#ခြေတလှမ်း၊ နေရာတွင် သွေးအန်ရခြင်း#
Vol. 34 Ch. 489
ကန်ဟိုင်ရှန်း သူမရှေ့ကဓားနှင့်လူကိုကြည့်ပြီးနောက် မျက်လုံးများကအနည်းငယ် ကြက်သေသေသွားသည်။
"ရှင့်ရဲ့ဒဏ်ရာတွေကောင်းသွားပြီလား"
ယဲ့ချိုးပိုင်ညင်သာစွာပြုံးသည်။
ဒီအမျိုးသမီးကတကယ့်ကိုနှလုံးကောင်းသူတစ်ယောက်ဖြစ်လေရာ ပထမဆုံးစကားက သူ့ဒဏ်ရာအကြောင်းမေးလာခြင်းပင်။
"ကျေးဇူးတင်ပါတယ်"
ယဲ့ချိုးပိုင် ယန်မင်ဘက်သို့လှည့်ကြည့်သည်။
သူကပြိုင်ဘက်၏ခွန်အားကို ယေဘုယျအားဖြင့်နားလည်လာရသည်။
ထို့ထဲတွင် ယန်မင်ဘေးကလူက အာရုံထွေပြားခြင်းအလယ်အလတ်အဆင့်တွင်ရှိပြီး ယန်မင်ကိုယ်တိုင်ကမူ အာရုံထွေပြားခြင်းတ၀က်အဆင့်ဖြစ်သည်။
သူတို့အကြား၌ လူတစ်ဒါဇင်ကျော်က သိုင်းဧကရာဇ်နယ်ပယ်နောက်ပိုင်းအဆင့်များဖြစ်ကြသည်။
သိုင်းဧကရာဇ်နယ်ပယ်နောက်ပိုင်းအဆင့်သာရှိသည့် ကန်ဟိုင်ရှန်းက သူ့ပြိုင်ဘက်မဖြစ်နိုင်တော့တာ အံ့ဩသင့်စရာမရှိတော့။
အလယ်အလတ်အဆင့်ကြယ်နယ်မြေနှင့် အဆင့်နိမ့်ကြယ်နယ်မြေတို့အကြား ကွာဟချက်က အမှန်တကယ်ကြီးမားသည်။
ဒီမြို့ကလူမသိသည့်မြို့လေးတစ်မြို့ဖြစ်သည့်တိုင် မိသားစု၌ အားကောင်းသည့် တာအိုပညာရှင်များရှိသည်။
ယန်မင်မျက်မှောင်ကြုတ်လိုက်သည်။
"ကန်မိသားစုမှာ ဓားသိုင်းပညာရှင်ဆိုတာမရှိပါဘူး၊ မင်းကဘယ်သူလဲ"
ယဲ့ချိုးပိုင်ပြုံးသည်။
"ငါ့ရဲ့ကြင်နာမှုကို ပြန်ပေးဆပ်ဖို့အတွက် လာခဲ့တာပါ"
ထိုစကားကိုကြားသောအခါ ကန်ဟိုင်ရှင်း စိတ်လှုပ်ရှားသွားသော်လည်း သူမ၏ မျက်လုံးများက ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။
"ကျွန်မတို့ရဲ့ကန်မိသားစုကရှင့်နဲ့ဘာမှမဆိုင်ဘူး၊ မြန်မြန်ထွက်သွားတော့၊ ဒီလိုဆိုရင် ယန်မိသားစုက ရှင့်ကိုခက်ခဲအောင် လုပ်မှာမဟုတ်ဘူး"
ယဲ့ချိုးပိုင်၏ခွန်အားက ယန်မိသားစု၀င်များနှင့် ဆက်ဆံရန်မလုံလောက်ဘူးဟု ကန်ဟိုင်ရှင်းတွေးနေသည်မှာ သိသာထင်ရှားနေသည်။
"ဒါကအရမ်းရှက်စရာကောင်းမနေဘူးလား" ယန်မင်က နှာခေါင်းရှုံ့ကာပြောသည်။
"ချင်းဟိုင်မြို့မှာ ငါတို့ယန်မိသားစုရဲ့ကိစ္စတွေကို လူဘယ်နှစ်ယောက်ကများ ၀င်စွက်ဖက်ရဲလို့လဲ"
စကားပြောပြီးနောက် ဘေးကအစောင့်အားကြည့်လိုက်ကြသည်။
"သွား၊ အဲကောင်ကိုသင်ခန်းစာပေးလိုက်"
အစောင့်ကအပြုံးဖြင့်လျှောက်သွားပြီး လက်ထဲတွင် တုတ်ရှည်တစ်ချောင်းကို ကောက်လိုက်လိုက်၏။
လေပြင်းက တုတ်ကိုလွှမ်းခြုံသွား၏။
လေကျင့်ကြံခြင်းအသိ!
