← Chapters

#နွေးထွေးနေတုန်းပဲ#

Vol. 34 Ch. 490

#နွေးထွေးနေတုန်းပဲ#

Vol. 34 Ch. 490

ကမ်းခြေတလျှောက်က သွေးစက်များကိုကြည့်နေစဉ် ယန်မင်ကလည်း အသက်ဓာတ်ကို ဆုံးရှုံးသွားပြီဖြစ်လေရာ သူ့မျက်လုံးများက မကျေမနပ်မှုများဖြင့် ပြည့်လျှမ်းနေသည်။

ကန်ချန်းအလွန်အမင်းထိတ်လန့်သွားပြီး ယဲ့ချိုးပိုင်အားမော့ကြည့်ကာမေးသည်။

"ဒါတွေအားလုံးမင်းလုပ်ခဲ့တာလား"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

တဖက်လူ၀န်ခံလာတာကိုမြင်ရသောအခါ ကန်ချန်းထရပ်ကာ ယဲ့ချိုးပိုင်အား လက်နှစ်ဖက်ဆုပ်ပြသည်။

"ကျေးဇူးပါ၊ အစ်ကိုယဲ့"

သို့သော်သူ့မျက်နှာကအနည်းငယ်ပူနေသေးသည်။

အစောပိုင်းက ပြိုင်ဘက်၏ခွန်အားကို အထင်တသေးဖြင့် ပြောခဲ့မိတာကို သူပြန်လည်သတိရသွားမိသည်။

ယခုတွင်မူ ထိုလူက ကန်ဟိုင်ရှင်းကို ကယ်တင်ပေးခဲ့သည်သာမက ရန်သူအားလုံးကိုလည်း ကိုင်တွယ်ပေးခဲ့သည်။

ငါကိုယ်တိုင်တောင်ဒီလိုလုပ်နိုင်မှာမဟုတ်ဘူး!

ယဲ့ချိုးပိုင်လက်ဝှေ့ယမ်းသည်။

"မင်းတို့ကငါ့ကိုကယ်တင်ပေးထားတာပဲလေ၊ ဒီတော့ငါကူညီပေးတာကလည်း သဘာ၀ကျပါတယ်"

ယဲ့ချိုးပိုင်ပြောတာကိုမြင်ရသောအခါ ကန်ချန်းတခုခုကိုတွေးမိသွားပုံရပြီး ပါးစပ်ဖွင့်လိုက်သော်လည်း ပြန်ပိတ်လိုက်သည်။

ကြည့်ရသည်မှာ ပြောစရာတခုခုရှိသော်လည်း သူ့တုံ့ဆိုင်းနေပုံပင်။

ဒါကိုမြင်‌သောအခါ ယဲ့ချိုးပိုင်မေးသည်။

"ငါကူညီပေးဖို့လိုတာတခုခုများရှိလား"

တဖက်လူကကိုယ်တိုင်ပြောလာသောအခါတွင်မူ ကန်ချန်းပြောလိုက်သည်။

"အစ်ကိုယဲ့၊ ငါတို့ကန်မိသားစုကို ထပ်ပြီး ကူညီပေးလို့ရမလား"

ကန်ဟိုင်ရှင်းမျက်မှောင်ကြုတ်သည်။

"ကန်ချန်း၊ ယဲ့ချိုးပိုင်ကို အရှက်ရအောင်မလုပ်နဲ့၊ သူကငါ့ကိုကယ်တင်ခဲ့သလို ကျေးဇူးကိုလည်း ပြန်ပေးဆပ်ပြီးပြီ"

ယဲ့ချိုးပိုင်ပြုံးလိုက်သည်။

"ဘာမှမဖြစ်ပါဘူး၊ ငါကလည်းဒီကို ပထမဆုံးရောက်လာတာဆိုတော့ မေးစရာတခုခုရှိသေးတယ်၊ ဒါကိုဆုလာဘ်အဖြစ် မှတ်ယူလိုက်တာပေါ့"

......

