ရှားရန်အတွက် အခွင့်အရေးပေးလိုက်သည့်ပမာ။

ဆရာအဖို့ လုချန်ရှန်းကို ယခုလိုအခြေအနေတွင် ထောက်ခံရန်ဟူသည်မဖြစ်နိုင်တော့။

ကျိချန်းယောင်က ပူပန်နေသော်လည်း သူမကလုချန်ရှန်းကိုချက်ချင်းအပြစ်မတင်ဘဲ ယင်းအစား ကျောက်စိမ်းကောင်းကင်အင်မော်တယ်နန်းတော်၏ဆရာမကျိလျိုချီကို ကြည့်လိုက်သည်။

သူမကယွန်ဇီရူ၊ ကျင်းလီတို့နှင့် တွဲလျက် တည်ရှိမှုပင်ဖြစ်သည်။

"ဆရာမ၊ ကျေးဇူးပြုပြီးသူ့ကိုကူညီပါဦး"

ကျိလျိုချီအားကိုးရာမဲ့နေသည်။

ပထမကဒီကိစ္စက ဆရာ၏အသံကြောင့် တည်ငြိမ်သွားခဲ့သည်။

သူမတို့သေမျိုးကျေးရွာက ထွက်ခွာရန် လိုအပ်လာလျှင်ပင် အချိန်ကျလာတာနှင့်အမျှ ကာကွယ်ရန်ရှေ့တိုးလာမည်ဖြစ်သည်။

ယခုတွင်မူ လုချန်ရှန်းက သူ့၏ကိုယ်ပိုင်ဆန္ဒကြောင့် အဆိုးဆုံးအခြေအနေသို့ ပြောင်းလဲပစ်ခဲ့လေရာ နောက်ထပ်အဖြေမရှိတော့ပါ။

သူမ၏တပည့်မဖြစ်သည့်ကျိချန်းယောင်ကို သူကမူလခရမ်းချီကိုပေးခဲ့သည်။

ကျိချန်းယောင်က ကျောက်စိမ်းရေကန်သူတော်စင်မဖြစ်သည်။

သူမတပည့်၏အသွင်အပြင်အရ သူလည်း ပိတ်မိနေခြင်းပင်။

ငါ့တပည့်မရဲ့လူ ဒီလိုအသတ်ခံရတာကို ငါကြည့်မနေသင့်ဘူးလေ၊ ဟုတ်တယ်မလား!

ထို့ကြောင့် ကျိလျိုချီထရပ်သည်။

"ဆရာယွန်၊ လူငယ်မျိုးဆက်တွေလောက် အသိမရှိဖြစ်နေစရာလိုလို့လား"

အထွေထွေအသိပညာဟူသည် အဆုံးမဲ့လမ်းစဉ်တခုဖြစ်သည်။

သို့သော် ယွန်ဇီရူမရပ်သွားတာကိုမြင်ရသောအခါ ကျိလျိုချီဖဲသားနှင့်ပိုးချည်ကို ဝှေ့ယမ်းရင်း လုချန်ရှန်းအတွက် ထိုတိုက်ချက်ကို တားဆီးပိတ်ဆို့ရန်ပြင်ဆင်လိုက်သည်။

သို့သော် ရွှေရောင်ငှက်မွှေးမုန်တိုင်းတခုက သူမ၏နောက်တွင်ပေါ်လာပြီး သူမအားရပ်ပစ်သည်။

ကျင်းလီပြုံးသည်။

"ဆရာမကျိ၊ ဘာလို့လှုပ်ရှားနေရတာတုန်း၊ ငါတို့အချစ်ရေးရာအကြောင်း ပြောကြရအောင်လေ"

ကျိလျိုချီ၏မျက်နှာကအေးစက်သွား၏။

ကျင်းလီနှင့်တိုက်ခိုက်ရပေတော့မည်။

မရေမတွက်နိုင်လောက်သောဧရာမသံကြိူးများက သူ့ထံ၀င်လာသလို အဆုံးမဲ့ဖိနှိပ်ခြင်းကလည်း ဆင်းသက်လာသည်။

တချိန်တည်းမှာပင် သံကြိုးပေါ်၌ ဒီရေများတက်လာပြီး ကမ္ဘာပျက်ကိန်းဆိုက်ရောက်လာသကဲ့သို့ ကြောက်ခမန်းလိလိလှိုင်းတခုက လုချန်ရှန်းထံတိုး၀င်လာသည်။

ဖိနှိပ်ခြင်းအဓိပ္ပာယ်နှင့် ရေလမ်းစဉ်နှင့် သဟဇာတဖြစ်မှု!