ကြည့်ရသည်မှာ အလယ်အလတ်အဆင့်ကြယ်နယ်မြေက လူများက ကျင့်ကြံခြင်းအသိကို တတ်ကျွမ်းကြပုံရသော်လည်း ဒါကအခြေခံဖြစ်ပုံရသည်။
ကျင့်ကြံခြင်းအသိများဖြင့်ပြည့်နှက်နေသည့်ဒီနယ်မြေတွင် ကျင့်ကြံခြင်းအသိကို ဖမ်းဆုပ်မိရန်ဟူသည် အမှန်တကယ် မခက်ခဲပေ။
တဖက်လူကသူ့ထံပြေးလာတာကို မြင်ရသောအခါ ယဲ့ချိုးပိုင်ခပ်ပေါ့ပေါ့ခြေလှမ်းတချက်လှမ်းလိုက်၏။
သူ့လက်ထဲကကိုးပေရှည်ကြယ်ကြွေဓားက ရှေ့သို့ပိုင်းချပစ်သည်။
ထိုအချိန်တွင် ဓားတစ်ချက်လင်း၀င်းသွားပြီး အစောင့်၏ရှေ့သို့တက်လှမ်းနိုင်စွမ်းက အဆုံးသတ်သွားရသည်။
သူ့မျက်နှာကဗလာကျင်းသွားပြီး ခေါင်းက ကိုယ်ခန္ဓာကနေ ကင်းကွာသွားပြီး ကမ်းခြေတခုလုံး သွေးများပက်ဖြန်းသွားသည်။
လူတိုင်းတုန်လှုပ်သွားကြ၏။
ထိုအစောင့်က အဆင့်မမြင့်မားသော်လည်း သိုင်းဧကရာဇ်နယ်ပယ်နောင်ပိုင်းအဆင့်ကို ရောက်နေပြီဖြစ်သည်။
ယခုတွင်မူ သူ့ရှေ့ကဓားသိုင်းပညာရှင်က တချက်တည်းဖြင့် ခေါင်းဖြတ်ပစ်သည်။
အပိုင်လှုပ်ရှားမှုဟူ၍မပါရှိဘဲ ခြေတလှမ်း၊ ဓားတချက်သာ။
ကန်ဟိုင်ရှင်းနှင့်ပတ်ပတ်လည်ကလူများက ထိုမြင်ကွင်းကိုမြင်သောအခါ ကြက်သေသေနေကြသည်။
ကမ်းခြေကကယ်တင်ခဲ့တဲ့ဒီလူမှာ တကယ်ပဲ ဒီလိုခွန်အားမျိုးရှိတာလား!
