← Chapters

#သူနင့်ကိုမငုံ့ကြည့်မှာကို ငါကြောက်နေမိတယ်#

Vol. 34 Ch. 484

#သူနင့်ကိုမငုံ့ကြည့်မှာကို ငါကြောက်နေမိတယ်#

Vol. 34 Ch. 484

သတ်ဖြတ်ရာ၌ ဓားကိုမပြင်ဆင်ခဲ့သည့် လူများမည်မျှပင်များလေသနည်း။ ထို့နောက် သူတို့ကပြန်အသတ်ခံကြရသည်။

ဒီလိုလုပ်ရိုးလုပ်စဉ်အားလုံးနှင့် ရင်းနှီးနေသည့်လုချန်ရှန်းအဖို့ ယခုလိုနိမ့်ကျသည့်အမှားမျိုးလုပ်ရန်ဟူသည် မဖြစ်နိုင်ပေ။

ထို့ကြောင့် လုချန်ရှန်းဓားကိုပြင်ဆင်ရုံသာမက သူကပြာများအဖြစ်ကိုလည်း ပြောင်းလဲပစ်ချင်သည်။

ပြာများအဖြစ်ပြောင်းလဲပစ်ပြီးနောက် ဝိဉာဉ်ကိုပင်လောင်ကျွမ်းပစ်ရမည်။ ဒါက လုံလောက်စွာအာမခံပေးနိုင်သည်။

လူတိုင်းက လုချန်ရှန်းနောက်က ဓားလမ်းစဉ်ကနေ ပြောင်းလဲထားသည့် ဧရာမဓားများကိုကြည့်နေကြသည်။

ဓားတိုင်းတွင် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများပါ၀င်နေသည်။

ထိုအချိန်တွင် လုချန်ရှန်းက ဒီကောင်းကင်နှင့်မြေကြီး၏စည်းမျဉ်းဖြစ်လာပုံရသည်။

သူကကောင်းကင်တာအိုဖြစ်သည်။

ကျိလျိုချီက သူမတပည့်အား ခက်ထန်စွာစိုက်ကြည့်နေသည်။

ဒီလိုကြောက်မက်ဖွယ်ရာခွန်အား၊ နင်ကငါ့အကူအညီကိုလိုနေသေးတာလား!

ဒါကငါ့အတွက်ရှက်စရာမကောင်းလွန်းဘူးလား!

ထိုအချိန်တွင် ကျိလျိုချီ ကျင်းလီကိုကျေးဇူးတင်မိသည်။

သူသာသူမကိုမတားခဲ့ပါက သူမမျက်နှာအား အဖတ်ဆယ်၍ရတော့မည်မဟုတ်တော့ပေ။

လုချန်ရှန်း၏လက်က ဖိနှိပ်ဆင်းသက်လာစဉ် လက်ကိုင်၌ ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများပါ၀င်သည့် ဧရာမဓားများကလည်း မြေကြီး၏အလယ်ဗဟိုသို့ ရူးသွပ်စွာပစ်၀င်ကြပြီး အရူးအမူးပြေးလွှားသွားကြ၏။

အောက်ကနဂါးများက လွတ်လပ်နေကြသော်လည်း မသေသွားသည့်တိုင် အသက်ရှုရပ်တန့်သွားသည့်အလား တ၀က်သေကာ မသန်မစွမ်းဖြစ်ကြ၏။

ယွန်ဇီရူတုန်ယင်နေသည့်လက်ကို ဆန့်ထုတ်စဉ် အနက်ရောင်အလင်းဖြင့် တောက်ပနေသည့်သံကြိုးတချောင်းပေါ်လာသည်။

"မြောက်သေမင်းနဂါးချုပ်နှောင်ခြင်းထောင်ချောက်၊ ပိုင်မင်မြို့နဂါးခန်းမကရတနာလား...."