ထိုအချိန်တွင် အော်ရာက အတော်လေးကြောက်မက်ဖွယ်ကောင်းနေသည်။

ကျေးရွာခေါင်းဆောင်အံကြိတ်ကာ လှုပ်ရှားရန်အတွက် ပြင်ဆင်လိုက်၏။

သို့သော်ဟီကျန်းကသူ့ရှေ့တွင်ရပ်သည်။

"ဒါကတခြားသူတွေရဲ့ကိစ္စပဲ၊ မင်းဘာလို့ လှုပ်ရှားချင်ရတာလဲ"

ကျေးရွာခေါင်းဆောင်က သုန်မှုန်စွာကြည့်သည်။

"ဟီကျန်း၊ သေမျိုးကျေးရွာကို မင်းက ချောက်ထဲဆွဲခေါ်သွားနေတာပဲ"

"ဒါက ကြွယ်၀မှုဆီဦးတည်နေတာလည်း ဖြစ်နိုင်တာပဲလေ"

ယခုတွငိမူ လုချန်ရှန်းက ယွန်ဇီရူ၏ အားအပြည့်တိုက်ချက်ကို တယောက်တည်းရင်ဆိုင်နေရတာကို လူတိုင်းမြင်ကြသည်။

ကမ္ဘာကြီးကိုဖိနှိပ်ထားပုံရသည့် လွှမ်းမိုးနေသည့်စွမ်းအားကြောင့် လူတိုင်းနောင်တရစွာ ခေါင်းခါယမ်းကြသည်။

ယခုလိုပါရမီနှင့်ခွန်းအားအရ သူအသက်ရှင်နေသရွေ့ အနာဂတ်တွင် ကြယ်‌လွင်ပြင်၌ အားအကောင်းဆုံးလူတစ်ယောက် သေချာပေါက်ဖြစ်လာပေလိမ့်မည်။

သူက ထျန်းဟီကြယ်နတ်ဘုရား၏ နောက်ကျောကိုပင် အမီလိုက်နိုင်လောက်သည်။

ကံဆိုးစွာပင် သူ့တွင်အခွင့်အလမ်းမရှိတော့ပါ။

သို့စေကာမူ လုချန်ရှန်း၏မျက်နှာက လုံး၀ပြောင်းလဲသွားခြင်းမရှိချေ။

ထိုဖိနှိပ်ခြင်းအားနှင့်အတူ ရောက်လာသည့်ရေစီးကြောင်းနှင့်သံကြိုးများကို ခပ်ရေးရေးကြည့်ရင်း သူ့မျက်လုံးများ၌ အတွေးအရိပ်အယောင်တခုရှိနေသည်။

ဒီအရာနှင့်သူ့ကိုယ်ပိုင်ဖိနှိပ်ခြင်းအစီအရင်ကြားက ခြားနားချက်ကဘာများနည်း။

ဒါကိုတွေးမိသွားသောအခါ လုချန်ရှန်း သိလိုသည့်အကြည့်တခုကို ပြသလာသည်။

သူ့လက်ဖဝါးကိုမြှောက်လိုက်စဉ် အစီအရင်တခုကချက်ချင်းဖြစ်တည်လာသည်။

ထို့နောက် ကမ္ဘာကြီးကို၀န်းရံထားပုံရသည့် ဖိနှိပ်ခြင်းအဓိပ္ပာယ်များက တခုပြီးတခု ဖြည်းဖြည်းချင်းပေါ်လာကြပြီး အခြေခံအစီအရင်နှင့် တချိန်တည်းရှိနေသည်။

အစီအရင်က တဖြည်းဖြည်းပုံပေါ်လာပြီး ကောင်းကင်နှင့်မြေကြီးစွမ်းအားနှင့်အတူ လက်ပုံစံများချလိုက်သည်။

အခင်းအကျင်းတခုလား!

ဒါကဘာအတွက်လဲ!

ယွန်ဇီရူ၏မျက်နှာကအေးစက်နေပြီး သူ့လက်ဖဝါးကို အောက်သို့ဖိချလိုက်၏။

သံကြိုးများက ဟိန်းနေသည့်နဂါးများအဖြစ်ပြောင်းသွားပုံရပြီး နဂါးအော်သံများနှင့်အတူ လုချန်ရှန်း၏အစီအရင်အား တိုက်မိသွားသည်။

သို့စေကာမူ ချိန်ကြိုးများနှင့်အစီအရင်က ထိမိသည့်အခိုက်အတန့်တွင် ထိုအော်ဟစ်ကာလိမ့်ဆင်းနေသည့်နဂါးများက ထုံထိုင်းသွားကြသည့်အလား အော်သံက ယခုလေးတင်ပျောက်ကွယ်သွား၏။

သံကြိုးများကနေ ပြောင်းလဲထားသည့် ထိုဧရာနဂါးများက အစီအရင်၏ဖိနှိပ်မှုကြောင့် တိုက်ရိုက်ဖိနှိပ်ခံရသည်။