ယန်မင်၏မျက်နှာကကြည့်ရဆိုးသွားသည်။
"အတူတူသွားကြ"
အသံကျဆင်းလာသည်နှင့်တပြိုင်နက် အစောင့်အားလုံးက ယဲ့ချိုးပိုင်ထံ ပြေး၀င်လာကြ၏။
ဒီမြင်ကွင်းကိုမြင်ရသည့်တိုင် ယဲ့ချိုးပိုင်၏အမူအရာကမပြောင်းလဲသွားဘဲ အေးဆေးတည်ငြိမ်နေပုံရသည်။
သူ့ရှေ့ကကိုးပေရှည်ကြယ်ကြွေဓားဖြင့် ရှေ့သို့ညွှန်ပြလိုက်စဉ် ဓားသခင်နယ်ပယ်၏ အဓိပ္ပာယ်က ယဲ့ချိုးပိုင်၏ကိုယ်ကနေ ထွက်လာပြီး ယန်မိသားစု သိုင်းဧကရာဇ်အဆင့်အစောင့်တစ်ဒါဇင်ကျော်ကို လွှမ်းခြုံသွား၏။
ဓားပိုင်နက်!
အစောင့်တစ်ဒါဇင်ကျော်၏မျက်နှာများက ပြောင်းလဲသွားကြ၏။
ဓားဆန္ဒကနေရာတိုင်း၊ ထောင့်တိုင်း၊ အမျှင်တိုင်းတွင်ရှိပြီး ထိတ်လန့်ဖွယ်ရာ သတ်ဖြတ်လိုသည့်ဆန္ဒဖြင့် ပြည့်နှက်နေသည်။
ကြည့်ရသည်မှာ အနည်းငယ်လှုပ်ရှားသည်နှင့် ချက်ချင်းအသတ်ခံရမည့်အသွင်။
ယဲ့ချိုးပိုင်နောက်ဆုတ်ရန်ရည်ရွယ်ချက်မရှိသလို အလားတူပင် တုံ့ဆိုင်းမနေခဲ့ပါ။
ဓားထိပ်ဖြင့်အောက်သို့ညွှန်ပြလိုက်သည်နှင့် ဓားစက်ကွင်းက ချက်ချင်းအဓိကရုဏ်းဖြစ်လာပြီး မရေမတွက်နိုင်လောက်သော ဓားဆန္ဒများက လေဆင်နှာမောင်းတခုပမာ ထိုသိုင်းဧကရာဇ်နယ်ပယ်အစောင့်တစ်ဒါဇင်ကျော်ကို တိုက်ရိုက်လည်လှီးပစ်သည်။
ကန်ဟိုင်ရှင်းဘေးက အစောင့်တပ်မှူးက အထိတ်တလန့်ပြောသည်။
"ဒီလိုအစွမ်းထက်ဓားဆန္ဒမျိုး၊ ကျွန်တော်တောင်ခုခံနိုင်မှာမဟုတ်လောက်ဘူး"
ယန်မင်ကလည်းထိတ်လန့်နေပုံရသည်။
ဒီလူကဘယ်ကလာတာလဲ!
ဒီလိုအစွမ်းထက်ဓားသမားတစ်ယောက်က ကန်မိသားစုနှင့်ဘယ်လိုလုပ်ရင်းနှီးနေရတာလဲ!
