#ချင်းဟိုင်မြို့(ပင်လယ်ပြာမြို့)#
Vol. 34 Ch. 488
အလယ်အလတ်အဆင့်ကြယ်နယ်မြေနှင့် အဆင့်နိမ့်ကြယ်နယ်မြေတို့အကြား အခြေခံကွာခြားချက်က နေရာတိုင်း၏ ကျင့်ကြံခြင်းအသိနှင့် အော်ရာကြွယ်၀မှုပင်။
ပင်လယ်ကမ်းခြေ!
ကမ်းစပ်၌ ကဏန်းများက လူတစ်ယောက်၏ သဲပေနေသည့်ပါးအစုံကနေ ဖြတ်သန်းသွားကြ၏။
ထိုအချိန်တွင် ပင်လယ်ရေမျက်နှာပြင်၌ သင်္ဘောကြီးတစင်းပေါ်လာသည်။
ကမ်းခြေ၌ဆိုက်ကပ်ပြီးနောက်တွင် စိမ်းပြာရောင်၀တ်စုံရှင်အမျိုးသမီးတစ်ဦးက အစောင့်များ၏အကာအကွယ်များဖြင့် လှေကြီးပေါ်ကဆင်းလာသည်။
"ဟမ်၊ နေပါဦး"
အမျိုးသမီးကရုတ်တရက်ရပ်ကာ ကမ်းခြေ၌လှဲနေသည့်လူကိုကြည့်ရင်း လျှောက်သွားသည်။
အစောင့်ကအလျင်စလိုပြောသည်။
"သခင်မလေး၊ ကျေးဇူးပြုပြီးအိမ်ကို ချက်ချင်းသွားပါဦး၊ ယန်မိသားစုက ကန်မိသားစုကို စပြီးတိုက်ခိုက်နေပြီ၊ တကယ်လို့ သခင်မလေးအချိန်ဆွဲနေရင် တခြားဘက်ကပိတ်ဆို့တာကို ခံရနိုင်တယ်"
စိမ်းပြာရောင်၀တ်မိန်းကလေးဘေးက လူငယ်တစ်ယောက်ကပြောသည်။
"အရမ်းစိတ်မပူပါနဲ့၊ သိပ်မကြာပါဘူး"
အစောင့်များကပြန့်သွားကြသော်လည်း ပတ်ပတ်လည်ကို သတိထားနေဆဲပင်။
စိမ်းပြာရောင်၀တ်အမျိုးသမီးက ရှေ့သို့လျှောက်သွားပြီး ငုံ့ကာ ထိုလူ၏အခြေအနေကို စစ်ကြည့်ပြီးနောက်တွင် သူကအပြင်းအထန်ဒဏ်ရာ ရထားသော်လည်း အသက်ရှင်နေသေးတာကို တွေ့လိုက်ရသည်။
"တယောက်ယောက် သူ့ကိုစံအိမ်ကိုသယ်လာခဲ့ကြ"
လူငယ်ကရောက်လာပြီးနောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
"အစ်မ၊ နင်ကြင်နာတတ်တာငါသိပေမယ့် ဒီလိုတင်းမာတဲ့ကာလမှာ တဖက်လူရဲ့ ကိုယ်ပိုင်လက္ခဏာကိုမသိဘူးဆိုရင် ဒုက္ခမရှာတာအကောင်းဆုံးပဲ"
အမျိုးသမီးကခေါင်းခါယမ်းသည်။
"ယန်မိသားစုက ချင်းဟိုင်မြို့က မိသားစုကြီးတွေထဲက အကောင်းဆုံးမိသားစုတစုပဲ၊ သူတို့ကအကြည့်တချက်တည်းနဲ့မြင်နိုင်မယ့် ဒီလိုနိမ့်ကျတဲ့နည်းလမ်းတွေကို သုံးကြမှာမဟုတ်ဘူး"
"ပြီးတော့ ဒီလူရဲ့တကိုယ်လုံးမှာ မှိန်ဖျော့နေတဲ့ဓားဆန္ဒတခုရှိတာမို့ သူကဓားသိုင်းကျင့်ကြံသူတယောက်ပဲ၊ ယန်မိသားစုမှာ ဓားသိုင်းကျင့်ကြံသူမရှိဘူး"
လူငယ်ကတခဏမျှတုံ့ဆိုင်းသွားသော်လည်း ခေါင်းညိတ်ကာ ဘေးက အစောင့်တပ်မှုးအားပြောလိုက်၏။
"သွားစစ်ဆေးကြည့်လိုက်"
အစောင့်တပ်မှူးကခေါင်းညိတ်သည်။
....
