← Chapters

#ကျောက်တုံးလေး#

Vol. 34 Ch. 485

#ကျောက်တုံးလေး#

Vol. 34 Ch. 485

လုချန်ရှန်းရောက်လာသောအခါ ဝါးအိမ်လေး၏တံခါးကဖွင့်လျက်သားရှိသည်။

အထဲတွင် အနက်ရောင်ဆံပင်၊ အဖြူရောင်မုတ်ဆိတ်များနှင့် အဖိုးအိုတစ်ဦးထိုင်နေသည်။

အဖိုးအိုတွင် မည်သည့်အော်ရာအတက်အကျမှမရှိသဖြင့် သာမန်ဟုပင်ထင်ရသည်။

"လက်ဖက်ရည်တခွက်သောက်ကြရအောင်"

ဆရာက လက်ဖက်ရည်ဖျော်ရင်းပြောသည်။

လုချန်ရှန်းချက်ချင်းမကြည့်ဘဲ ပတ်လည်ကြည့်ပြီး ‌ချုံခုံတိုက်ခိုက်ခြင်းမရှိတာကို အတည်ပြုပြီးနောက် ဝါးအိမ်လေးထဲသို့ သုံးလှမ်းလှမ်းကာ ခေါင်းလှည့်ကြည့်လိုက်ပြန်သည်။

လုချန်ရှန်အား ယခုလိုမြင်ရသောအခါ ဆရာကရယ်မောလိုက်သည်။

"မစိုးရိမ်ပါနဲ့၊ ငါကမင်းပြိုင်ဘက်မဟုတ်ပါဘူး"

ဆရာကဒါကိုမြင်ခဲ့တာသေချာသည်။

လုချန်ရှန်း ယွန်ဇီရူကိုသတ်သောအခါ သူ့ရှေ့က သူစိမ်းက သူ့ထက်ပိုအားကောင်းတာကို အဖိုးအိုသိလိုက်သည်။

"ဘာပဲဆိုဆို မင်းကဒီကမ္ဘာရဲ့စည်းမျဉ်းတွေကို အပြည့်အ၀ထိန်းချုပ်ထားတာပဲလေ"

"ထျန်းဟီတောင်မှ မင်းပြိုင်ဘက်မဟုတ်ဘူး"

ထျန်းဟီဟူသည် ထျန်းဟီးကြယ်ဒေသက ထိပ်တန်းစွမ်းအားရှင်ဖြစ်သည့် ထျန်းဟီကြယ်နတ်ဘုရားပေတည်း။

လုချန်ရှန်းဆရာရှေ့တွင်ထိုင်သည်။

ဆရာက လက်ဖက်ရည်ခွက်တခွက်အရင်ငှဲထည့်ပေးပြီး ရိုးရှင်းစွာမေးသည်။

"မင်းခွန်အားနဲ့ ဘာလို့ငါ့ရဲ့သေမျိုးကျေးရွာကိုလာရတာလဲ"

"ဒီမှာ မင်းကိုဖမ်းစားစေနိုင်တာဘာမှမရှိဘူး"

ထိုစကားလုံးများကိုကြား‌သောအခါ လုချန်ရှန်းကွေ့ဝိုက်မနေဘဲ ပွင့်ပွင့်လင်းလင်းပြောသည်။

"ဆန်းကြယ်အဝါရောင်ချီကြောင့်ပါ"

ဆရာ၏လက်များက အနည်းငယ်လှုပ်ရှားမှုကင်းမဲ့သွားပြီးနောက် ခေါင်းခါယမ်းသည်။

"မင်းရွှမ်ဟွမ်ချီရဲ့တည်ရှိမှုကို ဘယ်လိုသိသလဲဆိုတာ ငါမသိပေမယ့် မင်းပြန်သွားသင့်တယ်၊ တာအိုမိတ်ဆွေလေး"

"ရွှမ်ဟွမ်ချီဆိုတာ သေမျိုးကျေးရွာက မျိုးဆက်တွေချီပြီးစောင့်ကြပ်နေရတဲ့ အရာတခုပဲ"