"မင်းလည်းသွား"
ယန်မင်၏စကားများကိုကြားသောအခါ အာရုံထွေပြားခြင်းနယ်ပယ် အလယ်အလတ်အဆင့်စွမ်းအားရှင်က ရှေ့တလှမ်းတိုးလိုက်သည်။
ထို့နောက်ချက်ချင်းဆိုသလို လက်ထဲတွင် ရေစက်များပါ၀င်သည့်ဓားတလက်ကို ကောက်ယူကာ ရေစက်များအား စုစည်းရင်း မုန်တိုင်းထန်နေသည့်ပင်လယ်တစင်းကိုဖန်တီးပြီး ဓားစက်ကွင်းဆီသို့ လေလံသည့်အမြောက်ဆန်တခုအလား ပိုင်းချလိုက်သည်။
တဖက်ကအာရုံထွေပြားခြင်းအဆင့်စွမ်းအားရှင် လှုပ်ရှားလာတာကိုမြင်ရသောအခါ ကန်ဟိုင်ရှင်း၏မျက်နှာက အနည်းငယ်ပြောင်းလဲသွား၏။
"ဦးလေးဟီ၊ သွားကူညီပေးပါဦး"
ဘေးကအစောင့်တပ်မှူးက ထိုစကားလုံးများကိုကြားသောအခါ အသာအယာခေါင်းညိတ်ကာ လှုပ်ရှားရန်ပြင်လိုက်စဉ် နောက်တဒင်္ဂအတွင်း ဖြစ်ပျက်သွားတာကို မြင်ပြီးနောက် သူ့မျက်နှာကအနည်းငယ် ပြောင်းလဲသွား၏။
ယဲ့ချိုးပိုင်လက်ထဲက ကြယ်ကြွေဓားက အဆုံးမဲ့ဘ၀၏အသိတခုဖြင့်တောက်ပနေပြီး တချိန်တည်းမှာပင် ဓားပိုင်နက်ထဲတွင် ကြောက်မက်ဖွယ်ရာအပြောင်းအလဲများ ရှိလာခဲ့သည်။
မတူညီသည့်အသိလေးခုက ဓားပိုင်နက်ထဲတွင် စုဝေးလာကြပြီး ကြောက်ခမန်းလိလိ ဓားအစီအရင်တခုကိုဖန်တီးသည်။
ဓားအစီအရင်နှင့်ဓားပိုင်နက်တို့၏ပေါင်းစပ်မှုက ဟင်းလင်းပြင်ထဲတွင် ဧရာမဓားတလက်အဖြစ်ပြောင်းလဲသွားစေပြီး အဖျက်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
အာရုံထွေပြားခြင်းနယ်ပယ်ကလူကလည်း အနည်းငယ်စိတ်ပျံ့သွားပုံရသော်လည်း ဓားကိုလက်နှစ်ဖက်နှင့်တင်းတင်းကိုင်ပြီးညတချိန်တည်းတွင် ပါးစပ်ကနေဟစ်ကြွေးသည်။
"ပင်လယ်ကိုဟက်တက်ခွဲခြင်း"
ချက်ချင်းဆိုသလို အာရုံထွေပြားခြင်းအဆင့်စွမ်းအားရှင်လက်ထဲကဓားရှည်က တောင်များ၊ မြစ်နှင့်ပင်လယ်များကို အလွယ်တကူဖြတ်တောက်နိုင်သည့် ကြောက်မက်ဖွယ်ရာထက်ရှသည့်ဓားသွားတခုအဖြစ် ပြောင်းလဲသွားပုံရသည်။
လေထုကမြည်ဟီးနေသည်။
ပင်လယ်ကဆက်တိုက်လှုပ်ရှားနေသည်။
ထိုအချိန်တွင် ကမ်းခြေကသဲများပင်လျှင် အပေါ်တက်လာပုံရသည်။
သို့သော် ယဲ့ချိုးပိုင်ကယခုတွင် သိုင်းဧကရာဇ်နယ်ပယ်နောက်ပိုင်းအဆင့်ကို ရောက်နေပြီဖြစ်သည်။
သိုင်းဧကရာဇ်နယ်ပယ်အလယ်အလတ်အဆင့်ဖြင့် သူကအာရုံထွေပြားခြင်းနယ်ပယ်က လူများကိုသတ်နိုင်ခဲ့သည်။
(အာရုံထွေပြားခြင်းနယ်ပယ်ကို နတ်ဘုရားနယ်ပယ်ဟုလည်းခေါ်သည်)
ယခု သူကသိုင်းဧကရာဇ်နယ်ပယ်နောက်ပိုင်းအဆင့်ကိုရောက်နေပြီဖြစ်လေရာ ဓားဆန္ဒကိုပြန်လည်သန့်စင်နိုင်ခဲ့သဖြင့် အာရုံထွေပြားခြင်းနယ်ပယ် အလယ်အလတ်အဆင့်ကဒီလူကို သူမည်သို့မည်ပုံကြောက်စရာလိုတော့မည်နည်း။
ယဲ့ချိုးပိုင်လေထဲတွင် ဓားကိုကိုင်ထားစဉ် ဓားပိုင်နက်ထဲတွင် အကြွင်းမဲ့ဓားလေးစင်း ကနဦးဓားသိုင်းကို ကိုင်ထားသည့်အလား ထင်ရသည်။
(အာဒိကပ္ပဓားသိုင်းကို အကြွင်းမဲ့ဓားလေးစင်းကနဦးဓားသိုင်းလို့လည်းခေါ်ပါတယ်)
တချိန်တည်းမှာပင် သူကကြယ်ကြွေဓားပညာရပ်ကိုအသုံးပြုကာ ထိုကြောက်မက်ဖွယ်ရာထက်ရှသည့်ဓားသွားဆီသို့ ဦးတည်သွားသည်။
ဘန်း.....!
