← Chapters

#အယ်အလတ်အဆင့်ကြယ်နယ်မြေ#

Vol. 34 Ch. 487

#အယ်အလတ်အဆင့်ကြယ်နယ်မြေ#

Vol. 34 Ch. 487

ထာ၀ရသက်တမ်းနယ်မြေ!

ဒါက လုချန်ရှန်းဖန်တီးထားသည့် ကမ္ဘာသစ်ဖြစ်သည်။

ဒီနေ့ရက်များတွင် လုချန်ရှန်းသူ့တပည့်များကို ထာ၀ရသက်တမ်းနယ်မြေ၌ အသေးစိတ်အချက်အလက်များကို ပြီးပြည့်စုံသွားစေရန်အတွက် ဦးဆောင်ခဲ့သည်။

သေချာတာကတော့ လုချန်ရှန်းက အချိန်အများစုကို ငါးမျှားရင်းကုန်ဆုံးသည်။ ဒါကအံ့ဩသင့်စရာမဟုတ်တော့။

လုချန်ရှန်းပြောစကားအရ ခေါင်းဆောင်က ငါးမဖမ်းပါက မည်သူဖမ်းမည်နည်း။ ငါးအတွက် လုပ်သားအုပ်စုကို ငါးဖမ်းခွင့်ပြုရမည်လား။

အရိုးတောင်ပံမြွေကျားကို လုချန်ရှန်းက ထာ၀ရသက်တမ်းနယ်မြေကို ယာယီကာကွယ်စောင့်ကြပ်ရန်အတွက် စောင့်ကြည့်ခွေးအဖြစ် သတ်မှတ်ခဲ့သည်။

ဆန်းကြယ်အဝါရောင်ချီဖြင့်ပြုထားသည့် အစီအရင်ကလည်း စံအိမ်တော်၏ ပြောင်းရွေ့မှုနှင့်အတူ လိုက်ပါလာပြီး ထာ၀ရသက်တမ်းနယ်မြေ၏ ကာကွယ်ရေးအစီအရင်တခုဖြစ်လာသည်။

ကျောက်တုံးလေးအတွက်မူ လုချန်ရှန်း လေဟာနယ်ကိုချိုးဖျက်ပစ်ကာ အန္တရာယ်များပြီးကြမ်းတမ်းသည့် အာကာသအရှုပ်အထွေးအကြား ပစ်ချခဲ့သည်။

ဒါက ကျောက်တုံးလေး၏ကျင့်ကြံခြင်းနည်းလမ်းပင်ဖြစ်သည်။

အစက လုချန်ရှန်း ပြိုင်ပွဲလေ့ကျင့်ခန်းအမျိုးမျိုးကိုစမ်းသပ်ခဲ့သည်။

ဥပမာပြောရမည်ဆိုပါက အဂ္ဂိရတ်တာအို၊ မြင့်မြတ်တာအိုသာမက ဓားသိုင်းလမ်းစဉ်ကိုပင်သင်ကြားခဲ့သော်လည်း ကျောက်တုံးလေး၏သရုပ်ပြမှုကသာမန်သာ။

လုချန်ရှန်းဘာလုပ်ရမှန်းမသိဖြစ်နေချိနါ ကျောက်တုံးလေး သူ့လက်ကို အာကာသမုန်တိုင်းထဲ ဘာအထိအခိုက်မှမရှိဘဲ ဆန့်ထုတ်ခဲ့သည့်မြင်ကွင်းကို သူတွေးမိသွားသည်။

ထို့နောက်သူခန့်မှန်းကြည့်လိုက်သည်။

ကျောက်တုံးလေးမှာ လေဟာနယ်စွမ်းအားနဲ့ပတ်သက်ပြီး တခုခုထူးခြားတာများ ရှိနေမလား!