လမ်းတလျှောက်တွင် ကန်ချန်းက ယဲ့ချိုးပိုင်ကို အခြေအနေအကြောင်းပြောပြသည်။

"အခု ယန်မိသားစုရဲ့ထိပ်တန်းစွမ်းအားက ငါတို့ကန်မိသားစုထက်အားကောင်းတယ်"

"ယန်မိသားစုမှာ တာအိုနယ်ပယ်အထွပ်အထိပ်အဆင့်တစ်ယောက်ရှိပြီး နောက်ပိုင်းအဆင့်စွမ်းအားရှင်တယောက်လည်းရှိတယ်၊ ငါတို့ကန်မိသားစုမှာတော့ တာအိုနယ်ပယ်နောက်ပိုင်းဆရာသခင်နှစ်ယောက်ပဲရှိတယ်"

နယ်ပယ်ကွာဟချက်ကသေးသေးလေးဟုဆို၍ရသော်လည်း တာအိုနယ်ပယ်အဆင့်တွင် နယ်ပယ်သေးသေးလေးကပင် ကြီးမားသည့်ခြားနားချက်တခုရှိသည်။

"အခုလောလောဆယ်မှာ ယန်မိသားစုက ကန်မိသားစုရဲ့ဝှက်ဖဲတွေကိုကြောက်နေတာ၊ ငါတို့ကသူတို့နဲ့သေတဲ့အထိ တိုက်ခိုက်မှာကို သူတို့ကြောက်နေတာ၊ အဲဒီအချိန်ကျရင် မြို့တော်၀န်စံအိမ်က အဲဒီကနေ အကျိုးရှိသွားမှာမို့ သူတို့က အလုံးစုံတိုက်ခိုက်မှာကို မစတင်ကြသေးတာ"

"ဒီတော့ နှစ်ဖက်စလုံးကဆွေးနွေးပြီးနောက်မှာ ပင်လယ်ပြင်ဒေသရဲ့ပိုင်ဆိုင်မှုကို ဆုံးဖြတ်ဖို့အတွက် မိသားစုထဲက မျိုးဆက်သစ်တွေကိုအားကိုးပြီး တဖက်ကသုံးပွဲတစ်ပွဲနိုင်ရင် အနိုင်ရပြီလို့ဆုံးဖြတ်ခဲ့ကြတယ်"

ဘေးကနေ ကန်ဟိုင်ရှင်းကပြောသည်။

"နှစ်ဖက်စလုံးက ပြင်ပအကူအညီတစ်ဦးစီ ဖိတ်လို့ရတယ်၊ ယန်မိသားစုက ကောင်းကင်ပြာနယ်မြေက ပထမတန်းစားအင်အားစုတစုဖြစ်တဲ့ တိမ်မေ့မြောဂိုဏ်းရဲ့ အတွင်းတပည့်တယောက်ကို ဖိတ်ခေါ်ခဲ့တယ်လို့ပြောတယ်"

"ပြီးတော့ အဲဒီအတွင်းတပည့်က အာရုံထွေပြားခြင်းနယ်ပယ်နောက်ပိုင်းအဆင့်ကိုရောက်နေပြီ...."

ချင်းဟိုင်မြို့က မိုးပြာရောင်နယ်မြေအစွန်းကမြိူ့တစ်မြို့ဖြစ်သည်။

အာရုံထွေပြားခြင်းနောက်ပိုင်းအဆင့်လား!

ယဲ့ချိုးပိုင်ညင်သာစွာခေါင်းညိတ်သည်။

ဒီနယ်ပယ်ဆိုပါက ယဲ့ချိုးပိုင်၏လက်ရှိခွန်အားအရ ပြင်ဆင်မှုတချို့ကို လုပ်ရန် လိုအပ်ပါသည်။

သို့သော် တိမ်ပြာဓားကို ဆွဲထုတ်တာကတော့ အဆင်ပြေပါသည်။

သို့စေကာမူ လုံး၀မလိုအပ်သေးသရွေ့ ယဲ့ချိုးပိုင်တိမ်ပြာဓားကို အားမကိုးချင်ပေ။

"ဘယ်အချိန်စမှာလဲ"

ကန်ဟိုင်ရှင်းပြန်ဖြေသည်။

"ခုနှစ်ရက်အကြာမှာ"

သူတို့အုပ်စုက ကန်စံအိမ်သို့ရောက်လာကြသည်။

ကန်ဟိုင်ရှင်းနှင့် ကန်ရှန်းတို့က ယဲ့ချိုးပိုင်ကို စံအိမ်ခေါင်းဆောင်ဆီသို့ခေါ်သွားသည်။

ကန်မိသားစုခေါင်းဆောင် ကန်ယောင်က သဟဇာတတာအိုနယ်ပယ်နောက်ပိုင်းအဆင့်စွမ်းအားရှင်တစ်ယောက်ဖြစ်သည်။