လုချန်ရှန်းမည်သည့်အားနည်းမှုကိုမှမပြသပါ။

"ကျုပ်ဒါကိုရဖို့လိုတယ်"

ဆရာမှာ လုချန်ရှန်းရှေ့က လက်ဖက်ရည်ခွက်ထဲသို့ဖြည့်ရန်ပြင်နေစဉ် ထိုစကားလုံးများကိုကြားသောအခါ သူရပ်သွားပြီး သူ့ခွက်ကိုသာဖြည့်ကာ လက်ဖက်ရည်အိုးကို ချလိုက်၏။

"သေမျိုးကျေးရွာကဘယ်သူမှ မင်းပြိုင်ဘက်မဟုတ်ပေမယ့် မင်းအတွက်လည်း ရွှမ်ဟွမ်ချီကိုရဖို့ဆိုတာ မလွယ်ကူပါဘူး"

"အနည်းဆုံးတော့ ရွှမ်ဟွမ်ချီကို ကိုယ့်ဘာသာကိုယ်ဖောက်ခွဲဖို့အ‌တွက် ငါထိန်းချုပ်နိုင်တယ်"

"ဒါပေမယ့်ဒီလိုလုပ်တာက နှမျောစရာကောင်းလွန်းတယ်"

လုချန်ရှန်းမျက်ခုံးပင့်လိုက်သော်လည်း ပြုံးသည်။

"ဒီလိုဆိုရင် ခင်ဗျားကြိုးစားကြည့်လို့ရတယ်"

သူ့အသံကယုံကြည်မှုဖြင့်ပြည့်နှက်နေသည်။

မည်သို့ပင်ဆိုစေကာမူ လုချန်ရှန်း၏ သတိထားမှုအဆင့်အရ သူက နှစ်ဖက်စလုံးကိုဆုံးရှုံးရမည့်ကံကြမ္မာကို တွေးတောမိထားပြီးဖြစ်သည်။

ထို့ကြောင့် ဆရာပြောတာကိုကာကွယ်ရန်အတွက် လုချန်ရှန်းကလည်း ပြင်ဆင်မှုများပြုလုပ်ထားသည်။

ကိုယ့်ကိုကိုယ်ဖောက်ခွဲခြင်းနှင့် လေဟာနယ်ပြိုကွဲခြင်းတို့အတွက် အော်ရာအားလုံးကိုဖိနှိပ်နိုင်သည့် အစီအရင်များကို အစီအရင်စာလိပ်ထဲတွင် သူထွင်းထုထားပြီးဖြစ်သည်။

လုချန်ရှန်း၏အတွေ့အကြုံရှိသည့် အမူအရာကိုကြည့်ပြီးနောက် ဆရာက ခါးသီးစွာတချက်ပြုံးသည်။

"ဘာလို့ဆန်းကြယ်ချီကိုလိုအပ်တာလဲ"

"ဒါကခင်ဗျားနဲ့မသက်ဆိုင်ပါဘူး"

"ဒီလိုဆိုရင်ရော ငါမင်းကို ရွှမ်ဟွမ်ချီပေးလို့ရပေမယ့် အမျှင်စတခုလေးပဲရမယ်"

ဆရာကတခဏမျှတွေးတောနေသည်။

"ဒါပေမယ့် တကယ်လို့အနာဂတ်မှာ သေမျိုးကျေးရွာက ဒုက္ခရောက်လာခဲ့ရင် မင်းအကူအညီပေးရမယ်"

လုချန်ရှန်းတခဏမျှတုံ့ဆိုင်းသွားပြီးနောက် ချက်ချင်းခေါင်းညိတ်သည်။

"ကောင်းပြီ"

ငြိမ်းချမ်းစွာဖြေရှင်းတာကပိုကောင်းသည်။

သို့သော်ဒီထဲက သေမျိုးကျေးရွာ၏ အကြောင်းရင်းနှင့်အကျိုးဆက်များကလည်းပါ၀င်သည်။

"နောက်တခု"