"ယွန်ဇီရူက ဒီပစ္စည်းကိုတောင်ယူလာခဲ့တာလား၊ တကယ်လို့မျှော်လင့်မထားမိဘူး"

ယွန်ဇီရူဒါကိုမတွေးတောနိုင်ပေ။

မူလက ဒါကို မူလခရမ်းကိုချီကိုလုယက်ရန်နှင့် ကျင်းလီနှင့်ကျိလျိုချီတို့ကို အသုံးပြုရန်အတွက် ပြင်ဆင်ထားခြင်းပင်။

မျှော်လင့်မထားစွာပင် သူမထီမဲ့မြင်အပြုခံရသည့် ဂျူနီယာလေးပေါ်၌ အသုံးပြုရတော့သည်။

သို့သော်သူယခုမသုံးလျှင်ပင် အသုံးပြုရန်အတွက် အခွင့်အရေးရှိတော့မည်မဟုတ်။

မြောက်သေမင်းနဂါးချုပ်နှောင်ခြင်းထောင်ချောက်ကို စတေးသောအခါ ကောင်းကင်နှင့်မြေကြီးတခုလုံးက ကောင်းကင်ဘုံတာအိုကို ဖိနှိပ်ချင်သည့်အလား ဖိနှိပ်မှုဖြင့် ပြည့်နှက်သွားခဲ့သည်။

မူလက သူက လုချန်ရှန်း၏ ဓားတသောင်းကို ခုခံနိုင်မည်ဟုတွေးတောထားသည်။

သို့သော် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းများပါဝင်သည့် ဧရာမဓားများက တချောင်းပြီးတချောင်း အဆက်မပြတ်ရောက်လာကာ မြောက်သေမင်းနဂါးချုပ်နှောင်ခြင်းထောင်ချောက်ပေါ် ကျသွားကြသည်။

ပထမဓားက ယွန်ဇီရူ၏ထိတ်လန့်နေသည့်အကြည့်အောက်တွင် မြောက်သေမင်းနဂါးချုပ်နှောင်ခြင်းထောင်ချောက်က ယူလာသည့် ဖိနှိပ်ခြင်းအတားအဆီးကို တိုက်ရိုက်ထိုးဖောက်ပစ်သည်။

ထို့နောက် ဒုတိယဓားက မြောက်သေမင်းနဂါးချုပ်ထောင်ချောက်ပေါ်တိုက်ရိုက်ကျသွားပြီး ကလစ်ဟူသောအသံနှင့်အတူ နှစ်ပိုင်းကျိုးသွားရသည်။

အနည်းငယ်မျှပင်မခုခံနိုင်ဘဲ ပိုင်မင်မြို့နဂါးခန်းမ၏ ဒီခန်းမပစ္စည်းက လုချန်ရှန်း၏အညှာတာကင်းမဲ့စွာ တိုက်ခိုက်ခြင်းကို အလွယ်တကူခံရသည်။

ဆက်လက်ကျဆင်းနေသည့်ဧရာမဓားများကိုကြည့်ရင်း ယွန်ဇီရူခါးသီးစွာပြုံးလိုက်မိသည်။ ‌

သေမျိုးကျေးရွာ၏စမ်းသပ်မှုတွင် ပါ၀င်သူများအနက် ဒီလိုပုန်းကွယ်နေသည့် စွမ်းအားရှင်တယောက်ပါ၀င်လိမ့်မည်ဟု မည်သူကထင်ထားမည်နည်း။

ဘန်း.......!

မြေကြီးက ကွဲအက်နေသည်။

ကောင်းကင်ဘုံတာအိုကပြိုကျသွားသည်။

တောင်များကအဆက်မပြတ်တုန်ခါနေကြ၏။

သေမျိုးကျေးရွာ၌ ကောင်းကင်နှင့်မြေကြီးပျက်စီးနေသည့်အလား အပျက်အစီးများက အဆုံးမဲ့ကျဆင်းလာကြသည်။

ကျေးရွာခေါင်းဆောင် အလျင်အမြန်အော်ဟစ်သည်။

"ရွာသားတွေ ဆုတ်ခွာကြ"

ထိုအချိန်တွင် ဝါးအိမ်လေးထဲမှ အဖြူရောင်အလင်းတန်းတခုထွက်လာပြီး နောက်ဆက်တွဲပျက်စီးမှုများကို ကန့်သတ်ထားခိုက်သည်။