ယဲ့ချိုးပိုင်မျက်လုံးဖွင့်လိုက်သောအခါ မဟာဂိုနီအမိုးတခုကိုတွေ့လိုက်ရသည်။
သူထရန်ရုန်းကန်လိုက်စဉ် သူ့ကိုယ်ထဲက အော်ရာကပါးလွှာနေသေးသည်။
အာကာသမုန်တိုင်းနှင့်ကြုံကြိုက်ခဲ့ရပြီးနောက် ဆရာပေးခဲ့သည့် ကာကွယ်ရေးကျောက်စိမ်းဆွဲသီးဖြင့် ထိခိုက်မှုအများဆုံးကိုခုခံနိုင်ခဲ့သော်လည်း အာကာသထဲတွင် အချိန်အတော်ကြာ လွင့်မြောသွားပြီးနောက် ကိုယ်ထဲကအော်ရာက ကျောက်စိမ်းဆွဲသီးက ကာကွယ်ရေးအတားအဆီးကို ထောက်ပံ့ရန်အတွက် မလုံလောက်တော့ပါ။
ဝိဉာဉ်စွမ်းအင်နည်းပါးသည့်အခြေအနေသို့ ဦးတည်သွားပြီးနောက် ကျောက်စိမ်းဆွဲသီးက ပျောက်ကွယ်သွားရသည်။
ထိုစဉ်အသံတစ်သံကြားလိုက်ရပြီး ရိုးရှင်းသည့်မျက်နှာထားလေးနှင့် အိမ်ဖော်မလေးတစ်ဦး၀င်လာကာ ပျော်ရွှင်စွာမေးသည်။
"ရှင့်နိုးနေပြီလား"
ယဲ့ချိုးပိုင်လှမ်းကြည့်လိုက်စဉ် အိမ်ဖော်မလေးတွင် ဘာကျင့်ကြံမှုမှမရှိဘဲ သူမက သေမျိုးတစ်ဦးသာဖြစ်သည်။
"ဒါဘယ်နေရာလဲ.....၊ မင်းငါ့ကိုကယ်တင်ပေးခဲ့တာလား"
အိမ်ဖော်မဘေးက အိပ်ရာဘေးတွင် ဒဏ်ရာလိမ်းဆေးကိုချပြီးနောက် စိတ်ရှည်စွာပြောသည်။
"ဒါကချင်းဟီမြို့ကန်မိသားစုပါ၊ ရှင့်ကိုကယ်တင်ခဲ့တာက သခင်မလေးပါ"
"နောက်ပိုင်းရှင့်သခင်မလေးကို ကောင်းကောင်းကျေးဇူးတင်သင့်တယ်၊ သခင်မလေးကအရမ်းကြင်နာတတ်တာ"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"ကျေးဇူးအများကြီးတင်ပါတယ်"
"ကောင်းပြီ၊ ကျောလှည့်လိုက်"
ယဲ့ချိုးပိုင်ထိုကဲ့သို့လုပ်လိုက်သည်။
အိမ်ဖော်မလေးက ဒဏ်ရာလိမ်းဆေးကို ယဲ့ချိုးပိုင်၏ကျောတွင် လိမ်းပေးသည်။
ယဲ့ချိုးပိုင်အား အံ့ဩသင့်ရစေတာက ဒီဒဏ်ရာလိမ်းဆေးများက ဆရာသန့်စင်ထားသည့်ဆေးလောက် မကောင်းသော်လည်း အဆင့်နိမ့်ကြယ်နယ်မြေတခုလုံးတွင် ထားလျှင် ထိပ်တန်းတည်ရှိမှုတခုဟု ဆို၍ရသည်။
အိမ်ဖော်မလေးက ယဲ့ချိုးပိုင်၏သံသယများကိုမြင်ပုံရသည်။ သူမကပြောသည်။
"ဒီဒဏ်ရာလိမ်းဆေးက စံအိမ်ထဲက အဆင့်အနိမ့်ဆုံးဒဏ်ရာလိမ်းဆေးပါ၊ ဘာပဲဆိုဆို ကန်မိသားစုနဲ့ ယန်မိသားစုကြားက အခြေအနေက အခုစိုးရိမ်စရာဖြစ်နေပြီး တခြားအရင်းအမြစ်တွေကို သုံးလို့မရဘူး"
ကြည့်ရတာ ငါတို့အလယ်အလတ်အဆင့်ကြယ်နယ်မြေကိုရောက်လာပုံပဲ!
