#ဖန်တီးရှင်#
Vol. 34 Ch. 486
လုချန်ရှန်းဒီမြင်ကွင်းကို အံ့ဩစွာကြည့်နေခဲ့သည်။
ကျောက်တုံးလေး၏ကိုယ်၌ မည်သည့်အော်ရာအတက်အကျမှမရှိဘဲ သေမျိုးနှင့်တူသည်။
သူ့ကိုယ်ခန္ဓာကိုစစ်ဆေးသောအခါ ဒန်တျန်ကိုပင်လျှင် မဖွင့်လှစ်ရသေးပေ။
သို့စေကာမူ မရီဒျန်က တခြားသာမန်လူများထက် အများကြီးကျယ်ပြန့်သည်။
ဒါပေမယ့် အာကာသမုန်တိုင်းကနေရှင်သန်ပြီး ဒီလိုမြန်ဆန်လှတဲ့အာကာသအောက်မှာ မထိခိုက်ဘူးဆိုတာက ဖြစ်နိုင်လို့လား!
ကြည့်ရတာ ငါလက်ခံထားတဲ့တပည့်လေးမှာ လျှို့ဝှက်ချက်တခုရှိနေပုံပဲ!
.....
နေ့တရက်ခန့်ကြာပြီးနောက် လုချန်ရှန်း ကျောက်တုံးလေးကို စံအိမ်တော်သို့ ခေါ်လာခဲ့သည်။
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက လုချန်ရှန်းပြန်လာတာကို မြင်ရသောအခါ တစ်ယောက်ပြီးတစ်ယောက်ထရပ်ကြပြီး လုခ်ျရှန်းအား ဦးညွတ်ကြသည်။
သို့သော် သူတို့ကျောက်တုံးလေးကို မြင်သောအခါ သူတို့အားလုံး ထိတ်လန့်သွားကြပုံရသည်။
ချက်ချင်းဆိုသလို အစ်ကိုအစ်မများက ကျောက်တုံးလေးကိုဝန်းရံလိုက်ကြ၏။
"ဒီကလေးကဘယ်သူလဲ"
"ဆရာကအရမ်းအားကောင်းတယ်၊ သူအပြင်မှာသွားလည်ခဲ့စဉ်က မိန်းကလေးတယောက်ယောက်ကို စော်ကားခဲ့တာများလား၊ ဒါဆိုရင်...."
"အာ၊ ဒါက ဆရာ့ရဲ့သားဖြစ်လောက်လား"
"ဆရာကဒီလိုလူမျိုးဖြစ်မယ်လို့ ငါတကယ်မထင်ထားခဲ့ဘူး...."
ယဲ့ချိုးပိုင်နှင့်တခြားသူများ၏စကားလုံးတွေကို လုချန်ရှန်းရှင်းရှင်းလင်းလင်းကြားနေရသည်။
သူ့မျက်ခုံးများက အဆက်မပြတ်ရှုံ့တွသွား၏။
"မင်းတို့အရိုက်ခံချင်ကြပြန်ပြီလား"
"ငါသွားတာရက်နည်းနည်းပဲရှိသေးတယ်၊ မင်းတို့အမာရွက်တွေပျောက်သွားတော့ နာကျင်မှုကိုမေ့သွားကြတာလား"
"ဒီဆရာက အရမ်းအိုမင်းနေလို့ ဓားကို မမနိုင်တော့ဘူးထင်ကြတာလား၊ ဒါမှမဟုတ် မင်းတို့အတောင်တွေက မာကျောနေတာလား"
အလွန်အမင်းအန္တရာယ်ရှိသည့်အမူအရာကို ပြသနေသည့်လုချန်ရှန်းကိုကြည့်ရင်း ဟုန်ရင်က ချက်ချင်းပင် ယဲ့ချိုးပိုင်ကို လက်ညိုးထိုးပြသည်။
"ဆရာ၊ ဒါကအစ်ကိုကြီးပြောတာပါ၊ တပည့်တို့ကသဘောတူရုံပါပဲ"
ယဲ့ချိုးပိုင် "....."