ထို့နောက်ဘန်းဟူသောအသံနှင့်အတူ ၎င်းတို့ကကောင်းကင်ပြိုကျလာသည့်အလား မြေပေါ်သို့ကျသွားကာ ဖိနှိပ်ခံလိုက်ရပြီး မလှုပ်ရှားနိုင်ကြတော့ပါ။

ဒီမြင်ကွင်းကိုမြင်သောအခါ ယွန်ဇီရူ၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။

အခုလေးတင်ချက်ချင်းဖန်တီးတဲ့အစီအရင်က ငါ့ရဲ့အားအပြည့်ရိုက်ချက်ကို တကယ်ဖိနှိပ်နိုင်တာလား!

သူတို့ပိုင်မင်မြို့နဂါးနန်းတော်က ဖိနှိပ်ခြင်းနည်းစနစ်အပေါ် အလွန်အမင်းဂုဏ်ယူကြသည်။

သို့သော် ယခုလုချန်ရှန်းနှင့်ယှဉ်ပါက လရောင်အောက်က မီးပွားအလားပင်။

လုချန်ရှန်းအနည်းငယ်အားထုတ်ရုံမျှနှင့် လုံး၀ချေမွခံလိုက်ရသည်။

ကျိလျိုချီနှင့် ကျင်းလီတို့ကလည်း တိုက်ခိုက်နေတာကို ယာယီရပ်လိုက်ကြပြီး ထိုမြင်ကွင်းကို ထိတ်လန့်နေသည့်မျက်လုံးများဖြင့် ကြည့်နေကြ၏။

ယွန်ဇီရူရှုံးနိမ့်သွားတာလား!

ငါတို့အားလုံးမှားပြီးအကဲဖြတ်မိတာများလား!

ကျိချန်းယောင်မျက်တောင်ခတ်လိုက်မိသည်။

သူကဆရာရဲ့အကူအညီကိုလည်း လိုပုံမပေါ်ပါဘူး!

ဆရာနှင့်အဆင့်တူတဲ့ ယွန်ဇီရူကိုတောင် အလွယ်တကူတွန်းလှန်နိုင်တယ်!

ဆရာလှုပ်ရှားမယ်ဆိုရင်တောင်မှ ဘာမှလုပ်လို့မရမှာကို ငါတကယ်စိုးရိမ်မိတယ်!

ဟီကျန်း၏မျက်နှာကလည်း အနည်းငယ်ပြောင်းလဲသွား၏။

ယွန်ဇီရူ‌မယုံနိုင်စွာအော်ဟစ်သည်။

"မင်းဒါကိုဘယ်လိုလုပ်လိုက်တာလဲ၊ မင်းဘယ်သူလဲ"

လုချန်ရှန်းလက်ဝှေ့ယမ်းကာ သံကြိုးများကို ရွံရှာသည့်အသွင်ကြည့်ရင်း ရေရွတ်သည်။

"ဒါတွေကအရမ်းမိုက်တယ်ဆိုပေမယ့် သိပ်မကောင်းဘူး....."

ချက်ချင်းဆိုသလို လုချန်ရှန်း ယွန်ဇီရူကိုကြည့်ကာ တခြားမည်သည့်စကားမှမဆိုဘဲ တိုက်ရိုက်ပင် ပြေး၀င်သွား၏။

မြက်ရိတ်တာက အမြစ်ကနေ ဖယ်ရှားရန်အတွက် လိုအပ်သည်။

ပဋိပက္ခကိုစတင်ခဲ့ပြီဖြစ်လေရာ နောက်ပိုင်းပြဿာနာများစွာကို ရှောင်ရှားရန်အတွက် အတူတကွဖြေရှင်းရပေမည်။

ယွန်ဇီရူပင်လျှင် လုချန်ရှန်းပြေးလာတာကိုမမြင်ရဘဲ အဆက်မပြတ်ပြန့်ကြဲနေသည့် လေဟာနယ်ကိုသာ မှိန်ဝါးဝါးခံစားနေရသည်။

အမြန်နှုတ်းတိုကတည်းကတောင် လေဟာနယ်ကို ပြိုကွဲသွားစေနိုင်တာလား!

သူတို့က သံတုံးတစ်တုံးကိုထိမိသွားပြီဆိုတာ ယွန်ဇီရူသိလိုက်သည်။

ဒီလိုခွန်အားမျိုး!

ဒီကောင်ကဘယ်သူလဲ!

ဂျူနီယာအဖြစ်တောင် ဟန်ဆောင်နေသေးတာလား!

"စီနီယာ၊ ကျုပ်အခုထွက်သွားပါမယ်၊ ကျေးဇူးပြုပြီး မ....."