ဆရာလက်ယမ်းပြသည်။

ရုတ်တရက်ခြံထဲတွင် ဆော့ကစားနေသည့် ကျောက်တုံးလေးက ၀င်လာသည်။

"မင်းသူ့ကိုမွေးစားလို့ရတယ်၊ သူ့ကိုခေါ်သွားပါ၊ ဒါမှမဟုတ် သူ့ကို မင်းရဲ့မွေးစားသားအဖြစ်လည်း ယူဆလို့ရတယ်"

လုချန်ရှန်း ကျောက်တုံးလေးခေါ် ရှောင်ရှီထောင်းအားကြည့်ရင်း သူ့အမူအရာက အားနည်းသွားရသည်။

"တောင်းဆိုချက်ကိုပြောင်းပေးလို့ရမလား"

ငါကကလေးမွေးစားရမှာလား!

ဒီလိုဆိုရင် ငါ့ရဲ့အေးချမ်းတဲ့ဘ၀က ချိန်ကိုက်ဗုံးတလုံးနဲ့မတူသွားဘူးလား!

ယဲ့ချိုးပိုင်ကဲ့သို့ အချိန်ရွေးပေါက်ကွဲသွားနိုင်သည့် ဗုံးများရှိသော်လည်း လုချန်ရှန်းကို ပို၍စိတ်ပျက်စေတာက ဒါဖြစ်သည်။

ကလေးတစ်ယောက်ကို ပျိုးထောင်ရတာက တကယ်ကိုခက်ခဲသည်။

ဆရာကပြုံးသည်။

"ရှီထောင်းလေးမှာ ကလေးဘ၀ကတည်းက အမေလည်းမရှိသလို အဖေလည်းမရှိဘူး၊ ပြီးတော့ ငါလည်းသူ့အတွက် အိမ်တလုံးရှာပေးချင်တယ်"

"ဒီတော့မင်းမွေးစားလိုက်ပေါ့၊ ငါ့မှာတော့ ဒီအရည်အချင်းမရှိဘူး"

လုချန်ရှန်းအနည်းငယ်ထိတ်လန့်သွား၏။

ဒီလိုအရည်အချင်းမရှိတာလား!

ဆရာကသူ့လောက်အားမကောင်းသော်လည်း ပြင်ပလူများ၏ သဘောထားကနေ ဆရာကသာမန်လူတစ်ယောက်မဟုတ်ဘူးဆိုတာ ပြသနေသည်။

ဆရာကပင်လျှင် သူ့တွင်ထိုကဲ့သို့အရည်အချင်းမရှိဟု ပြောဆိုနေသည်။

ဒီကောင်လေးရဲ့ဇစ်မြစ်ကဘာလဲ!

လုချန်ရှန်း ရှောင်ရှီကိုကြည့်ရင်း စိတ်ထဲတွင်မေးလိုက်သည်။

"စနစ်ရေ၊ ဒီကလေးရဲ့အချက်အလက်တွေကို စစ်ဆေးကြည့်လို့ရမလား"

[အမည် : ကျောက်တုံးလေး]

[စွမ်းရည် : မသိ]

[အရည်အချင်း : မသိ]

မသိဘူးလား!

ဒါကပထမဆုံးအကြိမ်ဖြစ်ပျက်လာခြင်းပင်။

[ပိုင်ရှင်က တပည့်အဖြစ်လက်ခံလို့ရပါတယ်၊ ဒါပေမယ့် သူ့ရဲ့အရည်အချင်းတွေကို ရှာမတွေ့တာမို့ တပည့်လက်ခံတဲ့တာ၀န်တွေကို ပြိုင်လို့ရမှာမဟုတ်ပါဘူး]

လုချန်ရှန်းတခဏမျှတွေးပြီးနောက် ဆရာအားကြည့်ကာ ခေါင်းညိတ်သည်။

"ကောင်းပြီလေ၊ ကျုပ်ဒီကိစ္စကိုသဘောတူတယ်"