သူကငါ့ရဲ့ညီမကောင်းလေးပဲ!
လုချန်ရှန်းလက်ဝှေ့ယမ်းကာ စိတ်မရှည်စွာပြောသည်။
"ကောင်းပြီ၊ ကောင်းပြီ၊ ပြဿာနာရှာတာ ရပ်လိုက်တော့၊ ဒါကမင်းတို့ရဲ့ညီငယ်လေးပဲ"
ဂျူနီယာညီငယ်လေးလား!
လူတိုင်းအံ့ဩသင့်သွားကြ၏။
ဆရာကဒီတခါအပြင်ထွက်ပြီးတဲ့နောက်မှာ ဒီလိုငယ်ရွယ်တဲ့တပည့်ကိုလက်ခံခဲ့တာလား!
သူ့မှာဒန်တျန်ကိုတောင်မဖွင့်ရသေးဘူးလေ!
စီနီယာအစ်ကိုကြီးဖြစ်သည့်အပေါ် ယဲ့ချိုးပိုင်ရှေ့တိုးပြီး ဒူးထောက်ရင်း ရှောင်ရှီထောင်းလေး၏ခေါင်းကိုပွတ်လိုက်၏။
"ညီငယ်လေး၊ စံအိမ်တော်ကနေ ကြိုဆိုပါတယ်"
"အခုကနေစပြီးတော့ ငါတို့ကမိသားစုတစုပဲ"
ရှီထောင်လေးက လက်ချောင်းကိုကိုက်ရင်း မရှင်းမလင်းမေးသည်။
"အစ်ကိုကြီး၊ အချိုရှိလား"
ယဲ့ချိုးပိုင်အနည်းငယ်အံ့ဩသင့်သွားသည်။ ငါကဘာလို့သကြားလုံးသယ်လာရမှာတုန်း!
ထိုအချိန်တွင် မု၀မ်အာကဘေးကနေလျှောက်လာပြီး သကြားလုံးတစ်ထုပ်ထုတ်ကာ အပြုံးဖြင့်ပြောသည်။
"ကျောက်တုံးလေး၊ ဒီကိုလာ၊ မမမှာရှိတယ်"
ကျောက်တုံးလေးကပျော်ရွှင်စွာပြုံးဖြင့် နွားပေါက်လေးတကောင်ပမာပြေးသွားသည်။
လုချန်ရှန်းရောက်လာသောအခါ ဘေးက မိုးမခပင်ကမေးသည်။
"အဲဒီကလေးကို ငါမမြင်နိုင်သေးဘူး"
လုချန်ရှန်းပြုံးလိုက်၏။
"ငါလည်းတူတူပဲ၊ ဒါကငါပထမဆုံးသိချင်စိတ်ဖြစ်မိတဲ့အချိန်ပဲ၊ ငါသူ့ကိုလေ့ကျင့်ပေးချင်တယ်၊ အနာဂတ်မှာ သူဘယ်လောက်ထိ သွားနိုင်မလဲဆိုတာ ငါမသိဘူး"
ဒါကပထမဆုံးအကြိမ် လုချန်ရှန်းစနစ်ကြောင့် တပည့်လက်မခံခဲ့ဘဲ အမှန်တကယ်တပည့်လက်ခံချင်ခဲ့သည့် ပထမဆုံးအကြိမ်လည်းဖြစ်သည်။
မိုးမခပင်က မိုးခမကိုင်းများကို အနည်းငယ်လှုပ်ခါယမ်းပြသည်။
"ဒါကကောင်းချီလား၊ ကျိန်စာလားဆိုတာ ငါတို့်မသိသေးဘူး"
"စကားမစပ် ရွှမ်ဟွမ်ချီရလာခဲ့လား"
လုချန်ရှန်းခေါင်းညိတ်ကာ လက်ကိုဆန့်ထုတ်လိုက်စဉ် ကမ္ဘာ့စွမ်းအားဖြင့် ပြည့်နှက်နေသည့် အော်ရာတခုက လုချန်ရှန်းလက်ဖဝါးပေါ်၌ ပျံဝဲနေသည်။
"အခုဘာလုပ်မလဲ"
လုချန်ရှန်းမဖြေဘဲ ယင်းအစား ဒီနက်ဝါရောင်စွမ်းအင်ရောင်ခြည်ကို သူ့ကိုယ်ထဲက ဝိဉာဉ်စွမ်းအင်ကိုအသုံးပြုကာ လွှမ်းခြုံပစ်ပြီး သဟဇာတပစ်အောင်လုပ်လိုက်သည်။