ယခုတော့သူစမ်းသပ်ကြည့်ခဲ့သည်။

လုချန်ရှန်းကိုပို၍အံ့ဩသင့်စေတာက ကျောက်တုံးလေး၏ကျင့်ကြံခြင်းက ဘာလေ့ကျင့်ခန်းမှမလိုအပ်ပေ။

အာကာသထဲတွင် သူ့ကိုပစ်ချပြီး အာကာသအရှုပ်အထွေးများနှင့် အာကာသမုန်တိုင်းထဲ၌ နစ်မြှုပ်နေစဉ် သူက ကျင့်ကြံခြင်းကို အဆက်မပြတ်တိုးတက်အောင် လုပ်နိုင်ခြင်းပင်။

အမြန်နှုန်းကလည်း အတော်လေးမြန်ဆန်သည်။

ခုနှစ်ရက်အတွင်းမှာပင် ကျောက်တုံးလေး၏ကျင့်ကြံခြင်းက သုညကနေ နတ်ဘုရားတ၀က်နယ်ပယ်သို့ရောက်သွားခဲ့သည်။

အေးချမ်းသည့်နေ့ရက်များက အမြဲလိုလိုတိုတောင်းသည်။

အလွန်ပါရမီရှိသည့်ယဲ့ချိုးပိုင်လိုလူမျိုးတွေကမူ မတည်ငြိမ်နိုင်ကြပေ။

ဒီကာလက ရက်လေးဆယ်ကြာခဲ့ပြီး ယဲ့ချိုးပိုင်၏ခွန်အားက သိုင်းဧကရာဇ်နယ်ပယ် နောက်ပိုင်းအဆင့်သို့ရောက်သွားခဲ့သည်။

ဟုန်ရင်ကမူ အာရုံထွေပြားခြင်းနယ်ပယ်သို့ ချိုးဖျက်သွားခဲ့သည်။

နင်းချန်ရှင်းက ဥပဒေကိုကိုယ်တိုင်ချမှတ်ပြီးနောက် ကွန်ဖြူးရှပ်နှင့်တာအိုအပေါ် သူ့နားလည်မှုကပို၍ပင်နက်ရှိုင်းလာပြီး အာရုံထွေပြားခြင်းအဆင့်ခွန်အားမျိုးကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။

ရှောင်ဟိုင်၏ထာ၀ရနတ်ဆိုးကိုယ်ထည်က ပို၍ပင်တည်ငြိမ်ပြီး တချိန်တည်းမှာပင် အာကာသအရှုပ်အထွေးများကြားလေ့ကျင့်ရင်း စတုတ္ထလိုင်းက လုံး၀တည်ငြိမ်သွားသည်။

ဒုတိယမှတ်ဉာဏ်အပိုင်းအစကိုလည်း သူကအပြည့်အ၀စုပ်ယူနိုင်ခဲ့သည်။

ရှီရှန်းကလည်း အာရုံထွေပြားခြင်းအစောပိုင်းအဆင့်သို့ရောက်လာခဲ့သည်။

မုဖူရှန်းကမူ အပြင်ပန်းတွင် အာရုံထွေပြားခြင်း နောက်ပိုင်းအဆင့်သို့ရောက်သွားခဲ့သည်။

ထိုနေ့မှာပင် ချင်းထျန်နျန်က လုချနိရှန်းအား မိန်းကလေးတစ်ယောက်ကလာရှာနေပြီး သူမကအတော်လေးစိုးရိမ်ပူပန်နေပုံရကြောင်း အသံပို့ခဲ့သည်။

သူမအားခေါ်ဆောင်လာသောအခါ ယဲ့ချိုးပိုင်အလွန်ပျော်သွားသည်။

မုဇီရှင်း လုချန်ရှန်းအားအရင်ဆုံးဦးညွတ်သည်။ ထို့နောက် ယဲ့ချိုးပိုင်အား ပူပန်စွာကြည့်သည်။

"ငါ့အဖေကအဖမ်းခံလိုက်ရတယ်"

"ပြီးတော့ ဧကရာဇ်မုကျန်းထင်လည်း အဖမ်းခံလိုက်ရတယ်"

ယဲ့ချိုးပိုင်နှင့်မုဖူရှန်းတို့၏အမူအရာများက တချိန်တည်းတွင် နစ်၀င်သွားကြ၏။

"ဘာဖြစ်ခဲ့တာလဲ"

မုဇီရှင်း ဇာတ်လမ်းတခုလုံးကိုပြောပြသည်။

နယ်နိမိတ်မဲ့နယ်မြေကနေ ထွက်ပြေးပြီးနောက် ရှီနန်ကရုတ်တရက်ပြန်လာခဲ့သည်။ မည်သည့်နေရာကမသိ၊ သူအမွေအနှစ်တခုကိုရခဲ့ပြီး သူ့ခွန်အားက သိသိသာသာပင် တိုးတက်လာခဲ့သည်။