စနစ်ကိုတောင်မဖော်ထုတ်နိုင်အောင် လုပ်နိုင်သည့် လုပ်နိုင်စွမ်းနှင့် အရည်အချင်းများကြောင့် လုချန်ရှန်း ဒီကျောက်တုံးလေးရဲ့ထူးခြားချက်က ဘာများလဲဆိုတာ သိချင်လာမိသည်။

ဆရာကပြုံးကာခေါင်းညိတ်သည်။

ထို့နောက်ရှောင်ရှီထောင်းအားကြည့်ကာ ပြောသည်။

"ရှီထောင်လေး၊ အမြန်တပည့်မလုပ်သေးဘူးလား"

ရှီထောင်းလေးက လုချန်ရှန်းအားကြည့်သည်။

"သကြားလုံးတွေရှိသေးလား"

လုချန်ရှန်းခေါင်းညိတ်သည်။

ထိုအခါ ရှီထောင်လေးကပျော်သွားပြီး လုချန်ရှန်းရှေ့တွင်အလျင်အမြန်ဒူးထောက်ကာ ဦးသုံးကြိမ်ချလိုက်၏။

"ရှီထောင်းလေးက ဆရာကိုဂါရ၀ပြုပါတယ်"

ဆရာဒါကိုမြင်သောအခါထရပ်သည်။

"တာအိုမိတ်ဆွေလေး၊ ငါ့နောက်ကလိုက်ခဲ့ပါ"

ဆရာ့၏ခြေလှမ်းများအတိုင်း လိုက်သွားပြီးနောက် နှစ်ယောက်စလုံးက ကျောက်ခန်းမတခုထဲသို့ရောက်လာသည်။

လျို့ဝှက်အခန်းပေါင်းများစွာကိုဖြတ်ပြီးနောက်တွင် လျှို့ဝှက်အခန်းတခုထဲတွင် အလယ်ဗဟို၌ ဧရာမကျောက်စင်တခုရှိသည်။

ကျောက်စင်ပေါ်၌ အော်ရာအမျှင်စလေးတခုကစီးဆင်းနေသည်။

ထို့ထဲတွင် အတော်လေးရောထွေးနေသည့်လေထုကလည်းရှိနေသေးပြီး စည်းမျဉ်းစွမ်းအားရှိသည်သာမက ကမ္ဘာကြီးစတင်ဖွင့်လှစ်စဉ်က ကျန်ရှိသည့်အော်ရုလည်းရှိသည်။

ထိုဟာကိုကမ္ဘာ့စွမ်းအားဟုခေါ်ကြသည်။

ဆရာလက်ဝှေ့ယမ်းသောအခါ ရုတ်တရက် အနက်ဝါရောင်လေထုအမျှင်စတခုက ထို့ထဲကနေ ခွဲထုတ်ခံရသည်။

"ဒီပစ္စည်းကအရမ်းအဖိုးတန်တယ်၊ တာအိုမိတ်ဆွေလေးဒါကို လျှို့ဝှက်ထားမယ်လို့ မျှော်လင့်ပါတယ်"

လုချန်ရှန်းခေါင်းညိတ်သည်။

......

ရွှမ်ဟွမ်ချီကိုရပြီးနောက် လုချန်ရှန်း ထိုအမျိုးသမီးအား လက်တွေ့မဖြစ်နိုင်သည့် စိတ်ကူးများမဖြစ်လာနိုင်စေရန်အတွက် ကျောက်တုံးလေးကိုခေါ်ကာ လေဟာနယ်ပိုတိုက်ရိုက်ချိုးဖျက်ပြီးနောက် ထျန်းဟီ‌ကြယ်ဒေသကနေ ထွက်သွားသည်။

မည်သို့ပင်ဆိုစေကာမူ လုချန်ရှန်း အလှလေးတယောက်ကြောင့်ဒုက္ခမရောက်ချင်သေးပါ။ အချိန်ကျလာပါက ပြဿာနာများက တခုပြီးတခုပေါ်လာပေလိမ့်မည်။