အဆင့်အနိမ့်ဆုံးဒဏ်ရာလိမ်းဆေးက အဆင့်နိမ့်ကြယ်နယ်မြေ၏ ထိပ်တန်းအဆင့်ဒဏ်ရာလိမ်းဆေးဖြစ်နေသည်။
"မင်းပြောစကားအရဆိုရင် ကန်မိသားစုက အခုဒုက္ခရောက်နေတာလား"
"မှန်ပါတယ်" အိမ်ဖော်မလေးက အကူအညီမဲ့စွာပြောသည်။
"ယန်မိသားစုက ကန်မိသားစုထက် အများကြီးပိုအစွမ်းထက်တယ်၊ ဒါပေမယ့် အကြောင်းရင်းတချို့ကြောင့် ကန်မိသားစုပိုင်ပင်လယ်ပြင်ကို သူတို့စိတ်၀င်စားကြပြီး အဲအတွက် တိုက်ခိုက်ချင်ကြတယ်"
"ကန်မိသားစုကလည်း ပင်လယ်ပြင်ဒေသကို ယန်မိသားစုကိုမလွှဲပြောင်းပေးဘူးလေ၊ ဒီတော့ ဒါကလက်ရှိအခြေအနေပဲ"
ယဲ့ချိုးပိုင်တခဏမျှတွေးနေမိသည်။
ငါ့ကိုကန်မိသားစု၀င်တွေက ကယ်တင်ပေးထားတာဆိုတော့ ငါပြန်ပေးဆပ်သင့်လား!
ထိုအချိန်တွင် လူငယ်တစ်ယောက်၀င်လာသည်။
အိမ်ဖော်မဘေးကချက်ချင်းပင်ထရပ်ကာ လေးစားစွာပြောသည်။
"ဆရာ"
ကန်ချန်းခေါင်းညိတ်ကာ ယဲ့ချိုးပိုင်အား ကြည့်လိုက်သည်။
"မင်းနိုးနေပြီလား၊ အခုမင်းနိုးနေပြီဆိုတော့ ဒီကနေထွက်သွားတော့"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"ကျုပ်ထွက်သွားမှာပါ၊ ဒါပေမယ့် ကျုပ်ကူညီနိုင်တာတခုခုများရှိလား"
အိမ်ဖော်မလေးက ကိစ္စရပ်တွေကို ယဲ့ချိုးပိုင်အား ပြောပြထားတာကို ကန်ချန်းသိလိုက်သည်။ သူမအားတချက်စိုက်ကြည့်ပြီးနောက် သူပြောသည်။
"မင်းရဲ့ခွန်အားနဲ့ဆိုရင် ငါတို့ကိုမကူညီနိုင်ရုံတင်မက အသက်ရှင်နိုင်မှာလည်းမဟုတ်ဘူး"
ကန်ချန်း၏ခွန်အားက သိုင်းဧကရာဇ်နယ်ပယ်အစောပိုင်းအဆင့်ဖြစ်သည်။
ယခုယဲ့ချိုးပိုင်၏ကိုယ်က အော်ရာကင်းမဲ့နေလေရာ ကန်ချန်းက ယဲ့ချိုးပိုင်ကို အဆင့်နိမ့်ကျင့်ကြံသူအဖြစ် ရှုမြင်နေခြင်းပင်။
ဤသည်ကိုကြားသောအခါ ယဲ့ချိုးပိုင်ပြုံးကာခေါင်းညိတ်သည်။
လူတိုင်းကထိုသို့ပြောလာသောအခါတွင်မူ ယဲ့ချိုးပိုင်ကလည်း ဒီနေရာတွင် အရှက်မဲ့စွာနေတော့မည်မဟုတ်တော့။
ထပ်မံကျေးဇူးတင်ပြီးနောက် သူကန်မိသားစုကနေထွက်လာသည်။
စားသောက်ဆိုင်တစ်ခုကို၀င်လာစဉ် ယဲ့ချိုးပိုင်ကလည်းသိလာရသည်။
ချင်းဟိုင်မြို့က အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ လူမသိသောမြို့တစ်မြို့ဖြစ်သလို အားအနည်းဆုံးလည်းဖြစ်သည်။
ဒီနေရာ၌အရင်းအမြစ်သိပ်မရှိဘဲ အပြင်ထွက်ရန်အတွက် ပင်လယ်ထဲက မွန်းစတားများကိုသာ မှီခိုအားကိုးနိုင်သည်။