"ငါအားလုံးကိုကြားပြီးပြီ"

ကန်ယောင်က ယဲ့ချိုးပိုင်ကိုကြည့်ပြီး ညင်သာစွာခေါင်းညိတ်သည်။

"မင်းရဲ့အကူအညီအတွက်ကျေးဇူးပါ မိတ်ဆွေလေး၊ ဒါပေမယ့် တဖက်လူက အာရုံထွေပြားခြင်းနောက်ပိုင်းအဆင့်ရှိတဲ့ တိမ်မေ့မြောဂိုဏ်းရဲ့အတွင်းတပည့်တယောက်ဖြစ်နေတယ်၊ ငါစိုးရိမ်တာက...."

ဘေးကအကြီးအကဲများက မျက်မှောင်ကြုတ်သွားကြ၏။

"အဓိပ္ပာယ်မရှိလိုက်တာ၊ အာရုံထွေပြားခြင်းနယ်ပယ်ကိုတောင်မရောက်သေးတဲ့ လူတယောက်ကိုဖိတ်လာတာလား၊ သူက တဖက်လူနဲ့ဘယ်လိုယှဉ်ပြိုင်မှာ"

"ဒါကပင်လယ်ပြင်ကို လက်လျှော့လိုက်တာနဲ့ အတူတူပဲမလား"

"ကန်ချန်း၊ မင်းစိတ်က မရင့်ကျက်သေးဘူး၊ ငါတို့ကန်မိသားစုကို မင်းလက်ထဲကို ဘယ်လိုဘေးကင်းကင်းနဲ့ လွှဲပြောင်းပေးနိုင်မှာလဲ"

အကြီးအကဲများ၏အော်ဟစ်သံများကို ကြားရသောအခါ ယဲ့ချိုးပိုင်ဒေါသမထွက်ဘဲ ခပ်ပေါ့ပေါ့ပြုံးလိုက်သည်။

"ခင်ဗျားတို့ကန်မိသားစုမှာ လူငယ်မျိုးဆက်ရှိသေးလို့လား၊ ဒါမှမဟုတ် တခြားပြင်ပအကူအညီတယောက်ယောက်ကများ ဒီလိုကြီးမားတဲ့တာ၀န်ကို လုပ်နိုင်မှာလား",

ဘေးက ကန်ဟိုင်ရှင်းနှင့် ကန်ရှန်းတို့က ရှက်သွေးဖြာသွားကြ၏။

သူတို့၏ပါရမီကို ကောင်းမွန်သည်ဟု ယူဆ၍ရသော််လည်း မိုးပြာရောင်နယ်မြေက ပထမတန်းစားအင်အားစုများ၏ အတွင်းတပည့်များကို ရင်ဆိုင်ရသောအခါ သူတို့က ခွန်အားမဲ့ရသည်။

ကန်ယောင်တိတ်တဆိတ်သက်ပြင်းချသည်။

ယန်မိသားစု၏အင်အားစုများကို ရင်ဆိုင်ရသောအခါ သူတို့ကန်မိသားစုက တခြားပြင်ပအကူအညီများကို လုံး၀မရနိုင်ခဲ့ပေ။

ဒါကလည်း အပြင်ပလူများကို ကန်မိသားစုအား အတော်လေးသဘောမကျဖြစ်သွားစေသည်။

သူတို့ကကောက်ချက်တခုပင်ချမှတ်ခဲ့ကြသည်။

ဒီပြိုင်ပွဲတွင် ကန်မိသားစုက သေချာပေါက်ရှုံးနိမ့်မည်။

အကြီးအကဲများ၏မျက်နှာများက နီးမြန်းသွား‌ကြသော်လည်း ယဲ့ချိုးပိုင်ပြောတာက အမှန်တရားဆိုတာကို သူတို့မငြင်းနိုင်ပေ။

ကန်ယောင် ယဲ့ချိုးပိုင်အားဂရုတစိုက်ကြည့်လိုက်စဉ် ယဲ့ချိုးပိုင် ခပ်ပေါ့ပေါ့ပြုံးပြတာကို မြင်ရသည်။ တဖက်လူ၏ ကိုယ်ပိုင်လက္ခဏာကိုသိသည့်တိုင် သူ့မျက်လုံးထဲတွင် ကြောက်စိတ်လုံး၀မရှိချေ။

အင်း၊ တိုက်ခိုက်ရေးစိတ်ဓာတ်နည်းနည်းရှိသားပဲ!