လုချန်ရှန်းထွက်သွားပြီဆိုသော သတင်းကိုကြားရသောအခါ ကျိချန်းယောင်၏ အမူအရာကမည်းမှောင်သွား၏။

ကျိလျိုချီထိုမြင်ကွင်းကိုကြည့်ရင်း တိတ်တဆိတ်သက်ပြင်းချမိသည်။

ကြည့်ရတာ ငါအစိုးရိမ်ရဆုံးအရာက ဖြစ်ပျက်လာပြီပဲ!

"အနာဂတ်မှာအခွင့်အလမ်းတွေအများကြီးရှိပါတယ်၊ နင်အခုလုပ်ရမှာက နင့်ခွန်အားကို တိုးတက်အောင်လုပ်ဖို့ပဲ"

ထိုစကားကိုကြားသောအခါ ကျိချန်းယောင်ခေါင်းညိတ်သည်။

လုချန်ရှန်း၏ရိုက်ချက်ကြောင့် အငွေ့အသက်များပင် ကျန်နေသေးသည့် အပျက်အစီးများကိုကြည့်ရင်း သူမကြိုးစားလေ့ကျင့်ရန် ဆုံးဖြတ်လိုက်သည်။

ငါသေချာပေါက်ကြိုးစားလေ့ကျင့်မယ်!

အနာဂတ်မှာရှင့်ကိုအမီလိုက်နိုင်လာတဲ့အခါ ကျွန်မရှင့်ရှေ့မှာ ထပ်ပြီး ပေါ်လာခဲ့မယ်!

.....

ထိုအချိန်တွင် ကျေးရွာခေါင်းဆောင်က ဆရာထံသို့ရောက်လာသည်။

"ဆရာ၊ အဲဒီစီနီယာကို အဲပစ္စည်းပေးပြီးပြီလား"

ဆရာခေါင်းညိတ်သည်။

"အနာဂတ်မှာ ငါတို့အဲစီနီယာဆီကနေ အကူအညီလိုသေးတယ်၊ ပြီးတော့ ထျန်းဟီကြယ်ဒေသနဲ့ အဆင့်မြင့်ကြယ်နယ်မြေတခုလုံးရဲ့ရှင်သန်ကျန်ရစ်မှုက အဲဒီစီနီယာနဲ့ ကျောက်တုံးလေးတို့နဲ့ ချည်နှောင်ထားတယ်လို့ နိမိတ်အားလုံးက ပြသနေတယ်"

ကျေးရွာခေါင်းဆောင်တိတ်ဆိတ်သွားသည်။

.....

လေဟာနယ်ထဲကနေ ခရီးသွားနေစဉ် လုချန်ရှန်း အာကာသမုန်တိုင်းများကနေ ကာကွယ်ရန် ကျောက်တုံးလေးကို ဖက်ထားသည်။

မည်သို့ပင်ဆိုစေကာမူ ဤမျှအမြန်နှုန်းဖြင့် အကာအကွယ်‌မပေးထားပါက ယဲ့ချိုးပိုင်နှင့်ကျန်သောသူများပင်လျှင် အပိုင်းပိုင်းအစစဖြစ်သွားကြပေလိမ့်မည်။

ထိုအချိန်တွင် ရှောင်ရှီထောင်းလေးက စူးစမ်းလိုသည့်အသွင်လက်ကိုဆန့်ထုတ်ရင်း လုချန်ရှန်း၏ အော်ရာအတားအဆီးကနေ ခွဲထွက်သွားသည်။

လုချန်ရှန်း၏မျက်လုံးများက တုန်ယင်သွားကြ၏။

သို့စေကာမူ ကျောက်တုံးလေး၏လက်က အာကာသမုန်တိုင်းကနေ အထိအခိုက်မရှိဘဲ ရှင်ကျန်နေနိုင်တာကို လုချန်ရှန်းတွေ့လိုက်ရလေသည်။

All Chapters