ရွှမ်ဟွမ်ချီက ကမ္ဘာတစင်းဖွဲ့စည်းသည့် အခြေခံအုတ်မြစ်ဖြစ်သည်။
အကယ်၍ကမ္ဘာကို အဆောက်အအုံတခုနှင့်
နှိုင်းယှဉ်မည်ဆိုပါက ဒီဆန်းကြယ်အဝါရောင်ချီက အဆောက်အအုံ၏အခြေခံဖြစ်သည်။
ဒီအဆင့်က ရွှမ်ဟွမ်ချီကို သခင်အား အသိအမှတ်ပြုခွင့်ပေးခြင်းပင်။
ကမ္ဘာကြီး၏ဖက်ခြမ်းကိုဖန်တီးပြီးစီးသောအခါ လုချန်ရှန်းက ထိုကမ္ဘာ၏ ဖန်တီးရှင်ဖြစ်လာပေလိမ့်မည်။
ချက်ချင်းဆိုသလို လုချန်ရှန်းလက်ဖဝါးတချက်ရိုက်ထုတ်လိုက်သောအခါ အဆုံးမဲ့ဘ၀နိယာမက စံအိမ်တော်တခုလုံးတွင် ပြည့်နှက်သွား၏။
လူတိုင်းကဆော့ကစားနေတာရပ်လိုက်ကြပြီး အထိတ်တလန့်ကြည့်လိုက်ကြသည်။
ဒီလိုအစွမ်းထက်အဆုံးမဲ့ဘ၀ရဲ့အဓိပ္ပာယ်!
ဆရာရေ၊ ခင်ဗျားဘာလုပ်ချင်တာလဲ!
ကမ္ဘာတခုတွင် အသက်ရှိသလို သေခြင်းတရားလည်းရှိသည်။
သေခြင်းတရားက အသက်နောက်ကွယ်၌ စဉ်ဆက်ဖြစ်လာတတ်ပြီး ဒါက ကမ္ဘာကြီး၏ အခြေခံဥပဒေသဖြစ်သည်။
ချက်ချင်းဆိုသလို အလွန်အမင်းအေးစက်သည့် သေခြင်းတရားလမ်းစဉ်က လုချန်ရှန်းလက်ဖဝါးပေါ်၌ မျောလွင့်နေသည်။
အသက်နှင့်သေခြင်းတရားကို အချင်းချင်းရောစပ်ပစ်သောအခါ အော်ရာက လုချန်ရှန်းကိုယ်ကနေ ပေါက်ကွဲထွက်လာသည်။
လေဟာနယ်လမ်းစဉ်က အဆက်မပြတ်ပွင့်လာပြီး ဟင်းလင်းပြင်ထဲတွင်ကျယ်ပြန့်နေသည်။
ရွှမ်ဟွမ်ချီကိုဗဟိုပြုထားစဉ် ဟင်းလင်းပြင်ကမ္ဘာတခုက စတင်ရုပ်သွင်ပြလာသည်။
ယဲ့ချိုးပိုင်နှင့်လူတိုင်းက တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြ၏။ သူတို့က ထိတ်လန့်နေကြသည်။
ယခုသူတို့နားလည်သွားလေပြီ။
ဆရာကကမ္ဘာတခုဖန်တီးချင်နေခြင်းပင်။
လုချန်ရှန်း၏ခွန်အားက မတွေးတောနိုင်လောက်အောင် အားကောင်းတာသူတို့သိသော်လည်း ဒီလောက်ထိ ကြောက်စရာကောင်းမည်ဟု မထင်ထားခဲ့ကြပေ။
ထိုအချိန်တွင် ဖန်တီးထားသည့်ကမ္ဘာတွင် ဘာတခုမှမရှိသေးပါ။
တောင်တန်းများ၊ မြစ်များ၊ သစ်ပင်များနှင့် မည့်သည့်သက်ရှိမှရှိမနေပေ။
လုချန်ရှန်းတခဏမျှတွေးတောပြီးနောက် မိုးမခပင်ကိုကြည့်ကာ ပြုံးလိုက်သည်။
ဘယ်လိုပဲကြည့်ကြည့် ထိုအပြုံးက အတော်လေးမကောင်းဆိုးဝါးဆန်နေသည်။
မိုးမခပင် "....."