အံကြိတ်ရင်း သူကခေါင်းညိတ်သည်။

"ကောင်းပြီ၊ ယဲ့ချိုးပိုင်၊ ဒီကိစ္စကို ငါမင်းကို လက်လွှဲပေးထားမယ်၊ တကယ်လို့အောင်မြင်ရင် အနာဂတ်မှာ မင်းဘာပဲအကူအညီတောင်းတောင်း ငါတို့ကန်မိသားစုက မင်းကိုကူညီပေးပါမယ်"

ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။

"ကျွန်တော်က ကြင်နာမှုအတွက် ပြန်ပေးဆပ်ချင်ရုံပါပဲ"

စကားပြောပြီးနောက် သူကစံအိမ်ထဲမှ ထွက်သွားသည်။

ခုနှစ်ရက်လိုသေးသဖြင့် သူလေ့ကျင့်ရန်လိုအပ်သည်။

ယခင်နေ့ရက်များတွင် စံအိမ်တော်၌ လေ့ကျင့်ခဲ့ပြီး ညီငယ်ညီမငယ်များနှင့် ယှဉ်ပြိုင်ကာ လုချန်ရှန်း၏တခါတလေ လမ်းညွှန်မှုအောက်တွင် သူ့ဓားဆန္ဒက အထွပ်အထိပ်ကိုရောက်နေပြီဟု ယဲ့ချိုးပိုင်ခံစားနေရသည်။

နောက်ထပ်အဆင့်ချိုးဖျက်ရန်အတွက် အခွင့်အလမ်းတခုတည်းသာလိုအပ်သည်။

ထိုအချိန်တွင် စံအိမ်ထဲတွင် မဟာအကြီးအကဲကစိုးရိမ်စွာမေးသည်။

"ခေါင်းဆောင်၊ ဒီကိစ္စအတွက် သူ့ကို အပ်နှံတာက တကယ်ပဲသင့်တော်ပါသလား"

ဘေးက တတိယအကြီးအကဲကလည်း သဘောတူသည်။

"ဘာမှမဖြစ်နိုင်တော့ဘူးဆိုရင် မြို့တော်၀န်စံအိမ်ရဲ့အစီအစဉ်ကိုသဘောတူပြီး ဟိုင်ရှင်းကို လက်ထပ်ပေးရမယ်"

"ဒီနည်းလမ်းနဲ့ဆိုရင် မြို့တော်၀န်စံအိမ်နဲ့ အဆက်အသွယ်ရမှာတင်မဟုတ်ဘဲ တဖက်လူထက်အားမနည်းတဲ့ ပြင်ပအကူအညီကိုလည်း ဖိတ်ခေါ်ဖို့လွယ်ကူသွားလိမ့်မယ်"

"မရဘူး"

ကန်ယောင်က မည်းမှောင်သည့်မျက်နှာဖြင့်ပြောသည်။

"ငါကဂုဏ်အတွက် မိန်းကလေးတွေကို မရောင်းစားနိုင်ဘူး"

"ပြီးတော့ အဲဒီမြို့တော်၀န်စံအိမ်က ဘာကောင်းလို့လဲ၊ သူတို့လက်ထပ်ရင်တောင် ကန်မိသားစုရဲ့ပင်လယ်ပြင်ဒေသကို မျက်စိမကျဘဲနေမှာလား"

"ဘာပဲဆိုဆို ငါတို့ပင်လယ်ပြင်အောက်မှာ ရှေးဟောင်းပစ္စည်းတခုခုရှိနေပုံရတယ်၊ မြို့တော်၀န်စံအိမ်က ငါတို့ကန်မိသားစုကို သွားခွင့်ပေးမယ်ထင်လား"

အကြီးအကဲများကတိတ်ဆိတ်သွားကြ၏။

"အဲဒီအစား သေတဲ့အထိတိုက်ခိုက်တာက ပိုကောင်းတယ်"

.....