ထို့နောက်နယ်နိမိတ်မဲ့နယ်မြေက မုလီပိုင်၊ မုကျန်းထင်နှင့်တခြားထိပ်တန်းစွမ်းအားရှင်များကို တိုက်ရိုက်ဖမ်းဆီးကာ မိစ္ဆာနယ်မြေသို့ခေါ်ဆောင်သွားသည်။

အဲဒါကအလယ်အလတ်အဆင့်ကြယ်နယ်မြေတွင်ဖြစ်သည်။

ထို့ထဲတွင် ကြယ်ကြွေဓားဂိုဏ်းချုပ် ကျန်းဝူဖန်းလည်းပါ၀င်သည်။

"အခုနယ်နိမိတ်မဲ့နယ်မြေမှာ ခေါင်းဆောင်မရှိတော့ဘူး၊ အရမ်းပရမ်းပတာဖြစ်နေကြပြီ"

ယဲ့ချိုးပိုင်မည်းမှောင်သည့်အမူအရာဖြင့် မေးသည်။

"သူဘာမှမပြောခဲ့ဘူးလား"

မုဇီရှင်းခေါင်းခါယမ်းသည်။

"ဟင့်အင်း၊ ဒါပေမယ့် သူငါ့အဖေကို နင့်အတွက်ကြောင့် ဖမ်းသွားတာဖြစ်မယ်"

လူတိုင်းကယဲ့ချိုးပိုင်အားကြည့်လိုက်ကြ၏။

ယဲ့ချိုးပိုင်တုံ့ဆိုင်းမနေတော့ပေ။

"ငါတို့သွားရမယ်"

အလယ်အလတ်အဆင့်ကြယ်နယ်မြေသို့သွားခြင်းက အန္တရာယ်များဖြင့် ပြည့်နှက်နေသည့် မိစ္ဆာတပ်ရင်းထဲသို့ နက်နက်ရှိုင်းရှိုင်း၀င်သွားခြင်းပင်။

နောက်ကလုချန်ရှန်းကလည်း ဒါကိုခန့်မှန်းမိသည့်အလား မျက်လုံးလိမ့်လိုက်သော်လည်း စကားမပြောပေ။

ဘာပဲဖြစ်ဖြစ်လေ ငါဒါကိုကျင့်သားရနေပြီပဲကို!

မုဖူရှန်းကလည်းခေါင်းညိတ်သည်။

"ကျွန်တော်လည်းသေချာပေါက်သွားရမယ်၊ ဒါပေမယ့် နယ်နိမိတ်မဲ့နယ်မြေက ခေါင်းဆောင်မရှိလို့မရဘူး၊ မဟုတ်ရင် အကျိုးဆက်တွေက ကပ်ဘေးတခုလို ဖြစ်လာလိမ့်မယ်"

အကယ်၍မည်သူမှနယ်မြေကိုမဖိနှိပ်ထားပါက စိတ်၀င်စားသည့်လူများက အရင်းအမြစ်များကို အလုအယက်ရယူကာ အခွင့်အရေးယူသွားပေလိမ့်မည်။

"ဒီကိစ္စကိုတော့မစိုးရိမ်နဲ့"

ဟုန်ရင်ထရပ်သည်။

"ဒီကိစ္စကိုငါ့ဆီလက်လွှဲထားခဲ့လိုက်ပါ၊ ယွန်ဟွမ်အင်ပါယာရဲ့စွမ်းအားကိုလည်း နယ်နိမိတ်မဲ့နယ်မြေကို ငါဖြန့်ကြက်လိုက်ပါမယ်"

မုဖူရှန်းစိတ်သက်သာရာရသွားသည်။

သူ့၏ဒုတိယစီနီယာအစ်မက အင်ပါယာမျိုးဆက်က ဧကရီတစ်ပါးဖြစ်သည်။ ဒီလိုကိစ္စမျိုးမျိုးကို သူမအားလက်လွှဲပေးတာက အကောင်းဆုံးဖြစ်သည်။

တန်ပြန်ဆောင်ရွက်မှုများကို ဆွေးနွေးပြီးနောက် ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက လုချန်ရှန်းထံရောက်လာပြီး စကားပြောချင်ကြသော်လည်း လုချန်ရှန်းကြားဖြတ်ပြောသည်။

"မင်းတို့သွားချင်ရင်သွားကြ၊ ဘေးကင်းလုံခြုံဖို့ကိုတော့ အာရုံစိုက်ကြ"

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက အနည်းငယ်အံ့ဩသင့်သွားကြ၏။

ဟမ်!