၎င်းကဆွံအနေသော်လည်း မိုးမခကိုင်းတစ်ကိုင်းလုံးကမျောလွင့်သွား၏။
လုချန်ရှန်းလှမ်းယူလိုက်ပြီးနောက် အဆုံးမဲ့ဘ၀နိယာမနှင့်ဖုံးလွှမ်းပစ်သောအခါ ဘာမှမရှိသည့်ကမ္ဘာထဲသို့ ကျသွားသည်။
ချက်ချင်းဆိုသလို သစ်ပင်များက ပေါက်ဖွားလာကြ၏။
လုချန်ရှန်းကောင်းကင်ပေါ်သို့ လက်ညိုးထိုးလိုက်စဉ် နွေဦးမိုးများရွာချသည်။
ထိုသစ်ကိုင်းများနှင့်မြက်ပင်ပေါက်များက အနှီမျက်စိဖြင့်မြင်နိုင်သည့် အမြန်နှုန်းဖြင့် စတင်ကြီးထွားလာကြ၏။
ခြေဖဝါးတချက်ဆောင့်လိုက်သောအခါ မိုင်ထောင်ချီရှည်လျားသည့် တောင်နှင့်မြစ်များက ပြားချပ်နေသည့်မြေကြီးကနေ ဖြည်းဖြည်းချင်းတက်လာပြီး ထိပ်တခုအထိရောက်လာသည်။
အော်ရာကနေပြောင်းလဲထားသည့် မြစ်များက တောင်နှင့်မြစ်များအဖြစ် ပြောင်းလဲသွားကြသည်။
လက်မြှောက်ကာခြေတချက်ဆောင့်ရုံမျှနှင့် ယခုလိုအံ့ဩဖွယ်လှုပ်ရှားမှုကို ပြီးပြည့်စုံအောင်လုပ်နိုင်သည်။
ယဲ့ချိုးပိုင်နှက့်ကျန်သောသူများက သူတို့နေရာတွင်ပင်ရှိနေပြီး ချက်ချင်းပင် စိတ်လှုပ်ရှားစွာ သက်ပြင်းချကြသည်။
"ဒါကတကယ်အားကောင်းတာပဲ...."
"ခြေလက်ဟန်တိုင်းနဲ့ ကမ္ဘာကြီးကိုဖန်တီးပြီး အသက်နဲ့သေခြင်းတရားကို ထိန်းချုပ်တယ်"
သူတို့ဆရာ၏ခွန်အားက အမှန်တကယ်ပင် ခန့်မှန်း၍မရလောက်အောင်နက်ရှိုင်းသည်။
မိုးမခပင်လျှင်ပင် အနည်းငယ်အံ့ဩသင့်သွားသည်။
"ကြည့်ရတာ ငါ့ခွန်အားကို ငါတကယ်လျှော့တွက်မိနေတုန်းပဲ"
လုချန်ရှန်းမရပ်ပေ။
ထိုအချိန်တွင် ကမ္ဘာကြီးထဲတွင် တောင်နှင့်မြစ်များရှိလာသော်လည်း တခုခုတော့ ပျောက်ဆုံးနေတဲပင်။
အဲဒါကတိရိစ္ဆာန်များဖြစ်သည်။
ဒါပေမယ့် အပြင်ပကမွန်းစတားနည်းနည်းကို ပစ်ထည့်ပြီး မျိုးပွားဖို့အတွက် လွှတ်ပေးရုံပဲမလား!