ခုနှစ်ရက်ကမျက်စိတမှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

ယဲ့ချိုးပိုင်မျက်လုံးဖွင့်ကာ ဘေးက ဓားဆန္ဒကိုရုပ်သိမ်းလိုက်၏။

သူ့ဓားဆန္ဒကတိုးတက်ခဲ့သော်လည်း အဆင့်မချိုးဖျက်သေးပေ။

ယဲ့ချိုးပိုင်ကလည်းအလျင်မလိုပါ။

တကယ်တမ်းတွင် တာအိုကိုကျင့်ကြံရာ၌ တားမြစ်ထားသည့်အရာက စိတ်မရှည်ဖြစ်ခြင်းပင်။

ထိုစဉ် ကန်ဟိုင်ရှင်းက ယဲ့ချိုးပိုင်၏နေအိမ်သို့ရောက်လာခဲ့သည်။

"အစ်ကိုယဲ့၊ စနေပြီ"

အသံကပေါ့ပါးသည်ဟုထင်ရသော်လည်း စိုးရိမ်မှုများကထင်ဟပ်နေဆဲ။

"အစ်ကိုယဲ့၊ တကယ်လို့အလုပ်မဖြစ်ဘူးဆိုရင် ထွက်သွားလို့ရပါတယ်၊ ဘယ်သူမှ အစ်ကိုယဲ့ကို အပြစ်မတင်ပါဘူး"

ယဲ့ချိုးပိုင်ပြုံးလိုက်သည်။

"မင်းရဲ့စရိုက်အရဆိုရင် ဒီကမ္ဘာကြီးထဲမှာ အများကြီးဒုက္ခရောက်လိမ့်မယ်"

ကန်ဟိုင်းရှင်းအနည်းငယ်လန့်သွားသည်။

"ဒါပေမယ့် မင်းလိုလူမျိုးတွေရှိတော့ ဒီသွေးအေးပြီးရက်စက်တဲ့ကမ္ဘာကြီးမှာ နွေးထွေးမှုကကျန်ရှိနေဆဲပဲ"

"အဲဒါကိုဆက်ထိန်းထား"

ထိုစကားကိုကြားသောအခါ ကန်ဟိုင်ရှင်းအနည်းငယ်ပြုံးလိုက်သည်။

သူမနှလုံးသားထဲက စိုးရိမ်ပူပန်မှုနှင့် ဖိအားများကလည်း အများကြီး ပျောက်ကွယ်သွားရသည်။

နှစ်ဦးစလုံးက ပြိုင်ပွဲကျင်းပရာနေရာသို့ ရောက်လာကြသည်။

ယန်မိသားစုကလည်းရောက်နေလေပြီ။

မြို့တော်၀န်စံအိမ်က ကြားနေဖြစ်သဖြင့် ဒိုင်အဖြစ်ပါ၀င်တက်ရောက်သည်။

ကန်မိသားစုမှရောက်လာသောလူတိုင်းအားကြည့်နေရင်း ခေါင်းဆောင်ယန်က လှောင်ပြောင်သည်။

"ကန်ယောင်၊ ဒါကမင်းဖိတ်ထားတဲ့ ပြင်ပအကူအညီလား"

"မင်းဘာလို့အရှုံးကို၀န်မခံလိုက်ရတာလဲ၊ မင်းတို့ကန်မိသားစုကို ငါရှင်သန်ခွင့်ပေးချင်ပေးနိုင်တာပဲလေ"

ကန်ယောင်၏မျက်နှာကကြည့်ရဆိုးသွားသည်။

"ဒီကိစ္စကဆုံးဖြတ်ချက်မချရသေးဘူး၊ ခေါင်းဆောင်ယန်က ဒီလိုကောက်ချက်ချတာ အရမ်းစောလွန်းတယ်မထင်ဘူးလား"

ခေါင်းဆောင်ယွန်နှာခေါင်းရှုံ့သည်။

"ဘာလဲ၊ သိုင်းဧကရာဇ်နယ်ပယ်ကလူက အာရုံထွေပြားခြင်းနယ်ပယ်နောက်ပိုင်းအဆင့်ကလူနဲ့ ယှဉ်နိုင်မယ်လို့ မင်းတကယ်မျှော်လင့်နေသေးတာများလား"

"ဒါမှမဟုတ် မင်းရဲ့မျှော်လင့်ချက်ကို ကန်မိသားစုက ဂျူနီယာလေးနှစ်ယောက်ပေါ်မှာ ပုံအောထားတာလား"

ထိုအချိန်တွင် ချင်းဟိုင်မြို့တော်၀န် တျန်ရီဂျန်းက နှစ်ဦးအကြားက စကားဝိုင်းကို ကြားဖြတ်ပြောသည်။

"အားလုံးဒီမှာရောက်နေပြီဆိုတော့ နှစ်ဖက်စလုံးက ခေါင်းဆောင်တို့၊ ဒီမှာစလိုက်ကြရအောင်"

အပိုင်း(491) coming။

All Chapters