ဆရာ၊ ဒီအပြုအမူကမှားနေသလားလို့!

ကျွန်တော်တို့ဒီလိုအရာမျိုးကိုလုပ်ရင် ဆရာကအမြဲမကျေမနပ်ဖြစ်တာလေ!

သူတို့၏အတွေးကိုမှန်းဆမိသည့်အလား လုချန်ရှန်းမျက်လုံးလိမ့်လိုက်မိသည်။

"ငါမင်းတို့ကို သွားခွင့်မပေးရင်တောင် မင်းတို့ကနာခံမှာတဲ့လား"

ဒါကိုမဆိုထားနဲ့၊ အဆင့်မြင့်ကြယ်နယ်မြေကအင်အားစုများပင်လျှင် သူ့ပြိုင်ဘက်မဟုတ်ပေ။

ထျန်းဟီကြယ်နယ်မြေက အဆင့်မြင့်ကြယ်နယ်မြေအတွင်း အနိမ့်ကျဆုံးဖြစ်သည့်တိုင် အလယ်အလတ်အဆင့်ကြယ်နယ်မြေက လူများထက်တော့ ကောင်းပါသေးသည်။

"ပြီးတော့ ဟုန်ရင်သွားတဲ့အချိန် ရှောင်လျိုကိုလည်း မင်းနဲ့အတူခေါ်သွားလိုက်"

"နယ်မြေတခုကို ခွန်အားနဲ့ အလုံးအလျားမဖိနှိပ်ထားဘဲ အုပ်ချုပ်ဖို့ဆိုတာက မဖြစ်နိုင်ဘူး"

ဟုန်ရင်တွင်လည်း အလားတူအတွေးရှိသည်။

မည်သို့စေကာမူ နယ်နိမိတ်မဲ့နယ်မြေက အင်အားစုတချို့နှင့်ယှဉ်ပါက ယွန်ဟွမ်အင်ပါယာက သိသိသာဟာအားနည်းနေသေးပြီး ဟုန်ရင်ကိုယ်တိုင်ကလည်း တာအိုနယ်ပယ်ကိုမရောက်သေးပါ။

ဘေးတွင်လက်ဖက်ရည်သောက်နေသည့် လျိုကျိယုမှာ ထိုစကားကိုကြားသောအခါ လက်ဖက်ရည်သီးမတတ်ပင်ဖြစ်သွားသည်။

ဘာလား!

ငါ့ကိုလုပ်သားအဖြစ်ဆက်ဆံနေတာလား!

သူငြင်းချင်သော်လည်း လုချန်ရှန်းသူ့ကို စိုက်ကြည့်လိုက်တာကို တွေ့လိုက်ရသည်။

"လူတိုင်း စီနီယာတွေရဲ့ညွှန်ကြားချက်တွေကို လိုက်နာရမယ်"

သူငြင်းလိုက်တာနှင့်တပြိုင်နက် လေ့ကျင့်ရန်အတွက် ဆွဲခေါ်ခံရတော့မှာကို လျိုကျိယုယုံကြည်သည်။

အရင်ကသူက အမှောင်နယ်မြေက ကြယ်ငါးပွင့်သင်းအုပ်ဆရာဖြစ်သော်လည်း ယခုလိုအခြေအ‌နေအထိ ရောက်လာရသည်။

ဒီအကြောင်းကိုတွေ့မိသောအခါ လျိုကျိယု၏ရင်ဘတ်က တင်းကြပ်သွားရသည်။

ထိုအချိန်တွင် ရှောင်ဟိုင်ကလည်းထရပ်သည်။

"ကျွန်တော်လည်းသွားချင်တယ်၊ ဒါပေမယ့် အစ်ကိုကြီးနဲ့မဟုတ်ပါဘူး"

"မှတ်ဉာဏ်အပိုင်းအစမှာ မှတ်သားထားတဲ့နေရာကလည်း အလယ်အလတ်အဆင့်ကြယ်နယ်မြေမှာရှိတယ်"

ရှောင်ဟိုင်တခြားညီအစ်ကိုများကို မထိခိုက်စေချင်ပေ။

မည်သို့ပင်ဆိုစေကာမူ သူတတိယမှတ်ဉာဏ်အပိုင်းအစကို ရှာတွေ့ပါက နတ်ဆိုးသူပုန်များ၏ရှာတွေ့ခြင်းကို ခံရနိုင်သည်။