ဓားများကတွေ့ဆုံသွားစဉ် အလယ်ဗဟို၌ ကျယ်လောင်သည့်အသံတစ်သံထွက်လာခဲ့သည်။
ကမ်းခြေရှိ သဲကန္တာရက လေပြင်းများအဖြစ်ပြောင်းလဲကာ မိုင်ရာချီအဝေးသို့ အဆက်မပြတ်တိုက်ခတ်နေသည်။
ကလစ်.....!
သတ္တုအက်ကွဲသံနှင့်အတူ လူတိုင်းကို ထိတ်လန့်သွားစေတာက အာရုံထွေပြားခြင်းအလယ်အလတ်အဆင့်စွမ်းအားရှင်၏ လက်ထဲကဓားက ထိုအချိန်တွင် မမျှော်လင့်ဘဲ ကျိုးပဲ့သွားခြင်းပင်။
ယဲ့ချိုးပိုင်လက်ထဲကဓားကရပ်မသွားဘဲ ပြိုင်ဘက်၏ကိုယ်အား တိုက်ရိုက်ပင် ပိုင်းဖြတ်သွား၏။
ရွှီး......!
သွေးများက မိုးရွာချသည့်အလား နေရာအနှံ့ပက်ဖြန်းသွားသည်။
အာရုံထွေပြားခြင်းအလယ်အလတ်အဆင့်လူ၏မျက်လုံးထဲတွင် မယုံကြည်နိုင်သည့်အမူအရာတခုကိုပြသနေသည်။
ပြိုင်ဘက်၏အင်အားက သိုင်းဧကရာဇ်နယ်ပယ် နောက်ပိုင်းအဆင့်သာရှိသေးသည်။ မည်သည့်အတွက်ကြောင့်သူ့ကို အလွယ်တကူသတ်နိုင်ရလေသနည်း။
သံသယများဖြင့် အာရုံထွေပြားခြင်းနယ်ပယ်စွမ်းအားရှင်မှာ အသက်ဓာတ်ကို လုံး၀ဆုံးရှုံးသွားရသည်။
ယန်မင်ထိတ်လန့်သွားပြီး ဒါကိုမြင်သောအခါ ထွက်ပြေးလေတော့သည်။
ယဲ့ချိုးပိုင်၏အမူအရာက လုံး၀မပြောင်းလဲသွားဘဲ ကြယ်ကြွေဓားကိုကိုင်ကာ ရှေ့တလှမ်းလှမ်းလိုက်သည်။
ချက်ချင်းဆိုသလို သူ့ကိုယ်ခန္ဓာက မြှားတစင်းပမာပျံသန်းသွားပြီး အလင်းတန်းတခုသာကျန်နေခဲ့သည်။
သူ့နောက်ကနေ တဖြည်းဖြည်းပိုနီးလာသည့် သတ်ဖြတ်လိုသောဆန္ဒကိုခံစားမိသဖြင့် ပြေးနေရင်း ယန်မင်ကျယ်လောင်စွာအော်ဟစ်သည်။
"ငါကယန်မိသားစုရဲ့ ဒုတိယသခင်လေးပဲ၊ ငါ့ကိုသတ်ရင် အနာဂတ်မှာ မင်း.... ကြီးမားတဲ့.... လက်စားချေမှုကို.... ရလိမ့်မယ်"