သူ့အသံမဆုံးသေးခင်မှာပင် လုချန်ရှန်း၏ မျက်နှာက သူ့မျက်လုံးရှေ့တွင်ပေါ်လာပြီး ဓားလက်ချောင်းကိုဖြည့်ညင်းစွာ ဆန့်ထုတ်လိုက်တာကို တွေ့လိုက်ရသည်။

ဓားလက်ချောင်းထဲတွင် ကောင်းကင်နှင့်မြေကြီးအကြားက ဓားသိုင်းအားလုံးပါ၀င်ပုံရပြီး ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများပင် ပါ၀င်နေသည်။

ဒါကိုမြင်သောအခါ ယွန်ဇီရူတွင် နောက်ထပ်ပြောရန်အချိန်မရှိတော့သဖြင့် ပော်ဟစ်ကာ သူ့မျက်နှာက သွေးရဲရဲနီသွားသည်။

သံကြိူးအလွှာများထဲတွင်ပိတ်မိနေသည့် ရေနဂါးက ယွန်ဇီရူကိုယ်မှထွက်လာပြီး ထိုအခိုက်အတန့်၌ ယွန်ဇီရူ၏ခွန်အားက ထိုးတက်သွားခဲ့သည်။

ဒါက ပိုင်မင်မြို့နဂါးနန်းတော်၏ လျှို့ဝှက်ပညာရပ်ဖြစ်သည့် နဂါးဖွင့်လှစ်ခြင်းပညာရပ်ပေတည်း။

ယွန်ဇီရူ၏လက်ပုံစံကွက်များနှင့်အတူ သံကြိုးများနှင့်ချည်ထားသည့် ရေနဂါးက သံကြိုးများပြေသွားပြီး ရုတ်တရက် နဂါးဟိန်းသံတစ်ချက်ထုတ်လိုက်၏။

ထို့နောက် ယွန်ဇီရူ၏လက်‌မောင်းကို ရစ်ပတ်ပစ်လိုက်သဖြင့် ယွန်ဇီရူလက်သီးထိုးလိုက်၏။

နဂါးအော်သံကပေါက်ကွဲလာသည်။

ထိုအချိန်တွင် လေဟာနယ်ကလည်း ပြိုကျနေသည်။

အငွေ့အသက်က အတော်လေးကြောက်မက်ဖွယ်ကောင်းသည်။

လုချန်ရှန်းဖုံးကွယ်မထားဘဲ သူ့ဓားလက်ချောင်းက ကရှေ့သို့ညွှန်နေဆဲပြီး လေဟာနယ်ကိုဖြတ်ကာ ယွန်ဇီရူ၏ လက်သီးဆီသို့ တိုက်ရိုက်ထိုး၀င်သွား၏။

ဖုန်း.....!

ဓားလက်ချောင်းက သံကိုရွှံ့ပမာဖြတ်တောက်ပစ်သည့်ဓားတစ်လက်ကဲ့သို့ ယွန်ဇီရူ၏လက်သီးကို အဟန့်အတားမရှိ ထိုးဖောက်သွားသည်။

ချက်ချင်းဆိုသလို ယွန်ဇီရူ၏ကြောက်နေသည့်အကြည့်အောက်တွင် လုချန်ရှန်း လက်ချောင်းကို လက်သီးချက်အဖြစ် ပြောင်းလဲပစ်ပြီး ယွန်ဇီရူ၏လက်သီးအား ဖိချပစ်သည်။

ရုတ်တရက်ဆိုသလို အမြောက်ဆန်တခုပမာ လက်မောင်းတစ်ဖက်က မြေပေါ်သို့ ပစ်ချခံရသည်။

ဘန်း.....!

သေမျိုးကျေးရွာတခုလုံးသာမက မိုင်ထောင်ချီတွင်ရှိသည့်၀န်းကျင်က တောင်များပင်လျှင် တုန်ခါနေသည်။

သို့သော်လုချန်ရှန်းကမရပ်ပေ။

လက်ဖဝါးကိုတချက်ပွတ်လိုက်စဉ် ရုတ်တရက် သူ့နောက်ကနေ ဧရာမဓားများက လွှမ်းမိုးကာထွက်လာသည်။

ထိုဧရာဓားများကို ဓားလမ်းစဉ်ကနေတဆင့် သိပ်သည်းအောင်လုပ်ထားခြင်းဖြစ်သည်။

လူများကိုသတ်ဖြတ်ရာ၌ ဓားကိုဖန်တီးရန် မေ့မနေသင့်ပေ။

ဒါက ရာစုနှစ်တွေချီပြီးမပြောင်းလဲခဲ့သည့် အမှန်တရားတခုပင်။

All Chapters