ရှီရှန်းကလည်းခေါင်းညိတ်သည်။

"ကျွန်တော်လည်းကြယ်ဗဟိုချက်တွေကို ရှာတွေ့ချင်တယ်"

ယခုအသင်းများကို ထူထောင်လိုက်ကြလေပြီ။

ရှောင်ဟိုင်နှင့်ရှီရှန်းတို့က ကိုယ်စီကိုယ်စီ တယောက်တည်းသွားကြမည်။

ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့် မုဇီရှင်းတို့က နတ်ဆိုးနယ်မြေကို သွားကြမည်။

လျိုကျိယု လူတိုင်းကိုကြယ်နယ်မြေ အတားအဆီးရှိရာသို့ခေါ်ဆောင်လာသည်။

အလယ်အလတ်အဆင့်ကြယ်နယ်မြေကို သွားလိုပါက ကြယ်နယ်မြေအတားအဆီးကို ဖြတ်ကျော်ရပေမည်။

ထိုအချိန်တွင် လျိုကျိယုပြောသည်။

"ငါနဲ့မင်းဆရာရဲ့အမြင်မှာ မိစ္ဆာနယ်မြေရဲ့ခွန်အားက နှံကောင်လေးတကောင်သာသာဆိုပေမယ့် မင်းတို့အတွက်တော့ နည်းနည်းပြင်းထန်နေလိမ့်မယ်"

"ဒီတော့ငါမင်းတို့ကိုအကြံပေးချင်တာက မိစ္ဆာနယ်မြေကို တိုက်ရိုက်မသွားဘဲ တခဏလောက်လေ့ကျင့်ကြ၊ ဘာပဲဆိုဆို တဖက်လူရဲ့ပစ်မှတ်ကမင်းပဲ၊ သူတို့က အချိန်မကျသေးဘဲ ခေါင်းဖြတ်တာမျိုးလုပ်မှာမဟုတ်သေးဘူး"

"မင်းဆရာက ဒါကိုတိုက်ရိုက်ကူညီပေးမှာမဟုတ်ဘူး၊ သူကမင်းတို့ကို ဒါကို အတွေ့အကြုံတခုအဖြစ် ယူဆစေချင်တယ်"

သူ့ဆရာကသူတို့ကိုပို၍ အားကောင်းလာစေချင်ပြီး တခြားသူများအား မမှီခိုစေချင်ပေ။

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက ပြုံးကာ ခေါင်းညိတ်ကြသည်။

သူတို့ကဒီအမှန်တရားကိုနားလည်ကြသည်။ ဆရာပြောတာက အတိအကျမှန်ကန်သည်။ ဖြေရှင်းဖို့မဖြစ်နိုင်ဘူးဟုထင်ပါက ဘယ်တော့မှ ဖြေရှင်းနိုင်မည်မဟုတ်။

ဤသည်ကိုမြင်သောအခါ လျိုကျိယု ကြယ်နယ်မြေအတားအဆီးကိုဖွင့်ရန်အတွက် ကျောက်စိမ်းတံဆိပ်ကိုသုံးလိုက်၏။

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက အာကာသယာဉ်ကိုစီးကာ ၀င်သွားကြသည်။

ကြယ်နယ်မြေအတားအဆီးကိုဖြတ်ကျော်ပြီးနောက် သူတို့ အာကာသမုန်တိုင်းတခုနှင့် တွေ့ဆုံသွားကြသည်။

အလယ်အလတ်အဆင့်ကြယ်နယ်မြေက အာကာသမုန်တိုင်းက အဆင့်နိမ့်ကြယ်နယ်မြေနှင့် ယှဉ်၍မရပေ။

သူတို့မည်မျှပင်ကာကွယ်နေပါစေ အာကာသယာဉ်ပျက်စီးသွားသည့်ပုံရိပ်ကို ပြောင်းပြန်လှန်ရန်ဟူသည် မဖြစ်နိုင်တော့။

လူတိုင်းက လုချန်ရှန်းပေးသည့် ကျောက်စိမ်းဆွဲသီး၏ကာကွယ်မှုအောက်တွင် နေရာအမျိုးမျိုးသို့ ဆွဲခေါ်ခံလိုက်ရသည်။

All Chapters