လုချန်ရှန်းကလည်း သူ့စွမ်းအားနယ်ပယ်ကို အကြိမ်ရေအနည်းငယ်ခန့် သတိရှိရှိဖြင့် ချုံ့ပစ်သည်။ သို့မှသာအပြင်ပကမ္ဘာသို့ ပျံ့နှံ့သွားမည်မဟုတ်ပေ။

ဓားတသောင်းပြန်လာခြင်းက အသက်ရှူကြိမ်ရေများစွာခန့်ကြာမြင့်ခဲ့သည်။

လုချန်ရှန်းရပ်သွားသည်။

တုန်ခါမှုကလည်းရပ်သွားသည်။

သို့စေကာမူ လေထုထဲတွင်စိမ့်၀င်နေသည့် ကောင်းကင်နှင့်မြေကြီး၏ စည်းမျဉ်းစွမ်းအားက အချိန်အတန်ကြာ မပျောက်ကွယ်သွားခဲ့ပေ။

လူတိုင်းက အပျက်အစီးများကို ကြည့်လိုက်ကြသည်။

ထို့ထဲတွင် ယွန်ဇီရူ၏ကိုယ်က ပြာအဖြစ် ပြောင်းလဲသွားတာ ကြာနေပါပြီ။

နတ်ဝိဉာဉ်ပင်လျှင် ဒီကမ္ဘာကြီးထဲကနေ လုံး၀ပျောက်ကွယ်သွားခဲ့သည်။

ဟီကျန်း၏မျက်နှာကမည်းမှောင်သွား၏။

မမျှော်လင့်ဘဲ ယွန်ဇီရူက ဒီလိုနည်းနှင့် တိုက်ပွဲတွင် သေဆုံးသွားခဲ့ရသည်။

ထို့ကြောင့် သူနှင့်နဂါးနန်းတော်ကြားက ပူးပေါင်းဆောင်ရွက်မှုကလည်း နစ်မြှုပ်သွားခဲ့ပြီဖြစ်သည်။

ကျင်းလီ ဒီမြင်ကွင်းကိုမြင်ပြီးနောက် တွေးပင်မတွေးတော့ဘဲ လက်ကိုလုချန်ရှန်းရှိရာသို့ဆုပ်ပြသည်။

"စီနီယာ၊ ဒီကိစ္စမှာ ငါတို့ရွှေတောင်ပံပင်ဂွင်းကလန်က နောက်‌ဆုတ်ပါမယ်"

ထို့နောက်ချက်ချင်းဆိုသလို ဘာမှစောင့်မနေတော့ဘဲ သူ့၏ရွှေရောင်တောင်ပံများကို တဖျပ်ဖျပ်ယပ်ခတ်ရင်း ဒီနေရာကနေ ချက်ချင်းထွက်သွားသည်။

ကျိလျိုချီက ခါးသီးစွာပြုံးရင်း ကျိချန်း‌ယောင်အားလှမ်းကြည့်လိုက်သည်။

သူမက အခြေအနေကဘယ်လိုဖြစ်နေသလဲဆိုတာ ကျိချန်းယောင်ကိုမေးနေခြင်းပင်။

ကျိချန်းယောင်ကလည်း အပြစ်ကင်းစင်စွာပင် ခေါင်းခါယမ်းပြသည်။

အရင်က လုချန်ရှန်း၏ပါရမီက အလွန်ပင်ဖမ်းစားနိုင်ပြီး ခွန်အားကလည်း သူမတို့အပေါ်တွင် ရှိနေတာကိုသာသူမသိသည်။

သို့စေကာမူ ဒီမျှထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သို့သော် လုချန်ရှန်းက သတ်ဖြတ်ခြင်းကို ဒီနေရာ၌မရပ်ဘဲ သူ့အကြည့်က ဟီကျန်းထံ ကျရောက်သွားသည်။