နောက်ဆုံးအသံကျလာပြီးနောက် ယန်မင်ရပ်သွားပြီး ခေါင်းငုံ့ကာ ကြွယ်ကြွေဓား သူ့ဒန်တျန်အား နောက်ကနေ ဖြတ်သွားသည်ကို မယုံနိုင်စွာကြည့်နေမိသည်။
အလျင်အမြန်ကုန်ဆုံးနေသည့်အသက်ဓာတ်ကိုခံစားမိသဖြင့် ယန်မင်၏မျက်လုံးများက ရက်စက်မှုနှင့်နောင်တများဖြင့် ပြည့်နှက်နေသည်။
သူပါးစက်ဟလိုက်သော်လည်း စကားမပြောနိုင်တော့ဘဲ အသက်ဓာတ်ကလုံး၀ပျောက်ကွယ်သွားကာ ကမ်းခြေ၌ ထာ၀ရလဲလျောင်းသွားရလေတော့သည်။
ယဲ့ချိုးပိုင်ကြယ်ကြွေဓားကို ထုတ်လိုက်သော်လည်း ဓားပေါ်၌ မည်သည့်သွေးတစက်မှမကျန်ရှိပေ။
ကန်ဟိုင်ရှင်း ဒီမြင်ကွင်းကို အတော်လေး အံ့ဩသင့်နေသည့်အမူအရာဖြင့် ကြည့်နေသည်။
"ရှင်ကဘယ်သူလဲ၊ ချင်းဟိုင်မြို့မှာ ဒီလိုအစွမ်းထက်တဲ့ ငယ်ရွယ်တဲ့ဓားသိုင်းပညာရှင်မျိုးမရှိပါဘူး"
ယဲ့ချိုးပိုင်ပြုံးလိုက်သည်။
"ဘယ်ကလာသလဲဆိုတာ အရေးမကြီးပါဘူး၊ မင်းကငါ့အသက်ကိုကယ်ခဲ့တယ်၊ မင်းကိုကူညီရမှာက ငါ့တာ၀န်ပဲလေ"
ထိုအချိန်တွင် ကန်မိသားစု၏ အကူအညီများကလည်းရောက်လာကြသည်။
ခေါင်းဆောင်က ကန်ချန်းဖြစ်သည်။
ကန်ချန်းက သွေးများဖြင့်ဖုံးနေသည့် ကမ်းခြေကိုမြင်ရသောအခါ ကန်ဟိုင်ရှင်းဘေးသို့ အလျင်အမြန်ရောက်လာပြီး ပူပန်စွာမေးသည်။
"အစ်မ၊ အဆင်ပြေရဲ့လား"
ကန်ဟိုင်ရှင်းက အပြုံးဖြင့်ခေါင်းခါယမ်းကာ ကြောက်စိတ်ယဲ့ယဲ့လေးဖြင့်ပြောသည်။
"ကံကောင်းချင်တော့ ယဲ့ချိုးပိုင်က အချိန်မီရောက်လာခဲ့တယ်"
(အပိုင်း၄၈၈နဲ့ ၄၈၉ကအဆက်အစပ်မမိဘူးဖြစ်နေတယ်၊ ညီမတခြားsiteတွေမှာ ရှာကြည့်ပေမယ့် ဒီအတိုင်းပါပဲ၊ )