လုချန်ရှန်းဒီအကြောင်းကို တွေးမိပြီးနောက် ကောင်းကင်သို့ညွှန်လိုက်၏။
"မိုးကြိုးထွက်လာစမ်း"
ချက်ချင်းဆိုသလိုကောင်းပင်ထက်တွင် မိုးကြိုးနှင့်လျှပ်စီးများက ကမ္ဘာကြီးတခုလုံးကို ဖုံးလွှမ်းသွားကြပြီး မြေကြီး၊ အပင်များနှင့် မြစ်များပေါ်သို့ အဆက်မပြတ် ပစ်ကြဲချနေသည်။
မိုးသက်မုန်တိုင်းအပြီးတွင် မြစ်ထဲတွင် သေးငယ်သည့်သတ္တဝါလေးများရှိလာသည်။
ဒါကအသိပညာ၏စွမ်းအားပင်။
သို့စေကာမူ မြစ်များကို လုချန်ရှန်း၏ ကျစ်လျစ်သိပ်သည်းသည့်ဝိဉာဉ်ကနေ ဖန်တီးထားခြင်းဖြစ်သည်။
ထိုအဏုဇီ၀ရုပ်အသွင်အားလုံး၏ ကြီးထွားမှုက အရင်ဘ၀က ကမ္ဘာမြေကဲ့သို့ နှေးကွေးမည်မဟုတ်။
ဒါကအချိန်ကြာမည်မဟုတ်ဟုပင် ခန့်မှန်း၍ရသည်။
ဝိဉာဉ်သားရဲများကပေါ်လာကြသည်။
ကမ္ဘာကြီးတခုက ကနဦးပြီးစီးသွားလေပြီ။
လုချန်ရှန်းကျေနပ်စွာခေါင်းညိတ်သည်။
ဒီအရာအားလုံးကို သူ့အရင်ဘ၀က အသွင်အပြင်အတိုင်းလိုက်ပြီးဖန်တီးထားခြင်းဖြစ်သည်။
ဒါကသူ့၏တောင့်တမှုကို ဖြည့်ဆည်းပေးခြင်းဟုလည်းယူဆ၍ရသည်။
လုချန်ရှန်းသူ့ခြေဖဝါးအောက်က စံအိမ်တော်ကိုကြည့်ရင်း တွေးနေမိသည်။
တခုခုလိုနေသည့်အသွင်။
ထို့ကြောင့်လုချန်ရှန်းလက်ဝှေ့ယမ်းသည်။
စံအိမ်တော်တည်ရှိသည့်တောင်တခုလုံး၏ တည်နေရာက လေဟာနယ်စွမ်းအားဖြင့် ၀န်းရံခံလိုက်ရပြီး လျှို့ဝှက်တာအိုကျောင်းတော်မှ ပျောက်ကွယ်သွားကာ ကမ္ဘာအသစ်ဆီသို့ ကူးပြောင်းခံရသည်။
ထိုအချိန်တွင် ချင်းထျန်းနျန် စံအိမ်တော်သို့သွားလည်ချင်သော်လည်း သူ့ရှေ့က တောင်က ရုတ်တရက်ပျောက်ကွယ်သွားတာကို တွေ့လိုက်ရသည်။
ချင်းထျန်းနျန်၏မျက်လုံးများက ပြူးကျယ်သွား၏။
"ဘယ်လိုအခြေအနေကြီးလဲ"