ဒီကောင်ကလည်း အရင်ကသူ့ကိုသတ်ချင်နေခဲ့ခြင်းပင်။

ထိုအကြည့်ကိုသတိထားမိသောအခါ ဟီကျန်းမျက်နှာကပြောင်းလဲသွားပြီး ချက်ချင်းအော်ဟစ်သည်။

"ငါကသေမျိုးကျေးရွာကနော်"

"မင်းကိုငါဂရုစိုက်နေတဲ့ပုံပေါ်လို့လား"

လုချန်ရှန်းက အလွန်ပင်ရမ်းကားကြမ်းတမ်းသည့်ဆရာဖြစ်သည်။

သူ့ဘ၀ကိုလိုချင်သူများက သူ့၏အဆုံးမဲ့ရန်သူများဖြစ်သည်။

ဒါကိုတွေးမိသောအခါ ဧရာမဓားတစ်ချောင်းက ဟင်းလင်းပြင်ထဲကနေ ထွက်လာပြီး ဟီကျန်းဆီသို့ပိုင်းဖြတ်ပစ်သည်။

ကျေးရွာခေါင်းဆောင်ကတုံ့ဆိုင်းနေပြီး ဘာမှမလှုပ်ရှားခဲ့ပေ။

ဆရာကသက်ပြင်းချသည်။

"ဘာပဲဖြစ်ဖြစ် ဒါကသေမျိုးကျေးရွာဖြစ်နေတုန်းပဲလေ....."

သို့စေကာမူ ဘယ်အရာကမှ လုချန်ရှန်းကို မတားဆီးခဲ့သဖြင့် ဧရာမဓားက ဟီကျန်းကို တိုက်ရိုက်ပင် လှီးဖြတ်သွားသည်။

ဟီကျန်း၏မျက်နှာ၌ ဆန္ဒမရှိသည့်အကြည့်တခုပေါ်လာပြီး သူ့ဝိဉာဉ်ပင်လျှင် ဖျက်ဆီးခံခဲ့ရသည်။

ဒီကိစ္စအပေါ် ဆရာမှာ မျက်စိမှိတ် လက်ထံရုံသာတတ်နိုင်တော့သည်။

မည်သို့ပင်ဆိုစေကာမူ ပထမဆုံးသတ်ဖြတ်ခြင်းကိုစတင်ခဲ့သူက ဟီကျန်းပင်။

လူသတ်သမားကိုထာ၀ရသတ်ပစ်ရမည်။

ဟီကျန်းသေဆုံးသွားရသည်။

ထိုအချိန်တွင် ကျိချန်းယောင်ရောက်လာပြီး စူးစမ်းလိုသည့်အသွင်မေးသည်။

"ရှင့်ကဘာလို့ဒီလောက်အားကောင်းရတာလဲ"

"ငါအားကောင်းတာမဟုတ်ပါဘူး၊ မင်းတို့ကအရမ်းအားနည်းလွန်းတာပါ"

ကျိလျိုချီနှင့်ကျေးဇူးခေါင်းဆောင်တို့က မည်းမှောင်သွားကြ၏။

ထို့နောက် လုချန်ရှန်းမေးသည်။

"ပိုင်မင်မြို့နဂါးနန်းတော်ကဘယ်မှာလဲ"

ကျိချန်းယောင်ပြန်ဖြေရင်း ကြက်သေသေနေသည့်အသွင်ပြန်မေးသည်။

'ရှင့်ဘာလုပ်မလို့လဲ"

"သဘာ၀တရားမှာ မြက်ပင်ခုတ်ရင် အမြစ်ကိုပါဖယ်ရှားရမယ်"

အသံကျဆင်းလာပြီးနောက် လုချန်ရှန်းထိုနေရာ၌ပင် ပျောက်ကွယ်သွား၏။

ဒီမြင်ကွင်းကိုမြင်ပြီး လူတိုင်းက လုချန်ရှန်းဘာလုပ်တော့မလဲဆိုတာ သိလိုက်ကြသဖြင့် သက်ပြင်းချလိုက်ကြရသည်။

ထျန်းဟီကြယ်ဒေသ၌ အားအကောင်းဆုံးအင်အားစုလို့လူသိများသည့် ပိုင်မင်မြို့နဂါးနန်းတော်က ဒီတကြိမ်တွင် ဖျက်ဆီးခံရတော့မည့်ပုံပင်။

အနာဂတ်တွင် ထျန်းဟီကြယ်ဒေသ၌ အင်အားစုများ၏ဖြန့်ဝေမှုက ပြန်လည်နေရာပြောင်းခြင်းကို ရင်ဆိုင်ရပေတော့မည်။

အမွေးတိုင်တစ်တိုင်စာမျှပင်မကြာခဲ့ဘဲ လုချန်ရှန်း၏ပုံရိပ်က ပြန်ပေါ်လာသည်။

ကျိချန်းယောင်မှင်သေသေနေသည်။

"ရှင်ဘာလို့ပြန်လာတာလဲ၊ လမ်းမတွေ့လို့လား"

လုချန်ရှန်းမျက်လုံးလိမ့်လိုက်မိသည်။

"ဘာလို့လမ်းမတွေ့ရမှာလဲ၊ လမ်းတွေ့ပြီး ပိုင်မင်မြို့နဂါးနန်းတော်က အဆုံးသတ်သွားပြီ"

ဟမ်၊ ပြီးသွားပြီလား.....!

အရမ်းမမြန်လွန်းဘူးလား....!

ကျိလျိုချီခါးသီးစွာပြုံးသည်။

ကံကောင်းစွာပင် ကျိချန်းယောင်က ဒီနတ်ဆိုးကို မစော်ကားမိခဲ့ပေ။

မဟုတ်ပါက ကျောက်စိမ်းရေကန်အင်မော်တယ်နန်းတော်ကလည်း ဒီနဂါးနန်းတော်လို အဆုံးသတ်သွားရပေလိမ့်မည်။

ကျေးရွာခေါင်းဆောင်က ခါးသီးသည့်အပြုံးဖြင့်လျှောက်လာသည်။

"စီနီယာမှာဒီလိုခွန်အားမျိုးရှိတာတောင် ဘာလို့စမ်းသပ်မှုမှာ ပါ၀င်ရတာလဲ"

လုချန်ရှန်းတချက်တွေးပြီးနောက် ဖုံးကွယ်မထားတော့ဘဲ ပြောလိုက်သည်။

"ပစ္စည်းတခုအတွက်လာခဲ့တာပါ"

"ဘာများလဲ"

လုချန်ရှန်းဘာလိုချင်တာလဲ!

ထိုအချိန်တွင် ဆရာ၏အသံပေါ်လာသည်။

"ငါ့ဆီကိုလာခဲ့ပါ"

ဆရာကဒီအကြောင်းကို လူသိရှင်ကြား မပြောလိုသည်မှာ သိသာထင်ရှားနေသည်။

ထို့ကြောင့်လုချန်ရှန်းခေါင်းညိတ်ကာ ဝါးအိမ်လေးရှိရာသို့လျှောက်သွားသည်။

အပြင်ပတွင် လူအုပ်စုက သတိမ၀င်နိုင်ဖြစ်နေကြဆဲပင်။

ကျိလျိုချီက ကျိချန်းယောင်အားခေါ်ကာ မေးသည်။

"နင်သူ့ကိုသဘောကျတာလား"

ကျိချန်းယောင်၏မျက်နှာကနီမြန်းသွားပြီး ရှက်ရှက်နှင့်ခေါင်းညိတ်သည်။

"တပည့်.... သဘောကျသလိုပဲ"

"ဆရာမ၊ ဆရာမမလုပ်လောက်ပါ...."

"ဘာကိုလဲ၊ နင်သဘောကျတယ်ဆိုမှတော့ သူ့နောက်လိုက်သွားပေါ့"

"ဒါပေမယ့်...." ကျိလျိုချီက ခါးသီးစွာပြုံးရင်းတွေးလိုက်မိသည်။

"သူနင့်ကိုမငုံ့ကြည့်မှာ‌ကို ငါကြောက်နေမိတယ်"

ကျိချန်းယောင် "...."

All Chapters